လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....

 705

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၃

အစ္စရေးနဲ့ ပါလက်စတိုင်းအခြေစိုက် ဟားမတ်စ် အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲနဲ့ဆက်နွှယ် ပြီး လက်ရှိအချိန်မှာ အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ္စဘိုလာအဖွဲ့ကြား စစ်ပွဲတွေထပ်မံဖြစ်ပွား လျက်ရှိနေပါတယ်။ အစ္စရေးဟာ ၎င်းနိုင်ငံဘက်ခြမ်းကို ရော့ကက်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတဲ့ ဟစ္စဘိုလာအဖွဲ့ကိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ လက်ဘနွန်နိုင်ငံကို လေကြောင်းကဗုံး ကြဲတာ၊ မြေပြင်တပ်ဖွဲ့တွေ စေလွှတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။ အစ္စရေးနဲ့ဟစ္စဘိုလာအဖွဲ့ကြား ဖြစ်ပွားနေတဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု အရှိန်မြင့်တက်နေပေမယ့် လက်ဘနွန်နိုင်ငံရဲ့စစ်တပ် ကတော့ လက်ပိုက်ကြည့်နေခဲ့ပါတယ်။ လက်ဘနွန် စစ်တပ်ဟာ နိုင်ငံတောင်ပိုင်းကို အစ္စရေးမြေပြင် တပ်ဖွဲ့တွေ ကျူးကျော်ဝင်ရောက်လာခြင်းကို တွေ့မြင်ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပစ်ခတ်တိုက်ခိုက် ခြင်းမျိုးမရှိဘဲ လမ်းဘေးက ရပ်ကြည့်နေခဲ့ရာ လက်ဘနွန် စစ်တပ်ရဲ့နိုင်ငံကာကွယ်ရေးအခန်းကဏ္ဍနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ၊ စိတ်ဝင်စားစရာတွေ များစွာဖြစ်လာစေခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့စစ်တပ်ဟာ နိုင်ငံတည်ငြိမ်လုံခြုံအောင် ထိန်းသိမ်းဖို့၊ ပြည်ပကျူးကျော် ရန်စမှု တွေကနေ နိုင်ငံနဲ့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့၊ နိုင်ငံ့အကျိုးစီးပွားကို ခြိမ်းခြောက်နေတဲ့အရာတွေကို ရင်ဆိုင်ဖို့ စတဲ့အချက်တွေ လုပ်ဆောင်ဖို့ အဓိက တာဝန်ကြီးတွေရှိနေပေမယ့် လက်ဘနွန်စစ်တပ် က တော့ နိုင်ငံလုံခြုံရေးနဲ့တည်ငြိမ်မှုကို ဖျက်ဆီးနေသူကို မသိကျိုးကျွံပြုနေခဲ့ပါတယ်။ လက်ဘနွန်စစ်တပ် ဟာ ဟစ္စဘိုလာအဖွဲ့တွေကို တိုက်ခိုက်ဖို့ အစ္စရေးနိုင်ငံရဲ့ကျူးကျော်တိုက်ခိုက်ခံရချိန်တုန်းက လက်တုံ့ ပြန်မှု မရှိဘဲ ကြားနေအဖြစ်ရပ်တည်ခဲ့တာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ အစ္စရေး ဟာ လက်ဘနွန်နိုင်ငံကို နှစ်ပေါင်း (၅၀)ကျော်အတွင်းမှာ ကျူးကျော်တိုက်ခိုက်မှု အနည်းဆုံး (၄) ကြိမ် လုပ်ဆောင်ခဲ့ပြီး လက်ဘနွန်စစ်တပ်က အကြိမ်တိုင်း လိုလိုမှာ ကြားနေပုံစံမျိုးသာ ရပ်တည်ခဲ့ တယ်လို့ သိရပါတယ်။ လက်ဘနွန်နိုင်ငံရဲ့စစ်အင်အားနဲ့ ခေတ်မီလက်နက်ပိုင်ဆိုင်မှုတွေဟာ နိုင်ငံ အတွင်း ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်တွေကြောင့် အစစအရာရာ ကျဆင်းခဲ့ရပြီး အမေရိကန်နိုင်ငံက အကြမ်းအဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ဟစ္စဘိုလာလက်နက်ကိုင် အဖွဲ့လောက် အင်အားတောင့်တင်းမှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။

