တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်

 513

ရောင်နီ (NP News) - အောက်တိုဘာ ၁၈

တောင်ကိုရီးယား အဆိုတော် ဂျက်ဆီဟာ ပရိသတ်တစ်ဦးကို အကြမ်းဖက်တယ်လို့ ယူဆရတဲ့ CCTV ဗွီဒီယိုတစ်ခုထွက်ပေါ်လာပြီးနောက် သူမရဲ့အေဂျင်စီဖြစ်တဲ့ DOD မှ နုတ်ထွက်ခဲ့ပါတယ်။

"မကြာသေးမီက အဖြစ်အပျက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုတွေအတွက် ထပ်ပြီး တောင်းပန်ချင်ပါတယ်။ သူမရဲ့ အနာဂတ်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သေချာစဉ်းစား ဆွေးနွေးပြီးနောက်၊ ဂျက်ဆီရဲ့ တောင်းဆိုချက်အရ အောက်တိုဘာလ ၁၈ ရက်ကစပြီး သူမနဲ့ စာချုပ်ကို ရပ်စဲဖို့ နှစ်ဦးနှစ်ဖက်သဘောတူခဲ့ပါတယ်"လို့ အေဂျင်စီက သောကြာနေ့ (အောက်တိုဘာလ ၁၈ ရက်)မှာ ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၂၉ ရက်က ဘားတစ်ခုမှာ အသက် ၁၈ နှစ်အရွယ် ဂျက်ဆီရဲ့ အမာခံ ပရိသတ်တစ်ဦးဟာ ဂျက်ဆီနဲ့ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုခဲ့ပေမယ့် ဂျက်ဆီက အခြားကိစ္စရပ်တွေကြောင့် အဆိုပါတောင်းဆိုမှုကို ငြင်းခဲ့ပြီး လှည့်အထွက်မှာ အခြားအမျိုးသားတစ်ဦးက အင်္ဂလိပ်လို ဆဲဆိုပြီး အဆိုပါ ပရိသတ်ကို ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အဆိုပါ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ ဂျက်ဆီနဲ့ ပတ်သက်မှု ရှိနေလားဆိုတာ ရဲတပ်ဖွဲ့က နာရီများစွာကြာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဂျက်ဆီကတော့ အဆိုပါအမျိုးသားကို မသိကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်သူဟာ ဘယ်သူဆိုတာ အတိအကျ မသိရသေးပါဘူး။

ဂျက်ဆီဟာ ၂၀၁၃ ခုနှစ်ကလည်း ဆိုးလ်မြို့လယ် အီတေးဝန်ရှိ ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်မှုနဲ့ ရဲတိုင်ကြားခံခဲ့ရဖူးပါတယ်။

zawgyi version
ေတာင္ကိုရီးယား အဆိုေတာ္ ဂ်က္ဆီ ပရိသတ္ကို ေစာ္ကားမႈ စြပ္စြဲခ်က္ေတြေၾကာင့္ ေအဂ်င္စီမွ ႏုတ္ထြက္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၈

ေတာင္ကိုရီးယား အဆိုေတာ္ ဂ်က္ဆီဟာ ပရိသတ္တစ္ဦးကို အၾကမ္းဖက္တယ္လို႔ ယူဆရတဲ့ CCTV ဗြီဒီယိုတစ္ခုထြက္ေပၚလာၿပီးေနာက္ သူမရဲ႕ေအဂ်င္စီျဖစ္တဲ့ DOD မွ ႏုတ္ထြက္ခဲ့ပါတယ္။

"မၾကာေသးမီက အျဖစ္အပ်က္ေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ စိုးရိမ္ပူပန္မႈေတြအတြက္ ထပ္ၿပီး ေတာင္းပန္ခ်င္ပါတယ္။ သူမရဲ႕ အနာဂတ္လႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီး ေသခ်ာစဥ္းစား ေဆြးေႏြးၿပီးေနာက္၊ ဂ်က္ဆီရဲ႕ ေတာင္းဆိုခ်က္အရ ေအာက္တိုဘာလ ၁၈ ရက္ကစၿပီး သူမနဲ႔ စာခ်ဳပ္ကို ရပ္စဲဖို႔ ႏွစ္ဦးႏွစ္ဖက္သေဘာတူခဲ့ပါတယ္"လို႔ ေအဂ်င္စီက ေသာၾကာေန႔ (ေအာက္တိုဘာလ ၁၈ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။

ျဖစ္စဥ္ကေတာ့ စက္တင္ဘာ ၂၉ ရက္က ဘားတစ္ခုမွာ အသက္ ၁၈ ႏွစ္အ႐ြယ္ ဂ်က္ဆီရဲ႕ အမာခံ ပရိသတ္တစ္ဦးဟာ ဂ်က္ဆီနဲ႔ ဓာတ္ပုံ႐ိုက္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ဂ်က္ဆီက အျခားကိစၥရပ္ေတြေၾကာင့္ အဆိုပါေတာင္းဆိုမႈကို ျငင္းခဲ့ၿပီး လွည့္အထြက္မွာ အျခားအမ်ိဳးသားတစ္ဦးက အဂၤလိပ္လို ဆဲဆိုၿပီး အဆိုပါ ပရိသတ္ကို ထိုးႀကိတ္ခဲ့တာ ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ အဆိုပါ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့တဲ့ အမ်ိဳးသားဟာ ဂ်က္ဆီနဲ႔ ပတ္သက္မႈ ရွိေနလားဆိုတာ ရဲတပ္ဖြဲ႕က နာရီမ်ားစြာၾကာ စစ္ေဆးေမးျမန္းခဲ့ပါတယ္။ ဂ်က္ဆီကေတာ့ အဆိုပါအမ်ိဳးသားကို မသိေၾကာင္း ျငင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ ကိုယ္ထိလက္ေရာက္ က်ဴးလြန္သူဟာ ဘယ္သူဆိုတာ အတိအက် မသိရေသးပါဘူး။

ဂ်က္ဆီဟာ ၂၀၁၃ ခုႏွစ္ကလည္း ဆိုးလ္ၿမိဳ႕လယ္ အီေတးဝန္ရွိ ကလပ္တစ္ခုမွာ အမ်ိဳးသမီးတစ္ဦးကို ႐ိုက္ႏွက္မႈနဲ႔ ရဲတိုင္ၾကားခံခဲ့ရဖူးပါတယ္။

Related news

© 2021. All rights reserved.