စက်မှုဇုန်အချို့၌ အလုပ်သမားများ၏လစာကို နှစ်ဆနီးပါးတိုးပေး၍ လုပ်သားရှားပါးမှုကို ဖြေရှင်းနေရ

 490

ယွန်း (NP News) - အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အချို့တွင် အလုပ်သမားများ၏လစာကို နှစ်ဆနီးပါး တိုးပေး၍ လုပ်သားရှားပါးမှုကို ဖြေရှင်းနေရကြောင်း စက်မှုဇုန်လုပ်ငန်းရှင်တစ်ချို့က ပြောသည်။

(၂၀၂၁) ခုနှစ် နိုင်ငံရေးအခင်းအကျင်း အပါအဝင် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်း ဥပဒေကြောင့် ပြည်တွင်းရှိအလုပ်သမားများသည် ပြည်ပသို့ထွက်ခွာမှု များပြားလျက်ရှိရာ ပြည်တွင်းရှိစက်မှုဇုန်များ၌ လုပ်သားရှားပါးမှုပြဿနာကို ရင်ဆိုင်ခဲ့ရပြီး နည်းလမ်းမျိုးစုံဖြင့် လုပ်သားဖြည့် တင်းနေရကြောင်းသိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှု ဇုန်(၂၉)ဇုန်အနက်မှ စက်ရုံအချို့တွင် အလုပ်သမား များကို နှစ်ဆနီးပါးလစာတိုးပေး၍ လုပ်သားရှားပါးမှု ကို ဖြေရှင်းနေရကြောင်း သိရသည်။

‘အလုပ်သမားကရှားလာတော့ စက်ရုံတော် တော်များများတိုးပေးကြတယ်။ ဒီတစ်လ၊ နှစ်လအတွင်းမှာ တိုးပေးလာကြတာ။ အလုပ်သမားရှားတဲ့ ပြဿနာကို အကုန်လုံးကရင်ဆိုင်နေကြရတော့ ပေးကြတာပေါ့။ အလုပ်သမားရှား လာတော့ ကိုယ့်ဘက်မှာ အလုပ်သမားတွေမြဲအောင် လစာတိုးပေးပြီး ဆွဲကြရတာ။ အဲဒီလိုလေးလုပ်လိုက်တော့ အလုပ် သမားထွက်တာလည်း နည်းသွားတယ်။ ဒါပေမဲ့ ထွက်တဲ့သူလည်း ရှိတယ်။ အရင်ကလောက်တော့မဆိုးတော့ဘူး။ အ ထည်ချုပ်တွေမှာတော့ ထွက်တယ်။ ကျွန်တော်တို့က သူများတွေ (၆၀ဝဝဝ)လောက်တိုးတဲ့အချိန် နှစ်ဆနီး ပါးလောက် တိုးပေးလိုက်တာ။ လူအသစ်ကို ထပ်မလို ချင်တော့ဘူး။ လူအဟောင်းပဲလိုချင်တော့ တတ်နိုင်သလောက်ဆွဲနေ ရတာ ပေါ့။ အလုပ်သမားတွေ ဘက်ကတောင်းဆိုတာ မဟုတ်ဘူး။ အလုပ်ရှင်တွေဘက်က ပေးကြတာ’ဟု ရွှေပေါက်ကံစက်မှု ဇုန်ရှိ လုပ်ငန်းရှင် တစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ CMP စနစ်ဖြင့် အထည်အော်ဒါရရှိမှုများပြားနေပြီး လာမည့်ဒီဇင်ဘာလအထိ အော်ဒါ များပြည့်နေသော်လည်း စက်မှုဇုန်များရှိ စက်ရုံတစ်ရုံလျှင် ကျွမ်းကျင်လုပ်သားလိုအပ်ချက် အနည်းဆုံး (၂၀)ရာခိုင် နှုန်းခန့်အထိရှိနေကြောင်း စက်မှုဇုန်လုပ်ငန်းရှင်အချို့၏ ပြောကြားချက်အရ သိရသည်။ နစကအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ(၁)ရက်မှ စ၍ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ အတွက် အပို‌ထောက်ပံ့ကြေးငွေ(၁၀ဝဝ)ကျပ်ကို ခံစားခွင့်ပြုခဲ့ပြီး အနည်းဆုံးအခကြေးငွေ နေ့စဉ်လုပ်ခ (၆၈၀ဝ)ကျပ် ရရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ထားရာ လစာတိုးမြှင့်ပေးမှုပါဝင်ပါက လက်ရှိတွင် စက်မှုဇုန်အခြေခံလုပ်သားတစ်ဦးလျှင် အနည်း ဆုံး လစာ (၃)သိန်းကျော်အထိ ရရှိနေကြောင်း သိရသည်။

