သတ်မှတ်ချက်ကိုကျော်လွန်၍ အိမ်ရာချေးငွေထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ်(၇)ခုနှင့် ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်မှ တာဝန်ရှိသူများကို အရေးယူမည်ဟု နစက ထုတ်ပြန်

 3447

Pearl (NP News) - ဇူလိုင် ၂

ဗဟိုဘဏ်၏ သတ်မှတ်ချက်ကို ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ဧရာဝတီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်(၇)ခုကို အရေးယူမည်ဖြစ်ကြောင်း နစကက ထုတ်ပြန်ထားသည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေး နှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှုပုံစံအသစ်ပေးရန် နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန် ချေးငွေသက်တမ်း(၃)နှစ်ထက်ပိုသော အိမ်ရာချေးငွေများ ထုတ်ချေးခြင်းကို စုစုပေါင်းဘဏ်ချေး ငွေအပေါ်မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိကဘဏ်အချို့အနေဖြင့် ၎င်းတို့အကျိုးအမြတ်ပိုမိုရရှိစေရန် ဗဟိုဘဏ်၏ညွှန်ကြား ချက်အား ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေများအား များပြားစွာထုတ်ချေးလျက်ရှိသဖြင့် ပုဂ္ဂလိကဘဏ်အချို့ကို လိုအပ်သောစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ရိုးမဘဏ်မှ ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်မှ ၈.၉၄ ရာခိုင်နှုန်း၊ ဧရာဝတီဘဏ်မှ ၁.၉၆ ရာခိုင်နှုန်း ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ ၁.၀၁ ရာခိုင်နှုန်း၊ ယူအေဘီဘဏ်မှ ၃.၃၈ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုဘဏ်မှ ၀.၃၉ ရာခိုင်နှုန်း နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှ ၁၆.၃၄ ရာခိုင်နှုန်းတို့အား ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်ထုတ်ချေးထားကြောင်း စိစစ်တွေ့ရှိရသည်ဟု နစကမှ ဆိုသည်။

အဆိုပါဘဏ်များမှ ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများကို ဗဟိုဘဏ်ကထုတ်ပြန်ထားသော အိမ်ရာချေးငွေနှင့် ပတ်သက်သည့် သတ်မှတ်ချက်အတိုင်း သတ်မှတ်ထားသောကာလအတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက် မည်ဖြစ်ပြီး သတ်မှတ်ချက်အား ကျော်လွန်ဖောက်ဖျက်ဆောင်ရွက်ခဲ့သည့် အထက်ပါပုဂ္ဂလိကဘဏ် ၇ ခုမှ တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ဆိုသည်။

ထိုသို့ သတ်မှတ်ချက်အား ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအား စစ်ဆေးကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများအားလည်း စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

zawgyi version
သတ္မွတ္ခ်က္ကိုေက်ာ္လြန္၍ အိမ္ရာေခ်းေငြထုတ္ေခ်းထားသည့္ ပုဂၢလိကဘဏ္(၇)ခုႏွင့္ ႀကီးၾကပ္ကြပ္ကဲရန္အားနည္းခဲ့သည့္ ဗဟိုဘဏ္မွ တာဝန္ရွိသူမ်ားကို အေရးယူမည္ဟု နစက ထုတ္ျပန္
Pearl (NP News) - ဇူလိုင္ ၂

ဗဟိုဘဏ္၏ သတ္မွတ္ခ်က္ကို ေက်ာ္လြန္၍ အိမ္ရာေခ်းေငြ ထုတ္ေခ်းထားသည့္ ႐ိုးမဘဏ္၊ ဧရာဝတီဘဏ္အပါအဝင္ ပုဂၢလိကဘဏ္(၇)ခုကို အေရးယူမည္ျဖစ္ေၾကာင္း နစကက ထုတ္ျပန္ထားသည္။

