အမေရိကန်ထုတ်ကုန်များကို သပိတ်မှောက်ရန် အိန္ဒိယလယ်သမားများ တိုက်တွန်းတောင်းဆို

 561

ဂျန်ဇက် NP News(Ref : RT)
အိန္ဒိယ လယ်သမားအဖွဲ့စည်းများသည် အမေရိကန်ထုတ်ကုန်များကို သပိတ်မှောက်ရန် တိုက်တွန်း တောင်းဆို လိုက်ကြောင်းသိရသည်။ အမေရိကန်နိုင်ငံအတွင်းသို့တင်သွင်းသော ကုန်စည်များကို အခွန်ကောက်ခံမည့် အစီအစဉ် များနှင့် ပတ်သက်ပြီး အငြင်းပွားမှုများရှိလာခဲ့ပြီးနောက် အိန္ဒိယ လယ်သမားအုပ်စုများက ယင်းကဲ့သို့ တောင်းဆိုလိုက် ခြင်းဖြစ်သည်။
အမေရိကန်အစိုးရက အိန္ဒိယနိုင်ငံမှတင်သွင်းသောကုန်စည်များကိုအခွန် (၂၅) ရာခိုင်နှုန်း အထိကောက်ခံ မည်ဟု သတင်းထုတ်ပြန်ခဲ့ပြီးနောက် အိန္ဒိယအစိုးရနှင့် အမေရိကန်အစိုးရကြား အငြင်းပွား မှုများရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် အမေရိကန် အစိုးရက ရုရှားနိုင်ငံထံမှ ရေနံနှင့် ဓာတ်ငွေ့များကို ဝယ်ယူမှုအတွက် အိန္ဒိယကို အခွန်တိုးမြှင့် ကောက်ခံမည်ဟု ခြိမ်းခြောက်ထားရာ နှစ်နိုင်ငံကြား အငြင်းပွား မှုများရှိနေသည်။ အမေရိကန် ကုမ္ပဏီများအတွက် အိန္ဒိယစိုက်ပျိုးရေးဈေးကွက်သည် အဓိကအရေးပါ သောဈေးကွက်ဖြစ်နေရာ အိန္ဒိယလယ်သမားများက အမေရိကန် ထုတ်ကုန်များကို သပိတ်မှောက်ရန် တောင်းဆိုခြင်းက အငြင်းပွားမှုများပိုမိုဖြစ်လာဖွယ် ရှိနေသည်။ အမေရိကန် အစိုးရသည် ရုရှားနိုင်ငံမှ ထွက်ရှိသည့် ရေနံနှင့် ဓာတ်ငွေ့များကို မဝယ်ယူရန် အိန္ဒိယအစိုးရကို တိုက်တွန်း တောင်းဆို ထားပြီး တောင်းဆိုချက်ကို လိုက်နာမှုမရှိပါက အိန္ဒိယကုန်စည်များကို ကုန်သွယ်ခွန် (၅၀) ရာခိုင်နှုန်းအထိ ကောက်ခံ မည်ဖြစ်ကြောင်း ထပ်မံခြိမ်းခြောက်ထားသည်။ အိန္ဒိယအစိုးရက အမေရိကန်အစိုးရ၏ ကုန်သွယ်ခွန် ကောက်ခံမည့် အစီအစဉ်က မျှတမှုမရှိကြောင်း၊ အကြောင်းပြချက် ခိုင်လုံမှုလည်းမရှိကြောင်း၊ အိန္ဒိယနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ် သွားမည်ဖြစ်ကြောင်းတုံ့ပြန်ထားသည်။
