မျောက်ကျောက်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားရမယ်လို့ ဥရောပသမဂ္ဂပြော

 1221

Pika (NP News) - သြဂုတ် ၁၇

မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာပြီးနောက် ဥရောပသမဂ္ဂကျန်းမာရေးအေဂျင်စီဟာ ၎င်းရဲ့အဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြဖို့ ဩဂုတ်လ(၁၆)ရက်မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂနဲ့ ဥရောပစီးပွားရေးဧရိယာ EAA မှာရှိတဲ့ လူဦးရေအတွက် မျောက်ကျောက်ရောဂါနဲ့ပတ်သက်တဲ့အန္တရာယ်ဟာ စိုးရိမ်စရာအခြေအနေတော့ မရောက်ရှိသေးဘူးလို့ ဥရောပရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (ECDC) က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး လျင်မြန်စွာသိရှိဖို့နဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်တွေနဲ့ အသိပညာပေးရေးလှုပ်ရှားမှုတွေကို အမြင့်ဆုံးအဆင့်မှာထားဖို့ ဥရောပသမဂ္ဂနဲ့ EAA မှာရှိတဲ့ ပြည်သူကျန်းမာရေးအာဏာပိုင်တွေကို ECDC က အကြံပြုထားတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း ဥရောပကို မျောက်ကျောက်ရောဂါကူးစက်ခံထားရတဲ့လူတွေ ဝင်ရောက်လာနိုင်ခြေဟာ မြင့်မား တယ်လို့ ECDC က ပြောကြားခဲ့ပါတယ်။ ECDC ဒါရိုက်တာ Pamela Rendi-Wagner က “ဥရောပနဲ့အာဖရိကကြား နီးကပ်တဲ့ချိတ်ဆက်မှုတွေကြောင့် မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ပိုးဝင်ရောက်လာနိုင်ခြေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားရပါမယ်” လို့ ပြောခဲ့ပါတယ်။

အာဖရိကတိုက်မှာ ကူးစက်မှုနှုန်းမြင့်မားနေတဲ့မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး WHO က ယခုသီတင်းပတ် အတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကွန်ဂိုနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်ပျံ့နှံ့ခဲ့ပြီး လူ(၅၄၈)ဦး သေဆုံးခဲ့ပြီးနောက် မျောက်ကျောက်ရောဂါဟာ အာဖရိကတိုက်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့ကို ပျံ့နှံ့သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

WHO က ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာပြီးနောက် ဆွီဒင်နိုင်ငံနဲ့ ပါကစ္စတန် နိုင်ငံတို့မှာ မျောက်ကျောက်ရောဂါကူးစက်ခံထားရသူတွေကို တွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။ မျောက်ကျောက်ရောဂါဟာ တိရစ္တာန်တွေကနေတစ်ဆင့် လူတွေကို ကူးစက်တဲ့ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတာ ဖြစ်ပေမယ့်လည်း လူအချင်းချင်း နီးကပ်တဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကနေတဆင့် ကူးစက်နိုင်တယ်လို့လည်း သိရပါတယ်။ မျောက်ကျောက်ရောဂါဟာ ဖျားနားတာမျိုး၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးနဲ့ အရေပြားပေါ်မှာ အနာတွေကို ဖြစ်စေတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေမ်ာက္ေက်ာက္ေရာဂါအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ထားရမယ္လို႔ ဥေရာပသမဂၢေျပာ
Pika (NP News) - ၾသဂုတ္ ၁၇

ေမ်ာက္ေက်ာက္ေရာဂါနဲ႔ပတ္သက္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကမာၻလုံးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ ထုတ္ျပန္ေၾကညာၿပီးေနာက္ ဥေရာပသမဂၢက်န္းမာေရးေအဂ်င္စီဟာ ၎ရဲ႕အဖြဲ႕ဝင္ႏိုင္ငံေတြကို ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ထားၾကဖို႔ ဩဂုတ္လ(၁၆)ရက္မွာ တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။

