လှော်ကားလမ်းဆုံတွင် (၆)ဘီးကား နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်ပေါ်ပါသူ လူငယ်(၃)ဦးလုံး ပွဲချင်းပြီးသေဆုံး
4739
သန့်ဇင် (NP News) - ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့၊ ရန်ကုန်-ပြည်ကားလမ်း၊ လှော်ကားလမ်းဆုံတွင် NISSAN ကုန်တင်(၆)ဘီး ကားနှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်ပေါ်ပါသူ လူငယ်အမျိုးသား(၃)ဦးလုံးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကရုဏာကမ်းလက်လူမှုကူညီရေး ပရဟိတအသင်းအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဩဂုတ်လ ၁၂ ရက်)၊ ညနေ ၆နာရီ ၄၅မိနစ်အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့၊ ရန်ကုန်-ပြည်ကားလမ်း၊ လှော်ကားလမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်က Click ဘီးအမျိုးအစားဖြစ်ပြီး အမျိုးသား(၃)ယောက်ပါတယ်။ ကားကတော့ ရွှေပြည်သာဘက်ကိုကွေ့မှာပေါ့။ ကွေ့ဖို့လည်း ခေါင်းတည်ထားတယ်။ အဲဒီမှာ ဆိုင်ကယ်က ယာဉ်ကြောပြောင်းပြန်ကျော်တက်လာပြီး တိုက်မိတာပါ။ မျက်နှာချင်းဆိုင်သဘောမျိုး ဖြစ်သွားတာပေါ့။ အတိုက်ခံရတဲ့ကားက နောက်ကို(၁)ပေလောက်ရွေ့သွားတယ်။ အရှိန်တော် တော်ပါသွားတယ်”ဟု ကရုဏာကမ်းလက် လူမှုကူညီရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြေသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် အသက်(၂၀) ဝန်း ကျင်အရွယ် အမျိုးသား(၃)ဦးမှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်က အမျိုးသား(၃)ယောက်က ပွဲချင်းပြီးဆုံးသွားတယ်။ (၃)ယောက်လုံး ဦးခေါင်းပွင့်ပြီး ဗိုက်ပေါက်တစ်ယောက်ပါတယ်။ အဲဒီနေရာက မကြာမကြာဖြစ်တက်တယ်။ ကျွန်တော်အကြံပြုချင်တာကတော့ ဆိုင်ကယ်စီးမယ်ဆို သတ်မှတ်ယာဉ်ကြောအတိုင်း စီးရ မယ်။ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြမယ်ဆိုရင် ဖြစ်မယ်ဆိုရင်တောင် ထိခိုက်ဒဏ်ရာလောက်နဲ့ နည်းနည်းသက်သာမယ်ပေါ့။ အခု ဖြစ်သွားတာက ဆိုင်ကယ်စီးဦးထုပ်မပါဘူး။ နောက်ပြီးရင် (၂)ဦးထက်ပိုပြီး (၃)ဦးစီးလိုက်တော့ Overweight ဖြစ်တာရယ် မနေ့က ဖြစ်စဉ်မှာ မိုးနည်းနည်းလေးရွာနေတဲ့အချိန်ဖြစ်နေတော့ စလစ်ဖြစ်တာလည်းပါတာပေါ့”ဟု ၎င်းကဆက်လက် ပြောသည်။
သေဆုံးသူအမျိုးသား(၃)ဦးကို ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ေလွာ္ကားလမ္းဆုံတြင္ (၆)ဘီးကား ႏွင့္ ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ ဆိုင္ကယ္ေပၚပါသူ လူငယ္(၃)ဦးလုံး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၃
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ႀကံ့ၿမိဳ႕၊ ရန္ကုန္-ျပည္ကားလမ္း၊ ေလွာ္ကားလမ္းဆုံတြင္ NISSAN ကုန္တင္(၆)ဘီး ကားႏွင့္ ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ ဆိုင္ကယ္ေပၚပါသူ လူငယ္အမ်ိဳးသား(၃)ဦးလုံးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း က႐ုဏာကမ္းလက္လူမႈကူညီေရး ပရဟိတအသင္းအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဩဂုတ္လ ၁၂ ရက္)၊ ညေန ၆နာရီ ၄၅မိနစ္အခ်ိန္ခန႔္က မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ႀကံ့ၿမိဳ႕၊ ရန္ကုန္-ျပည္ကားလမ္း၊ ေလွာ္ကားလမ္းဆုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဆိုင္ကယ္က Click ဘီးအမ်ိဳးအစားျဖစ္ၿပီး အမ်ိဳးသား(၃)ေယာက္ပါတယ္။ ကားကေတာ့ ေ႐ႊျပည္သာဘက္ကိုေကြ႕မွာေပါ့။ ေကြ႕ဖို႔လည္း ေခါင္းတည္ထားတယ္။ အဲဒီမွာ ဆိုင္ကယ္က ယာဥ္ေၾကာေျပာင္းျပန္ေက်ာ္တက္လာၿပီး တိုက္မိတာပါ။ မ်က္ႏွာခ်င္းဆိုင္သေဘာမ်ိဳး ျဖစ္သြားတာေပါ့။ အတိုက္ခံရတဲ့ကားက ေနာက္ကို(၁)ေပေလာက္ေ႐ြ႕သြားတယ္။ အရွိန္ေတာ္ ေတာ္ပါသြားတယ္”ဟု က႐ုဏာကမ္းလက္ လူမႈကူညီေရး ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေပၚတြင္ လိုက္ပါလာသည့္ အသက္(၂၀) ဝန္း က်င္အ႐ြယ္ အမ်ိဳးသား(၃)ဦးမွာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ဆိုင္ကယ္က အမ်ိဳးသား(၃)ေယာက္က ပြဲခ်င္းၿပီးဆုံးသြားတယ္။ (၃)ေယာက္လုံး ဦးေခါင္းပြင့္ၿပီး ဗိုက္ေပါက္တစ္ေယာက္ပါတယ္။ အဲဒီေနရာက မၾကာမၾကာျဖစ္တက္တယ္။ ကြၽန္ေတာ္အႀကံျပဳခ်င္တာကေတာ့ ဆိုင္ကယ္စီးမယ္ဆို သတ္မွတ္ယာဥ္ေၾကာအတိုင္း စီးရ မယ္။ ဆိုင္ကယ္စီးဦးထုပ္ေဆာင္းၾကမယ္ဆိုရင္ ျဖစ္မယ္ဆိုရင္ေတာင္ ထိခိုက္ဒဏ္ရာေလာက္နဲ႔ နည္းနည္းသက္သာမယ္ေပါ့။ အခု ျဖစ္သြားတာက ဆိုင္ကယ္စီးဦးထုပ္မပါဘူး။ ေနာက္ၿပီးရင္ (၂)ဦးထက္ပိုၿပီး (၃)ဦးစီးလိုက္ေတာ့ Overweight ျဖစ္တာရယ္ မေန႔က ျဖစ္စဥ္မွာ မိုးနည္းနည္းေလး႐ြာေနတဲ့အခ်ိန္ျဖစ္ေနေတာ့ စလစ္ျဖစ္တာလည္းပါတာေပါ့”ဟု ၎ကဆက္လက္ ေျပာသည္။
ေသဆုံးသူအမ်ိဳးသား(၃)ဦးကို က႐ုဏာကမ္းလက္လူမႈကူညီေရးအသင္းမွ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။