တရုတ်ပြည်သွားမည့် ဗိုလ်ချုပ်မှူးကြီး၏ တာဝန် သုံးခုနှင့် တရုတ်တို့ လိုချင်သောအဓိကသုံးခု

 9916

မျိုးမင်း(မကျည်းလဟာ) NP News - အောက်တိုဘာ ၂၂

နိုဝင်ဘာလတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သို့သွားမည်။ အပျော်တမ်းခရီး မဟုတ်ပေ။ နိုင်ငံတော်၏ တာဝန်နှင့်ဝတ္တရားများစွာကို ပခုံးပေါ်ထမ်း၍ ကမ္ဘာ့ဒုတိယဩဇာအကြီး ဆုံးနိုင်ငံ၏ ခေါင်းဆောင်တစ်ဦးနှင့် မြန်မာ့အနာဂတ်အကြောင်း အဆုံးအဖြတ်ခံယူ ဆွေးနွေးရန်ဖြစ်သည်။ ဤနေရာတွင် တရုတ် နိုင်ငံ၏ခေါင်းဆောင်များက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာအိမ် စောင့်အစိုးရနိုင်ငံတော်ဝန်ကြီးချုပ်တစ်ဦး သဖွယ် ကြိုဆိုမည်လား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် သတ်မှတ် ကြိုဆိုမည်လား၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ကြိုဆိုမည်လား မကွဲပြားပေ။ သေချာသည်မှာ နိုင်ငံတော်သမ္မတ မဟုတ်သေးသည့် အတွက် နိုင်ငံတော်သမ္မတ တစ်ဦး၏ အဆောင်အယောင်မျိုးဖြင့် ကြိုဆိုမည်မဟုတ်။ သို့သော်လည်း မည်သို့ကြိုဆို သည်ဖြစ်စေ တရုတ်တို့ ဧည့်ခံရမည့်ပုဂ္ဂိုလ်မှာ လက်ရှိ မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပင်ဖြစ်၏။ ဗိုလ်ချုပ်မှူးကြီး၏ တရုတ်ပြည်ခရီးစဉ်ကို AFP သတင်းဌာနက သတင်းဦးအဖြစ် စတင်ဖော်ပြခဲ့သည်။ ထိုဖော်ပြချက် အတွင်း၌ ‘‘နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာသွား ကတည်းက နိုဝင်ဘာ တရုတ်ပြည်ခရီးစဉ်ကို စီစဉ်သွားခဲ့တာ}ဟု ရေးသားထားပြီး အခြားသော သတင်းရင်းမြစ်တစ်ဦးကို ကိုးကား၍လည်း ‘နောက်လထဲမှာ ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည် ကို ခရီးသွားလိမ့်မယ်’ဟု ဖော်ပြထားသည်။ NP News အနေဖြင့်လည်း အထက်အောက် ပေါက်မြောက်သူ ပြည်တွင်း သတင်းရင်းမြစ် ငါးဦးထက်မနည်းထံ အတည်ပြုကြည့်သည်။ နိုဝင်ဘာ၌ တရုတ်ပြည်သွားမည့် ဗိုလ်ချုပ်မှူးကြီး၏ ခရီး စဉ်ကို အတည်ပြုကြသည်။ သို့သော် ရက်အတိအကျကိုမူ မည်သူမျှ မပြောရဲကြပေ။ ‘‘စီးပွားရေးလုပ်ငန်းရှင် တချို့ကို ခေါ်သွားဖို့ရှိ တယ်။ အထူး(လဝ)ခရီးစဉ်အဖြစ် အသိပေးထားပြီးပြီ လို့ ကြားတယ်”ဟုသတင်းရင်းမြစ်တိုင်းလိုလိုက ပုံစံ တူစကားများဖြင့် အသိပေးသည်။ နိုင်ငံတော်အဆင့် ခေါင်းဆောင်များ၏အရေးကြီးသော ခရီးစဉ်များ၊ တွေ့ဆုံမှုများ သည် ဖြစ်ကတတ်ဆန်း အလျင်စလိုလုပ်၍ မရပေ။ တစ်ဖက်နှင့်တစ်ဖက် အဆင်ပြေမည့်ရက် သတ်မှတ်ချက်၊ ဆွေးနွေး အတည်ပြုကြမည့်အကြောင်းအရာ၊ မည်သည့်ပုဂ္ဂိုလ်များ ပါဝင်မည်၊ မည်သည့် သဘောတူညီချက်များလုပ်မည် အစရှိ သည်တို့ကို အောက်ခြေအဆင့်ထိပ်တန်းအရာ ရှိများက အကြိမ်ကြိမ် စည်းဝေးတိုင်ပင်ဆုံးဖြတ် အတည်ပြုပြီးမှသာ တိကျသော ရက်သတ်မှတ်ချက် ထွက်ပေါ်လာလေ့ရှိသည်။ အဆိုပါ ရက်သတ်မှတ်ချက်ကို အများပြည်သူထံ အသိပေး ခြင်း မပေးခြင်းသည် နှစ်ဖက်နိုင်ငံရေးအခြေအနေအပေါ်တွင်လည်း မူတည်ပြန်၏။ ရက်အတိအကျထုတ်ပြန်ပြီးလျှင်ပင် အခြားသော မမျှော်မှန်းနိုင်သည့် ပြဿနာများ တစ်ဖက်ဖက်တွင် အရေးပေါ်အခြေအနေဖြင့် ပေါ်ပေါက်လာပါက နားလည်မှုယူ၍ ဖျက်သိမ်းပစ်ရသည်လည်း ရှိတတ်သည်။ ထို့ကြောင့် မည်သူမျှ တိတိပပ ပြောဆိုရန် မဝံ့ကြခြင်းလည်း ဖြစ်ဟန်ရှိသည်။ အမှန်တကယ်တွင် ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်မှာ နိုဝင်ဘာ (၆/၇) တွင်ကျင်းပမည့် GMS ထိပ်သီး ခေါင်းဆောင်များတက် ရောက်လေ့ရှိသော သုံးနှစ်တစ်ကြိမ်ညီလာခံသို့ဖြစ်သည်။ နေရာသည်ကား ယူနန်ပြည်နယ် ကူမင်းမြို့တွင်ဖြစ်၏။ ထိုပွဲကို တရုတ်ဝန်ကြီးချုပ် လီကျန်း တက်ရောက်ရန် သေချာနေပြီး ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် သီးသန့်တွေ့ဆုံလိမ့်မည်ဟု တွက်ဆထားသည်။ သမ္မတရှီကျင့်ပင်ကိုယ်တိုင်ကလည်း လီကျန်းအား မြန်မာအရေးအတွက် òန်ကြားချက်များ ပေးပြီးပြီဟု ယူဆနိုင်သည်။ ထိုအခွင့်အရေးကို NUG တို့ (၁၀)ဘဝတိုင်တိုင် သို့မဟုတ် မည်သည့် အခါမျှ ရမည့်ပုံမပေါ်။ တရုတ်ပြည်သို့ သွားမည့် ဗိုလ်ချုပ်မှူးကြီးတွင် အဓိကတာဝန်သုံးခု ရှိသည်။ တရုတ်နိုင်ငံဘက်တွင်လည်း တောင်းဆိုရယူမည့် အဓိကအခွင့်အရေးသုံးခုရှိသည်။ ဗိုလ်ချုပ်မှူးကြီး ဘက်က ထမ်း ဆောင်ရမည့်တာဝန်သုံးခုမှာ အခြားမဟုတ်။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းနှင့်အတူ နိုင်ငံတကာ အသိ အမှတ်ပြုခံရရေး၊ ပဲ့ထွက်လု နီးပါးဖြစ်နေသော နိုင်ငံတော်၏အစိတ်အပိုင်းများကို ပြန်လည်စုစည်းနိုင်ရေး၊ ပြိုလဲလုနီးပါး ဖြစ်နေသော စီးပွားရေးကိုပြန်လည် ဦးမော့လာစေရေးတို့ဖြစ်သည်။ ထို့ထက်ပို၍ လူသိမခံလိုသော သီးသန့်တောင်း ဆိုချက်များလည်း ရှိနိုင်သည်။ ဦးနု-ဦးနေဝင်းက မော်စီတုန်း၊ ချုအင်လိုင်းတို့ထံ သီးသန့်တောင်းဆိုခဲ့သော ကိစ္စရပ်များ ရှိခဲ့သကဲ့သို့ပင်။ သို့သော် ထိုအချက်ကို ထည့်သွင်းမခန့်မှန်းလိုပါ။ (၂၀၂၅) ခုနှစ် နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက် ပွဲအတွက် တရုတ်နိုင်ငံ၏ အကူအညီအချို့ကို မြန်မာတို့ လိုအပ်သည်။ မြန်မာ ရွေးကောက်ပွဲကို တရုတ်တို့က ကူညီခြင်း၊ အသိအ မှတ်ပြုပေးခြင်းအားဖြင့် နှစ်နိုင်ငံ ရှည်ကြာတည်တံ့ခဲ့ သော စိန်ရတုဆက်ဆံရေးကို ရွှေရောင်အနားကွပ် သင့်၏။ ပဲ့ထွက်လုနီးပါး ဖြစ်ပေါ်နေသော တိုင်းပြည် အခြေအနေကို ပြန်လည်စုစည်းရန် တရုတ်တို့က သံမဏိစည်းမျဉ်းကြိုး များဖြင့် ကူညီစည်းပေးသင့်သည်။ ‘နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးထက် နယ်စပ်ဒေသမှ လက်နက်ကိုင်ပုန် ကန်သူများနှင့် ဆက်ဆံရေးက ပို၍မနက်ရှိုင်းစေသင့်ကြောင်း’၊ ‘ပင်စည်နှင့် ရေသောက်မြစ်ထက် ကိုင်းဖျားကိုင်းနားများကိုသာ ရေလောင်းပေါင်းသင်လုပ်နေခြင်းက တရုတ်တို့ကို အရိပ်နေနေ အခက်ချိုးချိုး အခွင့် အရေးသမားများအဖြစ် မြန်မာလူထုက မြင်သွားစေနိုင်ကြောင်း’ အသိပေးသင့်သည်။ နိုင်ငံတော်(ပြည်သူလူထု)သည် ရေသောက်မြစ်ဖြစ်၏၊ ပင်စည်သည်ကား အစိုးရဖြစ်သည်။ နယ်စပ်ဒေသမှ ပုန်ကန်သူလက်နက်ကိုင်များသည် နိုင်ငံတော်၏ အရွက်အခက်များဖြစ်၏။ အခွင့်အရေးသမား (နိုင်ငံ)များက အခက်အရွက်များကိုသာ ရေလောင်းပေါင်း သင်လုပ်၍ ခူးဆွတ်စားသောက်ကြမည်ဆိုလျှင် နိုင်ငံတော်နှင့်အစိုးရအနေဖြင့် လက်သင့်ခံနိုင်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့် လက်နက်ကိုင်ပုန်ကန် သူများကို ခိုးကြောင်ခိုးဝှက် အားပေးအားမြှောက်ပြု ခြင်းဖြင့် နိုင်ငံတော် အစိုးရနှင့် ဆက်ဆံရေးကို ပျက်စီးခံဝံ့ပါသလောဟု မေးရတော့မည်ဖြစ်၏။ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ရှမ်းမြောက်ဒေသ အပါအဝင် နိုင်ငံအနှံ့ အပြားမှ ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရယူရန် တရုတ်တို့၏ကူညီမှုကို လိုအပ် နေသည်မှာ အမှန်ပင်။ နိုင်ငံ၏စီးပွားရေးကိုလည်း တရုတ်တို့ ကျောထောက်နောက်ခံဖြင့် ပြန်လည်ဆွဲ တင်ရန် လိုအပ်နေသည်။ “ဒီခရီးက သူ့(ဗိုလ်ချုပ်မှူး ကြီး)ရဲ့နောက်ဆုံး အခွင့်အရေးပဲဗျ။ ဒီတစ်ကြိမ်မှာ ဆုံးဖြတ်ချက်မှန်ကန်ပြီး ညှိနှိုင်းမှုအားကောင်းခဲ့ရင် တိုင်းပြည်အနာဂတ်လှမယ်။ သူလည်း အထွက်လှမယ်”ဟုလေ့လာသူတစ်ဦးက သုံးသပ် သည်။ အဆင်မပြေဖြစ်ခဲ့ပါက တိုင်းပြည်၏အနာဂတ်မှာ တရုတ်တို့ ကြောင့် ပို၍စိုးရိမ်ဖွယ်ရာ ဖြစ်နိုင်သည်ဟု ပြောင်းပြန် အဓိပ္ပာယ်ကောက်ရမည်လည်းဖြစ်သည်။ သမ္မတရှီကျင့်ပင်၏ တရုတ်တို့တွင် မြန်မာထံမှ ရယူလိုသော အဓိက အခွင့် အလမ်းသုံးခုရှိ၏။ ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းပါဝင်သော ကျောက်ဖြူရေနက်ဆိပ် ကမ်း နှင့်အထူးစီးပွား ရေးဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်းလည်း ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီးအခြေပြု ပင်လယ်ထွက်ပေါက်စီမံကိန်း၊ ထားဝယ်ရေနက်ဆိပ် ကမ်းနှင့်အထူးစီးပွားရေးဇုန်တို့ပင် ဖြစ်သည်။ ထိုအချက်အားလုံးသည် ပင်လယ်ပြင်များကို မျက်နှာ မူထားပြီး တရုတ်တို့၏ အနာဂတ်ပင်လယ်ရေကြောင်း ကုန်သွယ်ရေးထွက်ပေါက် မဟာဗျူဟာများစွာထဲမှ အရေးပါ သောနေရာများလည်း ဖြစ်သည်။ ဤနေရာတွင် ကျောက်ဖြူစီမံကိန်းနှင့် ရန်ကုန်မြို့သစ်စီမံ ကိန်းတို့က လူထုနှင့်ရင်းနှီး ပြီးသား ဖြစ်၏။ မြင်ရကြား ရသည်ထက် နက်နဲသော တရုတ်တို့၏လိုလားချက်ကို သီးခြားရေးသားမှု၌သာ ဖတ်ရှုစေလို သည်။ ထိုသုံးခု ၏နောက်ကွယ်တွင် တရုတ်တို့လိုလားနေသော အရာများစွာ မြန်မာပြည်၌ ရှိနေသည်။ တရုတ်သမ္မတ ရှီကျင့်ပင်အနေဖြင့် ၎င်းတို့လိုလားချက်ပြည့်မီရေးအတွက် အသုံးပြုသော ကြားခံပစ္စည်းတစ်ခုထက်ပို၍ မြန်မာနိုင်ငံ အပေါ် ခံစားချက်ထားရှိခြင်း မရှိပေ။ ပေါက်စီ တစ်ခုဖြစ်ရေးအတွက်ပင်လျှင် မီးပြင်း တိုက်ခြင်း၊ ပေါင်းခံပေးခြင်း အပါအဝင် လိုအပ်သော ချက်ပြုတ်နည်းမျိုးစုံကို တရုတ်တို့ ကျွမ်းကျင်သည်။ မြန်မာအရေးသည် တရုတ်တို့ စားသောက် မည့် ပေါက်စီ တစ်ခုပြုလုပ်ခြင်းထက် ပို၍ခက်မည်မထင်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာခေါင်း ဆောင် အဆက်ဆက်သည်လည်း တရုတ်တို့၏ ပြိုင်ဘက်မဟုတ်။ ထို့အတွက်ကြောင့် တစ်ရစ်ချင်း တစ်ဆစ်ချင်း ကျား ဖျန့်ဆန်ဆန် မြန်မာတို့ထံမှ တရုတ်တို့ တောင်းဆိုရယူသွားမည့်ကိစ္စများစွာ ရှိနေမည်မှာ သေချာသည်။ သို့သော်လည်း ခွန်အားကြီးသည့်ဆင် တစ်ကောင်ကို အနိုင်ယူရေးအတွက် ပညာရည်ပြည့်ဝသော ဆင်ထိန်း၏ ချွန်းကလည်း အလုပ်ဖြစ် သည်မှာ မမေ့သင့်ပေ။ ‘ကျားတစ်အုပ်ကို ဖမ်းဆီး၍ တိရစ္ဆာန် ရုံထဲထည့်ခြင်းထက် ကျားတစ်အုပ် အမဲလိုက်နိုင်သော တောအုပ်ဖန်တီးပါ’က အဆိုပါ ကျားအုပ်ရှိနေသည့် တောသည်လည်း တိရစ္ဆာန်ဥယျာဉ် ဖြစ်သွားနိုင်သည်။ မြန်မာ နိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုက (၁၉၈၈) ခုနှစ်မှ (၂၀၁၉)အထိ ဒေါ်လာ(၂၅)ဘီလျံထက်မနည်းရှိ၏။ (၂၀၂၁) နောက် ပိုင်း၌ တရုတ်တို့၏ ရင်းနှီးမြှုပ် နှံမှုများ ကျဆင်းသွားသည်။ လွန်ခဲ့သော (၁၀)နှစ် ကျော်ကတည်းက တရုတ်တို့ ရည်ရွယ် ထားသော အကြီးစားစီမံကိန်း (၁၀)ခု ကျော်၏ ရင်းနှီးမြှုပ်နှံရ မည့်ငွေကြေးပမာဏသည် ဒေါ်လာဘီလျံ(၅၀)ထက် မနည်းရှိသည်။ သို့သော်လည်း ထိုစီမံကိန်းများမှာ လေထဲတွင်သာ ဖြစ်နေ၏။ “ဘင်္ဂလားဒေ့ရှ်ဖြစ်ရပ် အပြီးမှာ တရုတ်ဘက်က စိုးရိမ်လာပုံရတယ်။ တရုတ်ကို ဟာစီနာ အသုံးချခဲ့တဲ့ ဗျူဟာမျိုးကို သေချာလေ့ လာကြည့်သင့်တယ်။ တရုတ်က မြန်မာကို ရာနှုန်းပြည့် ယုံကြည်ထားမှုမရှိဘူး။ ခေတ်အဆက်ဆက် သူတို့ စီမံကိန်းတွေ ရှေ့ဆက်မရတာများ ခဲ့တယ်လေ။ တိုင်းပြည်အတွက် ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ စနစ်တ ကျစီမံခန့်ခွဲနိုင်တဲ့ ခေါင်းဆောင်မျိုးမှ တရုတ်နဲ့ ယှဉ် နိုင်မှာ”ဟု လေ့လာသူတစ်ဦးက သုံးသပ်သည်။ တရုတ်တို့တွင် မေတ္တာတရား မရှိပေ။ အပေးအယူသာ ရှိသည်။ မြန်မာတို့အနေဖြင့် အပေးအယူကို နားလည် ရန်လို၏။ တရုတ်တို့နှင့် စကားပြောမည်ဆိုပါက တိုင်းပြည်ကိုပေး၍ မိမိအကျိုးစီးပွားကိုသာ ရှေးရှုတတ်သော ခေါင်းဆောင်မျိုးဖြစ်နေလျှင်လည်း မရပေ။ တရုတ်တို့တွင် မြန်မာ့ရွေး ကောက်ပွဲအတွက် အဆိုပြုချက်များရှိနိုင်သည်။ အတိုက်အခံနိုင်ငံရေး သမားများအား အချိန်ကိုက် ပြန်လွှတ်၍ NLD ပါတီကို ရွေးကောက်ပွဲဝင်စေလိုသည့် သဘောထားများ ပါလာနိုင်သည်။ ပြည်မအတွက် NLD ၊ ရှမ်းပြည်နယ်အတွက် SNLD နှင့် ရခိုင်ပြည်နယ်အတွက် ANP တို့ကို ပြန်လည်ပါဝင်စေသင့်ကြောင်း အကြံပြု ဖွယ်ရှိသည်။ ရွေးကောက်ပွဲ အပြီးပေါ်လာသော အစိုးရတစ်ရပ်နှင့် FPNCC (၇)ဖွဲ့ကို စကားဝိုင်း ပေါ်တက်လာစေရန် ညှိနှိုင်းပေးဖွယ်ရှိသည်။ ရွေး ကောက်ပွဲအပြီး ပေါ်ထွက်လာသော အစိုးရသစ်၏ သမ္မတကို ကောဇောနီခင်း၍ ကြိုဆိုရန်လည်း တရုတ်တို့ ကတိကဝတ်များပေးမည်မှာ သေချာသည်။ ထိုပြယုဂ်သည် မြန်မာအပေါ် ဆက်ဆံရမည့် ပုံစံသစ်ကို အခြားသောနိုင်ငံ အသီးသီး နားလည် လက်ခံလာစေရန် သတင်းစကား ချပြပေးခြင်းမျိုး ဖြစ်လာလိမ့်မည်။ (၂၀၂၅) ရွေးကောက်ပွဲ မတိုင်မီကတည်းက တရုတ်စီးပွားရေးလုပ်ငန်းရှင်များ စတင်ဝင် ရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးထံ အာမခံ ပေးကြလိမ့်မည်ဖြစ်သည်။ “ဒီဇင်ဘာထဲမှာ တရုတ်လုပ်ငန်းရှင်(၇၀)ကျော် လာကြလိမ့်မယ်။ ရန်ကုန်မြို့သစ်စီမံကိန်း ကိုလည်း တရုတ်ဘက်က ပြန်စချင်နေတယ်။ Asia World ထွန်းမြင့်နိုင်တို့ ၊ ရှောက်ပန်း ရှောက်စန်း (Time City) တို့ အုပ်စုက အဲဒီဘက်မှာ ခြေတော်တော်လှမ်းထားပြီးပြီ။ မြန်မာဘက်က နိုင်ငံခြားငွေ အကျပ်အတည်းနဲ့ လောင်စာဆီ ပြဿနာကိုကူညီပေးဖို့လည်း တရုတ်ဘက်က ကတိပေးထားကြတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ သို့သော် တရုတ်တို့၏ စီးပွားရေးကျင့်ဝတ် အပေါ်သတိကြီးကြီးထားရန်လိုသည်။ တရုတ်နိုင်ငံသည် ချစ်ကျွမ်းဝင်ရန် သင့်သော်လည်း လက်မထပ်သင့်သော နိုင်ငံများထဲတွင်ပါ၏။ တရုတ်နှင့်လက်ထပ်ခဲ့သော နိုင်ငံအသီးသီး၏ အဆုံး သတ်သည် ပျိုမျစ်စဉ်ကထက် လှပခြင်းမရှိတော့ပေ။ တရုတ်တို့သည် တူတစ်စုံတည်းဖြင့်ပင် အရိုးသာ ကျန်အောင် စားတတ်ကြသည်။ သို့ဆိုရလျှင် ဗိုလ်ချုပ်မှူးကြီး၏ တရုတ်ခရီးသည်ကား (၂၀၁၉) ခုနှစ်အတွင်း သွားရောက်ခဲ့ဖူး စဉ်ကထက်ပို၍ ကျဉ်းထဲကျပ်ထဲတွင် ဖြစ်နေသည်ဟု ဆိုရမည်ပင်။ (၂၀၁၉) ခုနှစ် ဧပြီလအတွင်းက တရုတ်ပြည်သို့ ဗိုလ်ချုပ်မှူးကြီး သွားရောက်ခဲ့ဖူးသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်ဖြစ်ပြီး နောက်ထပ် (၉)လအကြာ (၂၀၂၀) ပြည့်နှစ် ဇန်နဝါရီလတွင် တရုတ်သမ္မတ မြန်မာပြည်သို့ လာလည်ခဲ့သည်။ သူတို့နှစ်ဦးသည်ကား အသစ်စက်စက် ခေါင်းဆောင် များမဟုတ်ကြသကဲ့သို့ သူစိမ်းပြင်ပြင်လည်း မဟုတ်ကြပေ။ (၂၀၂၀) ပြည့်နှစ်ခရီးစဉ်အတွင်း၌ သမ္မတဦး ဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့၏ ပြေပြစ်မှုမရှိတော့သော အတွင်းရေးအချို့ကို သမ္မတ ရှီကျင့်ပင်က ရိပ်စားမိခဲ့ ဖူးသည်။ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်း ဖြစ်လာနိုင်ခြေကို ထိုစဉ်ကတည်းက ရှီကျင့်ပင် ခန့်မှန်းပြီးသား ဖြစ်လိမ့်မည်ဟု သုံးသပ်မိသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တရုတ်ဝန်ကြီးချုပ် လီကျန်းနှင့် တွေ့ဆုံမှု၌ အပေးအယူကို ပြတ်သားစွာ လုပ်ဆောင်သင့်သည်။ တရုတ်တို့၏လိုအင်ကို နားလည်မှုရှိရှိ အသုံးချ၍ နိုင်ငံ့အကျိုးစီးပွားတိုး တက်စေရန် ဖော်ဆောင်သင့်၏။ ရှမ်းမြောက် အရေးတွင် လက်နက်ကိုင်ပုန်ကန်သူများ၏ စောင့် ရှောက်မှုဖြင့် ရထားလမ်းစီမံကိန်းများကို အရှိန်မြှင့် တင်သင့်သည်။ မူရင်းစီမံချက် ပြီးစီးရေးအတွက် ယာလည်းညက်၍ ကြက်လည်း မောစေသော မဟာဗျုဟာများကိုသာ သုံးစွဲသင့်သည်။ ကြက်တို့သည်ကား အတောင်ပံပါသော်လည်း ပျံသန်းတတ်သော အမျိုးမဟုတ်ပေ။ လက်နက်ကိုင်သူပုန်များသည် အတောင်ပံပါသော မျိုးစိတ်ဖြစ်သော်လည်း သိမ်းငှက် သကဲ့သို့ ဂုဏ်သရေမျိုး မရှိကြချေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်သည် သိမ်းငှက်နှင့် တူသင့်၏။ သိမ်းငှက်သည် အမြင်စူးရှခြင်း၊ စိတ်ရှည်စွာ စောင့်ဆိုင်း တတ်ခြင်း၊ အချိန်ကြာမြင့်စွာ ပျံသန်းနိုင်ခြင်း၊ ရည်မှန်းချက်သားကောင်ကို တိကျစွာ ထိုးသုတ်တတ်ခြင်းအပါအဝင် ရဲရင့်သောမျိုးရိုးဂုဏ်ရှိ၏။ သမိုင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးကသာ မှတ် ကျောက်ရေးထိုးခွင့် ရှိနေသည်။ သို့သော် မှတ် ကျောက်ရေးခွင့်ရှိသူတိုင်း သမိုင်းတွင်ကြသည် မဟုတ်ဘဲ သမိုင်းသေသွားတတ်ကြသည်ကိုလည်း မမေ့သင့်ပေ။ လိုရင်း ဆိုရသော် ဗိုလ်ချုပ်မှူးကြီး၏ “ တရုတ်ပြည်သွားတောလား ” သည် ချောင်ဝေ၊ စွန်းဝူ၊ ရှုဟန် သုံးပြည်ထောင်ဖြစ်ရပ်ထဲမှ ယွင်ချန်၏ ဉာဏ်ပညာနှင့် ဇာတိမာန်မာနကို နမူနာယူသင့်သည်။ ရှုဟန် အကျပ်အတည်းရင်ဆိုင်နေရချိန်၌ ပညာရှိ စစ်သူကြီး ယွင်ချန်က ဥာဏ်ပညာ၊ ဇာတိမာန်၊ ပါးရည်နပ်ရည်ရှိသော လိုရာရောက်သည့်စကားလုံး များဖြင့် စွန်းဝူ အကြီးအကဲ၏ စိတ်အာရုံကို ဖမ်းစား၍ အောင်မြင်မှုရယူခဲ့ဖူးသည်။ ဗိုလ်ချုပ်မှူးကြီးသည်လည်း ခေသူမဟုတ်ဟု နားလည်မိစွာဖြင့် တရုတ်ပြန် လက်ဆောင်ကောင်းများကို မျှော်လင့်မိပါကြောင်း။

Zawgyi Version;
တ႐ုတ္ျပည္သြားမည့္ ဗိုလ္ခ်ဳပ္မႉးႀကီး၏ တာဝန္ သုံးခုႏွင့္ တ႐ုတ္တို႔ လိုခ်င္ေသာအဓိကသုံးခု
မ်ိဳးမင္း(မက်ည္းလဟာ) NP News - ေအာက္တိုဘာ ၂၂

ႏိုဝင္ဘာလတြင္ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တ႐ုတ္ျပည္သို႔သြားမည္။ အေပ်ာ္တမ္းခရီး မဟုတ္ေပ။ ႏိုင္ငံေတာ္၏ တာဝန္ႏွင့္ဝတၱရားမ်ားစြာကို ပခုံးေပၚထမ္း၍ ကမာၻ႔ဒုတိယဩဇာအႀကီး ဆုံးႏိုင္ငံ၏ ေခါင္းေဆာင္တစ္ဦးႏွင့္ ျမန္မာ့အနာဂတ္အေၾကာင္း အဆုံးအျဖတ္ခံယူ ေဆြးေႏြးရန္ျဖစ္သည္။ ဤေနရာတြင္ တ႐ုတ္ ႏိုင္ငံ၏ေခါင္းေဆာင္မ်ားက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ျမန္မာအိမ္ ေစာင့္အစိုးရႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္တစ္ဦး သဖြယ္ ႀကိဳဆိုမည္လား၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒အျဖစ္ သတ္မွတ္ ႀကိဳဆိုမည္လား၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ႀကိဳဆိုမည္လား မကြဲျပားေပ။ ေသခ်ာသည္မွာ ႏိုင္ငံေတာ္သမၼတ မဟုတ္ေသးသည့္ အတြက္ ႏိုင္ငံေတာ္သမၼတ တစ္ဦး၏ အေဆာင္အေယာင္မ်ိဳးျဖင့္ ႀကိဳဆိုမည္မဟုတ္။ သို႔ေသာ္လည္း မည္သို႔ႀကိဳဆို သည္ျဖစ္ေစ တ႐ုတ္တို႔ ဧည့္ခံရမည့္ပုဂၢိဳလ္မွာ လက္ရွိ ျမန္မာေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ပင္ျဖစ္၏။ ဗိုလ္ခ်ဳပ္မႉးႀကီး၏ တ႐ုတ္ျပည္ခရီးစဥ္ကို AFP သတင္းဌာနက သတင္းဦးအျဖစ္ စတင္ေဖာ္ျပခဲ့သည္။ ထိုေဖာ္ျပခ်က္ အတြင္း၌ ‘‘ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိလာသြား ကတည္းက ႏိုဝင္ဘာ တ႐ုတ္ျပည္ခရီးစဥ္ကို စီစဥ္သြားခဲ့တာ}ဟု ေရးသားထားၿပီး အျခားေသာ သတင္းရင္းျမစ္တစ္ဦးကို ကိုးကား၍လည္း ‘ေနာက္လထဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီး တ႐ုတ္ျပည္ ကို ခရီးသြားလိမ့္မယ္’ဟု ေဖာ္ျပထားသည္။ NP News အေနျဖင့္လည္း အထက္ေအာက္ ေပါက္ေျမာက္သူ ျပည္တြင္း သတင္းရင္းျမစ္ ငါးဦးထက္မနည္းထံ အတည္ျပဳၾကည့္သည္။ ႏိုဝင္ဘာ၌ တ႐ုတ္ျပည္သြားမည့္ ဗိုလ္ခ်ဳပ္မႉးႀကီး၏ ခရီး စဥ္ကို အတည္ျပဳၾကသည္။ သို႔ေသာ္ ရက္အတိအက်ကိုမူ မည္သူမွ် မေျပာရဲၾကေပ။ ‘‘စီးပြားေရးလုပ္ငန္းရွင္ တခ်ိဳ႕ကို ေခၚသြားဖို႔ရွိ တယ္။ အထူး(လဝ)ခရီးစဥ္အျဖစ္ အသိေပးထားၿပီးၿပီ လို႔ ၾကားတယ္”ဟုသတင္းရင္းျမစ္တိုင္းလိုလိုက ပုံစံ တူစကားမ်ားျဖင့္ အသိေပးသည္။ ႏိုင္ငံေတာ္အဆင့္ ေခါင္းေဆာင္မ်ား၏အေရးႀကီးေသာ ခရီးစဥ္မ်ား၊ ေတြ႕ဆုံမႈမ်ား သည္ ျဖစ္ကတတ္ဆန္း အလ်င္စလိုလုပ္၍ မရေပ။ တစ္ဖက္ႏွင့္တစ္ဖက္ အဆင္ေျပမည့္ရက္ သတ္မွတ္ခ်က္၊ ေဆြးေႏြး အတည္ျပဳၾကမည့္အေၾကာင္းအရာ၊ မည္သည့္ပုဂၢိဳလ္မ်ား ပါဝင္မည္၊ မည္သည့္ သေဘာတူညီခ်က္မ်ားလုပ္မည္ အစရွိ သည္တို႔ကို ေအာက္ေျခအဆင့္ထိပ္တန္းအရာ ရွိမ်ားက အႀကိမ္ႀကိမ္ စည္းေဝးတိုင္ပင္ဆုံးျဖတ္ အတည္ျပဳၿပီးမွသာ တိက်ေသာ ရက္သတ္မွတ္ခ်က္ ထြက္ေပၚလာေလ့ရွိသည္။ အဆိုပါ ရက္သတ္မွတ္ခ်က္ကို အမ်ားျပည္သူထံ အသိေပး ျခင္း မေပးျခင္းသည္ ႏွစ္ဖက္ႏိုင္ငံေရးအေျခအေနအေပၚတြင္လည္း မူတည္ျပန္၏။ ရက္အတိအက်ထုတ္ျပန္ၿပီးလွ်င္ပင္ အျခားေသာ မေမွ်ာ္မွန္းႏိုင္သည့္ ျပႆနာမ်ား တစ္ဖက္ဖက္တြင္ အေရးေပၚအေျခအေနျဖင့္ ေပၚေပါက္လာပါက နားလည္မႈယူ၍ ဖ်က္သိမ္းပစ္ရသည္လည္း ရွိတတ္သည္။ ထို႔ေၾကာင့္ မည္သူမွ် တိတိပပ ေျပာဆိုရန္ မဝံ့ၾကျခင္းလည္း ျဖစ္ဟန္ရွိသည္။ အမွန္တကယ္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီး၏ ခရီးစဥ္မွာ ႏိုဝင္ဘာ (၆/၇) တြင္က်င္းပမည့္ GMS ထိပ္သီး ေခါင္းေဆာင္မ်ားတက္ ေရာက္ေလ့ရွိေသာ သုံးႏွစ္တစ္ႀကိမ္ညီလာခံသို႔ျဖစ္သည္။ ေနရာသည္ကား ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕တြင္ျဖစ္၏။ ထိုပြဲကို တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီက်န္း တက္ေရာက္ရန္ ေသခ်ာေနၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္ႏွင့္ သီးသန႔္ေတြ႕ဆုံလိမ့္မည္ဟု တြက္ဆထားသည္။ သမၼတရွီက်င့္ပင္ကိုယ္တိုင္ကလည္း လီက်န္းအား ျမန္မာအေရးအတြက္ òန္ၾကားခ်က္မ်ား ေပးၿပီးၿပီဟု ယူဆႏိုင္သည္။ ထိုအခြင့္အေရးကို NUG တို႔ (၁၀)ဘဝတိုင္တိုင္ သို႔မဟုတ္ မည္သည့္ အခါမွ် ရမည့္ပုံမေပၚ။ တ႐ုတ္ျပည္သို႔ သြားမည့္ ဗိုလ္ခ်ဳပ္မႉးႀကီးတြင္ အဓိကတာဝန္သုံးခု ရွိသည္။ တ႐ုတ္ႏိုင္ငံဘက္တြင္လည္း ေတာင္းဆိုရယူမည့္ အဓိကအခြင့္အေရးသုံးခုရွိသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး ဘက္က ထမ္း ေဆာင္ရမည့္တာဝန္သုံးခုမွာ အျခားမဟုတ္။ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ျခင္းႏွင့္အတူ ႏိုင္ငံတကာ အသိ အမွတ္ျပဳခံရေရး၊ ပဲ့ထြက္လု နီးပါးျဖစ္ေနေသာ ႏိုင္ငံေတာ္၏အစိတ္အပိုင္းမ်ားကို ျပန္လည္စုစည္းႏိုင္ေရး၊ ၿပိဳလဲလုနီးပါး ျဖစ္ေနေသာ စီးပြားေရးကိုျပန္လည္ ဦးေမာ့လာေစေရးတို႔ျဖစ္သည္။ ထို႔ထက္ပို၍ လူသိမခံလိုေသာ သီးသန႔္ေတာင္း ဆိုခ်က္မ်ားလည္း ရွိႏိုင္သည္။ ဦးႏု-ဦးေနဝင္းက ေမာ္စီတုန္း၊ ခ်ဳအင္လိုင္းတို႔ထံ သီးသန႔္ေတာင္းဆိုခဲ့ေသာ ကိစၥရပ္မ်ား ရွိခဲ့သကဲ့သို႔ပင္။ သို႔ေသာ္ ထိုအခ်က္ကို ထည့္သြင္းမခန႔္မွန္းလိုပါ။ (၂၀၂၅) ခုႏွစ္ ႏိုဝင္ဘာတြင္ က်င္းပမည့္ ေ႐ြးေကာက္ ပြဲအတြက္ တ႐ုတ္ႏိုင္ငံ၏ အကူအညီအခ်ိဳ႕ကို ျမန္မာတို႔ လိုအပ္သည္။ ျမန္မာ ေ႐ြးေကာက္ပြဲကို တ႐ုတ္တို႔က ကူညီျခင္း၊ အသိအ မွတ္ျပဳေပးျခင္းအားျဖင့္ ႏွစ္ႏိုင္ငံ ရွည္ၾကာတည္တံ့ခဲ့ ေသာ စိန္ရတုဆက္ဆံေရးကို ေ႐ႊေရာင္အနားကြပ္ သင့္၏။ ပဲ့ထြက္လုနီးပါး ျဖစ္ေပၚေနေသာ တိုင္းျပည္ အေျခအေနကို ျပန္လည္စုစည္းရန္ တ႐ုတ္တို႔က သံမဏိစည္းမ်ဥ္းႀကိဳး မ်ားျဖင့္ ကူညီစည္းေပးသင့္သည္။ ‘ႏွစ္ႏိုင္ငံ ႏိုင္ငံေတာ္အဆင့္ ခ်စ္ၾကည္ရင္းႏွီးမႈ ဆက္ဆံေရးထက္ နယ္စပ္ေဒသမွ လက္နက္ကိုင္ပုန္ ကန္သူမ်ားႏွင့္ ဆက္ဆံေရးက ပို၍မနက္ရႈိင္းေစသင့္ေၾကာင္း’၊ ‘ပင္စည္ႏွင့္ ေရေသာက္ျမစ္ထက္ ကိုင္းဖ်ားကိုင္းနားမ်ားကိုသာ ေရေလာင္းေပါင္းသင္လုပ္ေနျခင္းက တ႐ုတ္တို႔ကို အရိပ္ေနေန အခက္ခ်ိဳးခ်ိဳး အခြင့္ အေရးသမားမ်ားအျဖစ္ ျမန္မာလူထုက ျမင္သြားေစႏိုင္ေၾကာင္း’ အသိေပးသင့္သည္။ ႏိုင္ငံေတာ္(ျပည္သူလူထု)သည္ ေရေသာက္ျမစ္ျဖစ္၏၊ ပင္စည္သည္ကား အစိုးရျဖစ္သည္။ နယ္စပ္ေဒသမွ ပုန္ကန္သူလက္နက္ကိုင္မ်ားသည္ ႏိုင္ငံေတာ္၏ အ႐ြက္အခက္မ်ားျဖစ္၏။ အခြင့္အေရးသမား (ႏိုင္ငံ)မ်ားက အခက္အ႐ြက္မ်ားကိုသာ ေရေလာင္းေပါင္း သင္လုပ္၍ ခူးဆြတ္စားေသာက္ၾကမည္ဆိုလွ်င္ ႏိုင္ငံေတာ္ႏွင့္အစိုးရအေနျဖင့္ လက္သင့္ခံႏိုင္မည္ မဟုတ္ေပ။ တစ္နည္းအားျဖင့္ လက္နက္ကိုင္ပုန္ကန္ သူမ်ားကို ခိုးေၾကာင္ခိုးဝွက္ အားေပးအားေျမႇာက္ျပဳ ျခင္းျဖင့္ ႏိုင္ငံေတာ္ အစိုးရႏွင့္ ဆက္ဆံေရးကို ပ်က္စီးခံဝံ့ပါသေလာဟု ေမးရေတာ့မည္ျဖစ္၏။ ဗိုလ္ခ်ဳပ္မႉးႀကီးအေနျဖင့္ ရွမ္းေျမာက္ေဒသ အပါအဝင္ ႏိုင္ငံအႏွံ႔ အျပားမွ ဆုံးရႈံးထားေသာ နယ္ေျမမ်ားကို ျပန္လည္ သိမ္းပိုက္ရယူရန္ တ႐ုတ္တို႔၏ကူညီမႈကို လိုအပ္ ေနသည္မွာ အမွန္ပင္။ ႏိုင္ငံ၏စီးပြားေရးကိုလည္း တ႐ုတ္တို႔ ေက်ာေထာက္ေနာက္ခံျဖင့္ ျပန္လည္ဆြဲ တင္ရန္ လိုအပ္ေနသည္။ “ဒီခရီးက သူ႔(ဗိုလ္ခ်ဳပ္မႉး ႀကီး)ရဲ႕ေနာက္ဆုံး အခြင့္အေရးပဲဗ်။ ဒီတစ္ႀကိမ္မွာ ဆုံးျဖတ္ခ်က္မွန္ကန္ၿပီး ညႇိႏႈိင္းမႈအားေကာင္းခဲ့ရင္ တိုင္းျပည္အနာဂတ္လွမယ္။ သူလည္း အထြက္လွမယ္”ဟုေလ့လာသူတစ္ဦးက သုံးသပ္ သည္။ အဆင္မေျပျဖစ္ခဲ့ပါက တိုင္းျပည္၏အနာဂတ္မွာ တ႐ုတ္တို႔ ေၾကာင့္ ပို၍စိုးရိမ္ဖြယ္ရာ ျဖစ္ႏိုင္သည္ဟု ေျပာင္းျပန္ အဓိပၸာယ္ေကာက္ရမည္လည္းျဖစ္သည္။ သမၼတရွီက်င့္ပင္၏ တ႐ုတ္တို႔တြင္ ျမန္မာထံမွ ရယူလိုေသာ အဓိက အခြင့္ အလမ္းသုံးခုရွိ၏။ ေက်ာက္ျဖဴ-ကူမင္း အျမန္ရထားလမ္းပါဝင္ေသာ ေက်ာက္ျဖဴေရနက္ဆိပ္ ကမ္း ႏွင့္အထူးစီးပြား ေရးဇုန္၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းလည္း ပါဝင္သည့္ ရန္ကုန္တိုင္းေဒသႀကီးအေျချပဳ ပင္လယ္ထြက္ေပါက္စီမံကိန္း၊ ထားဝယ္ေရနက္ဆိပ္ ကမ္းႏွင့္အထူးစီးပြားေရးဇုန္တို႔ပင္ ျဖစ္သည္။ ထိုအခ်က္အားလုံးသည္ ပင္လယ္ျပင္မ်ားကို မ်က္ႏွာ မူထားၿပီး တ႐ုတ္တို႔၏ အနာဂတ္ပင္လယ္ေရေၾကာင္း ကုန္သြယ္ေရးထြက္ေပါက္ မဟာဗ်ဴဟာမ်ားစြာထဲမွ အေရးပါ ေသာေနရာမ်ားလည္း ျဖစ္သည္။ ဤေနရာတြင္ ေက်ာက္ျဖဴစီမံကိန္းႏွင့္ ရန္ကုန္ၿမိဳ႕သစ္စီမံ ကိန္းတို႔က လူထုႏွင့္ရင္းႏွီး