TNLA က ဆက်သွယ်ရေးဖြတ်ထားသဖြင့် ကျောက်မဲနှင့်သီပေါမှ ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်နေ

 269

သန့်ဇင် (NP News) - ‌အောက်တိုဘာ ၂၁

TNLA က ကျောက်မဲနှင့် သီပေါမှ ပြည်သူများကို ဖုန်းလိုင်းဖြတ်တောက်ထားသောကြောင့် ဒေသခံများ လူမှုစီးပွား ဘဝ ထိခိုက်နေကြောင်း အဆိုပါဒေသမှ တိမ်းရှောင်လာခဲ့သူတစ်ဦးက NP News သို့ ပြောသည်။

TNLA က ပြီးခဲ့သည့်ဩဂုတ်လပိုင်း ကစတင်ကာ ကျောက်မဲမြို့နှင့် သီပေါမြို့တို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း များ ဖြတ်ထားသဖြင့် အဆိုပါဒေသတွင် နေထိုင်သူများမှာ ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်တောက်နေကာ စစ်ဘေးရှောင်များ အနေဖြင့်လည်း ကျန်ရစ်သောမိသားစုနှင့် အဆက်သွယ်မရသောကြောင့် စိုးရိမ်မှုများရှိနေသည်။

“ဖုန်းလိုင်းတွေက ဖြတ်ထားတာပေါ့။ ကျောက်မဲ၊ သီပေါ၊ လားရှိုးတစ်ဖြတ်မှာ ဖုန်းလိုင်းတွေဖြတ်ထား တယ်။ ဖုန်းလိုင်း တွေ အဖြတ်ခံရတာက ကျောက်မဲနဲ့သီပေါမှာက ကျောက်မဲကတော့ (၂)လလောက်ရှိပြီ။ သီပေါကတော့ တစ်လကျော်ကျော်လောက်ပဲ ရှိသေးတယ်။ အရင်တုန်းကတော့ ဖုန်းပြောလို့ ရလိုက်မရလိုက်၊ အင်တာနက်သုံးလို့ ရလိုက်/မရလိုက်နဲ့ပေါ့။ အခုက တော့ ဘာမှမရအောင်လုပ်ပစ်လိုက်တာ။ အဲဒီဘက်က တစ်သီကြီး ဖြတ်ထားတယ်။ စိုးရိမ်မှုတွေတော့ရှိတယ်။ ငါ့မိသားစု အသက်ရှင်သေးလား။ အဆင်မှပြေရဲ့လားဆိုပြီး စိုးရိမ်မှုတွေတော့ရှိတာပေါ့။ ဖုန်းလိုင်းဖြတ်ထားတော့ အဆက်အသွယ်တွေ လုပ်လို့မရဘူးလေ” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ထို့ပြင် TNLA လက်နက်ကိုင်အဖွဲ့က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားသည့်အပေါ် မသမာသူ အချို့က အခွင့်ကောင်းယူ ကာ ငွေကြေးလိမ်လည်မှုများလည်း လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

‘ဖုန်းလိုင်းဖြတ်ထားတာကိုပဲ အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်တာတွေလည်းရှိ လာတယ်။ အရင်နေ့ ကပဲ သိန်း (၅၀)အလိမ်ခံလိုက်ရတဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်။ ကျွန်တော် သတိပေးနေတဲ့ကြားထဲက အလိမ်ခံလိုက် ရတာ။ အပြင်ရောက်နေတဲ့လူတွေကတော့ စိုးရိမ်ရတာပေါ့နော်။ အဲဒီမှာ သူတို့မိသားစုကို အိမ်တိုင်ရာရောက် ပို့ပေးမယ်ပေါ့။ ဘယ်လောက်တော့ ယူတယ်ပေါ့ဆို ပြီးတော့ လိမ်တာပေါ့နော်။ အဲလိုမျိုးတော့ရှိတယ်’ ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

အထက်ပါမြို့များတွင် ယခင်က CDMA နှင့် ATOM ဆင်းကဒ်များမှ ဖုန်းလိုင်းနှင့်အင်တာနက် လိုင်းများရရှိ ခဲ့သော်လည်း တပ်မတော်မှ လေကြောင်းထိုးစစ်ဆင်ရန် ပြည်သူများက အဆိုပါဆင်းကဒ်များ အသုံးပြု ဆက်သွယ်ပြီး သတင်းပေးသည်ဆိုသော အကြောက်တရားကြောင့် ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘အရင်တုန်းက CDMA လိုင်းရတယ်။တယ်လီနောဖုန်းလိုင်းရတယ်။ ATOM ပေါ့။ အဓိကတော့ CDMA လိုင်းကြောင့်ပေါ့။ သူတို့ရှိတဲ့နေရာကို အဲဒီ CDMA ဖုန်းနဲ့သတင်းပေးလို့ Location သိတယ်ဆိုပြီး ဖြတ်လိုက် တယ်ပေါ့။ ဟိုဘက်က ကျောက်မဲအထွက်မှာ နောင်ပိန်ဆိုတာရှိတယ်။ အဲဒီမှာ Starlink ဝယ်ပြီးတော့ တစ်နာရီ ကျပ် (၅၀ဝဝ)၊ (၁၀ဝဝဝ)နဲ့ သုံးနေကြတာကို TNLA ကလာပြီး သိမ်းသွားတယ်။ ဆက်သွယ်ရေး အားလုံး ဖြတ်ထားတာ။ အဲဒီလိုဖြတ်ခံထားရတော့ လောလောဆယ်ကတော့ ငွေကြေးလိမ်လည်မှုတွေ၊ မိသားစုတွေ ကလည်း သေသလား၊ ရှင်သလားလည်းမသိရ အဘက်ဘက်ကပေါ့နော်။ လူမှုစီးပွား ဘဝကတော့ အကုန်ထိတာ ပေါ့။ ဘာမှကိုလုပ်လို့မရဘူး။ ကျန်းမာရေးဆိုလည်း မသွားနိုင်မလာနိုင်ပေါ့}ဟု အထက်ပါဒေသခံက ဆိုသည်။ အလားတူ MNDAA လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ဖြတ်တောက်ထားခံရပြီး သုံးစွဲလိုသည့်ဒေသခံများမှာ Starlink အင်တာနက်လိုင်းများကိုသာ အချိန်ပိုင်း ဖြင့် သုံးစွဲနေရကြောင်း သိရသည်။

Zawgyi Version;
TNLA က ဆက္သြယ္ေရးျဖတ္ထားသျဖင့္ ေက်ာက္မဲႏွင့္ သီေပါမွ ျပည္သူမ်ား လူမႈစီးပြားဘဝ ထိခိုက္ေန
သန႔္ဇင္ (NP News) - ‌ေအာက္တိုဘာ ၂၁

TNLA က ေက်ာက္မဲႏွင့္ သီေပါမွ ျပည္သူမ်ားကို ဖုန္းလိုင္းျဖတ္ေတာက္ထားေသာေၾကာင့္ ေဒသခံမ်ား လူမႈစီးပြား ဘဝ ထိခိုက္ေနေၾကာင္း အဆိုပါေဒသမွ တိမ္းေရွာင္လာခဲ့သူတစ္ဦးက NP News သို႔ ေျပာသည္။

TNLA က ၿပီးခဲ့သည့္ဩဂုတ္လပိုင္း ကစတင္ကာ ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါၿမိဳ႕တို႔တြင္ ဖုန္းလိုင္း၊ အင္တာနက္လိုင္း မ်ား ျဖတ္ထားသျဖင့္ အဆိုပါေဒသတြင္ ေနထိုင္သူမ်ားမွာ ျပင္ပေလာကႏွင့္ အဆက္အသြယ္ျပတ္ေတာက္ေနကာ စစ္ေဘးေရွာင္မ်ား အေနျဖင့္လည္း က်န္ရစ္ေသာမိသားစုႏွင့္ အဆက္သြယ္မရေသာေၾကာင့္ စိုးရိမ္မႈမ်ားရွိေနသည္။

“ဖုန္းလိုင္းေတြက ျဖတ္ထားတာေပါ့။ ေက်ာက္မဲ၊ သီေပါ၊ လားရႈိးတစ္ျဖတ္မွာ ဖုန္းလိုင္းေတြျဖတ္ထား တယ္။ ဖုန္းလိုင္း ေတြ အျဖတ္ခံရတာက ေက်ာက္မဲနဲ႔သီေပါမွာက ေက်ာက္မဲကေတာ့ (၂)လေလာက္ရွိၿပီ။ သီေပါကေတာ့ တစ္လေက်ာ္ေက်ာ္ေလာက္ပဲ ရွိေသးတယ္။ အရင္တုန္းကေတာ့ ဖုန္းေျပာလို႔ ရလိုက္မရလိုက္၊ အင္တာနက္သုံးလို႔ ရလိုက္/မရလိုက္နဲ႔ေပါ့။ အခုက ေတာ့ ဘာမွမရေအာင္လုပ္ပစ္လိုက္တာ။ အဲဒီဘက္က တစ္သီႀကီး ျဖတ္ထားတယ္။ စိုးရိမ္မႈေတြေတာ့ရွိတယ္။ ငါ့မိသားစု အသက္ရွင္ေသးလား။ အဆင္မွေျပရဲ႕လားဆိုၿပီး စိုးရိမ္မႈေတြေတာ့ရွိတာေပါ့။ ဖုန္းလိုင္းျဖတ္ထားေတာ့ အဆက္အသြယ္ေတြ လုပ္လို႔မရဘူးေလ” ဟု အထက္ပါ ေဒသခံက ဆိုသည္။

