ရန်ကုန်မြစ်တွင် ထူးကဲ ဒီရေ (၅)ရက်တက်နိုင်သည့်အတွက် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေဝင်ရောက်နိုင်

 308

ချယ်ရီ (NP News)- အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြစ်တွင် လာမည့် ၁၇ ရက်မှစ၍ ၅ ရက်တိုင် ထူးကဲဒီရေ တက်နိုင်ကြောင်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ယနေ့ (အောက်တိုဘာလ ၅ ရက်) တွင် အသိပေးထားသည်။

လက်ရှိတွင် လှိုင်မြစ်၊ ပဲခူးမြစ် အပါအဝင် ငမိုးရိပ်ချောင်း (ပုဇွန်တောင်ချောင်း) စသည့် မြစ်၊ ချောင်းများ၏ ရေအမှတ်များသည် ပုံမှန် ရေအမှတ်တွင်သာ ရှိပြီး ရေတက်သည့်အနေအထားမရှိကြောင်း MM Weather က ထုတ်ပြန်ထားသည်။
သို့သော် လာမည့် အောက်တိုဘာ(၁၇)ရက်မှစ၍ ထူးကဲဒီရေတက်နိုင်သည့်အတွက် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်နိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားသည်။

“တစ်ခုရှိတာက ကျွန်တော်တို့ ထူးကဲဒီရေတွေ တက်မယ့်ရက်က ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်၊ ၂ဝ ရက်၊ ၂၁ ရက် စုစုပေါင်း ၅ ရက်ဖြစ်ပါတယ်ဗျ။ ကျန်တဲ့ လေးရက်၊ ငါးရက်က သိပ်ထူးခြားတဲ့ ရေတက်နှုန်း မဟုတ်ဘူးပေါ့နော်။ ရေအမြင့် မဟုတ်ဘူးပေါ့။ ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်၊ ၂၁ ရက်တော့ မနက်စောစောပဲ တက်မယ့်အချိန်ဖြစ်နေတယ်။ မနက် ၃ နာရီလောက်၊ ၁၇ ရက်နေ့ကျရင် မနက် ၃ နာရီ၊ ၁၈ ရက်နေ့ကျရင် ၃ နာရီခွဲ အဲဒီလို နောက် တစ်ရက်၊ တစ်ရက်ကို နာရီဝက်တိုးသွားတာပေါ့နော်။ အဲဒီတော့ ရေအမြင့်ဆုံးတက်နိုင်တာက ၁၉ ရက်နေ့။ ၁၉ ရက်နေ့က ၁၃.၀၇ ပေအထိ တက်နိုင်တယ်ဆိုတော့ အဓိက ကတော့ ပုဇွန်တောင်ချောင်းဘေးမှာ ရှိတဲ့ မြောက်ဒဂုံ ၃၃ ရပ်ကွက်လိုမျိုး အနိမ့်ပိုင်းရပ်ကွက်တွေပေါ့၊ အဲဒီရပ်ကွက်တွေကတော့ ရေဝင်နိုင်တယ်။ အခုတစ်ခေါက်က ရေအမြင့်က နည်းနည်းများတဲ့ အခါကျတော့ ရေပိုပြီးတော့ ဝင်နိုင်တယ်” ဟု မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က NP News ကို ပြောသည်။

ရန်ကုန်မြစ်ရေ ထူးကဲဒီရေမြင့်တက်နိုင်သည့်အတွက် အဓိကအားဖြင့် ငမိုးရိပ်ချောင်းနံဘေးရှိ မြောက်ဒဂုံမြို့နယ်၊ သင်္ယန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ် စသည့်အနိမ့်ပိုင်းနေရာများတွင် နေထိုင်ကျသော ပြည်သူများအနေဖြင့် သတိထားနေထိုင်ကြရန်လိုကြောင်း ၎င်းက ဆိုသည်။

