အိန္ဒိယနိုင်ငံ မြန်မာနယ်စပ် မဏိပူရ၏ ရှုပ်ထွေးသော ပဋိပက္ခတွင် မူးယစ်ဆေးဝါး၊ လက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံရေးအကျိုးစီးပွားများ ရောနှောပါဝင်နေ
785
Htay Oung (NP News) - ဇူလိုင် ၅
အသက် ၅၈ နှစ်အရွယ် အထက်တန်းကျောင်းဆရာ ရတ်တန်ကူးမားဆင်းအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်ရေးသမား (တစ်နည်း)တော်လှန်ရေးသမားတွေလို့ သူတို့ခေါ်ဆိုကြသူတွေကို မြင်ရရင် ပျော်ရွှင်စရာကောင်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မှတ်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထဲကို တိုးဝင်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ဖျား မဏိပူရပြည်နယ်မှာ မေလ ၂၈ ရက်နေ့တုန်းက အဲဒီ လူတွေကို ဆင်းကိုယ်တိုင် ကြိုဆိုလိုက်ရတယ်လို့ “အယ်လ်ဂျားဇီးယား” က ဇွန်လ ၁၆ ရက်မှာ ရေးပါတယ်။
သူတို့လို မြို့ငယ်လေးမှာနေထိုင်သူတွေအနေနဲ့ ကျန်ပြည်နယ်တစ်ခွင်လုံးအနှံ့ ဖြစ်ပွားခဲ့တဲ့ မေ့ ထေး(ကသည်း)နဲ့ ကူကီး(ဇိုမျိုးနွယ်စု)တို့အကြား လူမျိုးရေး အကြမ်းဖက်မှုတွေကို သီတင်းသုံးပတ်နီးပါး ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၃ ရက်နေ့မှာတော့ အနီးအနားရှိ တောင်ကုန်းတွေနဲ့ ကူကီးဇို အ သိုင်းအဝိုင်းတို့ထိန်းချုပ်ထားတဲ့ စခန်းတစ်ခုမှပစ်ခတ်မှုကြောင့် လူ လေးဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။
ပထမဆုံး ကူကီးတွေက သူတို့အိမ်တွေကို မီးရှို့ လာခဲ့ကြောင်း၊ ရဲတွေ အရပ်သားစေတနာ့ ဝန် ထမ်း တွေအပါအဝင် မြို့နေအရန်လူတွေက သေနတ်နဲ့ ပြန်လည်တိုက်ခိုက်ရကြောင်း၊ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး တော်လှန်ရေးသမားတွေ ရောက်မလာခင်အထိ ထိန်းထားနိုင်ခဲ့ကြောင်း၊ သေနတ်သုံး ရတာမျိုး ဘယ်သူမှမလုပ်ချင်ဘဲ သူတို့တွေရောက်လာမှ ကိုယ့်မှာ အကာအကွယ်ရှိနေမှန်းသိရပြီး ပျော်လွန်းလို့ ငိုကြွေးမိကြောင်း ဆင်းကပြောပါတယ်။ သူပြောတဲ့ အကာအကွယ်ပေးမယ့်သူဆိုတာ သူတို့နဲ့မျိုးနွယ်တူ မေ့ထေး တိုက်ခိုက်ရေးသမားတွေပါပဲ။ ဆယ့်တစ်လကြာ လူမျိုးရေးပဋိပက္ခကြောင့် နှစ်ဖက်လူပေါင်း ၂၁၉ ဦး သေဆုံး၊ ၁၁၀ဝ ဒဏ်ရာ ရရှိခဲ့ပါတယ်၊ ဗလီဘာသာရေးဝတ်ပြုရာနဲ့ နေအိမ်အဆောက်အအုံတွေ မီးတင်ရှို့ခံရတဲ့အတွက် လူပေါင်း ၆၀ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ပြည်နယ်ကိုလည်း