ပြည်တွင်းထုတ်ကုန်များ ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေးအတွက် MSME လုပ်ငန်းကဲ့သို့ တစ်နိုင်တစ်ပိုင်စီးပွားရေးသမားများကို အကာအကွယ်ပေးသင့်ကြောင်း အကြံပြု

 884

ယွန်း (NP News) - ဇွန် ၁၉

ပြည်တွင်းထုတ်ကုန်များ ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေးအတွက် MSME လုပ်ငန်းကဲ့သို့ တစ်နိုင်တစ်ပိုင်စီးပွားရေးသမားများကို အကာအကွယ်ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က NP News ကတစ်ဆင့် အကြံပြုပြောကြားထားသည်။

စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်‌ရေးဦးစီးဌာနမှ ပြီးခဲ့သည့် မေလက ဆေးဝါး အပါအဝင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုးနှင့်ဆက်စပ်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများနှင့် စက်မှုလုပ်ငန်းသုံး ဓာတုကုန်ကြမ်းပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများကို ကန့်သတ်အရေအတွက်ဖြင့် အကောက်ခွန် ကုန်လှောင်ရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ကုန်လှောင်ရုံအတွင်း သိုလှောင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်အနေဖြင့် ပို့ကုန်ကို မြှင့်တင်ပြီး သွင်းကုန်လျှော့ချနိုင်ရေးအတွက် ဆောင် ရွက်လျက်ရှိပြီး ဆေးဝါးအပါအဝင် ကုန်ပစ္စည်းအချို့ကို ပြည်ပမှကုန်ကြမ်းများတင်သွင်း၍ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်းများကြောင့် အထက်ပါကဲ့သို့ ကုန်စည်များကို ထိန်းချုပ်လိုက်ခြင်းဖြစ်နိုင်ပြီး ပြည်တွင်းထုတ်လုပ်ရေးကို ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရန်အတွက် ထိုသို့ဆောင်ရွက်ခြင်းလည်းဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။

“အဲဒီအချိန်တုန်းက ငွေဈေး၊ ‌ရွှေဈေး ကမောက်ကမဖြစ်နေတာတွေက ကုန်ဈေးနှုန်းရော၊ တင်ပို့တာရော တင်သွင်းတာရောမှာပိုပြီးတော့ အခြေအနေဆိုးနိုင်တဲ့ အခြေအနေကြောင့် ထိန်းလိုက်တဲ့သဘောပါ။ တစ်ချိန်ကျရင်တော့ စိစစ်ပြီးတော့ ဖွင့်သင့်တာဖွင့် ခွင့်ပေးမယ်လို့တော့ ယူဆတယ်။ ဆေးဆိုရင်လည်း ပြည်တွင်းမှာ ထုတ်ဖို့ကိုလည်း ညွှန်ကြားထားတယ်။ အဲဒီညွှန်ကြားချက်‌နောက်ပိုင်းမှာ ထွက်လာတဲ့ သတင်းတွေအရ ဆေးကုန်ကြမ်းတွေပေးသွင်းမယ်။ အဲဒီအပေါ်မှာ ပြည်တွင်းမှာပဲ ထုတ်လို့ရတာမျိုးတွေကို ပြည်တွင်းမှာ ရာနှုန်းပြည့်ထုတ်ရမယ်။ အမည်ပေါင်း သောင်းချီနေတာဆိုတော့ ကောင်းလာမလား၊ ဆိုးလာ မလားဆိုတာ ပြောလို့မရဘူး” ဟု ပို့ကုန်တင်ပို့နေသည့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့ကြောင့် ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းကဲ့သို့ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ပြည်တွင်းက အလားတူ ထုတ်ကုန်တွေ၊ စီးပွားရေးလုပ်တဲ့သူတွေ အောက်ခြေကလူတွေကို အကာအကွယ်ပေးနိုင်ဖို့လိုတယ်။ အကာအကွယ်ပေးနိုင်ရင် အလုပ်လုပ်တာတွေ တိုးတက်လာမယ်။ အများကြီးသက်သာသွားမယ်။ လုပ်တဲ့သူတွေကလည်း မျှော်ကိုးနေတာက အကာအကွယ်ပေးနိုင်ဖို့ပဲ။ ဘောက်ချာတစ်စောင် ဖွင့်လိုက်တယ်။ အဲဒါကို တစ်ဖက်က မပေးဘူးကွာ ကြိုက်တဲ့နေရာတိုင်ချင် ရာတိုင်ဆိုရင် ဆင်ဖိုးထက်ချွန်းဖိုးကြီးတယ်။ အမှန်က တရားစွဲစရာမလိုဘူး ရဲစခန်းတိုင်လိုက်တာနဲ့တင် လူလိမ်ကပေးကိုပေးရမယ်။ အဲဒီလိုမျိုးဖြစ်မှ လူတွေက စီးပွားရေးလုပ်မှာ။ အလုပ်လုပ်ကြမှာ။ တစ်နိုင် တစ်ပိုင် စီးပွားရေးသမားတွေကို အကာအကွယ်ပေးနိုင်မှ တိုင်းပြည်က တိုးတက်မှာ။ အဓိကက တိုင်းပြည်ကို ဆွဲခေါ်တာက တစ်နိုင်တစ်ပိုင် MSME လုပ်ငန်းတွေပဲ။ တိုင်းပြည်ရဲ့မဏ္ဍိုင်ပဲ။ သူတို့ကို အကာအကွယ်ပေးနိုင်မှလည်း စိတ်အေးလက်အေး အလုပ်လုပ်လို့ရမှာ။ ပြီးရင် Quality နဲ့ ပစ္စည်းနဲ့ ပြောထားတဲ့အတိုင်း မလုပ်ရင် တင်းတင်းကြပ်ကြပ် ပြစ်ဒဏ်အနေနဲ့ အရေးယူသင့်တယ်။ ဒဏ်ကြေး ဆိုရင်လည်း ပြင်းပြင်းထန်ထန်ယူဖို့လိုတယ်” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က အကြံပြုထားသည်။

အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်တွင်း MSME များမှ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားထားဖူးသည်။

ထို့ကြောင့် ပြည်တွင်းထုတ်လုပ်မှုတိုးတက်ရေးအတွက် ပြည်သူများအပါအဝင် အုပ်ချုပ်ရေး ဘက်မှ တာဝန်ရှိသူများပါ ပူးပေါင်းရန်လိုအပ်ပြီး သွင်းကုန် ပမာဏများကို ပိုမိုတင်သွင်းနေသူများနှင့် လိမ်လည်ခံရမှုဖြစ်စဉ်များကို ထိရောက်စွာ ကိုင်တွယ်ရန်လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လက်ရှိမှာ ဒါတွေက အကြောင်းတရားတစ်ခုအနေနဲ့ပဲရှိတယ်။ ရေရှည်က ပြည်တွင်းထုတ်ကုန် ကို ပြည်သူအားလုံး၊ အရပ်ဘက်၊ အုပ်ချုပ်ရေးဘက်အားလုံးက ပူးပေါင်းပြီးဝိုင်းထုတ်မှရမယ်။ နောက်တစ်ခုက အုပ်ချုပ်သူဘက်က တကယ်မှန်မှန်ကန်ကန်အလုပ်လုပ်ချင်တဲ့သူတွေကို အားပေးအားမြှောက်ပြုပေးရမယ်။ ပြီးရင် သူတို့ကိုအကာအကွယ်ပေးရမယ်။ လိမ်လည်ခံရမှု ဖြစ်နိုင်တာမျိုးတွေကို အကာ အကွယ်ပေးရမှာ။ ငွေကစားတဲ့သူ ရွှေကစားတဲ့သူတွေကြောင့် ကုန်ဈေးနှုန်းအပေါ်မှာ ရိုက်ခတ် လာနိုင်တယ်။ သွင်းကုန်အပေါ်မှာဆိုရင်လည်း သွင်းတဲ့သူကလည်း သွင်းလိုက်တယ်။ ပိုသွင်းတာမျိုးတွေ၊ သတ်မှတ်ချက် ထက်ပိုသွင်းနိုင်အောင် ပိုဝယ်ထားတယ်။ ပမာဏ ပိုသွင်းလာတယ်။ အဲဒါတွေဆိုရင် အရေးယူတဲ့အဆင့် အထိရောက်လာပြီ။ ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့လည်း လိုတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက အကောက်ခွန်သိုလှောင်ရုံ တွင် သိုလှောင်ခွင့်ပြုခဲ့သည့် ကုန်ပစ္စည်း(၁၄)မျိုး၏ လျှောက်ထားမှုကို ယခုဇွန်လ(၇)ရက်နေ့အထိသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္တြင္းထုတ္ကုန္မ်ား ရာႏႈန္းျပည့္ ထုတ္လုပ္ႏိုင္ေရးအတြက္ MSME လုပ္ငန္းကဲ့သို႔
တစ္ႏိုင္တစ္ပိုင္စီးပြားေရးသမားမ်ားကို အကာအကြယ္ေပးသင့္ေၾကာင္း အႀကံျပဳ
ယြန္း (NP News) - ဇြန္ ၁၉

