2024 MAMA ဆုပေးပွဲမှာ BigBang အဖွဲ့ ပါဝင်ဖျော်ဖြေမယ်ဆိုတဲ့သတင်းဟာ ကောလာဟလသာဖြစ်

 502

ရောင်နီ (NP News) - အောက်တိုဘာ ၆

G-Dragon၊ တေးယန်နဲ့ ဒယ်ဆောင်းတို့ပါဝင်တဲ့ တောင်ကိုရီးယားနာမည်ကျော် K Pop အဖွဲ့ Bigbang ဟာ လာမယ့် ၂၀၂၄ ခုနှစ်ရဲ့ MAMA ဆုပေးပွဲမှာ အဖွဲ့လိုက်ဖျော်ဖြေသွားမယ်ဆိုတဲ့သတင်းဟာ ကောလဟာလသာ ဖြစ်တယ်လို့ တောင်ကိုရီးယားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ News 1 က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယား Music Network တစ်ခုဖြစ်တဲ့ Mnet ကလည်း "2024 MAMA ဆုပေးပွဲကို တက်ရောက် မယ့် အနုပညာရှင်စာရင်းဟာ မဆုံးဖြတ်ရသေးပါဘူး" လို့ ထုတ်ပြန်ခဲ့ပါတယ်။ Bigbang ဟာ MAMA ဆုပေးပွဲမှာ အဖွဲ့လိုက်အနေနဲ့ ၂၀၁၅ ခုနှစ်က နောက်ဆုံးဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

ယခုနှစ် MAMA ဆုပေးပွဲဟာ အမေရိကန်နဲ့ ဂျပန်နိုင်ငံမှာ သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပမယ့် 2024 MAMA ဆုပေးပွဲရဲ့ ပထမညကို လော့စ်အိန်ဂျလိစ်ရှိ Dolby Theatar မှာ PST မှာ ကျင်းပမှာဖြစ်ပြီး ဒုတိယညနဲ့ တတိယညကိုတော့ Osaka ရှိ Kyocera Dome နေရာမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
2024 MAMA ဆုေပးပြဲမွာ BigBang အဖြဲ႕ ပါဝင္ေဖ်ာ္ေျဖမယ္ဆိုတဲ့သတင္းဟာ ေကာလာဟလသာျဖစ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၆

G-Dragon၊ ေတးယန္နဲ႔ ဒယ္ေဆာင္းတို႔ပါဝင္တဲ့ ေတာင္ကိုရီးယားနာမည္ေက်ာ္ K Pop အဖြဲ႕ Bigbang ဟာ လာမယ့္ ၂၀၂၄ ခုႏွစ္ရဲ႕ MAMA ဆုေပးပြဲမွာ အဖြဲ႕လိုက္ေဖ်ာ္ေျဖသြားမယ္ဆိုတဲ့သတင္းဟာ ေကာလဟာလသာ ျဖစ္တယ္လို႔ ေတာင္ကိုရီးယားသတင္းမီဒီယာတစ္ခုျဖစ္တဲ့ News 1 က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ေတာင္ကိုရီးယား Music Network တစ္ခုျဖစ္တဲ့ Mnet ကလည္း "2024 MAMA ဆုေပးပြဲကို တက္ေရာက္ မယ့္ အႏုပညာရွင္စာရင္းဟာ မဆုံးျဖတ္ရေသးပါဘူး" လို႔ ထုတ္ျပန္ခဲ့ပါတယ္။ Bigbang ဟာ MAMA ဆုေပးပြဲမွာ အဖြဲ႕လိုက္အေနနဲ႔ ၂၀၁၅ ခုႏွစ္က ေနာက္ဆုံးေဖ်ာ္ေျဖခဲ့တာျဖစ္ပါတယ္။

ယခုႏွစ္ MAMA ဆုေပးပြဲဟာ အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံမွာ သုံးရက္ၾကာ က်င္းပမွာျဖစ္ပါတယ္။ ႏိုဝင္ဘာ ၂၁ ရက္မွာ က်င္းပမယ့္ 2024 MAMA ဆုေပးပြဲရဲ႕ ပထမညကို ေလာ့စ္အိန္ဂ်လိစ္ရွိ Dolby Theatar မွာ PST မွာ က်င္းပမွာျဖစ္ၿပီး ဒုတိယညနဲ႔ တတိယညကိုေတာ့ Osaka ရွိ Kyocera Dome ေနရာမွာ က်င္းပမွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.