လူမျိုးစုအလိုက် နယ်မြေအဖြစ် ပိုင်းခြားလိုက် သလို ဖြစ်ခဲ့ရပါတယ်။ နယ်မြေငြိမ်ဝပ်ပိပြားရေးအတွက် ဖက်ဒရယ် အစိုးရနဲ့ အင်အား ၆၀ဝဝဝ ကျော်ရှိ တဲ့ ပြည်နယ်တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်မှုကို အချိန်တိုအတွင်း ရပ်တန့်သွားအောင် စွမ်းဆောင်နိုင် ခြင်းမရှိတဲ့အတွက် ကျေးလက်ဒေသနေ လူမျိုးစုလက်နက်ကိုင်အဖွဲ့နှစ် ဖွဲ့အကြား ခေတ်မီလက်နက် တွေနဲ့ ဖောက်ခွဲရေး ပစ္စည်းများကိုအသုံးပြုပြီး တိုက်ခိုက်ကြတဲ့အထိ အခြေဆိုက်ခဲ့ရပါတယ်။
အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုဖြစ်စဉ်တိုင်းဟာ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ သူရဲ့ BJP ဘာရတ်တီယာ ဂျာနာတာပါတီ ဟိန္ဒူအမျိုးသားရေးခေါင်းဆောင်တို့ရဲ့ ရွေးကောက်ပွဲကာလ သူတို့ပေး ထားခဲတဲ့ ကတိကဝတ်တွေနဲ့မညီကြောင်း ပြသနေပါတယ်။ သူရဲ့အစိုးရဟာ ကုန်းတွင်း ပိတ်ပြည်နယ်ကို နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်အောင် ဖန်တီးပေးနေကြောင်း၊ ပြည်နယ်အတွင်း တောင်တန်းမြေပြန့်မတူညီတဲ့ လူ့အသိုင်းဝိုင်းအုပ်စုတွေကြား ဆက်ဆံရေးကွာဟမှုကို ပေါင်းကူးပေး နေပြီလို့ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် မဏိပူရပြည်နယ်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလအတွင်း မိုဒီရဲ့ ပါတီမှာ ပြန်လည်အရွေးခံမယ့် မေ့ထေးလူမျိုး ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ မိုဒီကလည်း ကူကီးတို့လို လူမျိုးစုအသိုက်အဝန်းတွေရဲ့သမိုင်းကြောင်းအရ ရင်ဆိုင်ခဲ့ရတဲ့ တရားမျှတမှု ကင်းမဲ့ပုံဆက်ဆံရေးအကြောင်း တခမ်းတနား ပြောဆိုနေပါတယ်။ တောင်ကုန်းဒေသ တွေမှာ နေထိုင်ကြသူတွေနဲ့ စီးပွားရေးအရ ပိုချမ်းသာပြီး အင်ဖာမြို့တော်လူများစု ချိုင့်ဝှမ်းဒေသများနေ မေ့ထေးတွေက အားသာချက်များပိုရှိနေမှာ သေချာတယ်ဆိုပါတယ်။ မိုဒီက တောင်တန်းနဲ့ချိုင့်ဝှမ်းဒေသ နေ အသိုင်းအဝိုင်းတွေကြား ဆက်ဆံရေးမြှင့်တင်ပေးတဲ့ မူဝါဒတွေအတွက် သူရဲ့ ပြည်နယ်ဝန်ကြီးချုပ် နောင်သိုဘန်ဘီရင်ဆင်းကို ချီးကျူးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှစတင်တဲ့ ဝန်ကြီးချုပ်ဆင်းရဲ့ ဒုတိယသက်တမ်းအတွင်း BJP ပါတီဟာ ကူကီး တို့ ကြီးစိုးတဲ့ တောင်တန်းဒေသနေသူတွေရဲ့ထောက်ခံမဲနဲ့ ပြည်နယ်လွှတ်တော် ၁၀ နေရာမှာ ၅ နေရာ အနိုင် ရရှိခဲ့ပါတယ်။ တောင်တန်းဒေသနယ်မြေ အများအပြားမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ကူကီး ဇိုအသိုက်အဝန်းမှ သူပုန်အဖွဲ့တွေဟာ ဝန်ကြီးချုပ် ဆင်းအတွက် မဲဆွယ်စည်းရုံးပေးခဲ့ကြလို့ဖြစ် ပါတယ်။ ကူကီးထိပ်တန်းနိုင်ငံရေးသမားတချို့ဟာ BJP ပါတီ ကိုကူးပြောင်းလာခဲ့ပြီး ကူကီး MLA ပါတီဝင်နှစ်ဦးက ဆင်းရဲ့ ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးတွေဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ကူကီးနဲ့ မေ့ထေးလူမျိုးတွေအကြား လူမျိုးရေးအကြမ်းဖက်မှုတွေဟာ စောစောပိုင်း ငြိမ်သက်နေသလောက် နောက်ပိုင်း တိုးမြင့်လာပါတယ်။
မိုဒီနဲ့ ဝန်ကြီးချုပ်ဆင်းတို့ရဲ့ ကတိတွေဟာ မုသားတွေသာဖြစ်ကြောင်း နှစ်နှစ်မပြည့်မီမှာပဲ ထင် ရှားလာပါတယ်။ ကူကီးနဲ့ မေ့ထေးလူမျိုးတွေအကြား အဆုံးမရှိတဲ့ လူမျိုးရေးအပြန်အလှန်အကြမ်းဖက်မှု ကို မဏိပူရမြို့မှာမြင်တွေ့လာရပြီး ၂၁ ရာစု အိန္ဒိယနိုင်ငံရဲ့ အရှည်ကြာဆုံး လူမျိုးရေးပဋိပက္ခဖြစ်လာခဲ့ပါ တယ်။ လူမျိုးစုများကြား ကွဲလွဲမှုတွေဟာ လွန်ခဲ့တဲ့နှစ် မဏိပူရပြည်နယ် ရွေးကောက်ပွဲအကြိုကာလမှာ ပိုမို နက်ရှိုင်းလာပြီး လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေလည်း ပြန်လည်ခေါင်းထောင်လာပါတယ်။ မကြာသေးမီက အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြဿနာများ၊ “ကူကီးမြေ” သီးခြားတောင်းဆိုမှုများ၊ နိုင်ငံရေးအာဏာ အတွက် အကျောက်အကန် ပြိုင်ဆိုင်မှုတွေ၊ ဝန်ကြီးချုပ်ဆင်း ရည်မှန်းထားတဲ့ မူးယစ်ဆေးဝါးကုန်ကူးမှု နှိမ်နင်းရေး အကျိုးသက်ရောက်မှုတွေနဲ့ အခြားသောစစ်ပွဲတွေ အပါအဝင် အကြောင်းရင်းအမျိုးမျိုးတို့က မောင်းနှင် ပေးလျက်ရှိပါတယ်။ အဲဒီဆက်တိုက်ဖြစ်စဉ်တွေဟာ မဏိပူရပြည်နယ်မှာ ဆက်လက်ဖြစ်ပွား နေဆဲ မူးယစ်ဆေးဝါးဆက်နွှယ်နိုင်ငံရေးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေးဟာ အိန္ဒိယရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ပထမဦးစားပေး အခန်း ကဏ္ဍမှပါဝင်ခဲ့ပြီးနောက်ပိုင်း မဏိပူရပြည်နယ် ပဋိပက္ခကို မီးထိုးပေးသလိုဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ပထမ သက်တမ်းကာလ ဝန်ကြီးချုပ်ဆင်းဟာ သူတို့ ပြည်နယ်အစိုးရရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲကို ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နယ်စပ်တစ်ဝိုက်ဒေသတွေမှာ မြေဧက ထောင်ချီပြီး