ျပည္တြင္းထုတ္ကုန္မ်ား ရာႏႈန္းျပည့္ထုတ္လုပ္ႏိုင္ေရးအတြက္ MSME လုပ္ငန္းကဲ့သို႔ တစ္ႏိုင္တစ္ပိုင္စီးပြားေရးသမားမ်ားကို အကာအကြယ္ေပးသင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က NP News ကတစ္ဆင့္ အႀကံျပဳေျပာၾကားထားသည္။

စီးပြား‌ေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္‌ေရးဦးစီးဌာနမွ ၿပီးခဲ့သည့္ ေမလက ေဆးဝါး အပါအဝင္ လွ်ပ္စစ္သုံးယာဥ္အမ်ိဳးမ်ိဳးႏွင့္ဆက္စပ္ပစၥည္းမ်ား၊ စက္မႈကုန္ၾကမ္းမ်ားႏွင့္ စက္မႈလုပ္ငန္းသုံး ဓာတုကုန္ၾကမ္းပစၥည္းမ်ား၊ စားေသာက္ကုန္ၾကမ္းမ်ားကို ကန႔္သတ္အေရအတြက္ျဖင့္ အေကာက္ခြန္ ကုန္ေလွာင္႐ုံဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေကာက္ခြန္ကုန္ေလွာင္႐ုံအတြင္း သိုေလွာင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ႏိုင္ငံေတာ္အေနျဖင့္ ပို႔ကုန္ကို ျမႇင့္တင္ၿပီး သြင္းကုန္ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ေဆာင္ ႐ြက္လ်က္ရွိၿပီး ေဆးဝါးအပါအဝင္ ကုန္ပစၥည္းအခ်ိဳ႕ကို ျပည္ပမွကုန္ၾကမ္းမ်ားတင္သြင္း၍ ျပည္တြင္း၌ ထုတ္လုပ္ႏိုင္ေရးကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ျဖစ္ေပၚခဲ့သည့္ ေ႐ႊေဈးႏွင့္ေဒၚလာေဈးႏႈန္းမ်ားေၾကာင့္ အထက္ပါကဲ့သို႔ ကုန္စည္မ်ားကို ထိန္းခ်ဳပ္လိုက္ျခင္းျဖစ္ႏိုင္ၿပီး ျပည္တြင္းထုတ္လုပ္ေရးကို ရာႏႈန္းျပည့္ထုတ္လုပ္ႏိုင္ရန္အတြက္ ထိုသို႔ေဆာင္႐ြက္ျခင္းလည္းျဖစ္ႏိုင္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက သုံးသပ္ထားသည္။

