အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား

 459

မြူနစ် (NP News) - စက်တင်ဘာ ၁၈

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)ပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစက၏ NSPNC တို့ကြား သဘောတူထားကြောင်း သတင်းရရှိသည်။

နစကအစိုးရလက်ထက်တွင် အသစ်ပြန်လည်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် NSPNC အဖွဲ့တို့ သည် ပြီးခဲ့သောကာလများတွင် နေပြည်တော်၌ နှစ်ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ကြဖူးသည်။
ထိုသို့တွေ့ဆုံဆွေးနွေးမှုများအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)ပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် အတွက် နှစ်ဖက်အကြား သဘောတူညီ မှုများ ရရှိထားကြောင်း နိုင်ငံရေးပါတီများအစုအဖွဲ့မှ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို ပြောသည်။

‘‘ကျွန်တော်တို့ အခု အခြေခံဥပဒေပြင် ဆင်ရေးကဏ္ဍနဲ့ပတ်သက်ရင်လည်း အလွန်တရာအရေးကြီးတဲ့ ပုဒ်မ တွေ၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အလွန်တရာအရေးကြီးတဲ့ ပုဒ်မတွေ၊ ပြုပြင်ပြောင်းလဲမှ ဖြစ်မယ့်အနေ အထားရှိတဲ့ အရေးကြီးပုဒ်မတွေကိုလည်းပဲ ကျွန်တော်တို့ သဘောတူညီစွာဖြင့် ပြင်ဆင်နိုင်ခဲ့တယ်ဆိုတာလည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ အခုထိပြင်ဆင်နိုင်ခဲ့တဲ့ သဘောတူထားတဲ့အချက်အားလုံးသည် လာမယ့်ကာလမှာ ရွေး ကောက်တင် မြှောက်တဲ့ လွှတ်တော်မှာ ဆက်ပြီးဆွေး နွေးရမယ့် သဘောတူညီချက်တွေ ဖြစ်တာပေါ့ဗျာ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

အလားတူ လာမည့်ကာလများတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်နှင့်ပတ် သက်၍ နိုင်ငံရေး ပါတီများအစုအဖွဲ့နှင့် NSPNC တို့ကြား ဆက်လက်ဆွေးနွေးသွားရန် ရှိနေကြောင်း သိရသည်။
ထို့ပြင် နောင်သင့်တော်သည့်အချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံတစ် ရပ် ကျင်းပရန်လည်း နစက၏ NSPNC ကို နိုင်ငံရေးပါတီများက တောင်းဆိုထားကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)ကို အခန်းပေါင်း (၁၅)ခန်း၊ ပုဒ်မပေါင်း (၄၀ဝ)ကျော်ဖြင့် ရေးဆွဲပြဋ္ဌာန်း ထားခြင်းဖြစ်ပြီး ပြီးခဲ့သော ပြည်ထောင် စုလွှတ်တော်အစည်းအဝေးကာလများတွင် ယင်းဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်း ခဲ့ကြဖူးသည်။

zawgyi version
အေျခခံဥပေဒပါ အေရးႀကီးပုဒ္မမ်ားကို ျပင္ဆင္ရန္ ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕ႏွင့္ နစကတို႔ၾကား သေဘာတူထား
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၈

ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀ဝ၈ ခုႏွစ္)ပါ အေရးႀကီးပုဒ္မမ်ားကို ျပင္ဆင္ရန္ ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕ႏွင့္ နစက၏ NSPNC တို႔ၾကား သေဘာတူထားေၾကာင္း သတင္းရရွိသည္။

နစကအစိုးရလက္ထက္တြင္ အသစ္ျပန္လည္ဖြဲ႕စည္းထားေသာ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ႏွင့္ NSPNC အဖြဲ႕တို႔ သည္ ၿပီးခဲ့ေသာကာလမ်ားတြင္ ေနျပည္ေတာ္၌ ႏွစ္ႀကိမ္ထက္မနည္း ေတြ႕ဆုံေဆြးေႏြးခဲ့ၾကဖူးသည္။
ထိုသို႔ေတြ႕ဆုံေဆြးေႏြးမႈမ်ားအရ ဖြဲ႕စည္းပုံ အေျခခံဥပေဒ(၂၀ဝ၈ ခုႏွစ္)ပါ အေရးႀကီးပုဒ္မမ်ားကို ျပင္ဆင္ရန္ အတြက္ ႏွစ္ဖက္အၾကား သေဘာတူညီ မႈမ်ား ရရွိထားေၾကာင္း ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕မွ ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က NP News ကို ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ အခု အေျခခံဥပေဒျပင္ ဆင္ေရးက႑နဲ႔ပတ္သက္ရင္လည္း အလြန္တရာအေရးႀကီးတဲ့ ပုဒ္မ ေတြ၊ ဖက္ဒရယ္နဲ႔ ဒီမိုကေရစီနဲ႔ပတ္သက္တဲ့ အလြန္တရာအေရးႀကီးတဲ့ ပုဒ္မေတြ၊ ျပဳျပင္ေျပာင္းလဲမွ ျဖစ္မယ့္အေန အထားရွိတဲ့ အေရးႀကီးပုဒ္မေတြကိုလည္းပဲ ကြၽန္ေတာ္တို႔ သေဘာတူညီစြာျဖင့္ ျပင္ဆင္ႏိုင္ခဲ့တယ္ဆိုတာလည္း ေျပာႏိုင္ပါတယ္။ ဒါေပမဲ့ အခုထိျပင္ဆင္ႏိုင္ခဲ့တဲ့ သေဘာတူထားတဲ့အခ်က္အားလုံးသည္ လာမယ့္ကာလမွာ ေ႐ြး ေကာက္တင္ ေျမႇာက္တဲ့ လႊတ္ေတာ္မွာ ဆက္ၿပီးေဆြး ေႏြးရမယ့္ သေဘာတူညီခ်က္ေတြ ျဖစ္တာေပါ့ဗ်ာ” ဟု ေဒါက္တာ ေအးေမာင္က ေျပာသည္။

အလားတူ လာမည့္ကာလမ်ားတြင္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးကိစၥရပ္ႏွင့္ပတ္ သက္၍ ႏိုင္ငံေရး ပါတီမ်ားအစုအဖြဲ႕ႏွင့္ NSPNC တို႔ၾကား ဆက္လက္ေဆြးေႏြးသြားရန္ ရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ ေနာင္သင့္ေတာ္သည့္အခ်ိန္တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ သုံးသပ္ျခင္းဆိုင္ရာ အမ်ိဳးသားညီလာခံတစ္ ရပ္ က်င္းပရန္လည္း နစက၏ NSPNC ကို ႏိုင္ငံေရးပါတီမ်ားက ေတာင္းဆိုထားေၾကာင္း သိရသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀ဝ၈ ခုႏွစ္)ကို အခန္းေပါင္း (၁၅)ခန္း၊ ပုဒ္မေပါင္း (၄၀ဝ)ေက်ာ္ျဖင့္ ေရးဆြဲျပ႒ာန္း ထားျခင္းျဖစ္ၿပီး ၿပီးခဲ့ေသာ ျပည္ေထာင္ စုလႊတ္ေတာ္အစည္းအေဝးကာလမ်ားတြင္ ယင္းဥပေဒကို ျပင္ဆင္ရန္ ႀကိဳးပမ္း ခဲ့ၾကဖူးသည္။

Related news

© 2021. All rights reserved.