မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော

 474

Pika (NP News) - အောက်တိုဘာ ၁၉

မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကဖြစ်နိုင်ကြောင်း နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုက ဗာတီကန်မီဒီယာကို ပြောကြားခဲ့တယ်လို့သိရပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေတဲ့လူတွေဟာ တောတောင်တွေထဲမှာ ပုန်းအောင်နေကြရတာမျိုး ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေရတာတွေကို ကာဒီနယ်ချားလ်စ်မောင်ဘိုက အလေးပေးပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ပဋိ ပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာမှုနဲ့အတူ ရွှေ့ပြောင်းနေထိုင်သူ(၄)သောင်းခန့်ဟာ ဘေးကင်းရာနေရာကို ရှာဖွေဖို့အတွက် နယ်စပ်ဖြတ်ကျော်မှုတွေ လုပ်ဆောင်နေရတဲ့ အခြေအ နေတွေကို ၎င်းကသုံးသပ်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

၎င်းက "ပြည်သူတွေဟာ တောတောင်တွေထဲမှာ ပုန်းအောင်းနေကြရပါတယ်။ လူငယ်အများစုကလည်း နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းအလုပ် သမားတွေ ဖြစ်လာနေကြပါတယ်။ လောလောဆယ်တော့ အရာအားလုံးက ခန့်မှန်းရခက်ပါတယ်။ အနာဂတ်ကို ကျွန်တော်တို့ရှင်းရှင်းလင်းလင်း မတွေ့ရသလို နောက်ထပ်ဘာတွေထပ်ဖြစ်လာမလဲဆိုတာ သိဖို့ကလည်း ခက်ခဲပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ယခုလအတွင်း လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့ မြန်မာအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေဖို့ ရည်ရွယ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုတွေ ရှိနေပေမယ့်လည်း ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် အခြေအနေတွေက ခက်ခဲနေဆဲဖြစ်တယ်လို့ ကာဒီနယ်ချားလ်စ်မောင်ဘိုက ပြောကြားခဲ့ပါတယ်။ ၎င်းက "တိုက်ပွဲတွေကို ရပ်တန့်ဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းထားပေမယ့်လည်း မြေပြင်မှာတော့ လက်နက်ကိုင်အဖွဲ့တွေက နယ်မြေသိမ်းယူမှုတွေလုပ်ဆောင်နေဆဲဖြစ်သလို မြန်မာ့တပ်မတော်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတုန်းပါပဲ။အခြေအနေတွေက အရမ်းရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ဘယ်ဖက်ကိုမှ အပြစ်မတင်ပါဘူး။ ပြီးတော့ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကို လာကြဖို့ နှစ်ဘက်စလုံးကို ကျွန်တော်တို့တောင်းဆိုပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ နစကဘက်က ကမ်းလှမ်းမှုတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ကာဒီနယ်ချားလ်စ်မောင်ဘိုက ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက "ဒါက ယုံကြည်မှုဆိုင်ရာစိန်ခေါ်မှုမျိုးပါပဲ။ ပြီးတော့ ငြိမ်းချမ်းရေးကဖြစ်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက် ကျွန်တော့်မှာရှိပါသေးတယ်။ ဒီအချိန်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေနိုင်ပေမယ့် ငြိမ်းချမ်းရေးက ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်က ကျွန်တော်တို့မှာ အခိုင်အမာရှိနေဆဲဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ျမန္မာႏိုင္ငံတြင္းမွာျဖစ္ပြားေနတဲ့ ပဋိပကၡေတြနဲ႔ပတ္သက္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြကသာ ၿငိမ္းခ်မ္းေရးရဖို႔တစ္ခုတည္းေသာ နည္းလမ္းျဖစ္တယ္လို႔ ဘုန္းေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ေမာင္ဘို ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၉

ျမန္မာႏိုင္ငံတြင္းမွာျဖစ္ပြားေနတဲ့ ပဋိပကၡေတြနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးကျဖစ္ႏိုင္ေၾကာင္း နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြကသာ ၿငိမ္းခ်မ္းေရးရဖို႔တစ္ခုတည္းေသာ နည္းလမ္းျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ကက္သလစ္ ခရစ္ယာန္ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ေမာင္ဘိုက ဗာတီကန္မီဒီယာကို ေျပာၾကားခဲ့တယ္လို႔သိရပါတယ္။