ဘိန်းစိုက်ပျိုးနေတယ်လို့ မီဒီယာတွေကို ဝန်ကြီးချုပ်ကပြောပြပါတယ်။ စီးပွားရေး အခြေအနေ ညံ့ဖျင်းပြီး ဆင်းရဲမွဲတေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနဲ့ မူးယစ်ဆေးဝါး အလွယ်တကူ ရရှိနိုင်ခြင်းတို့ကြောင့် ပြည်နယ်အတွင်း မူးယစ်ဆေးစွဲသူ ဦးရေ မြင့်မားလာတယ်လို့ ဆိုပါတယ်။
သူပြောတာ မမှားပါဘူး။ မဏိပူရမြို့ဟာ အရှေ့ တောင်အာရှဒေသ နာမည်ကြီး “ ရွှေတြိဂံ” ဧရိယာ အရိပ်ထိုးလျက်ရှိရာ မြန်မာနိုင်ငံနဲ့ ကပ်လျက်တည်ရှိပါတယ်။ ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ အဲဒီဒေသဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စင်္ကြံများအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က သတ်မှတ်ထားပါတယ်။ ဘိန်းဖြူ၊ ဘိန်းနဲ့ မက်သာဖက်တမင်းတို့လို ဒေသအတွင်းမှ ဓာတုဆေးဝါးတွေဟာ အာရှပစိဖိတ်ဒေသ တစ်ခုလုံးကို စီးထွက်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မဏိပူရအတွင်း ကုန်စည်စီးဝင်မှုများ ယိုယွင်းလာခြင်းဟာ သမိုင်းဟောင်းတစ်ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဝေးလံခေါင်ဖျား ကုန်းတွင်းပိတ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကုန်ကူးမှုခြေရာကို စတင် တွေ့ခဲ့တာ ၁၅ နှစ်လောက်ပဲ ရှိဦးမှာဖြစ်ကြောင်း၊ ခုတော့ အမေရိကန်၊ အခြားအနောက်နိုင်ငံတို့နဲ့ ကုလသမဂ္ဂတို့က ပြောဆိုနေကြတဲ့ မြန်မာနိုင်ငံနဲ့ ရွှေတြိဂံဒေသအတိုင်း တစ်ထေရာတည်းဖြစ်လာ တယ်လို့ ၂၀၁၇ ခုနှစ်မှာ အငြိမ်းစားယူခဲ့သူ မေ့ထေးလူမျိုး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကွန်ဆမ် ကဆိုပါတယ်။ တိုတိုပြောရရင် မြန်မာနိုင်ငံအရှေ့မြောက်ဖျား ရွှေတြိဂံနယ်မြေဟာ အနောက်ဘက် အိန္ဒိယနိုင်ငံ မဏိပူရအထိ ကျယ်ပြန့်လာခဲ့ကြောင်း အလွယ်တကူပိုက်ဆံရှာဖွေတဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ အဲဒီ မူးယစ်ဆေးလုပ်ငန်းကို အရှိန်မြှင့်တင်ပေးနေကြတယ်လို့ မှတ်ချက်ပေးပါတယ်။
မဏိပူရမှာ ကူကီးဇိုနဲ့ မေ့ထေးတို့လို ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အပါ အဝင် တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးသမားတွေရဲ့ အခင်းအကျင်းတွေကို ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းက ရည်ညွှန်းပါတယ်။ အဲဒီ နိုင်ငံရေးဗန်းပြ တော်လှန်ရေးလက်နက်ကိုင်တွေဟာ မြန်မာနိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ပြောပါတယ်။
