ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူ(၁၆)ဦး လိုက်ပါလာသည့် Hijet ကားတစ်စီးတိမ်းမှောက်မီးလောင်ခဲ့ရာ (၂)ဦးဒဏ်ရာပြင်းထန်စွာရရှိ

 805

သန့်ဇင် (NP News) - စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူ(၁၆)ဦး လိုက် ပါလာသည့် Hijet ကားတစ်စီးတိမ်းမှောက်မီးလောင်ခဲ့ရာ (၂)ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) ညနေ ၃နာရီ ၃၇မိနစ်အချိန်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက်၊ ပဲခူးမြစ်လမ်းပေါ် စည်ပင်သာယာရုံးရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"HIJET က သန်လျင်ဘက်ကိုအသွားမှာမှောက်ပြီး မီးလောင်သွားတာ။ ယူဆရတာတော့ ကားက လူ(၁၆)ယောက်ပါတာကတစ်ကြောင်း ဝိတ်ကလည်းများနေတာ။ အဲဒီလမ်းကလည်း ကားကြီးတွေသွားနေတော့ လန့်ပြီးဆွဲလိုက်တာမှာ မှောက်တဲ့သဘောပါ။ ကားကဘယ်လိုဖြစ်ပြီး မီးလောင်သွားလည်းတော့မသိသေးပါဘူး"ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ Hijet ကား တိမ်းမှောက်မီးလောင်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် လူ(၁၆)ဦးအနက် ယာဉ်မောင်းအမျိုးသားနှင့် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

"ယာဉ်မောင်းကတော့ ယာဘက်လက်ကျိုးသွားတယ်။ အမျိုးသမီးကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်တယ်။ ကျန်တဲ့ကားပေါ်က ကလေးတွေနဲ့ လူကြီးတွေကတော့ ထိခိုက်ဒဏ်ရာလောက်ပဲရကြတယ်"ဟု ၎င်းကဆက် လက် ပြောသည်။

၎င်းယာဉ်မီးလောင်မှုကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မီးသတ်တပ်ဖွဲ့ နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့က (၁၀)မိနစ်ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူများကို မြေပြင်လူမှုကူညီရေးအသင်းများပူးပေါင်းကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi vresion
ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တြင္ လူ(၁၆)ဦး လိုက္ပါလာသည့္ Hijet ကားတစ္စီးတိမ္းေမွာက္မီးေလာင္ခဲ့ရာ (၂)ဦးဒဏ္ရာျပင္းထန္စြာရရွိ

သန္႔ဇင္ (NP News) - စက္တင္ဘာ ၆

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တြင္ လူ(၁၆)ဦး လိုက္ ပါလာသည့္ Hijet ကားတစ္စီးတိမ္းေမွာက္မီးေလာင္ခဲ့ရာ (၂)ဦးဒဏ္ရာျပင္းထန္စြာရရွိခဲ့ေၾကာင္း ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၅ ရက္) ညေန ၃နာရီ ၃၇မိနစ္အခ်ိန္က ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၉၂)ရပ္ကြက္၊ ပဲခူးျမစ္လမ္းေပၚ စည္ပင္သာယာ႐ုံးေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"HIJET က သန္လ်င္ဘက္ကိုအသြားမွာေမွာက္ၿပီး မီးေလာင္သြားတာ။ ယူဆရတာေတာ့ ကားက လူ(၁၆)ေယာက္ပါတာကတစ္ေၾကာင္း ဝိတ္ကလည္းမ်ားေနတာ။ အဲဒီလမ္းကလည္း ကားႀကီးေတြသြားေနေတာ့ လန္႔ၿပီးဆြဲလိုက္တာမွာ ေမွာက္တဲ့သေဘာပါ။ ကားကဘယ္လိုျဖစ္ၿပီး မီးေလာင္သြားလည္းေတာ့မသိေသးပါဘူး"ဟု ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ Hijet ကား တိမ္းေမွာက္မီးေလာင္မႈေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ လူ(၁၆)ဦးအနက္ ယာဥ္ေမာင္းအမ်ိဳးသားႏွင့္ အသက္ႀကီးပိုင္းအမ်ိဳးသမီးတစ္ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ားျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။

"ယာဥ္ေမာင္းကေတာ့ ယာဘက္လက္က်ိဳးသြားတယ္။ အမ်ိဳးသမီးႀကီးတစ္ဦးလည္း ထိခိုက္ဒဏ္ရာ ျပင္းထန္တယ္။ က်န္တဲ့ကားေပၚက ကေလးေတြနဲ႔ လူႀကီးေတြကေတာ့ ထိခိုက္ဒဏ္ရာေလာက္ပဲရၾကတယ္"ဟု ၎ကဆက္ လက္ ေျပာသည္။

၎ယာဥ္မီးေလာင္မႈကို ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ ႏွင့္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္အရန္မီးသတ္တပ္ဖြဲ႕တို႔က (၁၀)မိနစ္ခန္႔အၾကာ မီးျငႇိမ္းသတ္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရွိသူမ်ားကို ေျမျပင္လူမႈကူညီေရးအသင္းမ်ားပူးေပါင္းကာ သဃၤန္းကြၽန္းစံျပေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.