ရခိုင်ပြည်နယ် တောင်ပိုင်းတွင် အရပ်သားများ၏ ဆက်သွယ်ရေးကို AA က တင်းကြပ်ထားသည့်အတွက် ပြည်မရောက် မိသားစုများအကြား စိုးရိမ်စိတ်များ ရှိနေ

 302

သုတကျော် (NP News) - အောက်တိုဘာ ၅

ရခိုင်ပြည်နယ် တောင်ပိုင်းတွင် အရပ်သားများ၏ ဆက်သွယ်ရေးကို AA က တင်းကြပ်ထားသည့်အတွက် ပြည်မ ရောက် မိသားစုများအကြား စိုးရိမ်စိတ်များ ရှိနေကြောင်း ရန်ကုန်မြို့ရောက် ရခိုင်တိုင်းရင်းသားများထံ မေးမြန်း ထားသည့်အချက်အလက်များအရ သိရသည်။

ရခိုင်ပြည်နယ် တောင်ပိုင်းတွင် ထိန်းချုပ်နယ်မြေ တိုးလာစေရန်အတွက် AA က မကြာသေးမီကာလအထိ တိုက်ပွဲ များ ဖော်ဆောင်နေရာ တပ်မတော်ကလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
“အဲဒီနေရာတွေမှာ တာဝန်ယူထားတဲ့သူတွေ ရှိတယ်။ သူတို့ ခွင့်ပြုချက်ရမှ (လိုင်းမိတဲ့ နေရာကို) သွား။ သွားပြီး တော့ အဲဒီရွာတွေကို ရောက်ရင် ခွင့်ပြုချက်တောင်းပေါ့ဗျာ။ အခု ကျွန်တော်တို့ ကြားသိရသလောက်ကတော့ တချို့တလေကို ဆိုရင်ပေးတောင် မပြောတော့ဘူးပေါ့ဗျာ။ ပြောခွင့်ပေးတယ် ဆိုရင်လည်း ၁ဝ မိနစ် နဲ့ မိနစ် ၂၀ လောက်ပဲ ပေးတယ်။ ပေးရင်လည်း (လိုင်းမိတဲ့) တောင်တွေ၊ ကွင်းပြင်တွေကို တက်ဖို့အတွက် သူတို့ အစောင့် ရှိနေတော့ ကာလတစ်ခု ပြောခွင့်ပေးပြီးရင် ပြန်ဆင်းခိုင်းတယ်။ Information တွေ ပေးမှာ ကြောက်လို့ ဆိုပြီး ပြန်ဆင်းခိုင်းတယ်။ အခုက ဖုန်းတောင် အဲဒီလိုပေးမပြောတာ များလာတယ်လို့လည်း ကြားရတယ်။ အဆက် အသွယ်တွေလည်း သိပ်မရကြတော့ဘူး” ဟု ရန်ကုန်မြို့ရောက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရခိုင်တိုင်းရင်းသား တစ်ဦးက ဆိုသည်။

AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်က ဒေသများတွင် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေပြီး လိုင်းမိသောနေရာ များသို့ တကူးတက သွားရောက်ကာ တယ်လီဖုန်း အသုံးပြုနေရခြင်းဖြစ်သည်။
“အခုကတော့ ဖုန်း အဆက်အသွယ်လည်း မရတော့ ကိုယ့်ဒေသမှာ ကျန်ခဲ့တဲ့ ဆွေမျိုးတွေကို စိတ်ပူတယ်။ ဘာမှ လည်း မသိရဘူးလေ။ သူတို့ဆီက ဖုန်းခေါ်လာမှ ကိုယ်က ပြောရတာကိုး။ အခုက ဖုန်းစောင့်နေရတဲ့အနေအထား ဖြစ်နေတယ်လေ။ ကိုယ့်အမျိုးအဆွေတွေနဲ့သတင်းမရတော့ တအားကို စိတ်ပူနေပြီ” ဟု သံတွဲမြို့နယ်မှ ရန်ကုန်သို့ စစ်ဘေးရှောင်လာခဲ့သူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးက ဆိုသည်။
ထိုသို့ တယ်လီဖုန်းကို ကန့်သတ်ထားခြင်းသည် တပ်မတော်က ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာခြင်းကြောင့် ဖြစ်နိုင်ပါမည်လား ဟု NP News က ရခိုင်ပြည်နယ်မှ တိမ်းရှောင်လာခဲ့သူ သုံးဦးကို မေးမြန်းခဲ့ရာ ၂ ဦးက ဖြစ်နိုင်ကြောင်း ဆိုကြသည်။