zawgyi version
အိႏၵိယႏိုင္ငံ ျမန္မာနယ္စပ္ မဏိပူရ၏ ရႈပ္ေထြးေသာ ပဋိပကၡတြင္ မူးယစ္ေဆးဝါး၊ လက္နက္ကိုင္အဖြဲ႕ မ်ားႏွင့္ ႏိုင္ငံေရးအက်ိဳးစီးပြားမ်ား ေရာေႏွာပါဝင္ေန
Htay Oung (NP News) - ဇူလိုင္ ၅
အသက္ ၅၈ ႏွစ္အ႐ြယ္ အထက္တန္းေက်ာင္းဆရာ ရတ္တန္ကူးမားဆင္းအေနနဲ႔ လက္နက္ကိုင္ တိုက္ခိုက္ေရးသမား (တစ္နည္း)ေတာ္လွန္ေရးသမားေတြလို႔ သူတို႔ေခၚဆိုၾကသူေတြကို ျမင္ရရင္ ေပ်ာ္႐ႊင္စရာေကာင္းလိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္မွတ္ခဲ့ပါဘူး။ ဒါေပမဲ့ ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ ထဲကို တိုးဝင္ေနတဲ့ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ဖ်ား မဏိပူရျပည္နယ္မွာ ေမလ ၂၈ ရက္ေန႔တုန္းက အဲဒီ လူေတြကို ဆင္းကိုယ္တိုင္ ႀကိဳဆိုလိုက္ရတယ္လို႔ “အယ္လ္ဂ်ားဇီးယား” က ဇြန္လ ၁၆ ရက္မွာ ေရးပါတယ္။
သူတို႔လို ၿမိဳ႕ငယ္ေလးမွာေနထိုင္သူေတြအေနနဲ႔ က်န္ျပည္နယ္တစ္ခြင္လုံးအႏွံ႔ ျဖစ္ပြားခဲ့တဲ့ ေမ့ ေထး(ကသည္း)နဲ႔ ကူကီး(ဇိုမ်ိဳးႏြယ္စု)တို႔အၾကား လူမ်ိဳးေရး အၾကမ္းဖက္မႈေတြကို သီတင္းသုံးပတ္နီးပါး ေရွာင္ရွားႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ မတ္လ ၃ ရက္ေန႔မွာေတာ့ အနီးအနားရွိ ေတာင္ကုန္းေတြနဲ႔ ကူကီးဇို အ သိုင္းအဝိုင္းတို႔ထိန္းခ်ဳပ္ထားတဲ့ စခန္းတစ္ခုမွပစ္ခတ္မႈေၾကာင့္ လူ ေလးဦးေသဆုံးၿပီး ၁၂ ဦး ဒဏ္ရာရရွိခဲ့ရပါတယ္။
ပထမဆုံး ကူကီးေတြက သူတို႔အိမ္ေတြကို မီးရႈိ႕ လာခဲ့ေၾကာင္း၊ ရဲေတြ အရပ္သားေစတနာ့ ဝန္ ထမ္း ေတြအပါအဝင္ ၿမိဳ႕ေနအရန္လူေတြက ေသနတ္နဲ႔ ျပန္လည္တိုက္ခိုက္ရေၾကာင္း၊ ေအာင္ျမင္စြာ တြန္းလွန္ႏိုင္ခဲ့ၿပီး ေတာ္လွန္ေရးသမားေတြ ေရာက္မလာခင္အထိ ထိန္းထားႏိုင္ခဲ့ေၾကာင္း၊ ေသနတ္သုံး ရတာမ်ိဳး ဘယ္သူမွမလုပ္ခ်င္ဘဲ သူတို႔ေတြေရာက္လာမွ ကိုယ့္မွာ အကာအကြယ္ရွိေနမွန္းသိရၿပီး ေပ်ာ္လြန္းလို႔ ငိုေႂကြးမိေၾကာင္း ဆင္းကေျပာပါတယ္။ သူေျပာတဲ့ အကာအကြယ္ေပးမယ့္သူဆိုတာ သူတို႔နဲ႔မ်ိဳးႏြယ္တူ ေမ့ေထး တိုက္ခိုက္ေရးသမားေတြပါပဲ။ ဆယ့္တစ္လၾကာ လူမ်ိဳးေရးပဋိပကၡေၾကာင့္ ႏွစ္ဖက္လူေပါင္း ၂၁၉ ဦး ေသဆုံး၊ ၁၁၀ဝ ဒဏ္ရာ ရရွိခဲ့ပါတယ္၊ ဗလီဘာသာေရးဝတ္ျပဳရာနဲ႔ ေနအိမ္အေဆာက္အအုံေတြ မီးတင္ရႈိ႕ခံရတဲ့အတြက္ လူေပါင္း ၆၀ဝဝဝ ေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ၿပီး ျပည္နယ္ကိုလည္း လူမ်ိဳးစုအလိုက္ နယ္ေျမအျဖစ္ ပိုင္းျခားလိုက္ သလို ျဖစ္ခဲ့ရပါတယ္။ နယ္ေျမၿငိမ္ဝပ္ပိျပားေရးအတြက္ ဖက္ဒရယ္ အစိုးရနဲ႔ အင္အား ၆၀ဝဝဝ ေက်ာ္ရွိ တဲ့ ျပည္နယ္တပ္ဖြဲ႕ဝင္ေတြဟာ အၾကမ္းဖက္မႈကို အခ်ိန္တိုအတြင္း ရပ္တန႔္သြားေအာင္ စြမ္းေဆာင္ႏိုင္ ျခင္းမရွိတဲ့အတြက္ ေက်းလက္ေဒသေန လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ႏွစ္ ဖြဲ႕အၾကား ေခတ္မီလက္နက္ ေတြနဲ႔ ေဖာက္ခြဲေရး ပစၥည္းမ်ားကိုအသုံးျပဳၿပီး တိုက္ခိုက္ၾကတဲ့အထိ အေျခဆိုက္ခဲ့ရပါတယ္။
အၾကမ္းဖက္မႈနဲ႔ သတ္ျဖတ္မႈျဖစ္စဥ္တိုင္းဟာ ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီနဲ႔ သူရဲ႕ BJP ဘာရတ္တီယာ ဂ်ာနာတာပါတီ ဟိႏၵဴအမ်ိဳးသားေရးေခါင္းေဆာင္တို႔ရဲ႕ ေ႐ြးေကာက္ပြဲကာလ သူတို႔ေပး ထားခဲတဲ့ ကတိကဝတ္ေတြနဲ႔မညီေၾကာင္း ျပသေနပါတယ္။ သူရဲ႕အစိုးရဟာ ကုန္းတြင္း ပိတ္ျပည္နယ္ကို ႏိုင္ငံတကာကုန္သြယ္ေရးလမ္းေၾကာင္းတစ္ခုျဖစ္ေအာင္ ဖန္တီးေပးေနေၾကာင္း၊ ျပည္နယ္အတြင္း ေတာင္တန္းေျမျပန႔္မတူညီတဲ့ လူ႔အသိုင္းဝိုင္းအုပ္စုေတြၾကား ဆက္ဆံေရးကြာဟမႈကို ေပါင္းကူးေပး ေနၿပီလို႔ လြန္ခဲ့တဲ့ ၂၀၂၂ ခုႏွစ္ မဏိပူရျပည္နယ္ေ႐ြးေကာက္ပြဲ မဲဆြယ္ စည္း႐ုံးေရးကာလအတြင္း မိုဒီရဲ႕ ပါတီမွာ ျပန္လည္အေ႐ြးခံမယ့္ ေမ့ေထးလူမ်ိဳး ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာခဲ့ပါတယ္။ မိုဒီကလည္း ကူကီးတို႔လို လူမ်ိဳးစုအသိုက္အဝန္းေတြရဲ႕သမိုင္းေၾကာင္းအရ ရင္ဆိုင္ခဲ့ရတဲ့ တရားမွ်တမႈ ကင္းမဲ့ပုံဆက္ဆံေရးအေၾကာင္း တခမ္းတနား ေျပာဆိုေနပါတယ္။ ေတာင္ကုန္းေဒသ ေတြမွာ ေနထိုင္ၾကသူေတြနဲ႔ စီးပြားေရးအရ ပိုခ်မ္းသာၿပီး အင္ဖာၿမိဳ႕ေတာ္လူမ်ားစု ခ်ိဳင့္ဝွမ္းေဒသမ်ားေန ေမ့ေထးေတြက အားသာခ်က္မ်ားပိုရွိေနမွာ ေသခ်ာတယ္ဆိုပါတယ္။ မိုဒီက ေတာင္တန္းနဲ႔ခ်ိဳင့္ဝွမ္းေဒသ ေန အသိုင္းအဝိုင္းေတြၾကား ဆက္ဆံေရးျမႇင့္တင္ေပးတဲ့ မူဝါဒေတြအတြက္ သူရဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေနာင္သိုဘန္ဘီရင္ဆင္းကို ခ်ီးက်ဴးခဲ့ပါတယ္။