ဥေရာပသမဂၢနဲ႔ ဥေရာပစီးပြားေရးဧရိယာ EAA မွာရွိတဲ့ လူဦးေရအတြက္ ေမ်ာက္ေက်ာက္ေရာဂါနဲ႔ပတ္သက္တဲ့အႏၲရာယ္ဟာ စိုးရိမ္စရာအေျခအေနေတာ့ မေရာက္ရွိေသးဘူးလို႔ ဥေရာပေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးစင္တာ (ECDC) က ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေမ်ာက္ေက်ာက္ေရာဂါနဲ႔ပတ္သက္ၿပီး လ်င္ျမန္စြာသိရွိဖို႔နဲ႔ တုံ႔ျပန္မႈေတြ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈအစီအစဥ္ေတြနဲ႔ အသိပညာေပးေရးလႈပ္ရွားမႈေတြကို အျမင့္ဆုံးအဆင့္မွာထားဖို႔ ဥေရာပသမဂၢနဲ႔ EAA မွာရွိတဲ့ ျပည္သူက်န္းမာေရးအာဏာပိုင္ေတြကို ECDC က အႀကံျပဳထားတယ္လို႔လည္း သိရပါတယ္။

ဒါေပမယ့္လည္း ဥေရာပကို ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံထားရတဲ့လူေတြ ဝင္ေရာက္လာႏိုင္ေျခဟာ ျမင့္မား တယ္လို႔ ECDC က ေျပာၾကားခဲ့ပါတယ္။ ECDC ဒါ႐ိုက္တာ Pamela Rendi-Wagner က “ဥေရာပနဲ႔အာဖရိကၾကား နီးကပ္တဲ့ခ်ိတ္ဆက္မႈေတြေၾကာင့္ ေမ်ာက္ေက်ာက္ေရာဂါဗိုင္းရပ္စ္ပိုးဝင္ေရာက္လာႏိုင္ေျခနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ႀကိဳတင္ျပင္ဆင္ထားရပါမယ္” လို႔ ေျပာခဲ့ပါတယ္။

အာဖရိကတိုက္မွာ ကူးစက္မႈႏႈန္းျမင့္မားေနတဲ့ေမ်ာက္ေက်ာက္ေရာဂါနဲ႔ပတ္သက္ၿပီး WHO က ယခုသီတင္းပတ္ အတြင္းမွာ ကမာၻလုံးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ကြန္ဂိုႏိုင္ငံမွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ပ်ံ႕ႏွံ႔ခဲ့ၿပီး လူ(၅၄၈)ဦး ေသဆုံးခဲ့ၿပီးေနာက္ ေမ်ာက္ေက်ာက္ေရာဂါဟာ အာဖရိကတိုက္အလယ္ပိုင္းနဲ႔ အေရွ႕ပိုင္းတို႔ကို ပ်ံ႕ႏွံ႔သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

WHO က ကမာၻလုံးဆိုင္ရာအေရးေပၚအေျခအေနအျဖစ္ ထုတ္ျပန္ေၾကညာၿပီးေနာက္ ဆြီဒင္ႏိုင္ငံနဲ႔ ပါကစၥတန္ ႏိုင္ငံတို႔မွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံထားရသူေတြကို ေတြ႕ရွိခဲ့ရတယ္လို႔လည္း သိရပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါဟာ တိရစၱာန္ေတြကေနတစ္ဆင့္ လူေတြကို ကူးစက္တဲ့ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္ပြားတာ ျဖစ္ေပမယ့္လည္း လူအခ်င္းခ်င္း နီးကပ္တဲ့႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈေတြကေနတဆင့္ ကူးစက္ႏိုင္တယ္လို႔လည္း သိရပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါဟာ ဖ်ားနားတာမ်ိဳး၊ ႂကြက္သားေတြ နာက်င္ကိုက္ခဲတာမ်ိဳးနဲ႔ အေရျပားေပၚမွာ အနာေတြကို ျဖစ္ေစတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.