ထို႔ျပင္ TNLA လက္နက္ကိုင္အဖြဲ႕က ဖုန္းလိုင္းႏွင့္ အင္တာနက္လိုင္းမ်ားျဖတ္ေတာက္ထားသည့္အေပၚ မသမာသူ အခ်ိဳ႕က အခြင့္ေကာင္းယူ ကာ ေငြေၾကးလိမ္လည္မႈမ်ားလည္း လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။

‘ဖုန္းလိုင္းျဖတ္ထားတာကိုပဲ အခြင့္ေကာင္းယူၿပီး ေငြေၾကးလိမ္လည္တာေတြလည္းရွိ လာတယ္။ အရင္ေန႔ ကပဲ သိန္း (၅၀)အလိမ္ခံလိုက္ရတဲ့ ျဖစ္စဥ္လည္းရွိခဲ့တယ္။ ကြၽန္ေတာ္ သတိေပးေနတဲ့ၾကားထဲက အလိမ္ခံလိုက္ ရတာ။ အျပင္ေရာက္ေနတဲ့လူေတြကေတာ့ စိုးရိမ္ရတာေပါ့ေနာ္။ အဲဒီမွာ သူတို႔မိသားစုကို အိမ္တိုင္ရာေရာက္ ပို႔ေပးမယ္ေပါ့။ ဘယ္ေလာက္ေတာ့ ယူတယ္ေပါ့ဆို ၿပီးေတာ့ လိမ္တာေပါ့ေနာ္။ အဲလိုမ်ိဳးေတာ့ရွိတယ္’ ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

အထက္ပါၿမိဳ႕မ်ားတြင္ ယခင္က CDMA ႏွင့္ ATOM ဆင္းကဒ္မ်ားမွ ဖုန္းလိုင္းႏွင့္အင္တာနက္ လိုင္းမ်ားရရွိ ခဲ့ေသာ္လည္း တပ္မေတာ္မွ ေလေၾကာင္းထိုးစစ္ဆင္ရန္ ျပည္သူမ်ားက အဆိုပါဆင္းကဒ္မ်ား အသုံးျပဳ ဆက္သြယ္ၿပီး သတင္းေပးသည္ဆိုေသာ အေၾကာက္တရားေၾကာင့္ ဖုန္းလိုင္းမ်ားႏွင့္ အင္တာနက္လိုင္းမ်ားကို ျဖတ္ေတာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

‘အရင္တုန္းက CDMA လိုင္းရတယ္။တယ္လီေနာဖုန္းလိုင္းရတယ္။ ATOM ေပါ့။ အဓိကေတာ့ CDMA လိုင္းေၾကာင့္ေပါ့။ သူတို႔ရွိတဲ့ေနရာကို အဲဒီ CDMA ဖုန္းနဲ႔သတင္းေပးလို႔ Location သိတယ္ဆိုၿပီး ျဖတ္လိုက္ တယ္ေပါ့။ ဟိုဘက္က ေက်ာက္မဲအထြက္မွာ ေနာင္ပိန္ဆိုတာရွိတယ္။ အဲဒီမွာ Starlink ဝယ္ၿပီးေတာ့ တစ္နာရီ က်ပ္ (၅၀ဝဝ)၊ (၁၀ဝဝဝ)နဲ႔ သုံးေနၾကတာကို TNLA ကလာၿပီး သိမ္းသြားတယ္။ ဆက္သြယ္ေရး အားလုံး ျဖတ္ထားတာ။ အဲဒီလိုျဖတ္ခံထားရေတာ့ ေလာေလာဆယ္ကေတာ့ ေငြေၾကးလိမ္လည္မႈေတြ၊ မိသားစုေတြ ကလည္း ေသသလား၊ ရွင္သလားလည္းမသိရ အဘက္ဘက္ကေပါ့ေနာ္။ လူမႈစီးပြား ဘဝကေတာ့ အကုန္ထိတာ ေပါ့။ ဘာမွကိုလုပ္လို႔မရဘူး။ က်န္းမာေရးဆိုလည္း မသြားႏိုင္မလာႏိုင္ေပါ့}ဟု အထက္ပါေဒသခံက ဆိုသည္။ အလားတူ MNDAA လက္နက္ကိုင္အဖြဲ႕ ထိန္းခ်ဳပ္ထားသည့္ လားရႈိးၿမိဳ႕တြင္လည္း ဖုန္းလိုင္းႏွင့္ အင္တာနက္ လိုင္းမ်ား ျဖတ္ေတာက္ထားခံရၿပီး သုံးစြဲလိုသည့္ေဒသခံမ်ားမွာ Starlink အင္တာနက္လိုင္းမ်ားကိုသာ အခ်ိန္ပိုင္း ျဖင့္ သုံးစြဲေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.