ယင်မည်းကောင်သားလောင်းများကို လူသားများ စားသုံးနိုင်မည့် အနာဂတ်အစားအစာအဖြစ် မြန်မာနိုင်ငံတွင် သုတေသနလုပ်ဆောင်နေ

 6212

စော(NP News) - ဇွန် ၂၉

ယင်မည်းကောင်သားလောင်းများကို လူသားများစားသုံးနိုင်မည့် အနာဂတ်အစားအစာအဖြစ် မြန်မာနိုင်ငံတွင် သုတေသနလုပ်ဆောင်နေကြောင်း ယင်မည်းကောင်မွေးမြူရေးနှင့် သုတေသနလုပ်ကိုင် နေသူတစ်ဦးက NP News ကိုပြောသည်။

“လူသားတွေစားဖို့အတွက်ဆိုရင် ယင်မည်းကောင်တွေကို ငှက်ပျောသီးကျွေးတယ်။ တိရစ္ဆာန်တွေ အတွက်လည်း အစ်မတို့ကမွေးမြူတယ်။ တိရစ္ဆာန်တွေအတွက်ကျတော့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဂေါ်ဖီထုပ် တွေကျွေးတယ်။ သူတို့မှာက ပရိုတင်းကြွယ်ဝတယ်။ အစ်မတို့က အဲဒီအကောင်တွေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးတယ်။ နောက်ပြီး ခြင်ထောင်အဖြူထဲမှာ ထည့်ထားတဲ့အတွက် အပြင်က အကောင်လည်း မဝင်လာနိုင်သလို အထဲကအကောင်ကလည်း အပြင်ကိုထွက်မသွားနိုင်ဘူး။ ယင်မည်း ကောင်ရဲ့သဘာဝကိုက သစ်ပင်နားမှာနေတဲ့အကောင်ပါ။ လူတွေနားလုံးဝကို မလာဘူး။ ဘာဗက်တီးရီး ယားပိုးမွှားတွေမှ သယ်သွားတာမဟုတ်ဘူး” ဟု မအိဖြူက ပြောသည်။

အဆိုပါသားလောင်းကို ကြော်စားခြင်း၊ လှော်စားခြင်းပြုနိုင်သည့်အပြင် ဟင်းတစ်မျိုးမျိုးနှင့် ရောချက်ကာစားသုံးနိုင်ပြီး အကောင်လိုက်မစားလို သူများအနေဖြင့် အမှုန့်ကြိတ်ကာ ကြက်သားမှုန့် ကဲ့သို့ ဟင်းခတ်ပစ္စည်းအဖြစ် အသုံးပြုနိုင်ကြောင်းသိရသည်။

“ အစ်မအနေနဲ့ အကောင်ကိုစားမယ်ဆိုရင်တော့ Recommend မပေးဘူး။ ဘာလို့ဆို သူက အကောင်ကြီးသွားရင် ပရိုတင်းကနည်းနည်းလျော့သွားတယ်။ စားမယ်ဆို သားလောင်းကစားလို့ရတယ်။ ဟင်းတစ်မျိုးမျိုးနဲ့ရောပြီး ချက်စားလို့ရတယ်။ အကောင်လိုက်မစားရဲတဲ့လူတွေအနေနဲ့ကျတော့ အမှုန့် ကြိတ်ပြီးတော့ ကြက်သားမှုန့်လိုမျိုး ဟင်းထဲ ဖြူးစားလို့ရတယ်။ အင်းဆက်စားသုံးတာကို အနာဂတ် အစားအစာအဖြစ် အစ်မတို့က သုတေသနလုပ်နေတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိဈေးကွက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကိတ်မုန့် ဆိုင်တစ်ဆိုင်တွင် ယင်မည်းကောင်သားလောင်း၏ အမှုန့်ဖြင့် ကိတ်မုန့်များကိုဖုတ်ကာ ရောင်းချလျက်ရှိနေကြောင်း ၎င်းကဆိုသည်။ သို့သော် မြန်မာနိုင်ငံတွင် ယင်မည်းကောင်ကို တိရစ္ဆာန်အစားအစာအဖြစ် ကျွေးရန်သာ ဝယ်လိုအား ကောင်းနေပြီး လူအများစားသုံးသည့် ‌ဈေးကွက်အနေဖြင့် ဝယ်လိုအားနည်းနေသေးကြောင်း သိရသည်။ အဆိုပါ ယင်မည်းကောင်တစ်ကောင်တွင် Protein ၊ amino acid ၊ fatty acids ၊ minerals ၊ calcium ၊ potassium ၊ magnesium ၊ iron နှင့် zinc အစရှိသည့် အာဟာရဓာတ်များပါဝင်ကြောင်း သိရ သည်။ ယင်မည်းကောင်များကို ဂျာမနီ၊ နယ်သာလန်၊United Kingdom၊ အီတလီ၊ ဩစ‌တြေးလျနှင့် ဗီယက်နမ်နိုင်ငံတို့တွင် စားသုံးမှုအချို့ရှိနေကြောင်း သိရသည်။

zawgyi version
ယင္မည္းေကာင္သားေလာင္းမ်ားကို လူသားမ်ား စားသုံးႏိုင္မည့္ အနာဂတ္အစားအစာအျဖစ္
ျမန္မာႏိုင္ငံတြင္ သုေတသနလုပ္ေဆာင္ေန
ေစာ(NP News) - ဇြန္ ၂၉

