ဖမ်းဆီးခံထားရသူများပြန်လွှတ်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု အစ္စရေးဝန်ကြီးချုပ် ကတိပြု

 691

ဂျန်ဇက် (NP News) - ဇူလိုင် ၇

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်စေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် အစ္စရေးကိုယ်စား လှယ်အဖွဲ့ကို စေလွှတ်ပေးသွားမည်ဟု ကတိပြုပြော ဆိုလိုက်သည်။ အစ္စရေးဝန်ကြီးချုပ်သည် ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့်တွေ့ ဆုံဆွေးနွေးခဲ့ပြီးနောက် ကတိပြုပြောဆိုခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ အစ္စရေးဝန်ကြီးချုပ်သည် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးမည်ဟု ပြောဆိုခဲ့သော် လည်း မည့်သည့်နိုင်ငံသို့စေလွှတ်မည်ဆိုသော အချက်နှင့်မည့်သည့်အချိန်တွင် စေလွှတ်မည်ဆို သောအချက်ကို အတိအကျပြောဆိုခြင်းမျိုး မရှိသေး ကြောင်းသိရသည်။

အစ္စရေးဝန်ကြီးချုပ်ရုံးက 'အစ္စရေးဝန်ကြီးချုပ် ဟာ ပြန်ပေးဆွဲခံရသူတွေ ပြန်လွတ် မြောက်ရေးဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ်မယ့်ကိစ္စကို အမေရိကန်သမ္မတကိုပြောဆိုခဲ့တယ်'ဟုပြောသည်။ အမေရိကန်အစိုးရအဖွဲ့ကလည်း သမ္မတ ဂျိုးဘိုင်ဒန် သည် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် အစ္စရေးနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များစေလွှတ် သွားမည့်အစီအစဉ်ကို လက်ခံကြိုဆိုခဲ့ကြောင်း ပြောသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အစ္စရေးအစိုးရအဖွဲ့အစည်းဝေးကျင်းပခဲ့ပြီး ဟားမတ်စ်အဖွဲ့၏အဆိုပြုကမ်းလှမ်းချက်အသစ်များ ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲခံရသူများပြန်လွှတ်ပေးရန်အတွက် ဂါဇာ စစ်ပွဲအဆုံးသတ်ရန်နှင့် ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့ များ ပြန်ရုပ်သိမ်းရန်တောင်းဆိုထားကြောင်း သိရ သည်။

အစ္စရေးအစိုးရက ပြန်ပေးဆွဲခံရသူများ ပြန် လွှတ်ပေးမှုမရှိဘဲ ဂါဇာစစ်ပွဲအဆုံးသတ်ရန်မဖြစ်နိုင် ကြောင်း ပြောဆိုခဲ့ဖူးသည်။ ဂါဇာဒေသတွင် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ ဆက်ရှိနေမည်ဆိုလျှင် အစ္စရေး၏တိုက်ခိုက်မှုများ ရပ်တန့်ရန်မဖြစ်နိုင် ကြောင်း ဟားမတ်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွား မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ကပြောဆိုခဲ့ဖူး သည်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့ကြား အပစ်အခတ် ရပ်စဲရေး၊ ဖမ်းဆီးခံထားရသူများ အမြန်ဆုံးပြန်လွှတ် ပေးရေးအတွက် သဘောထားအမြင်ကွဲလွဲနေသော် လည်း ကာတာ၊ အမေရိကန်နှင့် အီဂျစ်နိုင်ငံတို့က သဘောထားအမြင်ကွဲလွဲချက်များလျော့နည်းစေရန် ထပ်မံကြိုးပမ်းနေကြောင်းသိရသည်။ အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသော စစ်ပွဲက (၉) လနီးရှိလာနေပြီး ပါလက်စတိုင်းပြည်သူ အနည်းဆုံး (၃)သောင်းကျော် သေဆုံးထားကြောင်း သိရသည်။

zawgyi version
ဖမ္းဆီးခံထားရသူမ်ားျပန္လႊတ္ေရးအတြက္ ကိုယ္စားလွယ္အဖြဲ႕ ေစလႊတ္မည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ ကတိျပဳ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၇

