အိန္ဒိယရဲ့ထိပ်တန်းကာကွယ်ဆေးထုတ်လုပ်သူ အဒေါပူးနာဝါလာက ဘောလီးဝုဒ်စတူဒီယိုရုပ်ရှင်ထုတ်လုပ်သူ ဂျိုဟာရဲ့အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း ဝယ်ယူ
240
ရောင်နီ (NP News) - အောက်တိုဘာ ၂၂
အိန္ဒိယနိုင်ငံရဲ့ထိပ်တန်းကာကွယ်ဆေးထုတ်လုပ်သူ အဒေါပူးနာဝါလာရဲ့ Serene Production ဟာ အိန္ဒိယရဲ့ ထိပ်တန်း ထုတ်လုပ်သူနဲ့ ဒါရိုက်တာကရန်းဂျိုဟာရဲ့ Dharma Productions နဲ့ Dharmatic Entertainment မှာ ရူပီး ၁၀ ဘီလီယံ (ဒေါ်လာ ၁၁၉ သန်း၊ ပေါင် ၉၁.၃ သန်း) ရင်းနှီးမြှုပ်နှံမယ်လို့ ပြောကြားခဲ့ပါတယ်။
ပူးနာဝါလာ ဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက Serum Institute of India (SII) ကိုဗစ်-၁၉ ကာကွယ်ဆေးသန်းပေါင်းများစွာကို အိန္ဒိယနဲ့ အခြားနိုင်ငံတွေမှာ အရေအတွက် များများ ထုတ်လုပ်ပေးခဲ့သူဖြစ်ပါတယ်။ ပူးနာဝါလာရဲ့ဖျော်ဖြေရေးကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံမှုဟာ Covid-19 ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ပြီးကတည်းက စီးပွားရေး ချိနဲ့လာတဲ့ ဘောလီးဝုဒ် ရုပ်ရှင်လောကမှာ သိသာထင်ရှားတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်လုပ်ငန်းဟာ အိန္ဒိယနိုင်ငံ ပြည်တွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ streaming ပလပ်ဖောင်း ဒါဇင်များစွာတို့မှ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဂျိုဟာ ဟာ အိန္ဒိယရဲ့ထိပ်တန်းထုတ်လုပ်သူနဲ့ ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးမှာ နှစ်သက်တမ်း လေးဆယ်ကျော်ထိ ရပ်တည်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေက သူ့ရဲ့ ရုပ်ရှင်အများ အပြားဟာ Box Office မှာ ထူးထူးရှားရှား အောင်မြင်မှုမရခဲ့ပါဘူး။ ဒါအပြင် အစောပိုင်း သတင်းတွေအရ ဂျိုဟာ ဟာ ၎င်းရဲ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ တေးဂီတ brand Saregama ကို ပိုင်ဆိုင်တဲ့ အိန္ဒိယရဲ့ထိပ်တန်းလုပ်ငန်းစု Reliance နဲ့ RPSG တို့နဲ့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အခု ပူးနာဝါလာရဲ့အစုရှယ်ယာ ၅ဝ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှုဟာ အလားအလာကောင်းဖြစ်မယ်လို့ ဂျိုဟာက ခန့်မှန်းထားပါတယ်။
Zawgyi Version;
အိႏၵိယရဲ႕ထိပ္တန္းကာကြယ္ေဆးထုတ္လုပ္သူ အေဒါပူးနာဝါလာက ေဘာလီးဝုဒ္စတူဒီယို႐ုပ္ရွင္ထုတ္လုပ္သူ ဂ်ိဳဟာရဲ႕အစုရွယ္ယာ ၅၀ ရာခိုင္ႏႈန္း ဝယ္ယူ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၂
အိႏၵိယႏိုင္ငံရဲ႕ထိပ္တန္းကာကြယ္ေဆးထုတ္လုပ္သူ အေဒါပူးနာဝါလာရဲ႕ Serene Production ဟာ အိႏၵိယရဲ႕ ထိပ္တန္း ထုတ္လုပ္သူနဲ႔ ဒါ႐ိုက္တာကရန္းဂ်ိဳဟာရဲ႕ Dharma Productions နဲ႔ Dharmatic Entertainment မွာ ႐ူပီး ၁၀ ဘီလီယံ (ေဒၚလာ ၁၁၉ သန္း၊ ေပါင္ ၉၁.၃ သန္း) ရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ပူးနာဝါလာ ဟာ ကမာၻ႔အႀကီးဆုံး ကာကြယ္ေဆးထုတ္လုပ္သူေတြထဲက တစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ကုမၸဏီက Serum Institute of India (SII) ကိုဗစ္-၁၉ ကာကြယ္ေဆးသန္းေပါင္းမ်ားစြာကို အိႏၵိယနဲ႔ အျခားႏိုင္ငံေတြမွာ အေရအတြက္ မ်ားမ်ား ထုတ္လုပ္ေပးခဲ့သူျဖစ္ပါတယ္။ ပူးနာဝါလာရဲ႕ေဖ်ာ္ေျဖေရးကုမၸဏီမွာ ရင္းႏွီးျမဳပ္ႏွံမႈဟာ Covid-19 ကပ္ေရာဂါေၾကာင့္ ႐ုပ္ရွင္႐ုံေတြ ပိတ္ၿပီးကတည္းက စီးပြားေရး ခ်ိနဲ႔လာတဲ့ ေဘာလီးဝုဒ္ ႐ုပ္ရွင္ေလာကမွာ သိသာထင္ရွားတဲ့ လႈပ္ရွားမႈတစ္ခုျဖစ္ပါတယ္။ ႐ုပ္ရွင္လုပ္ငန္းဟာ အိႏၵိယႏိုင္ငံ ျပည္တြင္းနဲ႔ ကမာၻလုံးဆိုင္ရာ streaming ပလပ္ေဖာင္း ဒါဇင္မ်ားစြာတို႔မွ ၿပိဳင္ဆိုင္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
ဂ်ိဳဟာ ဟာ အိႏၵိယရဲ႕ထိပ္တန္းထုတ္လုပ္သူနဲ႔ ဒါ႐ိုက္တာေတြထဲက တစ္ဦးျဖစ္ၿပီး ႐ုပ္ရွင္ထုတ္လုပ္ေရးမွာ ႏွစ္သက္တမ္း ေလးဆယ္ေက်ာ္ထိ ရပ္တည္ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ေတြက သူ႔ရဲ႕ ႐ုပ္ရွင္အမ်ား အျပားဟာ Box Office မွာ ထူးထူးရွားရွား ေအာင္ျမင္မႈမရခဲ့ပါဘူး။ ဒါအျပင္ အေစာပိုင္း သတင္းေတြအရ ဂ်ိဳဟာ ဟာ ၎ရဲ႕ကုမၸဏီမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ေတးဂီတ brand Saregama ကို ပိုင္ဆိုင္တဲ့ အိႏၵိယရဲ႕ထိပ္တန္းလုပ္ငန္းစု Reliance နဲ႔ RPSG တို႔နဲ႔လည္း ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ အခု ပူးနာဝါလာရဲ႕အစုရွယ္ယာ ၅ဝ ရာခိုင္ႏႈန္း ရင္းႏွီးျမဳပ္ႏွံမႈဟာ အလားအလာေကာင္းျဖစ္မယ္လို႔ ဂ်ိဳဟာက ခန႔္မွန္းထားပါတယ္။