ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းသို့ လက်လုပ်မိုင်းသယ်ဆောင်လာသော အမျိုးသားတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း နစက ထုတ်ပြန်

 805

ချယ်ရီ (NP News) - အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းသို့ လက်လုပ်မိုင်းသယ်ဆောင်လာသော အမျိုးသားတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်)၊ နံနက်ပိုင်း ၆ နာရီအချိန်ခန့်က ညောင်ဦးမြို့နယ်၊ ညောင်ဦး-ပုဂံသွား ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ညောင်ဦးမြို့ဘက်မှ ပုဂံမြို့သို့မောင်းနှင်လာစဉ် အခင်းဖြစ်ပွားရာ နေရာအရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးရာ ၎င်းအမျိုးသားမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း နစကဘက်က ဆိုသည်။

ထိုသို့ပစ်ခတ်ပြီးနောက် အထက်ပါအမျိုးသား မောင်းနှင်လာသောဆိုင်ကယ်မှာ တိမ်းမှောက်ရပ်တန့်သွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းဆိုင်ကယ်အား သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်ဂွကြားတွင် လက်လုပ်မိုင်း ၂လုံးကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။ ထို့ပြင် ဆိုင်ကယ်မောင်းနှင်လာသောအမျိုးသားသည်လည်း ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း နစကဘက်က ထပ်မံအသိပေးထားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ပါအမျိုးသားသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်ရန် လာရောက်သည့် အကြမ်းဖက်သမားတစ်ဦးသာဖြစ်ကြောင်း နစကဘက်က သတ်မှတ်ထားသည်။ လက်ရှိတွင် နစက၏လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှုမရှိစေရေး၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ဖောက်ခွဲဖျက်ဆီးခံရမှု မရှိစေရေးနှင့် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္းသို႔ လက္လုပ္မိုင္းသယ္ေဆာင္လာေသာ အမ်ိဳးသားတစ္ဦးကို ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း နစက ထုတ္ျပန္
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၉

မႏၲေလးတိုင္းေဒသႀကီး၊ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္းသို႔ လက္လုပ္မိုင္းသယ္ေဆာင္လာေသာ အမ်ိဳးသားတစ္ဦးကို ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာလ ၈ ရက္)၊ နံနက္ပိုင္း ၆ နာရီအခ်ိန္ခန႔္က ေညာင္ဦးၿမိဳ႕နယ္၊ ေညာင္ဦး-ပုဂံသြား ကားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။ အမ်ိဳးသားတစ္ဦးသည္ ဆိုင္ကယ္တစ္စီးျဖင့္ ေညာင္ဦးၿမိဳ႕ဘက္မွ ပုဂံၿမိဳ႕သို႔ေမာင္းႏွင္လာစဥ္ အခင္းျဖစ္ပြားရာ ေနရာအေရာက္၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက တားဆီးစစ္ေဆးရာ ၎အမ်ိဳးသားမွာ ရပ္တန႔္ျခင္းမရွိဘဲ ေမာင္းႏွင္ထြက္ေျပးသြားသည့္အတြက္ ေျခာက္လွန႔္ပစ္ခတ္ခဲ့ေၾကာင္း နစကဘက္က ဆိုသည္။

ထိုသို႔ပစ္ခတ္ၿပီးေနာက္ အထက္ပါအမ်ိဳးသား ေမာင္းႏွင္လာေသာဆိုင္ကယ္မွာ တိမ္းေမွာက္ရပ္တန႔္သြားခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ၎ဆိုင္ကယ္အား သြားေရာက္စစ္ေဆးခဲ့ရာ ဆိုင္ကယ္ဂြၾကားတြင္ လက္လုပ္မိုင္း ၂လုံးကို သိမ္းဆည္းရမိခဲ့သည္ဟုလည္း ထုတ္ျပန္ထားသည္။ ထို႔ျပင္ ဆိုင္ကယ္ေမာင္းႏွင္လာေသာအမ်ိဳးသားသည္လည္း က်ည္ထိမွန္ဒဏ္ရာရရွိကာ ေသဆုံးခဲ့ေၾကာင္း နစကဘက္က ထပ္မံအသိေပးထားသည္။

ယခုျဖစ္စဥ္ႏွင့္ပတ္သက္၍ အထက္ပါအမ်ိဳးသားသည္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း၌ ေဖာက္ခြဲဖ်က္ဆီးမႈျပဳလုပ္ရန္ လာေရာက္သည့္ အၾကမ္းဖက္သမားတစ္ဦးသာျဖစ္ေၾကာင္း နစကဘက္က သတ္မွတ္ထားသည္။ လက္ရွိတြင္ နစက၏လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ပုဂံေရွး ေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း၌ အၾကမ္းဖက္သမားမ်ား ခိုေအာင္းေနထိုင္မႈမရွိေစေရး၊ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ား ေဖာက္ခြဲဖ်က္ဆီးခံရမႈ မရွိေစေရးႏွင့္ အမ်ားျပည္သူလုံၿခဳံေရးအတြက္ လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ားကို ပုံမွန္ေဆာင္႐ြက္ေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.