ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုအတွင်း ပါဝင်ခဲ့သော အမေရိကန်နိုင်ငံသားများ သေဒဏ်ချမှတ်ခံရနိုင်
1427
ALynn (NP News) - ဩဂုတ် ၂၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ အစိုးရရှေ့နေများသည် မကြာသေးမီက မအောင်မြင်ခဲ့သော အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်မှုဖြင့် စွပ်စွဲခံထားရသော အမေရိကန်နိုင်ငံသားသုံးဦး အပါအဝင် လူ (၅၀)ကို သေဒဏ်ပေးရန် တောင်းဆိုခဲ့သည်။
Kinshasa တွင် အင်္ဂါနေ့ (ဩဂုတ်လ ၂၈ ရက်) က ရုံးတင်စစ်ဆေးစဉ်အတွင်း စစ်ဘက်ရှေ့နေ ဒုတိယဗိုလ်မှူးကြီး Innocent Radjabu Bashiru က “စိတ်ပိုင်းဆိုင်ရာပြဿနာများ” ခံစားနေရသူတစ်ဦးမှလွဲ၍ သံသယရှိသူအားလုံးကို ကြီးလေးသောပြစ်ဒဏ်ချမှတ်ရန် တရားသူကြီးများအား တောင်းဆိုခဲ့သည်။
စစ်ယူနီဖောင်းဝတ် သေနတ်သမားတစ်စုသည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Vital Kamerhe ၏ နေအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် မြို့တော် Kinshasha ရှိ ကွန်ဂိုသမ္မတ Felix Tshisekedi ၏ရုံးကို မေလ ၁၉ ရက်က တွင် ဝင်ရောက်စီးနင်းခဲ့သည်။ Kamerhe ကို ကာကွယ်ရန် တာဝန်ကျ ရဲအရာရှိနှစ်ဦး အပါအဝင် စီးနင်းမှုအတွင်း လူခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ပြည်နှင်ဒဏ်ခံရစဉ် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရခဲ့သော ကွန်ဂိုနိုင်ငံရေးသမား၊ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ Christian Malanga သည် ၎င်းဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံသား များအပါအဝင် သံသယရှိသူများကို ရာဇ၀တ်ပူးပေါင်းကြံစည်မှု၊ လူသတ်မှု၊ အကြမ်းဖက်ဝါဒနှင့် အခြားသော ပြစ်မှုများနှင့်အတူ ဇွန်လကတည်းက ရုံးတင်စစ်ဆေးခဲ့သည်။
အမေရိကန်တရားခံနှစ်ဦးဖြစ်သည့် Marcel Malanga (Christian Malanga ၏သား) နှင့် Benjamin Zalman-Polun တို့သည် အာဏာသိမ်းခေါင်း ဆောင်က ၎င်းတို့ပါဝင်ရန် ငြင်းဆိုပါက ၎င်းတို့အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြီးခဲ့သောလက ကြားနာမှုအတွင်း တရားရုံးသို့ ပြောကြားခဲ့သည်။ အသက် ၂၁ နှစ်ရှိပြီဖြစ်သော Marcel သည် ၎င်း၏ဖခင် ခေါ်ဆိုမှုအရ DR Congo သို့ ၎င်း၏ပထမဆုံးအကြိမ်သွားရောက်လည်ပတ်ခဲ့ပြီး လုပ်ကြံမှုနှင့်ပတ်သက်၍ ကြိုတင်သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အသက် ၃၆ နှစ်အရွယ် Zalman-Polun က ၎င်းသည် Christian Malanga ၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့သော်လည်း အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ၎င်းပါဝင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ သမ္မတ Tshisekedi သည် ဒီဇင်ဘာလတွင် ဒုတိယသက်တမ်းကို အနိုင်ရခဲ့ပြီး သစ္စာဖောက်တပ်များကို ဖယ်ရှားရန်နှင့် အကြမ်းဖက်မှုများ မြင့်မားလာခြင်းကို တိုက်ဖျက်ရန် ဖော်ပြခဲ့သည်။