အမေရိကန်ထုတ်ကုန်များကို သပိတ်မှောက်ရန် တောင်းဆိုဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ လယ်သမားတစ်ဦးက ‘အမေရိကန်ထုတ် ကိုကာကိုလာကို ဘယ်လယ်သမားမှ မဝယ်သင့်ဘူး၊ ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ ကျွဲနို့နဲ့ သံပရာရည်ကို သောက်သုံးဖို့အချိန်တန်ပြီ၊ အမေရိကန်အစိုးရက အိန္ဒိယ ထုတ်ကုန်တွေကို အခွန် (၅၀) ရာခိုင်နှုန်းအထိ ကောက်ခံမယ်ဆိုရင် အမေရိကန်နိုင်ငံအတွင်းကို တင်ပို့မယ့် အိန္ဒိယစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေ ကျဆင်းသွားမယ်။ အမေရိကန်ရဲ့အခွန်ကြောင့် အိန္ဒိယလယ်သမားတွေဟာ အမြတ်တစ်ဝက်ပဲရတော့မယ်။ အမေရိကန်နိုင်ငံဟာ သွင်းကုန် ကနေ အခွန် (၅၀) ရာခိုင်နှုန်းအထိ ရတော့မယ်’ ဟုပြောသည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက ‘အိန္ဒိယ အစိုးရဟာ လယ်သမားများ၊ နို့ထွက်ပစ္စည်းကဏ္ဍနဲ့ ငါးလုပ်ငန်းလုပ်ကိုင်နေ သူများ သုခချမ်းသာရရှိနေမှုတွေအတွက် ဘယ်သောအခါမှ အလျှော့ပေးမှာမဟုတ်ဘူး’ ဟုပြောသည်။ အမေရိကန်နှင့် အိန္ဒိယအစိုးရတို့သည် ကုန်သွယ်ရေးစာချုပ်နိုင်ရန်အတွက် ဆွေးနွေးနေဆဲ ဖြစ်သော်လည်း သဘောတူညီမှု မရသေး ကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္ထုတ္ကုန္မ်ားကို သပိတ္ေမွာက္ရန္ အိႏၵိယလယ္သမားမ်ား တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ NP News(Ref : RT)
အိႏၵိယ လယ္သမားအဖြဲ႕စည္းမ်ားသည္ အေမရိကန္ထုတ္ကုန္မ်ားကို သပိတ္ေမွာက္ရန္ တိုက္တြန္း ေတာင္းဆို လိုက္ေၾကာင္းသိရသည္။ အေမရိကန္ႏိုင္ငံအတြင္းသို႔တင္သြင္းေသာ ကုန္စည္မ်ားကို အခြန္ေကာက္ခံမည့္ အစီအစဥ္ မ်ားႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈမ်ားရွိလာခဲ့ၿပီးေနာက္ အိႏၵိယ လယ္သမားအုပ္စုမ်ားက ယင္းကဲ့သို႔ ေတာင္းဆိုလိုက္ ျခင္းျဖစ္သည္။
အေမရိကန္အစိုးရက အိႏၵိယႏိုင္ငံမွတင္သြင္းေသာကုန္စည္မ်ားကိုအခြန္ (၂၅) ရာခိုင္ႏႈန္း အထိေကာက္ခံ မည္ဟု သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ အိႏၵိယအစိုးရႏွင့္ အေမရိကန္အစိုးရၾကား အျငင္းပြား မႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အေမရိကန္ အစိုးရက ႐ုရွားႏိုင္ငံထံမွ ေရနံႏွင့္ ဓာတ္ေငြ႕မ်ားကို ဝယ္ယူမႈအတြက္ အိႏၵိယကို