လက်ဘနွန်စစ်တပ်မှာ ကြည်း ရေ လေ တပ်ဖွဲ့ တွေရှိနေပြီး ကြည်းတပ်အင်အား (၈၄၂၀ဝ)၊ လေ တပ်အင်အား(၂၅၀ဝ)နဲ့ ရေတပ်အင်အား (၁၇၀ဝ) ရှိနေပေမယ့် စစ်လက်နက်ပိုင်ဆိုင်မှုတွေဟာ ခေတ်မီမှု မရှိဘူးလို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် လက်ဘနွန် စစ်တပ်မှာ အင်ဂျင်နီယာတပ်ဖွဲ့၊ အထူးတပ်ဖွဲ့ဝင်တွေလည်း ရှိနေပြီး တပ်ဖွဲ့ဝင်အားလုံးဟာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ရခြင်းမျိုးဖြစ်နေပါတယ်။ လက်ဘနွန် စစ်တပ် ဟာ ဒေသအတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင် ခေတ်မီအင်အားတောင့်တင်းမှုမရှိဖြစ်နေရာ နိုင်ငံ အတွင်း ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ လက်ဘနွန်မှာ နိုင်ငံရေးဩဇာ အာဏာကို ဘာသာရေးအသင်းအဖွဲ့ အများအပြား အကြား ခွဲဝေကျင့်သုံးနေရာကနေ နိုင်ငံကာကွယ်ရေး ပိုင်း အင်အားလျော့နည်းမှုတွေဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ပြင်သစ်နိုင်ငံလက်အောက်ကနေ လက်ဘနွန် လွတ်လပ်ရေးရခဲ့ချိန် (၁၉၄၃) ခုနှစ်ကစတင်ပြီး ဘာသာရေးအဖွဲ့စည်းတွေကြား သဘောတူညီချက် တစ်ခုအရ နိုင်ငံသမ္မတအနေနဲ့ မာရွန်နိုက် ခရစ် ယာန် ဘာသာဝင်တစ်ဦးဖြစ်ရမှာဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးကို ဆွန်နီ မွတ်စလင်၊ ပါလီမန်ဥက္ကဋ္ဌရာထူးကို ရှီယာ မွတ်စလင် တို့ကိုပဲ ခန့်အပ်ရမှာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို မာရွန်နိုက် ခရစ် ယာန် ဘာသာဝင်တစ်ဦးက အစဉ်အားဖြင့် တာဝန်ယူထမ်းဆောင်လေ့ရှိနေပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် (၁၉၄၃)ခုနှစ်တုန်းက လက်ဘနွန်မှာ မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေ အရွယ်အစား ဆတူ ကြီးမားကြတာကို ထင်ဟပ်ပြနေခဲ့ပြီး ခရစ်ယာန်ဘာသာဝင် အရေအတွက်က ဆွန်နီနဲ့ ရှီယာမွတ်စလင် တွေထက် ပိုများပြီး လူဦးရေရဲ့ တစ်ဝက်ကျော်လောက်ရှိပါတယ်။ ဒါပေမဲ့လည်း ခရစ်ယာန်၊ ဆွန်နီ မွတ် စလင်၊ ရှီယာ မွတ်စလင်တွေရဲ့အရေအတွက်က လက်ရှိအချိန်မှာ လူဦးရေရဲ့ (၃၀) ရာခိုင်နှုန်းကျော်စီ ရှိနေတယ်လို့ ခန့်မှန်းထားတဲ့အတွက် ဒီသဘောတူချက်က ခေတ်နဲ့မလျော်ညီတော့ဘူးလို့ အတော် များများက ပြောနေပါတယ်။

လက်ရှိအချိန်မှာတော့ လက်ဘနွန်နိုင်ငံရဲ့ လူဦးရေအများစုဟာ မွတ်စလင်တွေဖြစ်နေကြရာ အဲဒီ မွတ်စလင်အများစုက ခရစ်ယာန်ဘာသာဝင်တွေ ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းခွင့်ရတဲ့ လက်ဘနွန် စစ်တပ်ကို အားပေးထောက်ခံမှုလျော့နည်းတယ်လို့ ဆိုကြပါတယ်။

