ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် KNU ၊ PDF ပူးပေါင်းအဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် Toyota Hiace ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရ
6567
NP News - စက်တင်ဘာ ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် KNU ၊ PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုကြောင့် Toyota Hiace ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးသေဆုံးကာ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၁ရက်)၊ ည ၈နရီခွဲအချိန်ခန့်က သထုံမြို့နယ်၊ ကမာဆိုင်ရွာသစ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘားအံမြို့မှ ရန်ကုန်မြို့သို့ ဦးဖြိုးဝေကျော် (၃၇)နှစ် မောင်းနှင်၍ အမျိုး သား(၄)ဦး၊ အမျိုးသမီး(၇)ဦး လိုက်ပါလာသော Toyota Hiace ကားသည် အထက်ပါနေရာအရောက်တွင် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် ယာဉ်မောင်း ဦးဖြိုးဝေကျော်တွင် ညာနားထင်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဘယ်နားနောက်ပေါက်ပြဲ ဒဏ်ရာတစ်ချက်တို့ရရှိကာ သေဆုံးသွားခဲ့ပြီး ဦးကျော်မျိုးသူ(၃၁)နှစ်တွင်လည်း ဘယ်၊ ညာပေါင် ပေါက်ပြဲဒဏ်ရာတစ်ချက် ဆီးခုံ ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ ရရှိကာ သေဆုံသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကျန်အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၇)ဦးအနက် အမျိုးသမီး(၅)ဦးတွင်လည်း မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါသတင်းအရင်းမြစ်က ဆိုသည်။ ထို့ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို မိုးကောင်းကျေးရွာ မိုးကောင်းအနှိုင်းမဲ့လူမှုကူညီရေးအသင်းက သိမ်ဆိပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ ကြောင်း သိရသည်။
zawgyi version
ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းတြင္ KNU ၊ PDF ပူးေပါင္းအဖြဲ႕၏ မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ Toyota Hiace ယာဥ္ေပၚပါ အမ်ိဳးသား(၂)ဦးေသဆုံးကာ (၅)ဦး ဒဏ္ရာရ
NP News - စက္တင္ဘာ ၂
မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚတြင္ KNU ၊ PDF ပူးေပါင္းအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲတိုက္ခိုက္မႈေၾကာင့္ Toyota Hiace ယာဥ္ေပၚပါ အမ်ိဳးသား(၂)ဦးေသဆုံးကာ (၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၁ရက္)၊ ည ၈နရီခြဲအခ်ိန္ခန႔္က သထုံၿမိဳ႕နယ္၊ ကမာဆိုင္႐ြာသစ္၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း၊ မိုင္တိုင္အမွတ္ ၁၃၃/၆ ႏွင့္ ၁၃၃/၇ အၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဘားအံၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ဦးၿဖိဳးေဝေက်ာ္ (၃၇)ႏွစ္ ေမာင္းႏွင္၍ အမ်ိဳး သား(၄)ဦး၊ အမ်ိဳးသမီး(၇)ဦး လိုက္ပါလာေသာ Toyota Hiace ကားသည္ အထက္ပါေနရာအေရာက္တြင္ မိုင္းေထာင္ေဖာက္ခြဲတိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္း ဦးၿဖိဳးေဝေက်ာ္တြင္ ညာနားထင္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္၊ ဘယ္နားေနာက္ေပါက္ၿပဲ ဒဏ္ရာတစ္ခ်က္တို႔ရရွိကာ ေသဆုံးသြားခဲ့ၿပီး ဦးေက်ာ္မ်ိဳးသူ(၃၁)ႏွစ္တြင္လည္း ဘယ္၊ ညာေပါင္ ေပါက္ၿပဲဒဏ္ရာတစ္ခ်က္ ဆီးခုံ ေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္တို႔ ရရွိကာ ေသဆုံသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ က်န္အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး (၇)ဦးအနက္ အမ်ိဳးသမီး(၅)ဦးတြင္လည္း မိုင္းစထိမွန္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း အထက္ပါသတင္းအရင္းျမစ္က ဆိုသည္။ ထို႔ေၾကာင့္ ေသဆုံးထိခိုက္ဒဏ္ရာရရွိသူမ်ားကို မိုးေကာင္းေက်း႐ြာ မိုးေကာင္းအႏႈိင္းမဲ့လူမႈကူညီေရးအသင္းက သိမ္ဆိပ္တိုက္နယ္ ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ ေၾကာင္း သိရသည္။