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဖမ္းဆီးခံထားရသူမ်ား ျပန္လည္လြတ္ေျမာက္ေစရန္အတြက္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ရန္ အစၥေရးကိုယ္စား လွယ္အဖြဲ႕ကို ေစလႊတ္ေပးသြားမည္ဟု ကတိျပဳေျပာ ဆိုလိုက္သည္။ အစၥေရးဝန္ႀကီးခ်ဳပ္သည္ ဇူလိုင္လ ၄ ရက္ေန႔က အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ႏွင့္ေတြ႕ ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ကတိျပဳေျပာဆိုခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ အစၥေရးဝန္ႀကီးခ်ဳပ္သည္ ကိုယ္စားလွယ္အဖြဲ႕ ေစလႊတ္ေပးမည္ဟု ေျပာဆိုခဲ့ေသာ္ လည္း မည့္သည့္ႏိုင္ငံသို႔ေစလႊတ္မည္ဆိုေသာ အခ်က္ႏွင့္မည့္သည့္အခ်ိန္တြင္ ေစလႊတ္မည္ဆို ေသာအခ်က္ကို အတိအက်ေျပာဆိုျခင္းမ်ိဳး မရွိေသး ေၾကာင္းသိရသည္။

အစၥေရးဝန္ႀကီးခ်ဳပ္႐ုံးက 'အစၥေရးဝန္ႀကီးခ်ဳပ္ ဟာ ျပန္ေပးဆြဲခံရသူေတြ ျပန္လြတ္ ေျမာက္ေရးေဆြးေႏြးဖို႔ ကိုယ္စားလွယ္အဖြဲ႕ကိုေစလႊတ္မယ့္ကိစၥကို အေမရိကန္သမၼတကိုေျပာဆိုခဲ့တယ္'ဟုေျပာသည္။ အေမရိကန္အစိုးရအဖြဲ႕ကလည္း သမၼတ ဂ်ိဳးဘိုင္ဒန္ သည္ ေစ့စပ္ေဆြးေႏြးမႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ အစၥေရးႏိုင္ငံမွ ကိုယ္စားလွယ္အဖြဲ႕မ်ားေစလႊတ္ သြားမည့္အစီအစဥ္ကို လက္ခံႀကိဳဆိုခဲ့ေၾကာင္း ေျပာသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ အစၥေရးအစိုးရအဖြဲ႕အစည္းေဝးက်င္းပခဲ့ၿပီး ဟားမတ္စ္အဖြဲ႕၏အဆိုျပဳကမ္းလွမ္းခ်က္အသစ္မ်ား ကို ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။ ဟားမတ္စ္အဖြဲ႕က ျပန္ေပးဆြဲခံရသူမ်ားျပန္လႊတ္ေပးရန္အတြက္ ဂါဇာ စစ္ပြဲအဆုံးသတ္ရန္ႏွင့္ ဂါဇာေဒသမွ အစၥေရးတပ္ဖြဲ႕ မ်ား ျပန္႐ုပ္သိမ္းရန္ေတာင္းဆိုထားေၾကာင္း သိရ သည္။

အစၥေရးအစိုးရက ျပန္ေပးဆြဲခံရသူမ်ား ျပန္ လႊတ္ေပးမႈမရွိဘဲ ဂါဇာစစ္ပြဲအဆုံးသတ္ရန္မျဖစ္ႏိုင္ ေၾကာင္း ေျပာဆိုခဲ့ဖူးသည္။ ဂါဇာေဒသတြင္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ ဆက္ရွိေနမည္ဆိုလွ်င္ အစၥေရး၏တိုက္ခိုက္မႈမ်ား ရပ္တန႔္ရန္မျဖစ္ႏိုင္ ေၾကာင္း ဟားမတ္စ္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းသြား မည္ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ကေျပာဆိုခဲ့ဖူး သည္။ အစၥေရးႏွင့္ ဟားမတ္စ္အဖြဲ႕ၾကား အပစ္အခတ္ ရပ္စဲေရး၊ ဖမ္းဆီးခံထားရသူမ်ား အျမန္ဆုံးျပန္လႊတ္ ေပးေရးအတြက္ သေဘာထားအျမင္ကြဲလြဲေနေသာ္ လည္း ကာတာ၊ အေမရိကန္ႏွင့္ အီဂ်စ္ႏိုင္ငံတို႔က သေဘာထားအျမင္ကြဲလြဲခ်က္မ်ားေလ်ာ့နည္းေစရန္ ထပ္မံႀကိဳးပမ္းေနေၾကာင္းသိရသည္။ အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ျဖစ္ပြားေနေသာ စစ္ပြဲက (၉) လနီးရွိလာေနၿပီး ပါလက္စတိုင္းျပည္သူ အနည္းဆုံး (၃)ေသာင္းေက်ာ္ ေသဆုံးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.