၂၀၂၂ ခုႏွစ္မွစတင္တဲ့ ဝန္ႀကီးခ်ဳပ္ဆင္းရဲ႕ ဒုတိယသက္တမ္းအတြင္း BJP ပါတီဟာ ကူကီး တို႔ ႀကီးစိုးတဲ့ ေတာင္တန္းေဒသေနသူေတြရဲ႕ေထာက္ခံမဲနဲ႔ ျပည္နယ္လႊတ္ေတာ္ ၁၀ ေနရာမွာ ၅ ေနရာ အႏိုင္ ရရွိခဲ့ပါတယ္။ ေတာင္တန္းေဒသနယ္ေျမ အမ်ားအျပားမွာ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြနဲ႔ ကူကီး ဇိုအသိုက္အဝန္းမွ သူပုန္အဖြဲ႕ေတြဟာ ဝန္ႀကီးခ်ဳပ္ ဆင္းအတြက္ မဲဆြယ္စည္း႐ုံးေပးခဲ့ၾကလို႔ျဖစ္ ပါတယ္။ ကူကီးထိပ္တန္းႏိုင္ငံေရးသမားတခ်ိဳ႕ဟာ BJP ပါတီ ကိုကူးေျပာင္းလာခဲ့ၿပီး ကူကီး MLA ပါတီဝင္ႏွစ္ဦးက ဆင္းရဲ႕ ျပည္နယ္အစိုးရအဖြဲ႕မွာ ဝန္ႀကီးေတြျဖစ္လာခဲ့ၾကပါတယ္။ ဒါေပမဲ့ ကူကီးနဲ႔ ေမ့ေထးလူမ်ိဳးေတြအၾကား လူမ်ိဳးေရးအၾကမ္းဖက္မႈေတြဟာ ေစာေစာပိုင္း ၿငိမ္သက္ေနသေလာက္ ေနာက္ပိုင္း တိုးျမင့္လာပါတယ္။
မိုဒီနဲ႔ ဝန္ႀကီးခ်ဳပ္ဆင္းတို႔ရဲ႕ ကတိေတြဟာ မုသားေတြသာျဖစ္ေၾကာင္း ႏွစ္ႏွစ္မျပည့္မီမွာပဲ ထင္ ရွားလာပါတယ္။ ကူကီးနဲ႔ ေမ့ေထးလူမ်ိဳးေတြအၾကား အဆုံးမရွိတဲ့ လူမ်ိဳးေရးအျပန္အလွန္အၾကမ္းဖက္မႈ ကို မဏိပူရၿမိဳ႕မွာျမင္ေတြ႕လာရၿပီး ၂၁ ရာစု အိႏၵိယႏိုင္ငံရဲ႕ အရွည္ၾကာဆုံး လူမ်ိဳးေရးပဋိပကၡျဖစ္လာခဲ့ပါ တယ္။ လူမ်ိဳးစုမ်ားၾကား ကြဲလြဲမႈေတြဟာ လြန္ခဲ့တဲ့ႏွစ္ မဏိပူရျပည္နယ္ ေ႐ြးေကာက္ပြဲအႀကိဳကာလမွာ ပိုမို နက္ရႈိင္းလာၿပီး လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ေတြလည္း ျပန္လည္ေခါင္းေထာင္လာပါတယ္။ မၾကာေသးမီက အၾကမ္းဖက္မႈေတြဟာ ျမန္မာႏိုင္ငံမွ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား၊ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာျပႆနာမ်ား၊ “ကူကီးေျမ” သီးျခားေတာင္းဆိုမႈမ်ား၊ ႏိုင္ငံေရးအာဏာ အတြက္ အေက်ာက္အကန္ ၿပိဳင္ဆိုင္မႈေတြ၊ ဝန္ႀကီးခ်ဳပ္ဆင္း ရည္မွန္းထားတဲ့ မူးယစ္ေဆးဝါးကုန္ကူးမႈ ႏွိမ္နင္းေရး အက်ိဳးသက္ေရာက္မႈေတြနဲ႔ အျခားေသာစစ္ပြဲေတြ အပါအဝင္ အေၾကာင္းရင္းအမ်ိဳးမ်ိဳးတို႔က ေမာင္းႏွင္ ေပးလ်က္ရွိပါတယ္။ အဲဒီဆက္တိုက္ျဖစ္စဥ္ေတြဟာ မဏိပူရျပည္နယ္မွာ ဆက္လက္ျဖစ္ပြား ေနဆဲ မူးယစ္ေဆးဝါးဆက္ႏႊယ္ႏိုင္ငံေရးနဲ႔ တစ္နည္းတစ္ဖုံ ပတ္သက္ေနပါတယ္။
မူးယစ္ေဆးဝါးႏွိမ္နင္းေရးဟာ အိႏၵိယရဲ႕ ႏိုင္ငံေရးအခင္းအက်င္းမွာ ပထမဦးစားေပး အခန္း က႑မွပါဝင္ခဲ့ၿပီးေနာက္ပိုင္း မဏိပူရျပည္နယ္ ပဋိပကၡကို မီးထိုးေပးသလိုျဖစ္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ ပထမ သက္တမ္းကာလ ဝန္ႀကီးခ်ဳပ္ဆင္းဟာ သူတို႔ ျပည္နယ္အစိုးရရဲ႕ မူးယစ္ေဆးဝါးႏွိမ္နင္းေရး စစ္ပြဲကို ေၾကညာခဲ့ပါတယ္။ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း နယ္စပ္တစ္ဝိုက္ေဒသေတြမွာ ေျမဧက ေထာင္ခ်ီၿပီး ဘိန္းစိုက္ပ်ိဳးေနတယ္လို႔ မီဒီယာေတြကို ဝန္ႀကီးခ်ဳပ္ကေျပာျပပါတယ္။ စီးပြားေရး အေျခအေန ညံ့ဖ်င္းၿပီး ဆင္းရဲမြဲေတျခင္း၊ အလုပ္အကိုင္အခြင့္အလမ္း နည္းပါးျခင္းနဲ႔ မူးယစ္ေဆးဝါး အလြယ္တကူ ရရွိႏိုင္ျခင္းတို႔ေၾကာင့္ ျပည္နယ္အတြင္း မူးယစ္ေဆးစြဲသူ ဦးေရ ျမင့္မားလာတယ္လို႔ ဆိုပါတယ္။
