မျောက်ကျောက်ရောဂါကြောင့် နိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့လူတွေနဲ့ ကုန်စည်တွေကို တရုတ်အာဏာပိုင်တွေ စတင်စောင့်ကြည့်နေ
1216
Pika (NP News) - သြဂုတ် ၁၈
ကူးစက်မှုနှုန်းမြင့်မားနေတဲ့မျောက်ကျောက်ရောဂါကြောင့် နိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့လူတွေနဲ့ ကုန်စည်တွေကို တရုတ်အာဏာပိုင်တွေက စတင်စောင့်ကြည့်နေပြီဖြစ်တယ်လို့ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန (GAC) က ဩဂုတ်လ(၁၆)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒီလိုစီမံဆောင်ရွက်ချက်တွေဟာ ခြောက်လကြာ အသက်ဝင်နေမှာဖြစ်တယ်လို့ (GAC) က ပြောကြားခဲ့ပါတယ်။ မကြာသေးခင်က အာဖရိကမှာ ကူးစက်မှုနှုန်းမြင့်တက်လာတဲ့မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ပြန်ကြေညာပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုထုတ်ပြန်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
GAC က “မျောက်ကျောက်ရောဂါကူးစက်မှုတွေရှိနေတဲ့နိုင်ငံတွေ၊ ဒေသတွေကနေ တရုတ်နိုင်ငံတွင်းကို ရောက်ရှိ လတဲ့လူတွေဟာ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ အဖုအပိန့်တွေ နဲ့ အခြားလက္ခဏာတွေ ရှိနေမယ်ဆိုရင် အကောက်ခွန်ဌာနကို ဝင်ရောက်တဲ့အချိန်မှာ ၎င်းတို့ရဲ့အခြေအနေတွေကို ပြောပြသင့်ပါတယ်။ အဲဒီလိုပြောပြလိုက်မယ်ဆိုရင် အကောက်ခွန်အရာရှိတွေဟာ ဆေးဘက်ဆိုင်ရာလုပ်ဆောင်မှုတွေကို အကောင်အထည်ဖော်ပြီး သတ်မှတ်ထားတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နမူနာယူတာတွေနဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် မျောက်ကျောက်ရောဂါကိုတွေ့ရှိခဲ့တဲ့ဒေသတွေက ယာဉ်တွေ၊ ကွန်တိန်နာတွေနဲ့ ကုန်စည်တွေကိုလည်း ဆေးကြောသန့်စင်သွားမှာဖြစ်တယ်လို့ ၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ မျောက်ကျောက်ရောဂါဟာ အနီးကပ်ထိတွေ့မှုတွေကနေတဆင့် ကူးစက်နိုင်ပြီး အရေပြားပေါ်မှာ အရည်ကြည်ဖုတွေထွက်ကာ ရောင်ရမ်းလာတာမျိုးတွေရှိတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း မျောက်ကျောက်ရောဂါဟာ အပျော့စားရောဂါမျိုးဖြစ်ပြီး ရှားပါးတဲ့အခြေအနေမျိုးမှာပဲ သေဆုံးတာကိုဖြစ်စေနိုင်တယ်လို့ WHO က ပြောကြားထားပါတယ်။
Zawgyi Version;
ေမ်ာက္ေက်ာက္ေရာဂါေၾကာင့္ ႏိုင္ငံအတြင္းကိုဝင္ေရာက္လာတဲ့လူေတြနဲ႔ ကုန္စည္ေတြကို တ႐ုတ္အာဏာပိုင္ေတြ စတင္ေစာင့္ၾကည့္ေန
Pika (NP News) - ၾသဂုတ္ ၁၈
ကူးစက္မႈႏႈန္းျမင့္မားေနတဲ့ေမ်ာက္ေက်ာက္ေရာဂါေၾကာင့္ ႏိုင္ငံအတြင္းကို ဝင္ေရာက္လာတဲ့လူေတြနဲ႔ ကုန္စည္ေတြကို တ႐ုတ္အာဏာပိုင္ေတြက စတင္ေစာင့္ၾကည့္ေနၿပီျဖစ္တယ္လို႔ အေကာက္ခြန္အေထြေထြအုပ္ခ်ဳပ္ေရးဌာန (GAC) က ဩဂုတ္လ(၁၆)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒီလိုစီမံေဆာင္႐ြက္ခ်က္ေတြဟာ ေျခာက္လၾကာ အသက္ဝင္ေနမွာျဖစ္တယ္လို႔ (GAC) က ေျပာၾကားခဲ့ပါတယ္။ မၾကာေသးခင္က အာဖရိကမွာ ကူးစက္မႈႏႈန္းျမင့္တက္လာတဲ့ေမ်ာက္ေက်ာက္ေရာဂါကို ကမာၻလုံးဆိုင္ရာအေရးေပၚအေျခအေနအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO) က ထုတ္ျပန္ေၾကညာၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုထုတ္ျပန္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
GAC က “ေမ်ာက္ေက်ာက္ေရာဂါကူးစက္မႈေတြရွိေနတဲ့ႏိုင္ငံေတြ၊ ေဒသေတြကေန တ႐ုတ္ႏိုင္ငံတြင္းကို ေရာက္ရွိ လတဲ့လူေတြဟာ ဖ်ားနာတာ၊ ေခါင္းကိုက္တာ၊ အဖုအပိန႔္ေတြ နဲ႔ အျခားလကၡဏာေတြ ရွိေနမယ္ဆိုရင္ အေကာက္ခြန္ဌာနကို ဝင္ေရာက္တဲ့အခ်ိန္မွာ ၎တို႔ရဲ႕အေျခအေနေတြကို ေျပာျပသင့္ပါတယ္။ အဲဒီလိုေျပာျပလိုက္မယ္ဆိုရင္ အေကာက္ခြန္အရာရွိေတြဟာ ေဆးဘက္ဆိုင္ရာလုပ္ေဆာင္မႈေတြကို အေကာင္အထည္ေဖာ္ၿပီး သတ္မွတ္ထားတဲ့လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ နမူနာယူတာေတြနဲ႔ စမ္းသပ္စစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္သြားပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့အျပင္ ေမ်ာက္ေက်ာက္ေရာဂါကိုေတြ႕ရွိခဲ့တဲ့ေဒသေတြက ယာဥ္ေတြ၊ ကြန္တိန္နာေတြနဲ႔ ကုန္စည္ေတြကိုလည္း ေဆးေၾကာသန႔္စင္သြားမွာျဖစ္တယ္လို႔ ၎တို႔ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါဟာ အနီးကပ္ထိေတြ႕မႈေတြကေနတဆင့္ ကူးစက္ႏိုင္ၿပီး အေရျပားေပၚမွာ အရည္ၾကည္ဖုေတြထြက္ကာ ေရာင္ရမ္းလာတာမ်ိဳးေတြရွိတယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ေမ်ာက္ေက်ာက္ေရာဂါဟာ အေပ်ာ့စားေရာဂါမ်ိဳးျဖစ္ၿပီး ရွားပါးတဲ့အေျခအေနမ်ိဳးမွာပဲ ေသဆုံးတာကိုျဖစ္ေစႏိုင္တယ္လို႔ WHO က ေျပာၾကားထားပါတယ္။