လက်ဘနွန်နိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးမှာပါဝင်နေတဲ့ ခရစ်ယာန်ဘာသာဝင် တွေနဲ့ မွတ်စလင်ဘာသာဝင်တွေကြား သဘောထား အမြင်မတူခဲ့ရာကနေ စစ်တပ်ရဲ့အင်အား တောင့် တင်းမှုကို ထိခိုက်စေခဲ့ပါတယ်။ ခရစ်ယာန်နိုင်ငံရေးသမားတွေက လက်ဘနွန်နိုင်ငံစစ်တပ်အတွင်း မွတ်စ လင်တွေများလာမှုနဲ့အတူ ခေတ်မီလက်နက်တွေရှိ လာမယ်ဆိုရင် မွတ်စလင်တွေရဲ့ အာဏာသိမ်းခံရမှာ စိုးရိမ်ခဲ့သလို နိုင်ငံတွင်းရှိ မွတ်စလင်တွေနဲ့ဆက်နွှယ် တဲ့စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ရမှာကို စိုးရိမ်ခဲ့ပါ တယ်။ အထူးသဖြင့် အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိမွတ်စလင်တွေကြား စစ်ပွဲဖြစ်လာ မယ်ဆိုရင် လက်ဘနွန်စပ်တပ်အသုံးချခံရမှာ စိုးရိမ်နေတဲ့အတွက် နိုင်ငံ စစ်လက်နက်အင်အား တောင့် တင်းမှုပိုင်းကို လျှော့ချတာတွေရှိခဲ့ပါတယ်။

မွတ်စလင် နိုင်ငံရေးသမားတွေကလည်း ခရစ် ယာန်ဘာသာဝင်တွေကို ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ထားတဲ့ လက်ဘနွန်စစ်တပ် အင်အားကောင်းလာရင် မွတ်စလင်တွေရဲ့အကျိုးစီးပွားကို ထိခိုက် ဖျက်ဆီးမှာ စိုးရိမ်မှုတွေရှိနေတဲ့အတွက် လက်ဘနွန် စစ်တပ်ခေတ်မီလက်နက်တွေပိုင်ဆိုင်ရေး အပါ အဝင် စစ်တပ်ဖွံ့ဖြိုးရေးကိုအားပေးထောက်ခံခြင်းမရှိခဲ့ဘူး၊ ဒါကြောင့်လည်း လက်ဘနွန်နိုင်ငံဟာ လွတ်လပ်ရေး ရပြီးနောက် (၁၉၅၀)ပြည့်နှစ်ကနေ (၁၉၆၀) ပြည့်အတွင်း စစ်တပ်ရဲ့ကာကွယ်ရေး အသုံးစရိတ်ဟာ နိုင်ငံဂျီဒီပီရဲ့(၄)ရာခိုင်နှုန်းသာ သုံးစွဲနိုင်ခဲ့ပါတယ်။ လက်ဘနွန် နိုင်ငံအတွင်းရှိ မွတ်စလင် နိုင်ငံရေးသမားဟာ ခရစ်ယာန်ဘာသာဝင်တွေကြီးစိုးထားတဲ့စစ်တပ်ကို အား ပေးထောက်ခံခြင်းထက် ရှီယာမွတ်စလင်အများစု ရှိ နေတဲ့ ဟစ္စဘိုလာအဖွဲ့ကို အားပေးထောက်ခံခဲ့ရာ နိုင်ငံစစ်တပ်ရဲ့အင်အားနဲ့ စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှုဟာ ဟစ္စဘိုလာအုပ်စုလောက် ကောင်းမွန်မှုမရှိပါဘူး။ လက်ဘနွန်နိုင်ငံ အတွင်းရှိ လူငယ်အများစုဟာ နိုင်ငံရဲ့ တရားဝင်စစ်တပ်ကို ဝင်ရောက်ခြင်းထက် ဟစ္စဘိုလာ လက်နက်ကိုင်အဖွဲ့ကို ပိုမိုဝင်ရောက်လာခဲ့ပါတယ်။

