ထိုင်ဝမ်အရေး အပါအဝင် အခြားကိစ္စရပ်တွေအားလုံးမှာ တရုတ်နဲ့အတူရပ်တည်နေတယ်လို့ ရုရှားအစိုးရ ပြော

 773

Pika (NP News) - အောက်တိုဘာ ၃

အမေရိကန်က ၎င်းရဲ့ဩဇာလွှမ်းမိုးမှုတွေကို ချဲ့ထွင်ဖို့လုပ်ဆောင်နေတာတွေနဲ့ ထိုင်ဝမ်ကျွန်း ပတ်ဝန်းကျင်မှာ အခြေအနေတွေကို ဆိုးရွားအောင်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာတွေကို ပြစ်တင် ဝေဖန်တာတွေ အပါအဝင် အာရှရေးရာကိစ္စတွေမှာ တရုတ်နိုင်ငံနဲ့အတူ ရပ်တည်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က အောက်တိုဘာလ(၃)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ချဉ်းကပ်မှုတွေကို ဆာဂေးလာရော့ဗ်က ချီးကျုး ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးတော့ ရုရှားနဲ့ တရုတ်တို့ဟာ အာရှ-ပစိဖိတ်ဒေသမှာ အနောက် အုပ်စုနိုင်ငံတွေရဲ့တိုးတက်မှုတွေနဲ့ဆက်စပ်နေတဲ့ဘေးအန္တရာယ်တွေကို အကဲဖြတ်ရာမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။

ဆာဂေးလာရော့ဗ်က "အမေရိကန်နဲ့၎င်းရဲ့ဂြိုလ်တုတွေဟာ ထိုင်ဝမ်ရေလက်ကြားမှာ အခြေအနေတွေကို ဆိုးရွားအောင်လုပ်ဆောင်နေပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်နဲ့ဆက်ဆံရေးတွေကို ပိုမိုအားကောင်း အောင်လုပ်ဆောင်ပြီး သူတို့ကိုယ်တိုင်အသိအမှတ်ပြုထားတဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ချိုးဖောက် နေပါတယ်။ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအတွက် ရုရှားရဲ့ရပ်တည်ချက်က မပြောင်းလဲဘဲ ဆက်ရှိနေမှာပါ" လို့ ပြောခဲ့ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ မူဝါဒကို ဆာဂေးလာရော့ဗ်က ရည်ညွှန်း ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့ဖူးပါတယ်။
တရုတ်အစိုးရရဲ့ပြောဆိုချက်တွေကို ထိုင်ဝမ်အစိုးရက ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ကျွန်းပြည်သူတွေ ကသာ ၎င်းတို့ရဲ့အနာဂတ်တွေကို ဆုံးဖြတ်နိုင်တယ်လို့ ပြောကြားထားပါတယ်။ ဒါ့ပြင် ထိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးနေမှုကို ရပ်တန့်ဖို့ တရုတ်အစိုးရက အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ထိုင္ဝမ္အေရး အပါအဝင္ အျခားကိစၥရပ္ေတြအားလုံးမွာ တ႐ုတ္နဲ႔အတူရပ္တည္ေနတယ္လို႔ ႐ုရွားအစိုးရ ေျပာ
Pika (NP News) - ေအာက္တိုဘာ ၃

အေမရိကန္က ၎ရဲ႕ဩဇာလႊမ္းမိုးမႈေတြကို ခ်ဲ႕ထြင္ဖို႔လုပ္ေဆာင္ေနတာေတြနဲ႔ ထိုင္ဝမ္ကြၽန္း ပတ္ဝန္းက်င္မွာ အေျခအေနေတြကို ဆိုး႐ြားေအာင္လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းေနတာေတြကို ျပစ္တင္ ေဝဖန္တာေတြ အပါအဝင္ အာရွေရးရာကိစၥေတြမွာ တ႐ုတ္ႏိုင္ငံနဲ႔အတူ ရပ္တည္ေနတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ေအာက္တိုဘာလ(၃)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ခ်ဥ္းကပ္မႈေတြကို ဆာေဂးလာေရာ့ဗ္က ခ်ီးက်ဳး ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ ႐ုရွားနဲ႔ တ႐ုတ္တို႔ဟာ အာရွ-ပစိဖိတ္ေဒသမွာ အေနာက္ အုပ္စုႏိုင္ငံေတြရဲ႕တိုးတက္မႈေတြနဲ႔ဆက္စပ္ေနတဲ့ေဘးအႏၲရာယ္ေတြကို အကဲျဖတ္ရာမွာ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔လည္း ဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။

ဆာေဂးလာေရာ့ဗ္က "အေမရိကန္နဲ႔၎ရဲ႕ၿဂိဳလ္တုေတြဟာ ထိုင္ဝမ္ေရလက္ၾကားမွာ အေျခအေနေတြကို ဆိုး႐ြားေအာင္လုပ္ေဆာင္ေနပါတယ္။ အေမရိကန္ဟာ ထိုင္ဝမ္နဲ႔ဆက္ဆံေရးေတြကို ပိုမိုအားေကာင္း ေအာင္လုပ္ေဆာင္ၿပီး သူတို႔ကိုယ္တိုင္အသိအမွတ္ျပဳထားတဲ့ တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒကို ခ်ိဳးေဖာက္ ေနပါတယ္။ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံအတြက္ ႐ုရွားရဲ႕ရပ္တည္ခ်က္က မေျပာင္းလဲဘဲ ဆက္ရွိေနမွာပါ" လို႔ ေျပာခဲ့ပါတယ္။

ထိုင္ဝမ္ဟာ တ႐ုတ္ႏိုင္ငံရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္ဆိုတဲ့ မူဝါဒကို ဆာေဂးလာေရာ့ဗ္က ရည္ၫႊန္း ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့ဖူးပါတယ္။
တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္ေတြကို ထိုင္ဝမ္အစိုးရက ျငင္းဆန္ပယ္ခ်ထားၿပီး ထိုင္ဝမ္ကြၽန္းျပည္သူေတြ ကသာ ၎တို႔ရဲ႕အနာဂတ္ေတြကို ဆုံးျဖတ္ႏိုင္တယ္လို႔ ေျပာၾကားထားပါတယ္။ ဒါ့ျပင္ ထိုင္ဝမ္ကို အေမရိကန္က စစ္လက္နက္ပစၥည္းေတြ ေရာင္းခ်ေပးေနမႈကို ရပ္တန႔္ဖို႔ တ႐ုတ္အစိုးရက အႀကိမ္ႀကိမ္ သတိေပးေျပာဆိုခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.