ႏိုင္ငံေတာ္အေနျဖင့္ ျပည္တြင္းစီးပြားေရးတည္ၿငိမ္ေစေရး ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ပုဂၢလိကဘဏ္မ်ား၏ ေခ်းေငြဝန္ေဆာင္မႈပုံစံအသစ္ေပးရန္ ႏွင့္ ျပည္သူမ်ားအတြက္ အိမ္ရာပိုင္ဆိုင္မႈအခြင့္အလမ္းမ်ား ပိုမိုေကာင္းမြန္လာေစရန္ ေခ်းေငြသက္တမ္း(၃)ႏွစ္ထက္ပိုေသာ အိမ္ရာေခ်းေငြမ်ား ထုတ္ေခ်းျခင္းကို စုစုေပါင္းဘဏ္ေခ်း ေငြအေပၚမူတည္၍ ထုတ္ေခ်းခြင့္ျပဳလ်က္ရွိေၾကာင္း သိရသည္။

ပုဂၢလိကဘဏ္အခ်ိဳ႕အေနျဖင့္ ၎တို႔အက်ိဳးအျမတ္ပိုမိုရရွိေစရန္ ဗဟိုဘဏ္၏ၫႊန္ၾကား ခ်က္အား ေက်ာ္လြန္ေဖာက္ဖ်က္ကာ အိမ္ရာေခ်းေငြမ်ားအား မ်ားျပားစြာထုတ္ေခ်းလ်က္ရွိသျဖင့္ ပုဂၢလိကဘဏ္အခ်ိဳ႕ကို လိုအပ္ေသာစစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရ သည္။

ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ႐ိုးမဘဏ္မွ ၁၁ ရာခိုင္ႏႈန္း၊ ျမန္မာႏိုင္ငံသားမ်ားဘဏ္မွ ၈.၉၄ ရာခိုင္ႏႈန္း၊ ဧရာဝတီဘဏ္မွ ၁.၉၆ ရာခိုင္ႏႈန္း ၊ အေသးစားႏွင့္အလတ္စားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရးဘဏ္မွ ၁.၀၁ ရာခိုင္ႏႈန္း၊ ယူေအဘီဘဏ္မွ ၃.၃၈ ရာခိုင္ႏႈန္း၊ ျမန္မာမက္ထ႐ိုဘဏ္မွ ၀.၃၉ ရာခိုင္ႏႈန္း ႏွင့္ ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္မွ ၁၆.၃၄ ရာခိုင္ႏႈန္းတို႔အား ဗဟိုဘဏ္သတ္မွတ္ရာခိုင္ႏႈန္းထက္ ေက်ာ္လြန္ထုတ္ေခ်းထားေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု နစကမွ ဆိုသည္။

အဆိုပါဘဏ္မ်ားမွ ေက်ာ္လြန္ထုတ္ေခ်းထားသည့္ ေခ်းေငြမ်ားကို ဗဟိုဘဏ္ကထုတ္ျပန္ထားေသာ အိမ္ရာေခ်းေငြႏွင့္ ပတ္သက္သည့္ သတ္မွတ္ခ်က္အတိုင္း သတ္မွတ္ထားေသာကာလအတြင္း ျပန္လည္ေရာက္ရွိေစေရးအတြက္ တာဝန္ရွိသူမ်ားမွ ၾကပ္မတ္ေဆာင္႐ြက္ မည္ျဖစ္ၿပီး သတ္မွတ္ခ်က္အား ေက်ာ္လြန္ေဖာက္ဖ်က္ေဆာင္႐ြက္ခဲ့သည့္ အထက္ပါပုဂၢလိကဘဏ္ ၇ ခုမွ တာဝန္ရွိသူမ်ားကိုလည္း ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ဆိုသည္။

ထိုသို႔ သတ္မွတ္ခ်က္အား ေက်ာ္လြန္ထုတ္ေခ်းထားသည့္ ေခ်းေငြမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ား ဥပေဒပုဒ္မ ၁၅၄ အရ ဥပေဒႏွင့္အညီ ထိေရာက္ေသာ ဒဏ္ေၾကးေပးေဆာင္ေစမည္ျဖစ္ၿပီး ပုဂၢလိကဘဏ္မ်ားအား စစ္ေဆးႀကီးၾကပ္ကြပ္ကဲရန္အားနည္းခဲ့သည့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ တာဝန္ရွိသူမ်ားအားလည္း စိစစ္ေဖာ္ထုတ္အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.