လက်ဘနွန်ရဲ့ စစ်တပ်အင်အားကောင်းမွန်မှု မရှိတဲ့အတွက် (၁၉၇၅) ခုနှစ်မှာဖြစ်ပွားတဲ့ ပြည်တွင်း စစ်ကြောင့် စစ်တပ်ရဲ့စွမ်းရည်ပိုင်းတွေလည်း ပျက်စီးခဲ့ရပြီး နိုင်ငံပိုင်နက်တွေကို အစ္စရေးနဲ့ ဆီးရီးယားတို့က သိမ်းယူတာတွေလည်း ရှိခဲ့ဖူးပါတယ်။ လက်ဘနွန်နိုင် ငံမှာကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ် နဲ့ နိုင်ငံအတွင်းရှိနေတဲ့ မွတ်စလင်နဲ့ခရစ်ယာန် နိုင်ငံရေးသမားတွေကြား အားပြိုင်မှုတွေကြောင့် စစ်တပ် ရဲ့ အင်အားလျော့ နည်းမှုတွေရှိနေချိန်မှာ နိုင်ငံစီးပွားရေးအခက်ခဲ ထပ်မံတွေ့ကြုံခဲ့ရတဲ့အတွက် စစ်တပ် အတွက်လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူဖြည့်တင်းနိုင်တာ မျိုးမရှိခဲ့ပါဘူး။ လက်ဘနွန် နိုင်ငံမှာ (၂၀၁၉)ခုနှစ် စီးပွားရေးပြိုလဲမှုတွေဖြစ်ပွားခဲ့ရာ စစ်သားတွေရဲ့လစာနဲ့ ကာကွယ်ရေး အသုံး စရိတ် လျှော့ချခံရတာတွေရှိခဲ့ပါ တယ်။ အဲဒီလိုမျိုး စစ်သားတွေရဲ့လစာနဲ့ ကာကွယ် ရေးအသုံးစရိတ်တွေ ထပ်မံလျှော့ချ ခံလိုက်ရတာဟာ လက်ဘနွန်စစ်တပ်အပေါ် တိုက်ရိုက်သက်ရောက်မှု များစွာဖြစ်ခဲ့ရပါ တယ်။ လက်ဘနွန်နိုင်ငံမှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၈၀)ကျော်လာခဲ့ပေမယ့် တရားဝင် စစ်တပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ တစ်နှစ်ကို နိုင်ငံဂျီပီဒီရဲ့(၄)ရာခိုင်နှုန်းအထိ မရှိခဲ့ပါဘူး၊ ဒါကြောင့် လက်ဘ နွန် စစ်တပ်ဟာ ခေတ်မီတိုက် လေ ယာဉ်တွေ ပိုင်ဆိုင်ခြင်းမျိုးမရှိသလို ခေတ်မီလက် နက်တွေ ဝယ်ယူနိုင်ခြင်း အားနည်းခဲ့ပါတယ်။ နိုင်ငံ့ စီးပွားရေးကျဆင်းခဲ့တဲ့အတွက် လက်ဘနွန်စစ်သား တွေရဲ့ လစာဟာ တစ်လကို အမေရိကန်ဒေါ်လာ (၂၀ဝ)ကျော်ရရှိခဲ့ပြီး စစ်သားအများစုဟာ အလုပ် ထွက်ကာ တခြား အလုပ်တွေကို ပြောင်းလဲလုပ်ကိုင် ခဲ့ပါတယ်။ အမေရိကန်နဲ့ ကာတာနိုင်ငံတို့ဟာ လက်ဘနွန် နိုင်ငံရဲ့စစ်သားတွေကို လစာတွေပေးချေပေး နေရတယ်လို့ဆိုကြပါတယ်။ လက်ရှိအချိန်မှာ အစ္စ ရေးရဲ့ကျူးကျော်မှုတွေနဲ့ပတ်သက်ပြီး လက်ဘနွန် စစ်တပ်ဟာ နိုင်ငံရေးကာကွယ်ရေးအတွက် အကန့် သတ်နဲ့သာလုပ်ဆောင်နေရတယ်လို့ လက်ဘနွန်ဗိုလ် ချုပ်ဟောင်းတစ်ဦးကပြောပါတယ်။ ၎င်းက “ စစ် တပ်ရဲ့သဘောသဘာဝဟာ လက်ဘနွန်နိုင်ငံ ပိုင်နက်တွေကို ကျူးကျော်လာသူတွေရဲ့ရန်က ကာကွယ် ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးစစ်တပ်က လက်ဘနွန် နိုင်ငံအတွင်း ကျူးကျော် ဝင်ရောက်လာချိန်မှာ ကျွန်တော်တို့စစ်တပ်က ကာကွယ်ရမှာဖြစ်ပေမယ့် လက်ဘနွန်စစ်တပ်ရဲ့လုပ်နိုင်စွမ်းက ကန့်သတ်ခံ ထားရသလိုမျိုး ဖြစ်ခဲ့တယ်”လို့ပြောပါတယ်။

