ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခံရကာ တရားစွဲဆိုခံရ

 1075

Pika (NP News) - ဇူလိုင် ၂၇

ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း Dmitry Bulgakov ကို ဖမ်းဆီးထားပြီး အကျင့်ပျက်ခြစားမှုနဲ့တရားစွဲဆိုထားတယ်လို့ ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) က ဇူလိုင်လ(၂၆)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ Dmitry Bulgakov ရဲ့ တရားမဝင်လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို ဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ FSB ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Interfax သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် Dmitry Bulgakov ကို မော်စကိုမြို့မှာရှိတဲ့ တရားခွင်အကြိုထိန်း သိမ်းရေးစင်တာကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ စစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Dmitry Bulgakov ဟာ အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲမှာ နောက်ဆုံးအကြိမ်တရားစွဲဆိုခံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရှိုဂူရဲ့ နီးကပ်တဲ့မိတ်ဖက်ဖြစ်တဲ့ ကာကွယ်ရေးဒုဝန်ကြီး Timur Ivanov ကို ပြီးခဲ့တဲ့ဧပြီလ(၂၃)ရက်နေ့မှာ စတင်ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အဆင့်မြင့်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို စတင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအချိန်ကနေစတင်ပြီး စစ်တပ်နဲ့ကာကွယ်ရေးဆိုင်ရာ အရာရှိ အနည်းဆုံး(၅)ဦးဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် Dmitry Bulgakov ဟာ ရုရှားသူရဲကောင်းဆု၊နိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုအပါအဝင် ထိပ်တန်းစစ်ဘက်နဲ့ အရပ်ဘက်ဆုများစွာကို ရရှိထားသူဖြစ်တယ်လို့လည်းသိရပါတယ်။

zawgyi version
႐ုရွားကာကြယ္ေရး ဒုဝန္ႀကီးေဟာင္း အက်င့္ပ်က္ျခစားမႈ နဲ႔ ဖမ္းဆီးခံရကာ တရားစြဲဆိုခံရ
Pika (NP News) - ဇူလိုင္ ၂၇

႐ုရွားကာကြယ္ေရး ဒုဝန္ႀကီးေဟာင္း Dmitry Bulgakov ကို ဖမ္းဆီးထားၿပီး အက်င့္ပ်က္ျခစားမႈနဲ႔တရားစြဲဆိုထားတယ္လို႔ ႐ုရွားဖက္ဒရယ္လုံၿခဳံေရးဝန္ေဆာင္မႈ (FSB) က ဇူလိုင္လ(၂၆)ရက္ေန႔မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ Dmitry Bulgakov ရဲ႕ တရားမဝင္လႈပ္ရွားမႈေတြနဲ႔ပတ္သက္ၿပီး အျဖစ္မွန္ကို ေဖာ္ထုတ္ႏိုင္ဖို႔အတြက္ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ FSB ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး Interfax သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။

ဒါ့ျပင္ Dmitry Bulgakov ကို ေမာ္စကိုၿမိဳ႕မွာရွိတဲ့ တရားခြင္အႀကိဳထိန္း သိမ္းေရးစင္တာကို ပို႔ေဆာင္ထားတယ္လို႔လည္း သိရပါတယ္။ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလအထိ စစ္ဘက္ဆိုင္ရာေထာက္ပံ့ပို႔ေဆာင္ေရးတာဝန္ခံအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ Dmitry Bulgakov ဟာ အက်င့္ပ်က္ျခစားမႈနဲ႔ တရားစြဲဆိုခံထားရတဲ့ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ထိပ္တန္းပုဂၢိဳလ္ေတြထဲမွာ ေနာက္ဆုံးအႀကိမ္တရားစြဲဆိုခံထားရတဲ့ ပုဂၢိဳလ္တစ္ဦးျဖစ္တယ္လို႔လည္းသိရပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးေဟာင္း ဆာေဂးရႈိဂူရဲ႕ နီးကပ္တဲ့မိတ္ဖက္ျဖစ္တဲ့ ကာကြယ္ေရးဒုဝန္ႀကီး Timur Ivanov ကို ၿပီးခဲ့တဲ့ဧၿပီလ(၂၃)ရက္ေန႔မွာ စတင္ဖမ္းဆီးခဲ့ၿပီးေနာက္ပိုင္း အဆင့္ျမင့္အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရးကို စတင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီအခ်ိန္ကေနစတင္ၿပီး စစ္တပ္နဲ႔ကာကြယ္ေရးဆိုင္ရာ အရာရွိ အနည္းဆုံး(၅)ဦးဖမ္းဆီးခံခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ Dmitry Bulgakov ဟာ ႐ုရွားသူရဲေကာင္းဆု၊ႏိုင္ငံရဲ႕အျမင့္ဆုံးဂုဏ္ထူးေဆာင္ဆုအပါအဝင္ ထိပ္တန္းစစ္ဘက္နဲ႔ အရပ္ဘက္ဆုမ်ားစြာကို ရရွိထားသူျဖစ္တယ္လို႔လည္းသိရပါတယ္။

Related news

© 2021. All rights reserved.