“ဗုံးကြဲတော့ သူတို့လည်း ကြောက်တယ်လေ။ ဘာလို့လည်းဆိုတော့ အခုက ဗုံးကြဲရင် အရပ်သား သေဆုံးတယ် ဆိုပြီး သတင်းထုတ်ပြန်ပေမယ့် AA ဘက်က သေတယ်လို့တော့ တစ်ခါမှ မထုတ်ပြန်ဘူး။ တကယ်က မြေပြင်မှာ သေတယ်။ သူတို့သတင်းကို ထိန်းချန်ချင်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သတင်းပေးတယ်ဆိုပြီး သံသယ စိတ်က တော်တော်လေးဖြစ်နေတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု အထက်ပါဒေသခံတစ်ဦးအနက် တောင်ကုတ် မြို့နယ်မှ စစ်ဘေးရှောင်ခဲ့သူ ဒေသခံတစ်ဦးက ဆိုသည်။

Zawgyi Version;
ရခိုင္ျပည္နယ္ ေတာင္ပိုင္းတြင္ အရပ္သားမ်ား၏ ဆက္သြယ္ေရးကို AA က တင္းၾကပ္ထားသည့္အတြက္ ျပည္မေရာက္ မိသားစုမ်ားအၾကား စိုးရိမ္စိတ္မ်ား ရွိေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၅

ရခိုင္ျပည္နယ္ ေတာင္ပိုင္းတြင္ အရပ္သားမ်ား၏ ဆက္သြယ္ေရးကို AA က တင္းၾကပ္ထားသည့္အတြက္ ျပည္မ ေရာက္ မိသားစုမ်ားအၾကား စိုးရိမ္စိတ္မ်ား ရွိေနေၾကာင္း ရန္ကုန္ၿမိဳ႕ေရာက္ ရခိုင္တိုင္းရင္းသားမ်ားထံ ေမးျမန္း ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

ရခိုင္ျပည္နယ္ ေတာင္ပိုင္းတြင္ ထိန္းခ်ဳပ္နယ္ေျမ တိုးလာေစရန္အတြက္ AA က မၾကာေသးမီကာလအထိ တိုက္ပြဲ မ်ား ေဖာ္ေဆာင္ေနရာ တပ္မေတာ္ကလည္း ေလေၾကာင္းမွ ဗုံးႀကဲ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။
“အဲဒီေနရာေတြမွာ တာဝန္ယူထားတဲ့သူေတြ ရွိတယ္။ သူတို႔ ခြင့္ျပဳခ်က္ရမွ (လိုင္းမိတဲ့ ေနရာကို) သြား။ သြားၿပီး ေတာ့ အဲဒီ႐ြာေတြကို ေရာက္ရင္ ခြင့္ျပဳခ်က္ေတာင္းေပါ့ဗ်ာ။ အခု ကြၽန္ေတာ္တို႔ ၾကားသိရသေလာက္ကေတာ့ တခ်ိဳ႕တေလကို ဆိုရင္ေပးေတာင္ မေျပာေတာ့ဘူးေပါ့ဗ်ာ။ ေျပာခြင့္ေပးတယ္ ဆိုရင္လည္း ၁ဝ မိနစ္ နဲ႔ မိနစ္ ၂၀ ေလာက္ပဲ ေပးတယ္။ ေပးရင္လည္း (လိုင္းမိတဲ့) ေတာင္ေတြ၊ ကြင္းျပင္ေတြကို တက္ဖို႔အတြက္ သူတို႔ အေစာင့္ ရွိေနေတာ့ ကာလတစ္ခု ေျပာခြင့္ေပးၿပီးရင္ ျပန္ဆင္းခိုင္းတယ္။ Information ေတြ ေပးမွာ ေၾကာက္လို႔ ဆိုၿပီး ျပန္ဆင္းခိုင္းတယ္။ အခုက ဖုန္းေတာင္ အဲဒီလိုေပးမေျပာတာ မ်ားလာတယ္လို႔လည္း ၾကားရတယ္။ အဆက္ အသြယ္ေတြလည္း သိပ္မရၾကေတာ့ဘူး” ဟု ရန္ကုန္ၿမိဳ႕ေရာက္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွ ရခိုင္တိုင္းရင္းသား တစ္ဦးက ဆိုသည္။