ဒါ့ျပင္ ျမန္မာႏိုင္ငံတြင္းမွာျဖစ္ပြားေနတဲ့ ပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြါထြက္ေျပးေနတဲ့လူေတြဟာ ေတာေတာင္ေတြထဲမွာ ပုန္းေအာင္ေနၾကရတာမ်ိဳး ဒါမွမဟုတ္ နယ္စပ္ျဖတ္ေက်ာ္ၿပီး ေ႐ႊ႕ေျပာင္းအလုပ္သမားေတြအျဖစ္ လုပ္ကိုင္ေနရတာေတြကို ကာဒီနယ္ခ်ားလ္စ္ေမာင္ဘိုက အေလးေပးေျပာၾကားခဲ့တယ္လို႔လည္းသိရပါတယ္။ ျမန္မာႏိုင္ငံတြင္းမွာ ပဋိ ပကၡျဖစ္ပြားမႈ အရွိန္ျမင့္တက္လာမႈနဲ႔အတူ ေ႐ႊ႕ေျပာင္းေနထိုင္သူ(၄)ေသာင္းခန႔္ဟာ ေဘးကင္းရာေနရာကို ရွာေဖြဖို႔အတြက္ နယ္စပ္ျဖတ္ေက်ာ္မႈေတြ လုပ္ေဆာင္ေနရတဲ့ အေျခအ ေနေတြကို ၎ကသုံးသပ္ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

၎က "ျပည္သူေတြဟာ ေတာေတာင္ေတြထဲမွာ ပုန္းေအာင္းေနၾကရပါတယ္။ လူငယ္အမ်ားစုကလည္း ႏိုင္ငံတြင္းမွာ ျဖစ္ပြားေနတဲ့ ပဋိပကၡေတြေၾကာင့္ ေ႐ႊ႕ေျပာင္းအလုပ္ သမားေတြ ျဖစ္လာေနၾကပါတယ္။ ေလာေလာဆယ္ေတာ့ အရာအားလုံးက ခန႔္မွန္းရခက္ပါတယ္။ အနာဂတ္ကို ကြၽန္ေတာ္တို႔ရွင္းရွင္းလင္းလင္း မေတြ႕ရသလို ေနာက္ထပ္ဘာေတြထပ္ျဖစ္လာမလဲဆိုတာ သိဖို႔ကလည္း ခက္ခဲပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ယခုလအတြင္း လာအိုႏိုင္ငံမွာက်င္းပခဲ့တဲ့ ျမန္မာအေရးကို ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ နည္းလမ္းေတြကို ရွာေဖြဖို႔ ရည္႐ြယ္တဲ့ အာဆီယံထိပ္သီးအစည္းအေဝးအပါအဝင္ ႏိုင္ငံတကာႀကိဳးပမ္းအားထုတ္မႈေတြ ရွိေနေပမယ့္လည္း ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔အတြက္ အေျခအေနေတြက ခက္ခဲေနဆဲျဖစ္တယ္လို႔ ကာဒီနယ္ခ်ားလ္စ္ေမာင္ဘိုက ေျပာၾကားခဲ့ပါတယ္။ ၎က "တိုက္ပြဲေတြကို ရပ္တန႔္ဖို႔ ႏွစ္ဖက္စလုံးကို တိုက္တြန္းထားေပမယ့္လည္း ေျမျပင္မွာေတာ့ လက္နက္ကိုင္အဖြဲ႕ေတြက နယ္ေျမသိမ္းယူမႈေတြလုပ္ေဆာင္ေနဆဲျဖစ္သလို ျမန္မာ့တပ္မေတာ္ဘက္ကလည္း ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနတုန္းပါပဲ။အေျခအေနေတြက အရမ္းရႈပ္ေထြးပါတယ္။ ကြၽန္ေတာ္တို႔ဘယ္ဖက္ကိုမွ အျပစ္မတင္ပါဘူး။ ၿပီးေတာ့ ေတြ႕ဆုံေဆြးေႏြးေရးစားပြဲဝိုင္းကို လာၾကဖို႔ ႏွစ္ဘက္စလုံးကို ကြၽန္ေတာ္တို႔ေတာင္းဆိုပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ နစကဘက္က ကမ္းလွမ္းမႈေတြနဲ႔ပတ္သက္တဲ့ ေမးခြန္းေတြကို ကာဒီနယ္ခ်ားလ္စ္ေမာင္ဘိုက ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ၎က "ဒါက ယုံၾကည္မႈဆိုင္ရာစိန္ေခၚမႈမ်ိဳးပါပဲ။ ၿပီးေတာ့ ၿငိမ္းခ်မ္းေရးကျဖစ္ႏိုင္ေသးတယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ ကြၽန္ေတာ့္မွာရွိပါေသးတယ္။ ဒီအခ်ိန္မွာေတာ့ တိုက္ပြဲေတြ ဆက္ျဖစ္ပြားေနႏိုင္ေပမယ့္ ၿငိမ္းခ်မ္းေရးက ျဖစ္ႏိုင္တယ္ဆိုတဲ့ ယုံၾကည္ခ်က္က ကြၽန္ေတာ္တို႔မွာ အခိုင္အမာရွိေနဆဲျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.