အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော

 472

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

ထိုင်းရဲတပ်ဖွဲ့သည် စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အယုဒ္ဓယ ပြည် နယ် Uthai အရပ်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို စီးနင်းရှာ ဖွေခဲ့ရာ မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များသည် Nong Namsom မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၆ နာရီတွင် စီးနင်းခဲ့ခြင်းဖြစ်ပြီးထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ကာအလုပ်လုပ်နေသည့် မြန်မာ နိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူ မြန်မာနိုင်ငံသားတစ်ဦးက ၎င်းနှင့်အခြားမြန်မာနိုင် ငံသား (၃၀၀)နီးပါးသည် တက်ပြည်နယ် မဲဆောက်ဒေသမှတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦးသည် ပွဲစားခအဖြစ် တစ်ဦးကို ထိုင်းဘတ် (၂)သောင်းပေးရကြောင်း ဝန်ခံထွက်ဆိုထား သည်။ ထို့ပြင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ရန်အတွက် ပွဲစားခထပ်မံပေးချေရခြင်းများရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုထားသည်။

မြန်မာအလုပ်သမားတစ်ဦးက "ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ကိုင်နေချိန်အတွင်းတစ်ရက်ကို ထိုင်းဘတ် ၅၀၀ ရရှိပါတယ်။ ကျွမ်းကျင်မှုရှိတဲ့သူဖြစ်ရင် တစ်ရက်ကိုဘတ် ၆၀၀ လုပ်ခရရှိပါတယ်"ဟု ပြောသည်။ ထိုင်းအယုဒ္ဓယပြည်နယ် တာဝန်ရှိသူတစ်ဦးက ဖမ်းဆီးခဲ့သော မြန်မာနိုင်ငံသားအား လုံးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့်စွဲချက်တင်သွားမည်ဖြစ်ပြီး မိခင်နိုင်ငံသို့ပြန်ပို့မည်ဟုပြောသည်။

zawgyi version
အယုဒၶယျပည္နယ္ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို စီးနင္းခ်ိန္တြင္ ျမန္မာ ႏိုင္ငံသား (၂၇၂)ဦးကို ဖမ္းဆီးရမိဟု ထိုင္းအစိုးရေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

ထိုင္းရဲတပ္ဖြဲ႕သည္ စက္တင္ဘာ ၂၄ ရက္ေန႔ နံနက္ပိုင္းက အယုဒၶယ ျပည္ နယ္ Uthai အရပ္ေဒသရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုကို စီးနင္းရွာ ေဖြခဲ့ရာ ျမန္မာႏိုင္ငံသား (၂၇၂)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ထိုင္းအာဏာပိုင္မ်ားသည္ Nong Namsom ၿမိဳ႕ရွိေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုကို စက္တင္ဘာ ၂၄ ရက္ေန႔ နံနက္ ၆ နာရီတြင္ စီးနင္းခဲ့ျခင္းျဖစ္ၿပီးထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ကာအလုပ္လုပ္ေနသည့္ ျမန္မာ ႏိုင္ငံသား (၂၇၂)ဦးကို ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ဖမ္းဆီးထိန္းသိမ္းခံရသူ ျမန္မာႏိုင္ငံသားတစ္ဦးက ၎ႏွင့္အျခားျမန္မာႏိုင္ ငံသား (၃၀၀)နီးပါးသည္ တက္ျပည္နယ္ မဲေဆာက္ေဒသမွတဆင့္ ထိုင္းႏိုင္ငံဘက္ျခမ္းသို႔တရားမဝင္ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း၊ ထိုင္းႏိုင္ငံအတြင္းသို႔တရားမဝင္ ဝင္ေရာက္ခဲ့ေသာ ျမန္မာႏိုင္ငံသားတစ္ဦးသည္ ပြဲစားခအျဖစ္ တစ္ဦးကို ထိုင္းဘတ္ (၂)ေသာင္းေပးရေၾကာင္း ဝန္ခံထြက္ဆိုထား သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံသားေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ ထိုင္းႏိုင္ငံရွိေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ အလုပ္လုပ္ရန္အတြက္ ပြဲစားခထပ္မံေပးေခ်ရျခင္းမ်ားရွိခဲ့ေၾကာင္း ၎က ထပ္မံေျပာဆိုထားသည္။

ျမန္မာအလုပ္သမားတစ္ဦးက "ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာလုပ္ကိုင္ေနခ်ိန္အတြင္းတစ္ရက္ကို ထိုင္းဘတ္ ၅၀၀ ရရွိပါတယ္။ ကြၽမ္းက်င္မႈရွိတဲ့သူျဖစ္ရင္ တစ္ရက္ကိုဘတ္ ၆၀၀ လုပ္ခရရွိပါတယ္"ဟု ေျပာသည္။ ထိုင္းအယုဒၶယျပည္နယ္ တာဝန္ရွိသူတစ္ဦးက ဖမ္းဆီးခဲ့ေသာ ျမန္မာႏိုင္ငံသားအား လုံးကို ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္မႈျဖင့္စြဲခ်က္တင္သြားမည္ျဖစ္ၿပီး မိခင္ႏိုင္ငံသို႔ျပန္ပို႔မည္ဟုေျပာသည္။

Related news

© 2021. All rights reserved.