“အနိမ့်ပိုင်း မှာနေတဲ့ ပြည်သူတွေအနေနဲ့ကတော့ အခုမှ မဟုတ်ဘူးပေါ့နော်။ ရေတက်တိုင်း၊ ရေတက်တိုင်းက ရေကဝင်နေကြပဲဆိုတော့ အနိမ့်ပိုင်းက ပစ္စည်းတွေ အမြင့်ကိုရွေ့ထားတာ။ နောက်တစ်ခုက လမ်းပေါ်ထွက်တဲ့ အချိန်မှာ တစ်ချက်သတိထားတာပေါ့နော်။ လမ်းပေါ်မှာ ရေတင်နေပြီးတော့ တကယ်လို့မှန်း မြောင်းပေါက်တွေ၊ ဘာတွေလိုမျိုး ရှိတယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်တယ်။ ကျန်တာကတော့ ဒီလောက်ဆိုးဆိုးဝါးဝါး မရှိဘူး။ ရေကလည်းတက်မယ်ဆိုလို့ချင်ရင် လမ်းပေါ်ကို ၁ ပေ၊၂ ပေနီးပါးလောက်တော့ တက်နိုင်တယ်ပေါ့နော်။ ဒါကတော့ မိုးရွာသည်ဖြစ်စေ၊ မရွာသည်ဖြစ်စေ ဒီရေတက်တာတော့ သက်ရောက်မှုတော့ ရှိပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

Zawgyi Version;
ရန္ကုန္ျမစ္တြင္ ထူးကဲ ဒီေရ (၅)ရက္တက္ႏိုင္သည့္အတြက္ အနိမ့္ပိုင္းရပ္ကြက္အခ်ိဳ႕၌ ေရဝင္ေရာက္ႏိုင္
ခ်ယ္ရီ (NP News)- ေအာက္တိုဘာ ၅

ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ျမစ္တြင္ လာမည့္ ၁၇ ရက္မွစ၍ ၅ ရက္တိုင္ ထူးကဲဒီေရ တက္ႏိုင္ေၾကာင္း ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕က ယေန႔ (ေအာက္တိုဘာလ ၅ ရက္) တြင္ အသိေပးထားသည္။

လက္ရွိတြင္ လႈိင္ျမစ္၊ ပဲခူးျမစ္ အပါအဝင္ ငမိုးရိပ္ေခ်ာင္း (ပုဇြန္ေတာင္ေခ်ာင္း) စသည့္ ျမစ္၊ ေခ်ာင္းမ်ား၏ ေရအမွတ္မ်ားသည္ ပုံမွန္ ေရအမွတ္တြင္သာ ရွိၿပီး ေရတက္သည့္အေနအထားမရွိေၾကာင္း MM Weather က ထုတ္ျပန္ထားသည္။
သို႔ေသာ္ လာမည့္ ေအာက္တိုဘာ(၁၇)ရက္မွစ၍ ထူးကဲဒီေရတက္ႏိုင္သည့္အတြက္ အနိမ့္ပိုင္းရပ္ကြက္မ်ားတြင္ ေရဝင္ေရာက္ႏိုင္ေၾကာင္း မိုးေလဝသပညာရွင္ ဦးဝင္းႏိုင္က သုံးသပ္ထားသည္။