ၿပီးသား ျဖစ္၏။ ျမင္ရၾကား ရသည္ထက္ နက္နဲေသာ တ႐ုတ္တို႔၏လိုလားခ်က္ကို သီးျခားေရးသားမႈ၌သာ ဖတ္ရႈေစလို သည္။ ထိုသုံးခု ၏ေနာက္ကြယ္တြင္ တ႐ုတ္တို႔လိုလားေနေသာ အရာမ်ားစြာ ျမန္မာျပည္၌ ရွိေနသည္။ တ႐ုတ္သမၼတ ရွီက်င့္ပင္အေနျဖင့္ ၎တို႔လိုလားခ်က္ျပည့္မီေရးအတြက္ အသုံးျပဳေသာ ၾကားခံပစၥည္းတစ္ခုထက္ပို၍ ျမန္မာႏိုင္ငံ အေပၚ ခံစားခ်က္ထားရွိျခင္း မရွိေပ။ ေပါက္စီ တစ္ခုျဖစ္ေရးအတြက္ပင္လွ်င္ မီးျပင္း တိုက္ျခင္း၊ ေပါင္းခံေပးျခင္း အပါအဝင္ လိုအပ္ေသာ ခ်က္ျပဳတ္နည္းမ်ိဳးစုံကို တ႐ုတ္တို႔ ကြၽမ္းက်င္သည္။ ျမန္မာအေရးသည္ တ႐ုတ္တို႔ စားေသာက္ မည့္ ေပါက္စီ တစ္ခုျပဳလုပ္ျခင္းထက္ ပို၍ခက္မည္မထင္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ ျမန္မာေခါင္း ေဆာင္ အဆက္ဆက္သည္လည္း တ႐ုတ္တို႔၏ ၿပိဳင္ဘက္မဟုတ္။ ထို႔အတြက္ေၾကာင့္ တစ္ရစ္ခ်င္း တစ္ဆစ္ခ်င္း က်ား ဖ်န႔္ဆန္ဆန္ ျမန္မာတို႔ထံမွ တ႐ုတ္တို႔ ေတာင္းဆိုရယူသြားမည့္ကိစၥမ်ားစြာ ရွိေနမည္မွာ ေသခ်ာသည္။ သို႔ေသာ္လည္း ခြန္အားႀကီးသည့္ဆင္ တစ္ေကာင္ကို အႏိုင္ယူေရးအတြက္ ပညာရည္ျပည့္ဝေသာ ဆင္ထိန္း၏ ခြၽန္းကလည္း အလုပ္ျဖစ္ သည္မွာ မေမ့သင့္ေပ။ ‘က်ားတစ္အုပ္ကို ဖမ္းဆီး၍ တိရစာၦန္ ႐ုံထဲထည့္ျခင္းထက္ က်ားတစ္အုပ္ အမဲလိုက္ႏိုင္ေသာ ေတာအုပ္ဖန္တီးပါ’က အဆိုပါ က်ားအုပ္ရွိေနသည့္ ေတာသည္လည္း တိရစာၦန္ဥယ်ာဥ္ ျဖစ္သြားႏိုင္သည္။ ျမန္မာ ႏိုင္ငံတြင္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈက (၁၉၈၈) ခုႏွစ္မွ (၂၀၁၉)အထိ ေဒၚလာ(၂၅)ဘီလ်ံထက္မနည္းရွိ၏။ (၂၀၂၁) ေနာက္ ပိုင္း၌ တ႐ုတ္တို႔၏ ရင္းႏွီးျမႇဳပ္ ႏွံမႈမ်ား က်ဆင္းသြားသည္။ လြန္ခဲ့ေသာ (၁၀)ႏွစ္ ေက်ာ္ကတည္းက တ႐ုတ္တို႔ ရည္႐ြယ္ ထားေသာ အႀကီးစားစီမံကိန္း (၁၀)ခု ေက်ာ္၏ ရင္းႏွီးျမႇဳပ္ႏွံရ မည့္ေငြေၾကးပမာဏသည္ ေဒၚလာဘီလ်ံ(၅၀)ထက္ မနည္းရွိသည္။ သို႔ေသာ္လည္း ထိုစီမံကိန္းမ်ားမွာ ေလထဲတြင္သာ ျဖစ္ေန၏။ “ဘဂၤလားေဒ့ရွ္ျဖစ္ရပ္ အၿပီးမွာ တ႐ုတ္ဘက္က စိုးရိမ္လာပုံရတယ္။ တ႐ုတ္ကို ဟာစီနာ အသုံးခ်ခဲ့တဲ့ ဗ်ဴဟာမ်ိဳးကို ေသခ်ာေလ့ လာၾကည့္သင့္တယ္။ တ႐ုတ္က ျမန္မာကို ရာႏႈန္းျပည့္ ယုံၾကည္ထားမႈမရွိဘူး။ ေခတ္အဆက္ဆက္ သူတို႔ စီမံကိန္းေတြ ေရွ႕ဆက္မရတာမ်ား ခဲ့တယ္ေလ။ တိုင္းျပည္အတြက္ ဥာဏ္အေျမာ္အျမင္ႀကီးႀကီးနဲ႔ စနစ္တ က်စီမံခန႔္ခြဲႏိုင္တဲ့ ေခါင္းေဆာင္မ်ိဳးမွ တ႐ုတ္နဲ႔ ယွဥ္ ႏိုင္မွာ”ဟု ေလ့လာသူတစ္ဦးက သုံးသပ္သည္။ တ႐ုတ္တို႔တြင္ ေမတၱာတရား မရွိေပ။ အေပးအယူသာ ရွိသည္။ ျမန္မာတို႔အေနျဖင့္ အေပးအယူကို နားလည္ ရန္လို၏။ တ႐ုတ္တို႔ႏွင့္ စကားေျပာမည္ဆိုပါက တိုင္းျပည္ကိုေပး၍ မိမိအက်ိဳးစီးပြားကိုသာ ေရွးရႈတတ္ေသာ ေခါင္းေဆာင္မ်ိဳးျဖစ္ေနလွ်င္လည္း မရေပ။ တ႐ုတ္တို႔တြင္ ျမန္မာ့ေ႐ြး ေကာက္ပြဲအတြက္ အဆိုျပဳခ်က္မ်ားရွိႏိုင္သည္။ အတိုက္အခံႏိုင္ငံေရး သမားမ်ားအား အခ်ိန္ကိုက္ ျပန္လႊတ္၍ NLD ပါတီကို ေ႐ြးေကာက္ပြဲဝင္ေစလိုသည့္ သေဘာထားမ်ား ပါလာႏိုင္သည္။ ျပည္မအတြက္ NLD ၊ ရွမ္းျပည္နယ္အတြက္ SNLD ႏွင့္ ရခိုင္ျပည္နယ္အတြက္ ANP တို႔ကို ျပန္လည္ပါဝင္ေစသင့္ေၾကာင္း အႀကံျပဳ ဖြယ္ရွိသည္။ ေ႐ြးေကာက္ပြဲ အၿပီးေပၚလာေသာ အစိုးရတစ္ရပ္ႏွင့္ FPNCC (၇)ဖြဲ႕ကို စကားဝိုင္း ေပၚတက္လာေစရန္ ညႇိႏႈိင္းေပးဖြယ္ရွိသည္။ ေ႐ြး ေကာက္ပြဲအၿပီး ေပၚထြက္လာေသာ အစိုးရသစ္၏ သမၼတကို ေကာေဇာနီခင္း၍ ႀကိဳဆိုရန္လည္း တ႐ုတ္တို႔ ကတိကဝတ္မ်ားေပးမည္မွာ ေသခ်ာသည္။ ထိုျပယုဂ္သည္ ျမန္မာအေပၚ ဆက္ဆံရမည့္ ပုံစံသစ္ကို အျခားေသာႏိုင္ငံ အသီးသီး နားလည္ လက္ခံလာေစရန္ သတင္းစကား ခ်ျပေပးျခင္းမ်ိဳး ျဖစ္လာလိမ့္မည္။ (၂၀၂၅) ေ႐ြးေကာက္ပြဲ မတိုင္မီကတည္းက တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ား စတင္ဝင္ ေရာက္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးထံ အာမခံ ေပးၾကလိမ့္မည္ျဖစ္သည္။ “ဒီဇင္ဘာထဲမွာ တ႐ုတ္လုပ္ငန္းရွင္(၇၀)ေက်ာ္ လာၾကလိမ့္မယ္။ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ကိုလည္း တ႐ုတ္ဘက္က