ကရင်လူငယ်တစ်ဦး ပစ်သတ်ခံရခြင်းအတွက် အမေရိကန်နိုင်ငံရောက် ကရင်လူမျိုးများ အဖြစ်မှန်သိဖို့ စိတ်ဆိုးဒေါသဖြစ်နေ

 7785

ဂျန်ဇက် (NP News) - ဇွန် ၃ဝ

အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့ ကရင်လူအဖွဲ့အစည်းရဲ့အဖွဲ့ဝင်ပေါင်း ၁ဝဝ ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကရင် လူငယ်တစ်ဦး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး အမှန်တရားရရှိစေဖို့ နယူးယောက်မြို့ Utica ခန်းမကို စုရုံးရောက်ရှိ လာကာ မြို့တာဝန်ရှိသူတွေနဲ့ထိပ်တိုက်တွေ့ဆုံဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၈ ရက်က နယူးယောက်မြို့ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၃နှစ်အရွယ်ရှိ ကရင်ဒုက္ခသည် တစ်ဦး သေဆုံးသွားခဲ့ပြီး Utica ခန်းမကို စုရုံးရောက်ရှိလာတဲ့လူတွေထဲမှာ သေဆုံးသူရဲ့မိသားစုဝင်တွေနဲ့ ဆွေးမျိုး တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ကရင်လူအဖွဲ့အစည်းဟာ မြို့တော် မိုက်ကယ် ဂါလီမီ နဲ့ ရဲတပ်ဖွဲ့အကြီး အကဲ မက်ဝီလံတို့ထံကနေ ကရင်လူငယ် သေဆုံးရတဲ့အဖြစ်မှန်တွေသိရှိဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်လူအဖွဲ့အစည်းရဲ့ မရတနာဦးက "ပြီးခဲ့တဲ့ ညပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ လူတစ်ဦးသေဆုံးတဲ့အ တွက် စိတ်ခံစားမှုတွေဖြစ်လာခဲ့တယ်။ သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ်ပဲ ရှိသေးတယ်။ ပစ်ခတ်မှုကျူးလွန်တဲ့ ရဲတပ်ဖွဲ့အကြီးအကဲကို မေးခွန်းအချို့ ဖြေကြားပေးစေလိုတယ်" လို့ ပြောပါတယ်။

မရတနာဦးက အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ ကရင်လူအဖွဲ့အစည်းတာဝန်ရှိသူတွေဟာ နောက်ထပ်ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို လက်ရှိအချိန်မှာ ဆုံးဖြတ်ရမယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ ၎င်းက " ဥပဒေကြောင်း အရ ဆက်လုပ်သွားမယ်။ တရားမျှတမှုတွေ ရရှိအောင် လုပ်ဆောင်မယ်" လို့ ပြောပါတယ်။

Zawgyi Version;
ကရင္လူငယ္တစ္ဦး ပစ္သတ္ခံရျခင္းအတြက္ အေမရိကန္ႏိုင္ငံေရာက္ ကရင္လူမ်ိဳးမ်ား အျဖစ္မွန္သိဖို႔ စိတ္ဆိုးေဒါသျဖစ္ေန
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

အေမရိကန္ႏိုင္ငံမွာေနထိုင္ေနတဲ့ ကရင္လူအဖြဲ႕အစည္းရဲ႕အဖြဲ႕ဝင္ေပါင္း ၁ဝဝ ေက်ာ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကရင္ လူငယ္တစ္ဦး ပစ္သတ္ခံရတာနဲ႔ပတ္သက္ၿပီး အမွန္တရားရရွိေစဖို႔ နယူးေယာက္ၿမိဳ႕ Utica ခန္းမကို စု႐ုံးေရာက္ရွိ လာကာ ၿမိဳ႕တာဝန္ရွိသူေတြနဲ႔ထိပ္တိုက္ေတြ႕ဆုံဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ဇြန္လ ၂၈ ရက္က နယူးေယာက္ၿမိဳ႕ရဲတပ္ဖြဲ႕ရဲ႕ပစ္ခတ္မႈေၾကာင့္ အသက္ ၁၃ႏွစ္အ႐ြယ္ရွိ ကရင္ဒုကၡသည္ တစ္ဦး ေသဆုံးသြားခဲ့ၿပီး Utica ခန္းမကို စု႐ုံးေရာက္ရွိလာတဲ့လူေတြထဲမွာ ေသဆုံးသူရဲ႕မိသားစုဝင္ေတြနဲ႔ ေဆြးမ်ိဳး ေတြလည္း ပါဝင္ခဲ့တယ္လို႔ ဆိုပါတယ္။ ကရင္လူအဖြဲ႕အစည္းဟာ ၿမိဳ႕ေတာ္ မိုက္ကယ္ ဂါလီမီ နဲ႔ ရဲတပ္ဖြဲ႕အႀကီး အကဲ မက္ဝီလံတို႔ထံကေန ကရင္လူငယ္ ေသဆုံးရတဲ့အျဖစ္မွန္ေတြသိရွိဖို႔ ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ကရင္လူအဖြဲ႕အစည္းရဲ႕ မရတနာဦးက "ၿပီးခဲ့တဲ့ ညပိုင္းမွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တယ္။ လူတစ္ဦးေသဆုံးတဲ့အ တြက္ စိတ္ခံစားမႈေတြျဖစ္လာခဲ့တယ္။ ေသဆုံးသူဟာ အသက္ ၁၃ ႏွစ္အ႐ြယ္ပဲ ရွိေသးတယ္။ ပစ္ခတ္မႈက်ဴးလြန္တဲ့ ရဲတပ္ဖြဲ႕အႀကီးအကဲကို ေမးခြန္းအခ်ိဳ႕ ေျဖၾကားေပးေစလိုတယ္" လို႔ ေျပာပါတယ္။

မရတနာဦးက အေမရိကန္ႏိုင္ငံကိုေရာက္ရွိေနတဲ့ ကရင္လူအဖြဲ႕အစည္းတာဝန္ရွိသူေတြဟာ ေနာက္ထပ္ဘာေတြ လုပ္ေဆာင္ရမလဲဆိုတာကို လက္ရွိအခ်ိန္မွာ ဆုံးျဖတ္ရမယ္လို႔ ထပ္မံေျပာဆိုခဲ့ပါတယ္။ ၎က " ဥပေဒေၾကာင္း အရ ဆက္လုပ္သြားမယ္။ တရားမွ်တမႈေတြ ရရွိေအာင္ လုပ္ေဆာင္မယ္" လို႔ ေျပာပါတယ္။

Picture

Ko Tun

30/06/2024 22:06

ကတုန်ကရင် ဖင်ယားပြီးသေနတ်အတုနဲ့ချိန်တာကိုးသေပေါ့

Related news

© 2021. All rights reserved.