“တစ္ခုရွိတာက ကြၽန္ေတာ္တို႔ ထူးကဲဒီေရေတြ တက္မယ့္ရက္က ၁၇ ရက္၊ ၁၈ ရက္၊ ၁၉ ရက္၊ ၂ဝ ရက္၊ ၂၁ ရက္ စုစုေပါင္း ၅ ရက္ျဖစ္ပါတယ္ဗ်။ က်န္တဲ့ ေလးရက္၊ ငါးရက္က သိပ္ထူးျခားတဲ့ ေရတက္ႏႈန္း မဟုတ္ဘူးေပါ့ေနာ္။ ေရအျမင့္ မဟုတ္ဘူးေပါ့။ ၁၇ ရက္၊ ၁၈ ရက္၊ ၁၉ ရက္၊ ၂၀ ရက္၊ ၂၁ ရက္ေတာ့ မနက္ေစာေစာပဲ တက္မယ့္အခ်ိန္ျဖစ္ေနတယ္။ မနက္ ၃ နာရီေလာက္၊ ၁၇ ရက္ေန႔က်ရင္ မနက္ ၃ နာရီ၊ ၁၈ ရက္ေန႔က်ရင္ ၃ နာရီခြဲ အဲဒီလို ေနာက္ တစ္ရက္၊ တစ္ရက္ကို နာရီဝက္တိုးသြားတာေပါ့ေနာ္။ အဲဒီေတာ့ ေရအျမင့္ဆုံးတက္ႏိုင္တာက ၁၉ ရက္ေန႔။ ၁၉ ရက္ေန႔က ၁၃.၀၇ ေပအထိ တက္ႏိုင္တယ္ဆိုေတာ့ အဓိက ကေတာ့ ပုဇြန္ေတာင္ေခ်ာင္းေဘးမွာ ရွိတဲ့ ေျမာက္ဒဂုံ ၃၃ ရပ္ကြက္လိုမ်ိဳး အနိမ့္ပိုင္းရပ္ကြက္ေတြေပါ့၊ အဲဒီရပ္ကြက္ေတြကေတာ့ ေရဝင္ႏိုင္တယ္။ အခုတစ္ေခါက္က ေရအျမင့္က နည္းနည္းမ်ားတဲ့ အခါက်ေတာ့ ေရပိုၿပီးေတာ့ ဝင္ႏိုင္တယ္” ဟု မိုးေလဝသ ပညာရွင္ ဦးဝင္းႏိုင္က NP News ကို ေျပာသည္။

ရန္ကုန္ျမစ္ေရ ထူးကဲဒီေရျမင့္တက္ႏိုင္သည့္အတြက္ အဓိကအားျဖင့္ ငမိုးရိပ္ေခ်ာင္းနံေဘးရွိ ေျမာက္ဒဂုံၿမိဳ႕နယ္၊ သယၤန္းကြၽန္းၿမိဳ႕နယ္၊ ေလးေထာင့္ကန္ၿမိဳ႕နယ္၊ ေဒါပုံၿမိဳ႕နယ္၊ သာေကတၿမိဳ႕နယ္ စသည့္အနိမ့္ပိုင္းေနရာမ်ားတြင္ ေနထိုင္က်ေသာ ျပည္သူမ်ားအေနျဖင့္ သတိထားေနထိုင္ၾကရန္လိုေၾကာင္း ၎က ဆိုသည္။

“အနိမ့္ပိုင္း မွာေနတဲ့ ျပည္သူေတြအေနနဲ႔ကေတာ့ အခုမွ မဟုတ္ဘူးေပါ့ေနာ္။ ေရတက္တိုင္း၊ ေရတက္တိုင္းက ေရကဝင္ေနၾကပဲဆိုေတာ့ အနိမ့္ပိုင္းက ပစၥည္းေတြ အျမင့္ကိုေ႐ြ႕ထားတာ။ ေနာက္တစ္ခုက လမ္းေပၚထြက္တဲ့ အခ်ိန္မွာ တစ္ခ်က္သတိထားတာေပါ့ေနာ္။ လမ္းေပၚမွာ ေရတင္ေနၿပီးေတာ့ တကယ္လို႔မွန္း ေျမာင္းေပါက္ေတြ၊ ဘာေတြလိုမ်ိဳး ရွိတယ္ဆိုရင္ အႏၲရာယ္ျဖစ္ႏိုင္တယ္။ က်န္တာကေတာ့ ဒီေလာက္ဆိုးဆိုးဝါးဝါး မရွိဘူး။ ေရကလည္းတက္မယ္ဆိုလို႔ခ်င္ရင္ လမ္းေပၚကို ၁ ေပ၊၂ ေပနီးပါးေလာက္ေတာ့ တက္ႏိုင္တယ္ေပါ့ေနာ္။ ဒါကေတာ့ မိုး႐ြာသည္ျဖစ္ေစ၊ မ႐ြာသည္ျဖစ္ေစ ဒီေရတက္တာေတာ့ သက္ေရာက္မႈေတာ့ ရွိပါတယ္” ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။

Related news

© 2021. All rights reserved.