ျပန္စခ်င္ေနတယ္။ Asia World ထြန္းျမင့္ႏိုင္တို႔ ၊ ေရွာက္ပန္း ေရွာက္စန္း (Time City) တို႔ အုပ္စုက အဲဒီဘက္မွာ ေျခေတာ္ေတာ္လွမ္းထားၿပီးၿပီ။ ျမန္မာဘက္က ႏိုင္ငံျခားေငြ အက်ပ္အတည္းနဲ႔ ေလာင္စာဆီ ျပႆနာကိုကူညီေပးဖို႔လည္း တ႐ုတ္ဘက္က ကတိေပးထားၾကတယ္” ဟု သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။ သို႔ေသာ္ တ႐ုတ္တို႔၏ စီးပြားေရးက်င့္ဝတ္ အေပၚသတိႀကီးႀကီးထားရန္လိုသည္။ တ႐ုတ္ႏိုင္ငံသည္ ခ်စ္ကြၽမ္းဝင္ရန္ သင့္ေသာ္လည္း လက္မထပ္သင့္ေသာ ႏိုင္ငံမ်ားထဲတြင္ပါ၏။ တ႐ုတ္ႏွင့္လက္ထပ္ခဲ့ေသာ ႏိုင္ငံအသီးသီး၏ အဆုံး သတ္သည္ ပ်ိဳမ်စ္စဥ္ကထက္ လွပျခင္းမရွိေတာ့ေပ။ တ႐ုတ္တို႔သည္ တူတစ္စုံတည္းျဖင့္ပင္ အ႐ိုးသာ က်န္ေအာင္ စားတတ္ၾကသည္။ သို႔ဆိုရလွ်င္ ဗိုလ္ခ်ဳပ္မႉးႀကီး၏ တ႐ုတ္ခရီးသည္ကား (၂၀၁၉) ခုႏွစ္အတြင္း သြားေရာက္ခဲ့ဖူး စဥ္ကထက္ပို၍ က်ဥ္းထဲက်ပ္ထဲတြင္ ျဖစ္ေနသည္ဟု ဆိုရမည္ပင္။ (၂၀၁၉) ခုႏွစ္ ဧၿပီလအတြင္းက တ႐ုတ္ျပည္သို႔ ဗိုလ္ခ်ဳပ္မႉးႀကီး သြားေရာက္ခဲ့ဖူးသည္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ျဖစ္ၿပီး ေနာက္ထပ္ (၉)လအၾကာ (၂၀၂၀) ျပည့္ႏွစ္ ဇန္နဝါရီလတြင္ တ႐ုတ္သမၼတ ျမန္မာျပည္သို႔ လာလည္ခဲ့သည္။ သူတို႔ႏွစ္ဦးသည္ကား အသစ္စက္စက္ ေခါင္းေဆာင္ မ်ားမဟုတ္ၾကသကဲ့သို႔ သူစိမ္းျပင္ျပင္လည္း မဟုတ္ၾကေပ။ (၂၀၂၀) ျပည့္ႏွစ္ခရီးစဥ္အတြင္း၌ သမၼတဦး ဝင္းျမင့္၊ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစု ၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လႈိင္တို႔၏ ေျပျပစ္မႈမရွိေတာ့ေသာ အတြင္းေရးအခ်ိဳ႕ကို သမၼတ ရွီက်င့္ပင္က ရိပ္စားမိခဲ့ ဖူးသည္။ (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္း ျဖစ္လာႏိုင္ေျခကို ထိုစဥ္ကတည္းက ရွီက်င့္ပင္ ခန႔္မွန္းၿပီးသား ျဖစ္လိမ့္မည္ဟု သုံးသပ္မိသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနျဖင့္ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီက်န္းႏွင့္ ေတြ႕ဆုံမႈ၌ အေပးအယူကို ျပတ္သားစြာ လုပ္ေဆာင္သင့္သည္။ တ႐ုတ္တို႔၏လိုအင္ကို နားလည္မႈရွိရွိ အသုံးခ်၍ ႏိုင္ငံ့အက်ိဳးစီးပြားတိုး တက္ေစရန္ ေဖာ္ေဆာင္သင့္၏။ ရွမ္းေျမာက္ အေရးတြင္ လက္နက္ကိုင္ပုန္ကန္သူမ်ား၏ ေစာင့္ ေရွာက္မႈျဖင့္ ရထားလမ္းစီမံကိန္းမ်ားကို အရွိန္ျမႇင့္ တင္သင့္သည္။ မူရင္းစီမံခ်က္ ၿပီးစီးေရးအတြက္ ယာလည္းညက္၍ ၾကက္လည္း ေမာေစေသာ မဟာဗ်ဳဟာမ်ားကိုသာ သုံးစြဲသင့္သည္။ ၾကက္တို႔သည္ကား အေတာင္ပံပါေသာ္လည္း ပ်ံသန္းတတ္ေသာ အမ်ိဳးမဟုတ္ေပ။ လက္နက္ကိုင္သူပုန္မ်ားသည္ အေတာင္ပံပါေသာ မ်ိဳးစိတ္ျဖစ္ေသာ္လည္း သိမ္းငွက္ သကဲ့သို႔ ဂုဏ္သေရမ်ိဳး မရွိၾကေခ်။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ တပ္မေတာ္သည္ သိမ္းငွက္ႏွင့္ တူသင့္၏။ သိမ္းငွက္သည္ အျမင္စူးရွျခင္း၊ စိတ္ရွည္စြာ ေစာင့္ဆိုင္း တတ္ျခင္း၊ အခ်ိန္ၾကာျမင့္စြာ ပ်ံသန္းႏိုင္ျခင္း၊ ရည္မွန္းခ်က္သားေကာင္ကို တိက်စြာ ထိုးသုတ္တတ္ျခင္းအပါအဝင္ ရဲရင့္ေသာမ်ိဳး႐ိုးဂုဏ္ရွိ၏။ သမိုင္းကိုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးကသာ မွတ္ ေက်ာက္ေရးထိုးခြင့္ ရွိေနသည္။ သို႔ေသာ္ မွတ္ ေက်ာက္ေရးခြင့္ရွိသူတိုင္း သမိုင္းတြင္ၾကသည္ မဟုတ္ဘဲ သမိုင္းေသသြားတတ္ၾကသည္ကိုလည္း မေမ့သင့္ေပ။ လိုရင္း ဆိုရေသာ္ ဗိုလ္ခ်ဳပ္မႉးႀကီး၏ “ တ႐ုတ္ျပည္သြားေတာလား ” သည္ ေခ်ာင္ေဝ၊ စြန္းဝူ၊ ရႈဟန္ သုံးျပည္ေထာင္ျဖစ္ရပ္ထဲမွ ယြင္ခ်န္၏ ဉာဏ္ပညာႏွင့္ ဇာတိမာန္မာနကို နမူနာယူသင့္သည္။ ရႈဟန္ အက်ပ္အတည္းရင္ဆိုင္ေနရခ်ိန္၌ ပညာရွိ စစ္သူႀကီး ယြင္ခ်န္က ဥာဏ္ပညာ၊ ဇာတိမာန္၊ ပါးရည္နပ္ရည္ရွိေသာ လိုရာေရာက္သည့္စကားလုံး မ်ားျဖင့္ စြန္းဝူ အႀကီးအကဲ၏ စိတ္အာ႐ုံကို ဖမ္းစား၍ ေအာင္ျမင္မႈရယူခဲ့ဖူးသည္။ ဗိုလ္ခ်ဳပ္မႉးႀကီးသည္လည္း ေခသူမဟုတ္ဟု နားလည္မိစြာျဖင့္ တ႐ုတ္ျပန္ လက္ေဆာင္ေကာင္းမ်ားကို ေမွ်ာ္လင့္မိပါေၾကာင္း။

Related news

© 2021. All rights reserved.