ယင္မည္းေကာင္သားေလာင္းမ်ားကို လူသားမ်ားစားသုံးႏိုင္မည့္ အနာဂတ္အစားအစာအျဖစ္ ျမန္မာႏိုင္ငံတြင္ သုေတသနလုပ္ေဆာင္ေနေၾကာင္း ယင္မည္းေကာင္ေမြးျမဴေရးႏွင့္ သုေတသနလုပ္ကိုင္ ေနသူတစ္ဦးက NP News ကိုေျပာသည္။

“လူသားေတြစားဖို႔အတြက္ဆိုရင္ ယင္မည္းေကာင္ေတြကို ငွက္ေပ်ာသီးေကြၽးတယ္။ တိရစာၦန္ေတြ အတြက္လည္း အစ္မတို႔ကေမြးျမဴတယ္။ တိရစာၦန္ေတြအတြက္က်ေတာ့ စြန႔္ပစ္ပစၥည္းျဖစ္တဲ့ ေဂၚဖီထုပ္ ေတြေကြၽးတယ္။ သူတို႔မွာက ပ႐ိုတင္းႂကြယ္ဝတယ္။ အစ္မတို႔က အဲဒီအေကာင္ေတြကို ဓာတ္ခြဲခန္းပို႔ၿပီး စစ္ေဆးတယ္။ ေနာက္ၿပီး ျခင္ေထာင္အျဖဴထဲမွာ ထည့္ထားတဲ့အတြက္ အျပင္က အေကာင္လည္း မဝင္လာႏိုင္သလို အထဲကအေကာင္ကလည္း အျပင္ကိုထြက္မသြားႏိုင္ဘူး။ ယင္မည္း ေကာင္ရဲ႕သဘာဝကိုက သစ္ပင္နားမွာေနတဲ့အေကာင္ပါ။ လူေတြနားလုံးဝကို မလာဘူး။ ဘာဗက္တီးရီး ယားပိုးမႊားေတြမွ သယ္သြားတာမဟုတ္ဘူး” ဟု မအိျဖဴက ေျပာသည္။

အဆိုပါသားေလာင္းကို ေၾကာ္စားျခင္း၊ ေလွာ္စားျခင္းျပဳႏိုင္သည့္အျပင္ ဟင္းတစ္မ်ိဳးမ်ိဳးႏွင့္ ေရာခ်က္ကာစားသုံးႏိုင္ၿပီး အေကာင္လိုက္မစားလို သူမ်ားအေနျဖင့္ အမႈန႔္ႀကိတ္ကာ ၾကက္သားမႈန႔္ ကဲ့သို႔ ဟင္းခတ္ပစၥည္းအျဖစ္ အသုံးျပဳႏိုင္ေၾကာင္းသိရသည္။

“ အစ္မအေနနဲ႔ အေကာင္ကိုစားမယ္ဆိုရင္ေတာ့ Recommend မေပးဘူး။ ဘာလို႔ဆို သူက အေကာင္ႀကီးသြားရင္ ပ႐ိုတင္းကနည္းနည္းေလ်ာ့သြားတယ္။ စားမယ္ဆို သားေလာင္းကစားလို႔ရတယ္။ ဟင္းတစ္မ်ိဳးမ်ိဳးနဲ႔ေရာၿပီး ခ်က္စားလို႔ရတယ္။ အေကာင္လိုက္မစားရဲတဲ့လူေတြအေနနဲ႔က်ေတာ့ အမႈန႔္ ႀကိတ္ၿပီးေတာ့ ၾကက္သားမႈန႔္လိုမ်ိဳး ဟင္းထဲ ျဖဴးစားလို႔ရတယ္။ အင္းဆက္စားသုံးတာကို အနာဂတ္ အစားအစာအျဖစ္ အစ္မတို႔က သုေတသနလုပ္ေနတာပါ” ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိေဈးကြက္အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ ကိတ္မုန႔္ ဆိုင္တစ္ဆိုင္တြင္ ယင္မည္းေကာင္သားေလာင္း၏ အမႈန႔္ျဖင့္ ကိတ္မုန႔္မ်ားကိုဖုတ္ကာ ေရာင္းခ်လ်က္ရွိေနေၾကာင္း ၎ကဆိုသည္။ သို႔ေသာ္ ျမန္မာႏိုင္ငံတြင္ ယင္မည္းေကာင္ကို တိရစာၦန္အစားအစာအျဖစ္ ေကြၽးရန္သာ ဝယ္လိုအား ေကာင္းေနၿပီး လူအမ်ားစားသုံးသည့္ ‌ေဈးကြက္အေနျဖင့္ ဝယ္လိုအားနည္းေနေသးေၾကာင္း သိရသည္။ အဆိုပါ ယင္မည္းေကာင္တစ္ေကာင္တြင္ Protein ၊ amino acid ၊ fatty acids ၊ minerals ၊ calcium ၊ potassium ၊ magnesium ၊ iron ႏွင့္ zinc အစရွိသည့္ အာဟာရဓာတ္မ်ားပါဝင္ေၾကာင္း သိရ သည္။ ယင္မည္းေကာင္မ်ားကို ဂ်ာမနီ၊ နယ္သာလန္၊United Kingdom၊ အီတလီ၊ ဩစ‌ေၾတးလ်ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔တြင္ စားသုံးမႈအခ်ိဳ႕ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.