အခြန္တိုးျမႇင့္ ေကာက္ခံမည္ဟု ၿခိမ္းေျခာက္ထားရာ ႏွစ္ႏိုင္ငံၾကား အျငင္းပြား မႈမ်ားရွိေနသည္။ အေမရိကန္ ကုမၸဏီမ်ားအတြက္ အိႏၵိယစိုက္ပ်ိဳးေရးေဈးကြက္သည္ အဓိကအေရးပါ ေသာေဈးကြက္ျဖစ္ေနရာ အိႏၵိယလယ္သမားမ်ားက အေမရိကန္ ထုတ္ကုန္မ်ားကို သပိတ္ေမွာက္ရန္ ေတာင္းဆိုျခင္းက အျငင္းပြားမႈမ်ားပိုမိုျဖစ္လာဖြယ္ ရွိေနသည္။ အေမရိကန္ အစိုးရသည္ ႐ုရွားႏိုင္ငံမွ ထြက္ရွိသည့္ ေရနံႏွင့္ ဓာတ္ေငြ႕မ်ားကို မဝယ္ယူရန္ အိႏၵိယအစိုးရကို တိုက္တြန္း ေတာင္းဆို ထားၿပီး ေတာင္းဆိုခ်က္ကို လိုက္နာမႈမရွိပါက အိႏၵိယကုန္စည္မ်ားကို ကုန္သြယ္ခြန္ (၅၀) ရာခိုင္ႏႈန္းအထိ ေကာက္ခံ မည္ျဖစ္ေၾကာင္း ထပ္မံၿခိမ္းေျခာက္ထားသည္။ အိႏၵိယအစိုးရက အေမရိကန္အစိုးရ၏ ကုန္သြယ္ခြန္ ေကာက္ခံမည့္ အစီအစဥ္က မွ်တမႈမရွိေၾကာင္း၊ အေၾကာင္းျပခ်က္ ခိုင္လုံမႈလည္းမရွိေၾကာင္း၊ အိႏၵိယႏိုင္ငံ၏အက်ိဳးစီးပြားကို ကာကြယ္ သြားမည္ျဖစ္ေၾကာင္းတုံ႔ျပန္ထားသည္။
အေမရိကန္ထုတ္ကုန္မ်ားကို သပိတ္ေမွာက္ရန္ ေတာင္းဆိုဆႏၵျပပြဲတြင္ပါဝင္ခဲ့သူ လယ္သမားတစ္ဦးက ‘အေမရိကန္ထုတ္ ကိုကာကိုလာကို ဘယ္လယ္သမားမွ မဝယ္သင့္ဘူး၊ ကြၽန္ေတာ္တို႔ ႏိုင္ငံသားေတြအေနနဲ႔ ကြၽဲႏို႔နဲ႔ သံပရာရည္ကို ေသာက္သုံးဖို႔အခ်ိန္တန္ၿပီ၊ အေမရိကန္အစိုးရက အိႏၵိယ ထုတ္ကုန္ေတြကို အခြန္ (၅၀) ရာခိုင္ႏႈန္းအထိ ေကာက္ခံမယ္ဆိုရင္ အေမရိကန္ႏိုင္ငံအတြင္းကို တင္ပို႔မယ့္ အိႏၵိယစိုက္ပ်ိဳးေရးထြက္ကုန္ပစၥည္းေတြ က်ဆင္းသြားမယ္။ အေမရိကန္ရဲ႕အခြန္ေၾကာင့္ အိႏၵိယလယ္သမားေတြဟာ အျမတ္တစ္ဝက္ပဲရေတာ့မယ္။ အေမရိကန္ႏိုင္ငံဟာ သြင္းကုန္ ကေန အခြန္ (၅၀) ရာခိုင္ႏႈန္းအထိ ရေတာ့မယ္’ ဟုေျပာသည္။
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ‘အိႏၵိယ အစိုးရဟာ လယ္သမားမ်ား၊ ႏို႔ထြက္ပစၥည္းက႑နဲ႔ ငါးလုပ္ငန္းလုပ္ကိုင္ေန သူမ်ား သုခခ်မ္းသာရရွိေနမႈေတြအတြက္ ဘယ္ေသာအခါမွ အေလွ်ာ့ေပးမွာမဟုတ္ဘူး’ ဟုေျပာသည္။ အေမရိကန္ႏွင့္ အိႏၵိယအစိုးရတို႔သည္ ကုန္သြယ္ေရးစာခ်ဳပ္ႏိုင္ရန္အတြက္ ေဆြးေႏြးေနဆဲ ျဖစ္ေသာ္လည္း သေဘာတူညီမႈ မရေသး ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.