မြန်မာ-ရုရှားနှစ်နိုင်ငံ ချစ်ကြည်ရေးကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေးဝန်ကြီးပြော

 468

ယွန်း (NP News) - စက်တင်ဘာ ၃၀

မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရေးကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုရက်ပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပခဲ့သည့် BRICS Media Summit အခမ်းအနားသို့တက်ရောက်စဥ် Center for Public and Business Cooperation with the Republic of the Union of Myanmar အဖွဲ့အစည်းတို့ တွေ့ဆုံမေးမြန်းမှုတွင် အထက်ပါကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရုရှား-မြန်မာချစ်ကြည်ရေးကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ဇာတ်လမ်းတွဲအပြန် အလှန်ရိုက်ကူးခြင်းနှင့် ယဥ်ကျေးမှုအပြန်အလှန်ပူးပေါင်းဆောင်ရွက်‌ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

"မြန်မာနိုင်ငံမှာရှိတဲ့ တစ်ချို့အထင်ကရအဆောက်အဦးတွေပေါ့ မြန်မာနိုင်ငံရဲ့အင်ဂျင်နီယာတက္ကသိုလ်၊ စဝ်စံထွန်း ဆေးရုံကြီး ဒီလိုအထင်ကရ အ‌ဆောက်အဦးတွေကိုလည်း နှစ်ပေါင်းများစွာထဲက ရုရှားနိုင်ငံက ပူးပေါင်း ပါဝင်ကူညီခဲ့တာရှိတယ်။ အခုဆိုရင်လည်း ရုရှား-မြန်မာချစ်ကြည်ရေးကို တိုးတက်မြင့်မားအောင် ဆောင်ရွက် လျက်ရှိတယ်။ နောက် BRICS အဖွဲ့အစည်းမှာလည်း ၅ နိုင်ငံကနေ အခုဆိုရင် ၁ဝ နိုင်ငံအထိ ဖြစ်လာပြီဖြစ်တယ်။ လာမယ့်ကာလတွေမှာလည်း ရုရှားနိုင်ငံနဲ့ ချစ်ကြည်ရေးတိုးမြှင့်ဖို့ကို ယဥ်ကျေးမှုအပြန်အလှန်ပူးပေါင်းဆောင်ရွက် ရေး၊ ဇာတ်လမ်းတွဲတွေ အပြန်အလှန်ရိုက်ကူးရေး၊ ခရီးသွားကဏ္ဍမှာလည်း အပြန်အလှန် နှစ်နိုင်ငံပြည်သူတွေ မြန်မာနိုင်ငံအကြောင်း၊ ရုရှားနိုင်ငံအကြောင်း အစိုးရချင်းတင် သိတာမဟုတ်ဘဲနဲ့ ချစ်ခင်ရင်းနှီးမှုနဲ့ ပြည်သူ ပြည်သူချင်း ချစ်ကြည်ရင်းနှီးအောင် လာမယ့်ကာလတွေမှာ မြန်မာ-ရုရှားချစ်ကြည်ရေးကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနကို ဌာန(၅)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး မိတ်ဖက်မီဒီယာများ၊ ပုဂ္ဂလိက မီဒီယာများနှင့်လည်း ပူးပေါင်း၍ မှန်ကန်မြန်ဆန်စွာစီးဆင်းနိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် နောက်ဆုံးနည်းပညာဖြစ်သည့် AI နည်းပညာ အပါအဝင် မြင့်မားသည့်နည်းပညာများကိုလည်း သက်ဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်း‌ဆောင်ရွက်၍ နည်းပညာအကူအညီသင်တန်းများ တက်ရောက်စေပြီး နည်းပညာအကူအညီ မြှင့်တင်ခြင်းများလည်းရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးထားသည်။

အဆိုပါ BRICS အဖွဲ့အစည်း အမည်ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ၏ ထိပ်စီး စာလုံးများဖြင့် ပေါင်းစပ်၍ ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာ အဖွဲ့အစည်းဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် အီရန်၊ အီဂျစ်၊ အီသီယိုပီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတို့ ထပ်မံ ပါဝင်ခဲ့သဖြင့် အဖွဲ့ဝင် ၉ နိုင်ငံ ရှိလာသည့်အပြင် ဆော်ဒီအာရေဗျနိုင်ငံမှာ ဖွဲ့စည်းမှုတွင် ပါဝင်ခြင်း မရှိသေးသော်လည်း ပူးပေါင်းလှုပ်ရှားလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးကို ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္သြားမည္ဟု ျပန္ၾကားေရးဝန္ႀကီးေျပာ
ယြန္း (NP News) - စက္တင္ဘာ ၃၀

ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးကို ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီး ဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း က ေျပာသည္။

ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ယခုရက္ပိုင္းတြင္ ႐ုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕၌ က်င္းပခဲ့သည့္ BRICS Media Summit အခမ္းအနားသို႔တက္ေရာက္စဥ္ Center for Public and Business Cooperation with the Republic of the Union of Myanmar အဖြဲ႕အစည္းတို႔ ေတြ႕ဆုံေမးျမန္းမႈတြင္ အထက္ပါကဲ့သို႔ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

