မလေးရှားနိုင်ငံ မြို့လယ်ခေါင်က ရေနုတ်မြောင်းကျွံကျမှုမှာ ပျောက်ဆုံးသွားတဲ့ နိုင်ငံခြားခရီးသွားကို သုံးရက် ဆက်တိုက်ရှာဖွေနေပေမယ့် မတွေ့သေး
436
ရောင်နီ (NP News) - သြဂုတ် ၂၆
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ မြို့လည်ခေါင်မှာရှိတဲ့ မိလ္လာရေနုတ်မြောင်း ကျွံကျမှုမှာ ပျောက်ဆုံးသွားတဲ့ ကမ္ဘာလှည့်ခရီးသည်ကို ၃ ရက်ဆက်တိုက် ရှာဖွေနေပေမယ့် မတွေ့သေးဘူးလို့ သိရပါတယ်။
အသက် ၄၈ နှစ်အရွယ် ကမ္ဘာလှည့်ခရီးသွားအမျိုးသမီးဟာ ဩဂုတ်လ ၂၃ ရက် နံနက်ခင်းက ကွာလာလမ်ပူ မြို့လယ်ခေါင် Jalan Masjid India မှာ ရှိတဲ့ ၈ မီတာနက်တဲ့ ရေနုတ်မြောင်းကျွံကျမှုနဲ့အတူ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူမကို အဲဒီနေ့ကစ ၃ ရက်ဆက်တိုက် ရှာဖွေမှုတွေပြုလုပ်ခဲ့ပေမယ့် အခုထိမတွေ့ရသေးဘူးလို့ သိရပါတယ်။ ဒီအဖြစ်အပျက်အတွက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး "ရှာဖွေကယ်ဆယ်ရေးမစ်ရှင် ဆက်လက်လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ဖြေရှင်းရမယ့် မြေဆီလွှာဆိုင်ရာ ပြဿနာတွေ ရှိနေပါသေးတယ်” လို့ ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေဟာ အစောပိုင်းက အခင်းဖြစ်ပွားရာနေရာဖြစ်တဲ့ Jalan Masjid India မှာရှိတဲ့ မိလ္လာတွင်းပေါက် အားလုံးကို စစ်ဆေးခဲ့ပေမယ့် အဆိုပါအမျိုးသမီး ဝတ်ဆင်ခဲ့တဲ့ဖိနပ်တစ်ဖက်ကလွဲလို့ အခြားမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ဖက်ဒရယ်နယ်မြေများဆိုင်ရာတာဝန်ခံ ၀န်ကြီးချုပ် ဇာလီဟာမာစတာဖာ ကတော့ အဆိုပါအမျိုးသမီး ဘာကြောင့် ပျောက်ဆုံးနေလဲဆိုတဲ့အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးပေမယ့် ကျွံတွင်းတွေ ထပ်ဖြစ်မလာ အောင် တားဆီးဖို့နဲ့ ကွာလာလမ်ပူဧရိယာ၊ အထူးသဖြင့် ၎င်းရဲ့အနီးတစ်ဝိုက်မှာနေတဲ့သူတွေ ဘေးကင်းလုံခြုံစေဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကို ဓာတ်သတ္တုနဲ့ ဘူမိသိပ္ပံဌာန အပါအဝင် အဖွဲ့အစည်းအားလုံးနဲ့ပူးပေါင်းပြီး ဆောင်ရွက် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Zawgyi Version;
မေလးရွားႏိုင္ငံ ၿမိဳ႕လယ္ေခါင္က ေရႏုတ္ေျမာင္းကြၽံက်မႈမွာ ေပ်ာက္ဆုံးသြားတဲ့ ႏိုင္ငံျခားခရီးသြားကို သုံးရက္ ဆက္တိုက္ရွာေဖြေနေပမယ့္ မေတြ႕ေသး
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆
မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕၊ ၿမိဳ႕လည္ေခါင္မွာရွိတဲ့ မိလႅာေရႏုတ္ေျမာင္း ကြၽံက်မႈမွာ ေပ်ာက္ဆုံးသြားတဲ့ ကမာၻလွည့္ခရီးသည္ကို ၃ ရက္ဆက္တိုက္ ရွာေဖြေနေပမယ့္ မေတြ႕ေသးဘူးလို႔ သိရပါတယ္။
အသက္ ၄၈ ႏွစ္အ႐ြယ္ ကမာၻလွည့္ခရီးသြားအမ်ိဳးသမီးဟာ ဩဂုတ္လ ၂၃ ရက္ နံနက္ခင္းက ကြာလာလမ္ပူ ၿမိဳ႕လယ္ေခါင္ Jalan Masjid India မွာ ရွိတဲ့ ၈ မီတာနက္တဲ့ ေရႏုတ္ေျမာင္းကြၽံက်မႈနဲ႔အတူ ေပ်ာက္ဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ သူမကို အဲဒီေန႔ကစ ၃ ရက္ဆက္တိုက္ ရွာေဖြမႈေတြျပဳလုပ္ခဲ့ေပမယ့္ အခုထိမေတြ႕ရေသးဘူးလို႔ သိရပါတယ္။ ဒီအျဖစ္အပ်က္အတြက္ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္က ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ၿပီး "ရွာေဖြကယ္ဆယ္ေရးမစ္ရွင္ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ကြၽန္ေတာ္တို႔ေျဖရွင္းရမယ့္ ေျမဆီလႊာဆိုင္ရာ ျပႆနာေတြ ရွိေနပါေသးတယ္” လို႔ ဟု ၎က ေျပာၾကားခဲ့ပါတယ္။
အာဏာပိုင္ေတြဟာ အေစာပိုင္းက အခင္းျဖစ္ပြားရာေနရာျဖစ္တဲ့ Jalan Masjid India မွာရွိတဲ့ မိလႅာတြင္းေပါက္ အားလုံးကို စစ္ေဆးခဲ့ေပမယ့္ အဆိုပါအမ်ိဳးသမီး ဝတ္ဆင္ခဲ့တဲ့ဖိနပ္တစ္ဖက္ကလြဲလို႔ အျခားမေတြ႕ခဲ့ရဘူးလို႔ ဆိုပါတယ္။ ဖက္ဒရယ္နယ္ေျမမ်ားဆိုင္ရာတာဝန္ခံ ၀န္ႀကီးခ်ဳပ္ ဇာလီဟာမာစတာဖာ ကေတာ့ အဆိုပါအမ်ိဳးသမီး ဘာေၾကာင့္ ေပ်ာက္ဆုံးေနလဲဆိုတဲ့အေၾကာင္းရင္းကို မေဖာ္ထုတ္ႏိုင္ေသးေပမယ့္ ကြၽံတြင္းေတြ ထပ္ျဖစ္မလာ ေအာင္ တားဆီးဖို႔နဲ႔ ကြာလာလမ္ပူဧရိယာ၊ အထူးသျဖင့္ ၎ရဲ႕အနီးတစ္ဝိုက္မွာေနတဲ့သူေတြ ေဘးကင္းလုံၿခဳံေစဖို႔ လိုအပ္တဲ့ျပင္ဆင္မႈေတြကို ဓာတ္သတၱဳနဲ႔ ဘူမိသိပၸံဌာန အပါအဝင္ အဖြဲ႕အစည္းအားလုံးနဲ႔ပူးေပါင္းၿပီး ေဆာင္႐ြက္ သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။