“အဲဒီအခ်ိန္တုန္းက ေငြေဈး၊ ‌ေ႐ႊေဈး ကေမာက္ကမျဖစ္ေနတာေတြက ကုန္ေဈးႏႈန္းေရာ၊ တင္ပို႔တာေရာ တင္သြင္းတာေရာမွာပိုၿပီးေတာ့ အေျခအေနဆိုးႏိုင္တဲ့ အေျခအေနေၾကာင့္ ထိန္းလိုက္တဲ့သေဘာပါ။ တစ္ခ်ိန္က်ရင္ေတာ့ စိစစ္ၿပီးေတာ့ ဖြင့္သင့္တာဖြင့္ ခြင့္ေပးမယ္လို႔ေတာ့ ယူဆတယ္။ ေဆးဆိုရင္လည္း ျပည္တြင္းမွာ ထုတ္ဖို႔ကိုလည္း ၫႊန္ၾကားထားတယ္။ အဲဒီၫႊန္ၾကားခ်က္‌ေနာက္ပိုင္းမွာ ထြက္လာတဲ့ သတင္းေတြအရ ေဆးကုန္ၾကမ္းေတြေပးသြင္းမယ္။ အဲဒီအေပၚမွာ ျပည္တြင္းမွာပဲ ထုတ္လို႔ရတာမ်ိဳးေတြကို ျပည္တြင္းမွာ ရာႏႈန္းျပည့္ထုတ္ရမယ္။ အမည္ေပါင္း ေသာင္းခ်ီေနတာဆိုေတာ့ ေကာင္းလာမလား၊ ဆိုးလာ မလားဆိုတာ ေျပာလို႔မရဘူး” ဟု ပို႔ကုန္တင္ပို႔ေနသည့္ ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

ထို႔ေၾကာင့္ ျပည္တြင္းထုတ္ကုန္မ်ား ပိုမိုထုတ္လုပ္ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္အေနျဖင့္ MSME လုပ္ငန္းကဲ့သို႔ တစ္ႏိုင္တစ္ပိုင္စီးပြားေရးလုပ္ငန္းရွင္မ်ားကို အကာအကြယ္ေပးရန္ လိုအပ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ျပည္တြင္းက အလားတူ ထုတ္ကုန္ေတြ၊ စီးပြားေရးလုပ္တဲ့သူေတြ ေအာက္ေျခကလူေတြကို အကာအကြယ္ေပးႏိုင္ဖို႔လိုတယ္။ အကာအကြယ္ေပးႏိုင္ရင္ အလုပ္လုပ္တာေတြ တိုးတက္လာမယ္။ အမ်ားႀကီးသက္သာသြားမယ္။ လုပ္တဲ့သူေတြကလည္း ေမွ်ာ္ကိုးေနတာက အကာအကြယ္ေပးႏိုင္ဖို႔ပဲ။ ေဘာက္ခ်ာတစ္ေစာင္ ဖြင့္လိုက္တယ္။ အဲဒါကို တစ္ဖက္က မေပးဘူးကြာ ႀကိဳက္တဲ့ေနရာတိုင္ခ်င္ ရာတိုင္ဆိုရင္ ဆင္ဖိုးထက္ခြၽန္းဖိုးႀကီးတယ္။ အမွန္က တရားစြဲစရာမလိုဘူး ရဲစခန္းတိုင္လိုက္တာနဲ႔တင္ လူလိမ္ကေပးကိုေပးရမယ္။ အဲဒီလိုမ်ိဳးျဖစ္မွ လူေတြက စီးပြားေရးလုပ္မွာ။ အလုပ္လုပ္ၾကမွာ။ တစ္ႏိုင္ တစ္ပိုင္ စီးပြားေရးသမားေတြကို အကာအကြယ္ေပးႏိုင္မွ တိုင္းျပည္က တိုးတက္မွာ။ အဓိကက တိုင္းျပည္ကို ဆြဲေခၚတာက တစ္ႏိုင္တစ္ပိုင္ MSME လုပ္ငန္းေတြပဲ။ တိုင္းျပည္ရဲ႕မ႑ိဳင္ပဲ။ သူတို႔ကို အကာအကြယ္ေပးႏိုင္မွလည္း စိတ္ေအးလက္ေအး အလုပ္လုပ္လို႔ရမွာ။ ၿပီးရင္ Quality နဲ႔ ပစၥည္းနဲ႔ ေျပာထားတဲ့အတိုင္း မလုပ္ရင္ တင္းတင္းၾကပ္ၾကပ္ ျပစ္ဒဏ္အေနနဲ႔ အေရးယူသင့္တယ္။ ဒဏ္ေၾကး ဆိုရင္လည္း ျပင္းျပင္းထန္ထန္ယူဖို႔လိုတယ္” ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က အႀကံျပဳထားသည္။

