ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွက် တောင်ကိုရီးယားကို အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီး ရောက်ရှိလာ

 1379

Pika (NP News) - ဇွန် ၂၃

မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ရည်ရွယ်ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီးဟာ ဇွန်လ(၂၂)ရက်မှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်း ပြုံးယမ်းမြို့မှာ ရုရှားသမ္မတပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောာင်ကင်ဂျုံအန်းကြား လက်မှတ်ရေးထိုးခဲ့တဲ့ကာကွယ်ရေးသဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ တောင်ကိုရီးယားအစိုးရက ရုရှား သံအမတ်ကြီးကို ဆိုးလ်မြို့ကိုဆင့်ခေါ်ပြီးနောက် အမေရိကန်လေယာဉ်တင်သင်္ဘောရဲ့ရောက်ရှိမှု ထွက်ပေါ်လာ တာပဲဖြစ်ပါတယ်။ တောင်ကိုရီးယားရေတပ်က “အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘော Theodore Roosevelt ဟာ ဇွန်လ(၂၂)ရက် နံနက်ပိုင်းမှာ ဘူဆန်ရေတပ်အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ Theodore Roosevelt ရဲ့ရောက်ရှိမှုဟာ အမေရိကန်-တောင်ကိုရီးယားမိတ်ဖက်တို့ရဲ့ပေါင်းစည်းမှုကို ပြသနေတာ ဖြစ်သလို မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ခိုင်မာတဲ့ကတိဝတ်တွေကို ပြသနေတာပဲ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့အင်အားပြသမှုအနေနဲ့ တောင်ကိုရီးယားကို အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ရောက်ရှိလာခဲ့ပြီးနောက် (၇)လအကြာမှာ အမေရိကန်လေယာဉ်တင်သင်္ဘော Theodore Roosevelt ရဲ့ ခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘော Theodore Roosevelt ဟာ ယခုလအတွင်း တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နိုင်ဖွယ်ရှိနေတယ်လို့ လည်း သိရပါတယ်။

မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အမေရိကန်၊ တောင်ကိုရီးယား နဲ့ ဂျပန်တို့ဟာ ၎င်းတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပိုမိုတိုးချဲ့လာခဲ့တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ နှစ်နိုင်ငံကြားနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့မှုကြောင့် တောင်ကိုရီးယားစစ်တပ်က သတိပေးပစ်ခတ်မှုတွေ လုပ်ဆောင်ပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်လေယာဉ်တင်သင်္ဘောက တောင်ကိုရီးယားကို ရောက်ရှိလာ တာဖြစ်ပါတယ်။

Zawgyi Version;
ပူးတြဲစစ္ေရးေလ့က်င့္မႈေတြအတြက္ ေတာင္ကိုရီးယားကို အေမရိကန္ေလယာဥ္တင္သေဘၤာတစ္စီး ေရာက္ရွိလာ
Pika (NP News) - ဇြန္ ၂၃

ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔ရည္႐ြယ္ထားတဲ့ ပူးတြဲစစ္ေရးေလ့က်င့္မႈတစ္ခုအတြက္ အေမရိကန္ေလယာဥ္တင္သေဘၤာတစ္စီးဟာ ဇြန္လ(၂၂)ရက္မွာ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိလာခဲ့တယ္လို႔ ေတာင္ကိုရီးယားေရတပ္က ေျပာၾကားခဲ့ပါတယ္။

ယခုသီတင္းပတ္အတြင္း ၿပဳံးယမ္းၿမိဳ႕မွာ ႐ုရွားသမၼတပူတင္နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာာင္ကင္ဂ်ဳံအန္းၾကား လက္မွတ္ေရးထိုးခဲ့တဲ့ကာကြယ္ေရးသေဘာတူညီခ်က္ကို ဆန႔္က်င္တဲ့အေနနဲ႔ ေတာင္ကိုရီးယားအစိုးရက ႐ုရွား သံအမတ္ႀကီးကို ဆိုးလ္ၿမိဳ႕ကိုဆင့္ေခၚၿပီးေနာက္ အေမရိကန္ေလယာဥ္တင္သေဘၤာရဲ႕ေရာက္ရွိမႈ ထြက္ေပၚလာ တာပဲျဖစ္ပါတယ္။ ေတာင္ကိုရီးယားေရတပ္က “အေမရိကန္ေရတပ္ ေလယာဥ္တင္သေဘၤာ Theodore Roosevelt ဟာ ဇြန္လ(၂၂)ရက္ နံနက္ပိုင္းမွာ ဘူဆန္ေရတပ္အေျခစိုက္စခန္းကို ေရာက္ရွိလာခဲ့ပါတယ္။ Theodore Roosevelt ရဲ႕ေရာက္ရွိမႈဟာ အေမရိကန္-ေတာင္ကိုရီးယားမိတ္ဖက္တို႔ရဲ႕ေပါင္းစည္းမႈကို ျပသေနတာ ျဖစ္သလို ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ ခိုင္မာတဲ့ကတိဝတ္ေတြကို ျပသေနတာပဲ ျဖစ္ပါတယ္” လို႔ ထုတ္ျပန္ေျပာဆိုထားပါတယ္။

ေျမာက္ကိုရီးယားကို ဆန႔္က်င္တဲ့အင္အားျပသမႈအေနနဲ႔ ေတာင္ကိုရီးယားကို အေမရိကန္ေလယာဥ္တင္သေဘၤာ USS Carl Vinson ေရာက္ရွိလာခဲ့ၿပီးေနာက္ (၇)လအၾကာမွာ အေမရိကန္ေလယာဥ္တင္သေဘၤာ Theodore Roosevelt ရဲ႕ ခရီးစဥ္ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္ေလယာဥ္တင္သေဘၤာ Theodore Roosevelt ဟာ ယခုလအတြင္း ေတာင္ကိုရီးယား၊ ဂ်ပန္တို႔နဲ႔ပူးတြဲစစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနတယ္လို႔ လည္း သိရပါတယ္။

ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ အေမရိကန္၊ ေတာင္ကိုရီးယား နဲ႔ ဂ်ပန္တို႔ဟာ ၎တို႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ပိုမိုတိုးခ်ဲ႕လာခဲ့တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားစစ္သားေတြဟာ ႏွစ္ႏိုင္ငံၾကားနယ္စပ္ကို ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့မႈေၾကာင့္ ေတာင္ကိုရီးယားစစ္တပ္က သတိေပးပစ္ခတ္မႈေတြ လုပ္ေဆာင္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အေမရိကန္ေလယာဥ္တင္သေဘၤာက ေတာင္ကိုရီးယားကို ေရာက္ရွိလာ တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.