‘အလုပ်သမားတွေရဲ့ လစာတွေကိုတော့ တိုးလိုက်ရတာပေါ့။ တစ်ယောက်ကို (၁)သိန်းကျော် လောက်အထိ တိုးလိုက်ရတယ်။ အရင်က တစ်ရက်ကို (၄၈၀ဝ)မှာ ထောက်ပံ့ကြေး(၂၀ဝဝ)ထပ်ပေါင်းပြီး တော့ပေးထားတယ်။ အဲဒီ အပေါ်ကိုထပ်ပြီးတော့ တိုးပေးထားတာ။ အခြေခံလစာကတော့ OT မပါဘဲနဲ့ (၃)သိန်းကျော်လောက်တော့ အနည်းဆုံးရ တယ်’ ဟု အထက်ပါလုပ်ငန်းရှင်က ဆိုသည်။ ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်၌ လုပ်သားအင်အား(၈)သိန်းနီး ပါးခန့် အလုပ်လုပ်ကိုင်နေသော်လည်း အလုပ်သမားများအနေဖြင့် လက်ရှိတွင် အဓိကပြဿနာသည် လုပ်ခလစာ နည်းပါးမှုကြောင့် တရုတ်နယ်စပ်ရှိ အထည်ချုပ်စက်ရုံများနှင့် ထိုင်းနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကုန်ဈေးနှုန်းကြီးမြင့် မှုဒဏ်ကို ပြည်သူလူထုက ခံစားနေရလျက်ရှိပြီး ဝန် ထမ်းများ အနေဖြင့်လည်း လက်ရှိရရှိနေသည့် လုပ်ခလစာဝင်ငွေနှင့် မလောက်ငမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

zawgyi version
စက္မႈဇုန္အခ်ိဳ႕၌ အလုပ္သမားမ်ား၏လစာကို ႏွစ္ဆနီးပါးတိုးေပး၍ လုပ္သားရွားပါးမႈကို ေျဖရွင္းေနရ
ယြန္း (NP News) - ေအာက္တိုဘာ ၁၁

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္အခ်ိဳ႕တြင္ အလုပ္သမားမ်ား၏လစာကို ႏွစ္ဆနီးပါး တိုးေပး၍ လုပ္သားရွားပါးမႈကို ေျဖရွင္းေနရေၾကာင္း စက္မႈဇုန္လုပ္ငန္းရွင္တစ္ခ်ိဳ႕က ေျပာသည္။

(၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္း အပါအဝင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလတြင္ထုတ္ျပန္ခဲ့သည့္ စစ္မႈထမ္း ဥပေဒေၾကာင့္ ျပည္တြင္းရွိအလုပ္သမားမ်ားသည္ ျပည္ပသို႔ထြက္ခြာမႈ မ်ားျပားလ်က္ရွိရာ ျပည္တြင္းရွိစက္မႈဇုန္မ်ား၌ လုပ္သားရွားပါးမႈျပႆနာကို ရင္ဆိုင္ခဲ့ရၿပီး နည္းလမ္းမ်ိဳးစုံျဖင့္ လုပ္သားျဖည့္ တင္းေနရေၾကာင္းသိရသည္။ ထိုသို႔ ေဆာင္႐ြက္လ်က္ရွိရာ လက္ရွိတြင္ ရန္ကုန္တိုင္းအတြင္းရွိ စက္မႈ ဇုန္(၂၉)ဇုန္အနက္မွ စက္႐ုံအခ်ိဳ႕တြင္ အလုပ္သမား မ်ားကို ႏွစ္ဆနီးပါးလစာတိုးေပး၍ လုပ္သားရွားပါးမႈ ကို ေျဖရွင္းေနရေၾကာင္း သိရသည္။

