ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီးဖြစ်သူကို ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်အဖြစ် မဲပေး ရွေးချယ်

 1340

ဂျန်ဇက် (NP News) - သြဂုတ် ၁၆

ထိုင်းလွှတ်တော်သည် သြဂုတ် ၁၆ ရက်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီးဖြစ်သူ ပီတွန်တန် ရှင်နာဝါထရာကို ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသည် ပြီးခဲ့သောရက်ပိုင်းတွင် ဝန်ကြီးချုပ်ဟောင်း ဆာရက်သာတာဗီဆင်အား ဖွဲ့စည်းပုံအခြေခံ ဥပဒေစည်းကမ်းများကို ချိုးဖောက်သည့်အတွက် ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခဲ့သည့်အတွက် ထိုင်းလွှတ်တော် က သြဂုတ် ၁၆ ရက်တွင် ဝန်ကြီးချုပ်အသစ်ရွေးချယ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖြူထိုင်းပါတီ၏ အထွေထွေအတွင်းရေးမှူးသည် သြဂုတ် ၁၆ ရက်က ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး အတွင်း ပီတွန်တန်ရှင်နာဝါရာကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့ကာ လွှတ်တော်ကိုယ်စားလှယ်များ ကြား မဲပေးရွေးချယ်ခဲ့ရာ ဖြူထိုင်းပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ပီတွန်တန်ရှင်နာဝါထရာသည် ထောက်ခံမဲ ၃၁၉ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ ၁၄၅ မဲနှင့် ကြားနေမဲ ၂၇ မဲ ရရှိခဲ့ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ပီတွန်တန်ရှင်နာဝါထရာသည် ထိုင်းနိုင်ငံရေးသမိုင်းတွင် အမျိုးသမီးဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန်ယူခွင့်ရမည်ဖြစ်သလို ရှင်နာဝါထရာ မိသားစုတွင် တတိယမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့် ရမည့်သူဖြစ်ဖွယ်ရှိနေသည်။ ဖြူထိုင်းပါတီက အဆိုပြုသော ပီတွန်တန်ရှင်နာဝါထရာကို ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါလွှတ်တော်အစည်းအဝေးကို ကိုယ်စားလှယ်ပေါင်း ၄၉၃ ဦး တက်ရောက်ခဲ့ပြီး မဲရွေးချယ်မှု မတိုင်ခင် ဝန်ကြီးချုပ်လောင်းလျာနှင့်ပတ်သက်ပြီး စစ်ထိုးပွဲများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပီတွန်တန်ရှင်နာဝါထရာ သည် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရရန်အတွက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များအနက်မှ ထောက်ခံမဲ အနည်းဆုံး ၂၄၈ မဲ ရရှိရန်လိုအပ်သော်လည်း ထောက်ခံမဲ ၃၁၉ မဲရရှိခဲ့ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ပီတွန်တန်ရှင်နာဝါထရာသည် ထိုင်းနိုင်ငံသမိုင်းတွင် အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ် လာမည်ဖြစ်သည်။ ပီတွန်တန်ရှင်နာဝါထရာ၏ ဖခင်ဖြစ်သူ သက်ဆင်၊ အဒေါ်ဖြစ်သူ ယင်လတို့သည်လည်း ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version;
ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္၏ သမီးျဖစ္သူကို ထိုင္းႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ မဲေပး ေ႐ြးခ်ယ္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၆

ထိုင္းလႊတ္ေတာ္သည္ ၾသဂုတ္ ၁၆ ရက္တြင္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္၏သမီးျဖစ္သူ ပီတြန္တန္ ရွင္နာဝါထရာကို ထိုင္းႏိုင္ငံ၏ ၃၁ ဦးေျမာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ မဲေပးေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရသည္။ ထိုင္းဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးသည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဆာရက္သာတာဗီဆင္အား ဖြဲ႕စည္းပုံအေျခခံ ဥပေဒစည္းကမ္းမ်ားကို ခ်ိဳးေဖာက္သည့္အတြက္ ဝန္ႀကီးခ်ဳပ္ရာထူးမွ ထုတ္ပယ္ခဲ့သည့္အတြက္ ထိုင္းလႊတ္ေတာ္ က ၾသဂုတ္ ၁၆ ရက္တြင္ ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္မႈမ်ား ထပ္မံလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ျဖဴထိုင္းပါတီ၏ အေထြေထြအတြင္းေရးမႉးသည္ ၾသဂုတ္ ၁၆ ရက္က က်င္းပခဲ့ေသာ လႊတ္ေတာ္အစည္းအေဝး အတြင္း ပီတြန္တန္ရွင္နာဝါရာကို ဝန္ႀကီးခ်ဳပ္အျဖစ္ အမည္စာရင္းတင္သြင္းခဲ့ကာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ၾကား မဲေပးေ႐ြးခ်ယ္ခဲ့ရာ ျဖဴထိုင္းပါတီ၏ေခါင္းေဆာင္တစ္ဦးျဖစ္သူ ပီတြန္တန္ရွင္နာဝါထရာသည္ ေထာက္ခံမဲ ၃၁၉ မဲရရွိခဲ့ၿပီး ကန႔္ကြက္မဲ ၁၄၅ မဲႏွင့္ ၾကားေနမဲ ၂၇ မဲ ရရွိခဲ့ေၾကာင္း သိရသည္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ ပီတြန္တန္ရွင္နာဝါထရာသည္ ထိုင္းႏိုင္ငံေရးသမိုင္းတြင္ အမ်ိဳးသမီးဒုတိယဝန္ႀကီးခ်ဳပ္ အျဖစ္ တာဝန္ယူခြင့္ရမည္ျဖစ္သလို ရွင္နာဝါထရာ မိသားစုတြင္ တတိယေျမာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ ရမည့္သူျဖစ္ဖြယ္ရွိေနသည္။ ျဖဴထိုင္းပါတီက အဆိုျပဳေသာ ပီတြန္တန္ရွင္နာဝါထရာကို ထိုင္းႏိုင္ငံ၏ ၃၁ ဦးေျမာက္ ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါလႊတ္ေတာ္အစည္းအေဝးကို ကိုယ္စားလွယ္ေပါင္း ၄၉၃ ဦး တက္ေရာက္ခဲ့ၿပီး မဲေ႐ြးခ်ယ္မႈ မတိုင္ခင္ ဝန္ႀကီးခ်ဳပ္ေလာင္းလ်ာႏွင့္ပတ္သက္ၿပီး စစ္ထိုးပြဲမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ပီတြန္တန္ရွင္နာဝါထရာ သည္ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရရန္အတြက္ တက္ေရာက္လာေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအနက္မွ ေထာက္ခံမဲ အနည္းဆုံး ၂၄၈ မဲ ရရွိရန္လိုအပ္ေသာ္လည္း ေထာက္ခံမဲ ၃၁၉ မဲရရွိခဲ့ေၾကာင္း သိရသည္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ ပီတြန္တန္ရွင္နာဝါထရာသည္ ထိုင္းႏိုင္ငံသမိုင္းတြင္ အသက္အငယ္ဆုံးဝန္ႀကီးခ်ဳပ္ျဖစ္ လာမည္ျဖစ္သည္။ ပီတြန္တန္ရွင္နာဝါထရာ၏ ဖခင္ျဖစ္သူ သက္ဆင္၊ အေဒၚျဖစ္သူ ယင္လတို႔သည္လည္း ထိုင္းႏိုင္ငံတြင္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.