zawgyi version
ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံတြင္ အာဏာသိမ္းရန္ ႀကိဳးပမ္းမႈအတြင္း ပါဝင္ခဲ့ေသာ အေမရိကန္ႏိုင္ငံသားမ်ား ေသဒဏ္ခ်မွတ္ခံရႏိုင္
ALynn (NP News) - ဩဂုတ္ ၂၉
ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံမွ အစိုးရေရွ႕ေနမ်ားသည္ မၾကာေသးမီက မေအာင္ျမင္ခဲ့ေသာ အာဏာသိမ္းမႈတြင္ ပါဝင္ပတ္သက္မႈျဖင့္ စြပ္စြဲခံထားရေသာ အေမရိကန္ႏိုင္ငံသားသုံးဦး အပါအဝင္ လူ (၅၀)ကို ေသဒဏ္ေပးရန္ ေတာင္းဆိုခဲ့သည္။
Kinshasa တြင္ အဂၤါေန႔ (ဩဂုတ္လ ၂၈ ရက္) က ႐ုံးတင္စစ္ေဆးစဥ္အတြင္း စစ္ဘက္ေရွ႕ေန ဒုတိယဗိုလ္မႉးႀကီး Innocent Radjabu Bashiru က “စိတ္ပိုင္းဆိုင္ရာျပႆနာမ်ား” ခံစားေနရသူတစ္ဦးမွလြဲ၍ သံသယရွိသူအားလုံးကို ႀကီးေလးေသာျပစ္ဒဏ္ခ်မွတ္ရန္ တရားသူႀကီးမ်ားအား ေတာင္းဆိုခဲ့သည္။
စစ္ယူနီေဖာင္းဝတ္ ေသနတ္သမားတစ္စုသည္ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ Vital Kamerhe ၏ ေနအိမ္ကို ဝင္ေရာက္စီးနင္းၿပီးေနာက္ ၿမိဳ႕ေတာ္ Kinshasha ရွိ ကြန္ဂိုသမၼတ Felix Tshisekedi ၏႐ုံးကို ေမလ ၁၉ ရက္က တြင္ ဝင္ေရာက္စီးနင္းခဲ့သည္။ Kamerhe ကို ကာကြယ္ရန္ တာဝန္က် ရဲအရာရွိႏွစ္ဦး အပါအဝင္ စီးနင္းမႈအတြင္း လူေျခာက္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။ ျပည္ႏွင္ဒဏ္ခံရစဥ္ အေမရိကန္ႏိုင္ငံသားျဖစ္ခြင့္ရခဲ့ေသာ ကြန္ဂိုႏိုင္ငံေရးသမား၊ အာဏာသိမ္းမႈကို ဦးေဆာင္ခဲ့သူ Christian Malanga သည္ ၎ျဖစ္စဥ္အတြင္း လုံၿခဳံေရးတပ္ဖြဲ႕မ်ား၏ သတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။ ဘယ္လ္ဂ်ီယံ၊ ၿဗိတိန္ႏွင့္ ကေနဒါႏိုင္ငံသား မ်ားအပါအဝင္ သံသယရွိသူမ်ားကို ရာဇ၀တ္ပူးေပါင္းႀကံစည္မႈ၊ လူသတ္မႈ၊ အၾကမ္းဖက္ဝါဒႏွင့္ အျခားေသာ ျပစ္မႈမ်ားႏွင့္အတူ ဇြန္လကတည္းက ႐ုံးတင္စစ္ေဆးခဲ့သည္။
အေမရိကန္တရားခံႏွစ္ဦးျဖစ္သည့္ Marcel Malanga (Christian Malanga ၏သား) ႏွင့္ Benjamin Zalman-Polun တို႔သည္ အာဏာသိမ္းေခါင္း ေဆာင္က ၎တို႔ပါဝင္ရန္ ျငင္းဆိုပါက ၎တို႔အား သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့ေၾကာင္း ၿပီးခဲ့ေသာလက ၾကားနာမႈအတြင္း တရား႐ုံးသို႔ ေျပာၾကားခဲ့သည္။ အသက္ ၂၁ ႏွစ္ရွိၿပီျဖစ္ေသာ Marcel သည္ ၎၏ဖခင္ ေခၚဆိုမႈအရ DR Congo သို႔ ၎၏ပထမဆုံးအႀကိမ္သြားေရာက္လည္ပတ္ခဲ့ၿပီး လုပ္ႀကံမႈႏွင့္ပတ္သက္၍ ႀကိဳတင္သိရွိျခင္းမရွိေၾကာင္း ေျပာၾကားခဲ့သည္။
အသက္ ၃၆ ႏွစ္အ႐ြယ္ Zalman-Polun က ၎သည္ Christian Malanga ၏ စီးပြားေရးလုပ္ေဖာ္ကိုင္ဖက္တစ္ဦးျဖစ္ခဲ့ေသာ္လည္း အာဏာသိမ္းရန္ ႀကိဳးပမ္းမႈတြင္ ၎ပါဝင္ခဲ့ျခင္းမရွိေၾကာင္း ေျပာၾကားခဲ့သည္။ သမၼတ Tshisekedi သည္ ဒီဇင္ဘာလတြင္ ဒုတိယသက္တမ္းကို အႏိုင္ရခဲ့ၿပီး သစၥာေဖာက္တပ္မ်ားကို ဖယ္ရွားရန္ႏွင့္ အၾကမ္းဖက္မႈမ်ား ျမင့္မားလာျခင္းကို တိုက္ဖ်က္ရန္ ေဖာ္ျပခဲ့သည္။