႐ုရွား-ျမန္မာခ်စ္ၾကည္ေရးကို ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံအၾကား ဇာတ္လမ္းတြဲအျပန္ အလွန္႐ိုက္ကူးျခင္းႏွင့္ ယဥ္ေက်းမႈအျပန္အလွန္ပူးေပါင္းေဆာင္႐ြက္‌ေရးကိုလည္း ပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

"ျမန္မာႏိုင္ငံမွာရွိတဲ့ တစ္ခ်ိဳ႕အထင္ကရအေဆာက္အဦးေတြေပါ့ ျမန္မာႏိုင္ငံရဲ႕အင္ဂ်င္နီယာတကၠသိုလ္၊ စဝ္စံထြန္း ေဆး႐ုံႀကီး ဒီလိုအထင္ကရ အ‌ေဆာက္အဦးေတြကိုလည္း ႏွစ္ေပါင္းမ်ားစြာထဲက ႐ုရွားႏိုင္ငံက ပူးေပါင္း ပါဝင္ကူညီခဲ့တာရွိတယ္။ အခုဆိုရင္လည္း ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးကို တိုးတက္ျမင့္မားေအာင္ ေဆာင္႐ြက္ လ်က္ရွိတယ္။ ေနာက္ BRICS အဖြဲ႕အစည္းမွာလည္း ၅ ႏိုင္ငံကေန အခုဆိုရင္ ၁ဝ ႏိုင္ငံအထိ ျဖစ္လာၿပီျဖစ္တယ္။ လာမယ့္ကာလေတြမွာလည္း ႐ုရွားႏိုင္ငံနဲ႔ ခ်စ္ၾကည္ေရးတိုးျမႇင့္ဖို႔ကို ယဥ္ေက်းမႈအျပန္အလွန္ပူးေပါင္းေဆာင္႐ြက္ ေရး၊ ဇာတ္လမ္းတြဲေတြ အျပန္အလွန္႐ိုက္ကူးေရး၊ ခရီးသြားက႑မွာလည္း အျပန္အလွန္ ႏွစ္ႏိုင္ငံျပည္သူေတြ ျမန္မာႏိုင္ငံအေၾကာင္း၊ ႐ုရွားႏိုင္ငံအေၾကာင္း အစိုးရခ်င္းတင္ သိတာမဟုတ္ဘဲနဲ႔ ခ်စ္ခင္ရင္းႏွီးမႈနဲ႔ ျပည္သူ ျပည္သူခ်င္း ခ်စ္ၾကည္ရင္းႏွီးေအာင္ လာမယ့္ကာလေတြမွာ ျမန္မာ-႐ုရွားခ်စ္ၾကည္ေရးကို ဆက္လက္တိုးျမႇင့္ ေဆာင္႐ြက္သြားမယ္လို႔ ေျပာခ်င္ပါတယ္" ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

လက္ရွိတြင္ ျပန္ၾကားေရးဝန္ႀကီးဌာနကို ဌာန(၅)ခုျဖင့္ ဖြဲ႕စည္းေဆာင္႐ြက္လ်က္ရွိၿပီး မိတ္ဖက္မီဒီယာမ်ား၊ ပုဂၢလိက မီဒီယာမ်ားႏွင့္လည္း ပူးေပါင္း၍ မွန္ကန္ျမန္ဆန္စြာစီးဆင္းႏိုင္ေရး စီမံေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထို႔ျပင္ ေနာက္ဆုံးနည္းပညာျဖစ္သည့္ AI နည္းပညာ အပါအဝင္ ျမင့္မားသည့္နည္းပညာမ်ားကိုလည္း သက္ဆိုင္ရာ ႏိုင္ငံမ်ားႏွင့္ ပူးေပါင္း‌ေဆာင္႐ြက္၍ နည္းပညာအကူအညီသင္တန္းမ်ား တက္ေရာက္ေစၿပီး နည္းပညာအကူအညီ ျမႇင့္တင္ျခင္းမ်ားလည္းရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးထားသည္။

အဆိုပါ BRICS အဖြဲ႕အစည္း အမည္ကို ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ႏွင့္ ေတာင္အာဖရိကႏိုင္ငံမ်ား၏ ထိပ္စီး စာလုံးမ်ားျဖင့္ ေပါင္းစပ္၍ ၂၀၀၉ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့သည့္ အစိုးရအဖြဲ႕အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ ရာ အဖြဲ႕အစည္းျဖစ္သည္။

၂၀၂၄ ခုႏွစ္တြင္ အီရန္၊ အီဂ်စ္၊ အီသီယိုပီးယားႏွင့္ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုႏိုင္ငံတို႔ ထပ္မံ ပါဝင္ခဲ့သျဖင့္ အဖြဲ႕ဝင္ ၉ ႏိုင္ငံ ရွိလာသည့္အျပင္ ေဆာ္ဒီအာေရဗ်ႏိုင္ငံမွာ ဖြဲ႕စည္းမႈတြင္ ပါဝင္ျခင္း မရွိေသးေသာ္လည္း ပူးေပါင္းလႈပ္ရွားလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.