မြောက်ကိုရီးယားက အသံထက်မြန်တဲ့ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်ပြော

 1448

Pika (NP News) - ဇွန် ၂၆

မြောက်ကိုရီးယားအစိုးရဟာ ဇွန်လ(၂၆)ရက်နေ့မှာ အသံထက်မြန်တဲ့ဒုံးကျည်လို့ ယူဆရတဲ့ စမ်းသပ်ပစ်လွှတ်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပေမယ့်လည်း အဲဒီဒုံးကျည်ဟာ လေထဲမှာပဲပေါက်ကွဲသွားခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး JCS က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ နောက်ထပ်မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားဘက်ကို စေလွှတ်ပေးပို့ပြီးနောက် တစ်ရက်အကြာမှာ အဲဒီပစ်လွှတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အသံထက်မြန်တဲ့ဒုံးကျည်ကို ဇွန်လ(၂၆) ရက်နေ့ နံနက်(၅)နာရီခွဲအချိန်မှာ ပြုံးယမ်းမြို့တစ်ဝိုက်ကနေ လွှတ်တင်ခဲ့တာဖြစ်တယ်လို့ JCS ကပြောကြားခဲ့ပါတယ်။

ဒါ့ပြင် အမေရိကန်နဲ့တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီတွေဟာ အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုတွေကို လုပ်ဆောင်နေတယ်လို့ JCS က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ဒုံးကျည်ဟာ အကွာအဝေး(၂၅၀)ကီလိုမီတာလောက် ပျံသန်းပြီးနောက် ပေါက်ကွဲသွားခဲ့ပုံပေါ်တယ်လို့ JCS ကပြောဆိုထားပါတယ်။ မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်မှုကို ဂျပန်အစိုးရကလည်း အတည်ပြုခဲ့ပြီး ဒုံးကျည်ဟာ ဂျပန်ပင်လယ်အတွင်းကို ကျသွားခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က 'သင်္ဘောတွေအနေနဲ့ ပင်လယ်ပြင်ထဲကို ပျက်ကျသွားတဲ့ ဒုံးကျည်အပျက်အစီးတွေကိုတွေ့ရင် ရှောင်ရှားသွားကြပြီး ကမ်းခြေစောင့်တပ်ဖွဲ့ကို အကြောင်းကြားပေးကြပါ'လို့ သတင်းထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ဇွန်လ(၂၄)ရက်နေ့နဲ့ (၂၅)ရက်နေ့တို့မှာ အမှိုက်တွေဖြည့်ထားတဲ့ ရာနဲ့ချီတဲ့မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားဘက်ကို စေလွှတ်ပေးပို့ပြီးနောက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။

zawgyi version
ေျမာက္ကိုရီးယားက အသံထက္ျမန္တဲ့ဒုံးက်ည္ကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဘက္ေျပာ
Pika (NP News) - ဇြန္ ၂၆

ေျမာက္ကိုရီးယားအစိုးရဟာ ဇြန္လ(၂၆)ရက္ေန႔မွာ အသံထက္ျမန္တဲ့ဒုံးက်ည္လို႔ ယူဆရတဲ့ စမ္းသပ္ပစ္လႊတ္မႈတစ္ခုကို လုပ္ေဆာင္ခဲ့ေပမယ့္လည္း အဲဒီဒုံးက်ည္ဟာ ေလထဲမွာပဲေပါက္ကြဲသြားခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး JCS က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ ေနာက္ထပ္မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယားဘက္ကို ေစလႊတ္ေပးပို႔ၿပီးေနာက္ တစ္ရက္အၾကာမွာ အဲဒီပစ္လႊတ္မႈထြက္ေပၚလာတာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားဟာ အသံထက္ျမန္တဲ့ဒုံးက်ည္ကို ဇြန္လ(၂၆) ရက္ေန႔ နံနက္(၅)နာရီခြဲအခ်ိန္မွာ ၿပဳံးယမ္းၿမိဳ႕တစ္ဝိုက္ကေန လႊတ္တင္ခဲ့တာျဖစ္တယ္လို႔ JCS ကေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ အေမရိကန္နဲ႔ေတာင္ကိုရီးယားေထာက္လွမ္းေရးေအဂ်င္စီေတြဟာ အေသးစိတ္ခြဲျခမ္းစိတ္ျဖာမႈေတြကို လုပ္ေဆာင္ေနတယ္လို႔ JCS က သတင္းထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့လည္း ဒုံးက်ည္ဟာ အကြာအေဝး(၂၅၀)ကီလိုမီတာေလာက္ ပ်ံသန္းၿပီးေနာက္ ေပါက္ကြဲသြားခဲ့ပုံေပၚတယ္လို႔ JCS ကေျပာဆိုထားပါတယ္။ ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္ပစ္လႊတ္မႈကို ဂ်ပန္အစိုးရကလည္း အတည္ျပဳခဲ့ၿပီး ဒုံးက်ည္ဟာ ဂ်ပန္ပင္လယ္အတြင္းကို က်သြားခဲ့တယ္လို႔ ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕က 'သေဘၤာေတြအေနနဲ႔ ပင္လယ္ျပင္ထဲကို ပ်က္က်သြားတဲ့ ဒုံးက်ည္အပ်က္အစီးေတြကိုေတြ႕ရင္ ေရွာင္ရွားသြားၾကၿပီး ကမ္းေျခေစာင့္တပ္ဖြဲ႕ကို အေၾကာင္းၾကားေပးၾကပါ'လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ဇြန္လ(၂၄)ရက္ေန႔နဲ႔ (၂၅)ရက္ေန႔တို႔မွာ အမႈိက္ေတြျဖည့္ထားတဲ့ ရာနဲ႔ခ်ီတဲ့မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယားဘက္ကို ေစလႊတ္ေပးပို႔ၿပီးေနာက္ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.