ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက LDP ပါတီခေါင်းဆောင်အဖြစ် ထပ်မံအရွေးခံတော့မည် မဟုတ်ကြောင်း အသိပေး

 439

ALynn (NP News) - ဩဂုတ် ၁၄

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ ပါတီခေါင်းဆောင်အဖြစ် ပြန်လည်အရွေးခံရန် ကြိုးပမ်းမည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ သည့်အတွက် ဝန်ကြီးချုပ်အသစ်ကို ထပ်မံရွေးချယ်ရတော့မည်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၄ ရက်) က တိုကျိုတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ကီရှီဒါက LDP ၏ ခေါင်းဆောင်မှုအသစ်ကို ရွေးချယ်ဖို့ အချိန်ကျပြီဖြစ်ကြောင်းနှင့် ၎င်းအား အပြည့်အဝ ထောက်ခံမည်ဟု ဆိုသည်။

"ဒီရွေးကောက်ပွဲမှာ LDP က ပြောင်းလဲနေပြီး ပါတီက LDP အသစ်ဖြစ်ကြောင်း ပြည်သူတွေကို ပြသဖို့ လိုအပ်ပါတယ်"ဟု Kishida က သတင်းထောက်များအား ပြောကြားခဲ့သည်။ ကီရှီဒါသည် ၎င်း၏ရာထူးအတွက် ထပ်မံအရွေးခံတော့မည်မဟုတ်ကြောင်း အကြီးတန်း အုပ်ချုပ်ရေး အရာရှိများကို အကြောင်းကြားခဲ့သည်ဟု နိုင်ငံပိုင် ရုပ်သံလိုင်း NHK အပါအဝင် ဂျပန်မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ကီရှီဒါသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ပါတီဥက္ကဋ္ဌအဖြစ် သုံးနှစ်သက်တမ်းအတွက် ရွေးကောက်ခံခဲ့ရပြီး မကြာမီမှာပင် အထွေ ထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည်။

သို့သော် ပါတီက ကျင်းပသည့်ပွဲများအတွက် လက်မှတ်ရောင်းချခြင်းမှ ကောက်ခံရရှိထားသော နိုင်ငံရေးရန်ပုံငွေများနှင့်ပတ်သက်၍ LDP အတွင်း အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြားတွင် ၎င်း၏ ထောက်ခံမှုနှုန်းသည် သိသိသာသာ ကျဆင်းသွားခဲ့သည်။ LDP သည် ပါလီမန်တွင် အမတ်နေရာအများဆုံးရထားသောကြောင့် ပါတီခေါင်းဆောင်အရွေးခံမည့်သူသည် ဂျပန်၏ နောက်ထပ် ၀န်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကီရှီဒါသည် ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်ရာတွင် ဝေဖန်ခံရသော Yoshihide Suga ထံမှ ရာထူးကို ရယူခဲ့သည်။ ကီရှီဒါလက်ထက်တွင် ဂျပန်သည် ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် NATO စံနှုန်းသို့ နှစ်ဆတိုးရန် ကတိပြုခဲ့သည်။

zawgyi version
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယိုကီရွီဒါက LDP ပါတီေခါင္းေဆာင္အျဖစ္ ထပ္မံအေ႐ြးခံေတာ့မည္ မဟုတ္ေၾကာင္း အသိေပး
ALynn (NP News) - ဩဂုတ္ ၁၄

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယိုကီရွီဒါက အာဏာရ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီ (LDP) ၏ ပါတီေခါင္းေဆာင္အျဖစ္ ျပန္လည္အေ႐ြးခံရန္ ႀကိဳးပမ္းမည္မဟုတ္ေၾကာင္း ဆုံးျဖတ္ခ်က္ခ်ခဲ့ သည့္အတြက္ ဝန္ႀကီးခ်ဳပ္အသစ္ကို ထပ္မံေ႐ြးခ်ယ္ရေတာ့မည္ျဖစ္သည္။ ဗုဒၶဟူးေန႔ (ဩဂုတ္လ ၁၄ ရက္) က တိုက်ိဳတြင္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲမွာ ကီရွီဒါက LDP ၏ ေခါင္းေဆာင္မႈအသစ္ကို ေ႐ြးခ်ယ္ဖို႔ အခ်ိန္က်ၿပီျဖစ္ေၾကာင္းႏွင့္ ၎အား အျပည့္အဝ ေထာက္ခံမည္ဟု ဆိုသည္။

"ဒီေ႐ြးေကာက္ပြဲမွာ LDP က ေျပာင္းလဲေနၿပီး ပါတီက LDP အသစ္ျဖစ္ေၾကာင္း ျပည္သူေတြကို ျပသဖို႔ လိုအပ္ပါတယ္"ဟု Kishida က သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။ ကီရွီဒါသည္ ၎၏ရာထူးအတြက္ ထပ္မံအေ႐ြးခံေတာ့မည္မဟုတ္ေၾကာင္း အႀကီးတန္း အုပ္ခ်ဳပ္ေရး အရာရွိမ်ားကို အေၾကာင္းၾကားခဲ့သည္ဟု ႏိုင္ငံပိုင္ ႐ုပ္သံလိုင္း NHK အပါအဝင္ ဂ်ပန္မီဒီယာမ်ားက အေစာပိုင္းတြင္ ေဖာ္ျပခဲ့သည္။ ကီရွီဒါသည္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလတြင္ ပါတီဥကၠ႒အျဖစ္ သုံးႏွစ္သက္တမ္းအတြက္ ေ႐ြးေကာက္ခံခဲ့ရၿပီး မၾကာမီမွာပင္ အေထြ ေထြေ႐ြးေကာက္ပြဲ၌ အႏိုင္ရရွိခဲ့သည္။

သို႔ေသာ္ ပါတီက က်င္းပသည့္ပြဲမ်ားအတြက္ လက္မွတ္ေရာင္းခ်ျခင္းမွ ေကာက္ခံရရွိထားေသာ ႏိုင္ငံေရးရန္ပုံေငြမ်ားႏွင့္ပတ္သက္၍ LDP အတြင္း အက်င့္ပ်က္ျခစားမႈ အရႈပ္ေတာ္ပုံၾကားတြင္ ၎၏ ေထာက္ခံမႈႏႈန္းသည္ သိသိသာသာ က်ဆင္းသြားခဲ့သည္။ LDP သည္ ပါလီမန္တြင္ အမတ္ေနရာအမ်ားဆုံးရထားေသာေၾကာင့္ ပါတီေခါင္းေဆာင္အေ႐ြးခံမည့္သူသည္ ဂ်ပန္၏ ေနာက္ထပ္ ၀န္ႀကီးခ်ဳပ္ျဖစ္လာမည္ျဖစ္သည္။ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ကီရွီဒါသည္ ကိုဗစ္ကပ္ေရာဂါကို ကိုင္တြယ္ရာတြင္ ေဝဖန္ခံရေသာ Yoshihide Suga ထံမွ ရာထူးကို ရယူခဲ့သည္။ ကီရွီဒါလက္ထက္တြင္ ဂ်ပန္သည္ ၎၏ကာကြယ္ေရးအသုံးစရိတ္ကို ၂၀၂၇ ခုႏွစ္တြင္ NATO စံႏႈန္းသို႔ ႏွစ္ဆတိုးရန္ ကတိျပဳခဲ့သည္။

Related news

© 2021. All rights reserved.