အေျခခံလူသုံးကုန္ပစၥည္းမ်ားကို ျပည္တြင္း MSME မ်ားမွ လိုအပ္ခ်က္ျပည့္မီေအာင္ ထုတ္လုပ္ၿပီး ျပည္ပသို႔တင္ပို႔ႏိုင္သည္အထိ ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာၾကားထားဖူးသည္။

ထို႔ေၾကာင့္ ျပည္တြင္းထုတ္လုပ္မႈတိုးတက္ေရးအတြက္ ျပည္သူမ်ားအပါအဝင္ အုပ္ခ်ဳပ္ေရး ဘက္မွ တာဝန္ရွိသူမ်ားပါ ပူးေပါင္းရန္လိုအပ္ၿပီး သြင္းကုန္ ပမာဏမ်ားကို ပိုမိုတင္သြင္းေနသူမ်ားႏွင့္ လိမ္လည္ခံရမႈျဖစ္စဥ္မ်ားကို ထိေရာက္စြာ ကိုင္တြယ္ရန္လိုအပ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

“လက္ရွိမွာ ဒါေတြက အေၾကာင္းတရားတစ္ခုအေနနဲ႔ပဲရွိတယ္။ ေရရွည္က ျပည္တြင္းထုတ္ကုန္ ကို ျပည္သူအားလုံး၊ အရပ္ဘက္၊ အုပ္ခ်ဳပ္ေရးဘက္အားလုံးက ပူးေပါင္းၿပီးဝိုင္းထုတ္မွရမယ္။ ေနာက္တစ္ခုက အုပ္ခ်ဳပ္သူဘက္က တကယ္မွန္မွန္ကန္ကန္အလုပ္လုပ္ခ်င္တဲ့သူေတြကို အားေပးအားေျမႇာက္ျပဳေပးရမယ္။ ၿပီးရင္ သူတို႔ကိုအကာအကြယ္ေပးရမယ္။ လိမ္လည္ခံရမႈ ျဖစ္ႏိုင္တာမ်ိဳးေတြကို အကာ အကြယ္ေပးရမွာ။ ေငြကစားတဲ့သူ ေ႐ႊကစားတဲ့သူေတြေၾကာင့္ ကုန္ေဈးႏႈန္းအေပၚမွာ ႐ိုက္ခတ္ လာႏိုင္တယ္။ သြင္းကုန္အေပၚမွာဆိုရင္လည္း သြင္းတဲ့သူကလည္း သြင္းလိုက္တယ္။ ပိုသြင္းတာမ်ိဳးေတြ၊ သတ္မွတ္ခ်က္ ထက္ပိုသြင္းႏိုင္ေအာင္ ပိုဝယ္ထားတယ္။ ပမာဏ ပိုသြင္းလာတယ္။ အဲဒါေတြဆိုရင္ အေရးယူတဲ့အဆင့္ အထိေရာက္လာၿပီ။ ထိထိေရာက္ေရာက္ ကိုင္တြယ္ေပးဖို႔လည္း လိုတယ္” ဟု ၎က ဆိုသည္။

ထို႔ျပင္ ကုန္သြယ္ေရးဦးစီးဌာနအေနျဖင့္ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလက အေကာက္ခြန္သိုေလွာင္႐ုံ တြင္ သိုေလွာင္ခြင့္ျပဳခဲ့သည့္ ကုန္ပစၥည္း(၁၄)မ်ိဳး၏ ေလွ်ာက္ထားမႈကို ယခုဇြန္လ(၇)ရက္ေန႔အထိသာ ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.