ကမ္ဘာ့ပထမဆုံး Miss AI သရဖူကို မော်ရိုကိုမှ ဆွတ်ခူး
3344
ရောင်နီ (NP News) - ဇူလိုင် ၁၂
ကမ္ဘာ့ပထမဆုံး Miss AI အလှမယ်ပြိုင်ပွဲမှာ စကာတင် ၁၀ ယောက်တည်းမှာ နောက်ဆုံး Miss AI သရဖူကို မော်ရိုကို နိုင်ငံက ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။
ကန်ဇာလေလီ အမည်ရှိ အဆိုပါ Miss AI မော်ရိုကိုဟာ Instagram မှာ Follower ၂၀၀,၀၀၀ နီးပါး၊ TikTok မှာ Follower ၄၅,၀၀၀ နီးပါးရှိပြီး သူမရဲ့ရုပ်ပုံတွေ၊ စကားပြောဆိုပုံတွေကို AI နဲ့ အလုံးစုံ ဖန်တီးထားပါတယ်။ Muss AI ပြိုင်ပွဲကို နွေဦးကာလက စတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက AI ပရိုဂရမ်မာ ၁,၅၀၀ ခန့်က ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
အခု Miss AI သရဖူကို ရရှိခဲ့တဲ့ AI အလှမယ် လေလီကိုတော့ Phoenix AI အေဂျင်စီမှ ဖန်တီးခဲ့တယ်လို့ သိရပါ တယ်။ ဒုတိယရရှိတဲ့ ပြင်သစ် AI အလှမယ် လာလီနာဗာလီနာကိုတော့ ပေါ်တူဂီနိုင်ငံသား အိုလီဗီယာစီက ဖန်တီး ခဲ့တယ်လို့ သိရပါတယ်။
AI အလှမယ်တွေကို copywriters နဲ့ art team ပူးပေါင်းပြီး Open AI's DALL·E 3၊ Midjourney၊ Stable Diffusion လို ပရိုဂရမ်တွေ အသုံးပြုပြီး ပုံတွေ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် AI နဲ့ ဖန်တီးထားတဲ့ပုံတွေဟာ လူသား တစ်ယောက်နဲ့ အလွန်ဆင်တူလွန်းတာကြောင့် အလှမယ်ပြိုင်ပွဲတွေမှာ ဂယက်ရိုက်ခတ်မှုတွေ ရှိလာမှာ စိုးရိမ်တယ် လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ကမာၻ႔ပထမဆုံး Miss AI သရဖူကို ေမာ္႐ိုကိုမွ ဆြတ္ခူး
ေရာင္နီ (NP News) - ဇူလိုင္ ၁၂
ကမာၻ႔ပထမဆုံး Miss AI အလွမယ္ၿပိဳင္ပြဲမွာ စကာတင္ ၁၀ ေယာက္တည္းမွာ ေနာက္ဆုံး Miss AI သရဖူကို ေမာ္႐ိုကို ႏိုင္ငံက ဆြတ္ခူးခဲ့တယ္လို႔ သိရပါတယ္။
ကန္ဇာေလလီ အမည္ရွိ အဆိုပါ Miss AI ေမာ္႐ိုကိုဟာ Instagram မွာ Follower ၂၀၀,၀၀၀ နီးပါး၊ TikTok မွာ Follower ၄၅,၀၀၀ နီးပါးရွိၿပီး သူမရဲ႕႐ုပ္ပုံေတြ၊ စကားေျပာဆိုပုံေတြကို AI နဲ႔ အလုံးစုံ ဖန္တီးထားပါတယ္။ Muss AI ၿပိဳင္ပြဲကို ေႏြဦးကာလက စတင္ခဲ့ၿပီး ကမာၻတစ္ဝွမ္းက AI ပ႐ိုဂရမ္မာ ၁,၅၀၀ ခန႔္က ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။
အခု Miss AI သရဖူကို ရရွိခဲ့တဲ့ AI အလွမယ္ ေလလီကိုေတာ့ Phoenix AI ေအဂ်င္စီမွ ဖန္တီးခဲ့တယ္လို႔ သိရပါ တယ္။ ဒုတိယရရွိတဲ့ ျပင္သစ္ AI အလွမယ္ လာလီနာဗာလီနာကိုေတာ့ ေပၚတူဂီႏိုင္ငံသား အိုလီဗီယာစီက ဖန္တီး ခဲ့တယ္လို႔ သိရပါတယ္။
AI အလွမယ္ေတြကို copywriters နဲ႔ art team ပူးေပါင္းၿပီး Open AI's DALL·E 3၊ Midjourney၊ Stable Diffusion လို ပ႐ိုဂရမ္ေတြ အသုံးျပဳၿပီး ပုံေတြ ဖန္တီးထားျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ AI နဲ႔ ဖန္တီးထားတဲ့ပုံေတြဟာ လူသား တစ္ေယာက္နဲ႔ အလြန္ဆင္တူလြန္းတာေၾကာင့္ အလွမယ္ၿပိဳင္ပြဲေတြမွာ ဂယက္႐ိုက္ခတ္မႈေတြ ရွိလာမွာ စိုးရိမ္တယ္ လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကားခဲ့ပါတယ္။