သူေျပာတာ မမွားပါဘူး။ မဏိပူရၿမိဳ႕ဟာ အေရွ႕ ေတာင္အာရွေဒသ နာမည္ႀကီး “ ေ႐ႊႀတိဂံ” ဧရိယာ အရိပ္ထိုးလ်က္ရွိရာ ျမန္မာႏိုင္ငံနဲ႔ ကပ္လ်က္တည္ရွိပါတယ္။ ျပည္တြင္းစစ္ဒဏ္ခံေနရတဲ့ ျမန္မာႏိုင္ငံရဲ႕ အဲဒီေဒသဟာ ကမာၻ႔အႀကီးဆုံး မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ စႀကႍမ်ားအျဖစ္ ကမာၻ႔ကုလသမဂၢ မူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) က သတ္မွတ္ထားပါတယ္။ ဘိန္းျဖဴ၊ ဘိန္းနဲ႔ မက္သာဖက္တမင္းတို႔လို ေဒသအတြင္းမွ ဓာတုေဆးဝါးေတြဟာ အာရွပစိဖိတ္ေဒသ တစ္ခုလုံးကို စီးထြက္ေနတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။
မဏိပူရအတြင္း ကုန္စည္စီးဝင္မႈမ်ား ယိုယြင္းလာျခင္းဟာ သမိုင္းေဟာင္းတစ္ခုျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံ ေဝးလံေခါင္ဖ်ား ကုန္းတြင္းပိတ္ျပည္နယ္အတြင္း မူးယစ္ေဆးဝါးကုန္ကူးမႈေျခရာကို စတင္ ေတြ႕ခဲ့တာ ၁၅ ႏွစ္ေလာက္ပဲ ရွိဦးမွာျဖစ္ေၾကာင္း၊ ခုေတာ့ အေမရိကန္၊ အျခားအေနာက္ႏိုင္ငံတို႔နဲ႔ ကုလသမဂၢတို႔က ေျပာဆိုေနၾကတဲ့ ျမန္မာႏိုင္ငံနဲ႔ ေ႐ႊႀတိဂံေဒသအတိုင္း တစ္ေထရာတည္းျဖစ္လာ တယ္လို႔ ၂၀၁၇ ခုႏွစ္မွာ အၿငိမ္းစားယူခဲ့သူ ေမ့ေထးလူမ်ိဳး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ကြန္ဆမ္ ကဆိုပါတယ္။ တိုတိုေျပာရရင္ ျမန္မာႏိုင္ငံအေရွ႕ေျမာက္ဖ်ား ေ႐ႊႀတိဂံနယ္ေျမဟာ အေနာက္ဘက္ အိႏၵိယႏိုင္ငံ မဏိပူရအထိ က်ယ္ျပန႔္လာခဲ့ေၾကာင္း အလြယ္တကူပိုက္ဆံရွာေဖြတဲ့ လက္နက္ကိုင္ အဖြဲ႕ေတြဟာ အဲဒီ မူးယစ္ေဆးလုပ္ငန္းကို အရွိန္ျမႇင့္တင္ေပးေနၾကတယ္လို႔ မွတ္ခ်က္ေပးပါတယ္။
မဏိပူရမွာ ကူကီးဇိုနဲ႔ ေမ့ေထးတို႔လို ဆန႔္က်င္ဘက္ျဖစ္ေနၾကတဲ့ လက္နက္ကိုင္အဖြဲ႕ေတြ အပါ အဝင္ တိုင္းရင္းသားလူမ်ိဳးစု ေတာ္လွန္ေရးသမားေတြရဲ႕ အခင္းအက်င္းေတြကို ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေဟာင္းက ရည္ၫႊန္းပါတယ္။ အဲဒီ ႏိုင္ငံေရးဗန္းျပ ေတာ္လွန္ေရးလက္နက္ကိုင္ေတြဟာ ျမန္မာႏိုင္ငံ နယ္စပ္ကို ျဖတ္ေက်ာ္ၿပီး မူးယစ္ေဆးဝါးကုန္ကူးမႈမွာ ပါဝင္ပတ္သက္ေနတယ္လို႔ေျပာပါတယ္။