AA ထိန္းခ်ဳပ္ရာ ရခိုင္ျပည္နယ္က ေဒသမ်ားတြင္ တယ္လီဖုန္းလိုင္းမ်ား ျပတ္ေတာက္ေနၿပီး လိုင္းမိေသာေနရာ မ်ားသို႔ တကူးတက သြားေရာက္ကာ တယ္လီဖုန္း အသုံးျပဳေနရျခင္းျဖစ္သည္။
“အခုကေတာ့ ဖုန္း အဆက္အသြယ္လည္း မရေတာ့ ကိုယ့္ေဒသမွာ က်န္ခဲ့တဲ့ ေဆြမ်ိဳးေတြကို စိတ္ပူတယ္။ ဘာမွ လည္း မသိရဘူးေလ။ သူတို႔ဆီက ဖုန္းေခၚလာမွ ကိုယ္က ေျပာရတာကိုး။ အခုက ဖုန္းေစာင့္ေနရတဲ့အေနအထား ျဖစ္ေနတယ္ေလ။ ကိုယ့္အမ်ိဳးအေဆြေတြနဲ႔သတင္းမရေတာ့ တအားကို စိတ္ပူေနၿပီ” ဟု သံတြဲၿမိဳ႕နယ္မွ ရန္ကုန္သို႔ စစ္ေဘးေရွာင္လာခဲ့သူ အသက္ ၅၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦးက ဆိုသည္။
ထိုသို႔ တယ္လီဖုန္းကို ကန႔္သတ္ထားျခင္းသည္ တပ္မေတာ္က ရခိုင္ျပည္နယ္တြင္ ေလေၾကာင္းတိုက္ခိုက္မႈ တိုးျမႇင့္လာျခင္းေၾကာင့္ ျဖစ္ႏိုင္ပါမည္လား ဟု NP News က ရခိုင္ျပည္နယ္မွ တိမ္းေရွာင္လာခဲ့သူ သုံးဦးကို ေမးျမန္းခဲ့ရာ ၂ ဦးက ျဖစ္ႏိုင္ေၾကာင္း ဆိုၾကသည္။

“ဗုံးႀကဲေတာ့ သူတို႔လည္း ေၾကာက္တယ္ေလ။ ဘာလို႔လည္းဆိုေတာ့ အခုက ဗုံးႀကဲရင္ အရပ္သား ေသဆုံးတယ္ ဆိုၿပီး သတင္းထုတ္ျပန္ေပမယ့္ AA ဘက္က ေသတယ္လို႔ေတာ့ တစ္ခါမွ မထုတ္ျပန္ဘူး။ တကယ္က ေျမျပင္မွာ ေသတယ္။ သူတို႔သတင္းကို ထိန္းခ်န္ခ်င္တာလည္း ျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ သတင္းေပးတယ္ဆိုၿပီး သံသယ စိတ္က ေတာ္ေတာ္ေလးျဖစ္ေနတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္” ဟု အထက္ပါေဒသခံတစ္ဦးအနက္ ေတာင္ကုတ္ ၿမိဳ႕နယ္မွ စစ္ေဘးေရွာင္ခဲ့သူ ေဒသခံတစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.