‘အလုပ္သမားကရွားလာေတာ့ စက္႐ုံေတာ္ ေတာ္မ်ားမ်ားတိုးေပးၾကတယ္။ ဒီတစ္လ၊ ႏွစ္လအတြင္းမွာ တိုးေပးလာၾကတာ။ အလုပ္သမားရွားတဲ့ ျပႆနာကို အကုန္လုံးကရင္ဆိုင္ေနၾကရေတာ့ ေပးၾကတာေပါ့။ အလုပ္သမားရွား လာေတာ့ ကိုယ့္ဘက္မွာ အလုပ္သမားေတြၿမဲေအာင္ လစာတိုးေပးၿပီး ဆြဲၾကရတာ။ အဲဒီလိုေလးလုပ္လိုက္ေတာ့ အလုပ္ သမားထြက္တာလည္း နည္းသြားတယ္။ ဒါေပမဲ့ ထြက္တဲ့သူလည္း ရွိတယ္။ အရင္ကေလာက္ေတာ့မဆိုးေတာ့ဘူး။ အ ထည္ခ်ဳပ္ေတြမွာေတာ့ ထြက္တယ္။ ကြၽန္ေတာ္တို႔က သူမ်ားေတြ (၆၀ဝဝဝ)ေလာက္တိုးတဲ့အခ်ိန္ ႏွစ္ဆနီး ပါးေလာက္ တိုးေပးလိုက္တာ။ လူအသစ္ကို ထပ္မလို ခ်င္ေတာ့ဘူး။ လူအေဟာင္းပဲလိုခ်င္ေတာ့ တတ္ႏိုင္သေလာက္ဆြဲေန ရတာ ေပါ့။ အလုပ္သမားေတြ ဘက္ကေတာင္းဆိုတာ မဟုတ္ဘူး။ အလုပ္ရွင္ေတြဘက္က ေပးၾကတာ’ဟု ေ႐ႊေပါက္ကံစက္မႈ ဇုန္ရွိ လုပ္ငန္းရွင္ တစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ျပည္တြင္း၌ CMP စနစ္ျဖင့္ အထည္ေအာ္ဒါရရွိမႈမ်ားျပားေနၿပီး လာမည့္ဒီဇင္ဘာလအထိ ေအာ္ဒါ မ်ားျပည့္ေနေသာ္လည္း စက္မႈဇုန္မ်ားရွိ စက္႐ုံတစ္႐ုံလွ်င္ ကြၽမ္းက်င္လုပ္သားလိုအပ္ခ်က္ အနည္းဆုံး (၂၀)ရာခိုင္ ႏႈန္းခန႔္အထိရွိေနေၾကာင္း စက္မႈဇုန္လုပ္ငန္းရွင္အခ်ိဳ႕၏ ေျပာၾကားခ်က္အရ သိရသည္။ နစကအေနျဖင့္ ၿပီးခဲ့သည့္ ဩဂုတ္လ(၁)ရက္မွ စ၍ ေန႔စားဝန္ထမ္းမ်ားႏွင့္ ေန႔စားအလုပ္သမားမ်ား အတြက္ အပို‌ေထာက္ပံ့ေၾကးေငြ(၁၀ဝဝ)က်ပ္ကို ခံစားခြင့္ျပဳခဲ့ၿပီး အနည္းဆုံးအခေၾကးေငြ ေန႔စဥ္လုပ္ခ (၆၈၀ဝ)က်ပ္ ရရွိမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားရာ လစာတိုးျမႇင့္ေပးမႈပါဝင္ပါက လက္ရွိတြင္ စက္မႈဇုန္အေျခခံလုပ္သားတစ္ဦးလွ်င္ အနည္း ဆုံး လစာ (၃)သိန္းေက်ာ္အထိ ရရွိေနေၾကာင္း သိရသည္။

‘အလုပ္သမားေတြရဲ႕ လစာေတြကိုေတာ့ တိုးလိုက္ရတာေပါ့။ တစ္ေယာက္ကို (၁)သိန္းေက်ာ္ ေလာက္အထိ တိုးလိုက္ရတယ္။ အရင္က တစ္ရက္ကို (၄၈၀ဝ)မွာ ေထာက္ပံ့ေၾကး(၂၀ဝဝ)ထပ္ေပါင္းၿပီး ေတာ့ေပးထားတယ္။ အဲဒီ အေပၚကိုထပ္ၿပီးေတာ့ တိုးေပးထားတာ။ အေျခခံလစာကေတာ့ OT မပါဘဲနဲ႔ (၃)သိန္းေက်ာ္ေလာက္ေတာ့ အနည္းဆုံးရ တယ္’ ဟု အထက္ပါလုပ္ငန္းရွင္က ဆိုသည္။ ရန္ကုန္တိုင္း အတြင္းရွိ စက္မႈဇုန္(၂၉)ဇုန္၌ လုပ္သားအင္အား(၈)သိန္းနီး ပါးခန႔္ အလုပ္လုပ္ကိုင္ေနေသာ္လည္း အလုပ္သမားမ်ားအေနျဖင့္ လက္ရွိတြင္ အဓိကျပႆနာသည္ လုပ္ခလစာ နည္းပါးမႈေၾကာင့္ တ႐ုတ္နယ္စပ္ရွိ အထည္ခ်ဳပ္စက္႐ုံမ်ားႏွင့္ ထိုင္းႏိုင္ငံမ်ားသို႔ ေျပာင္းေ႐ႊ႕လုပ္ကိုင္လာေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ကုန္ေဈးႏႈန္းႀကီးျမင့္ မႈဒဏ္ကို ျပည္သူလူထုက ခံစားေနရလ်က္ရွိၿပီး ဝန္ ထမ္းမ်ား အေနျဖင့္လည္း လက္ရွိရရွိေနသည့္ လုပ္ခလစာဝင္ေငြႏွင့္ မေလာက္ငမႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.