လက်ဘနွန်စစ်တပ်ဟာ အစိုးရအဖွဲ့ရဲ့ညွှန်ကြား ချက်တွေအတိုင်းလုပ်ဆောင်ခဲ့ရပေမယ့် ရှီယာ မွတ်စလင်အများစုအားပေးထောက်ခံထားတဲ့ ဟစ္စဘိုလာ အဖွဲ့ကတော့ လွတ်လပ်စွာ လုပ်ကိုင်ခွင်ရရှိနေခဲ့ပါ တယ်။ ဟစ္စဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေး ပါတီကို လက်ဘနွန်နိုင်ငံ အတွင်းရှိ ရှီယာဘာသာ ဝင်အများစုက အားပေးထောက်ခံခဲ့ပြီး အစိုးရအဖွဲ့ အတွင်းမှာလည်း ဟစ္စဘိုလာ နိုင်ငံရေးပါတီရဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရှိနေပါတယ်။ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို သိမ်းပိုက်ခဲ့တဲ့အစ္စရေးတပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရှီယာ မွတ်စလင် လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် ဟစ္စဘိုလာအဖွဲ့ကို လက်ဘနွန်ပြည်တွင်းစစ်ကာလ(၁၉၈၂) ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အီရန်နိုင်ငံက ဟစ္စဘို လာအဖွဲ့တွေကို လက်နက်အပြည့်အစုံတပ်ဆင် ပေးခဲ့ ပြီး ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ (၁၉၈၅) ခုနှစ်မှာ ဟစ္စဘိုလာအဖွဲ့က သူတို့ကိုယ်သူတို့ တရားဝင်အဖွဲ့ အစည်းအဖြစ်ထုတ်ပြန်ခဲ့ပြီး အီရန်မှာ ရှိထားသလိုမျိုး လက်ဘနွန်မှာ အစ္စလာမ္မစ်နိုင်ငံတစ်ခု ထူထောင် ဖို့လိုလားတယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါ့ပြင် လက်ဘနွန်တောင်ပိုင်းနဲ့ ပါလက် စတိုင်း နယ်မြေတွေ မှာ အစ္စရေးတို့သိမ်းပိုက်ထားမှု အဆုံးသတ်သွား အောင်လုပ်မယ်လို့လည်း ဟစ္စဘိုလာ အဖွဲ့က ပြောဆိုထားပါတယ်။ လက်ဘနွန်နိုင်ငံမှာ တရားဝင်စစ်တပ် ရှိနေရဲ့နဲ့ အဲဒီစစ်တပ်ကို အား ကောင်းအောင် နိုင်ငံအတွင်းရှိ ဘာသာဝင်တိုင်း၊ နိုင်ငံရေးပါတီတိုင်း ဝိုင်းဝန်း အားပေးရမှာဖြစ်ပေမယ့် ဘာသာရေးအ ကြောင်းပြ ချက်တွေနဲ့ တရားဝင်စစ်တပ်ကို အားအင်ချည့်နဲ့ အောင်လုပ်ဆောင်ကာ စစ်ပြိုင်အဖွဲ့စည်းတွေ ဖွဲ့ စည်းခဲ့ခြင်းကြောင့် နိုင်ငံကျူးကျော်ခံရချိန်တိုင်း လက်ဘနွန်စစ်တပ်ဟာ နိုင်ငံကို ကာကွယ်နိုင်စွမ်းမရှိဘဲ ပုံရိပ်ကျဆင်းခဲ့ရတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

zawgyi version
လက္ဘႏြန္စစ္တပ္က အစၥေရးရဲ႕က်ဴးေက်ာ္မႈေတြကို ဘာေၾကာင့္ မသိက်ိဳးကြၽံျပဳေနခဲ့ရသလဲ ....
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၃

အစၥေရးနဲ႔ ပါလက္စတိုင္းအေျခစိုက္ ဟားမတ္စ္ အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲနဲ႔ဆက္ႏႊယ္ ၿပီး လက္ရွိအခ်ိန္မွာ အစၥေရးနဲ႔ လက္ဘႏြန္ႏိုင္ငံအေျခစိုက္ ဟစၥဘိုလာအဖြဲ႕ၾကား စစ္ပြဲေတြထပ္မံျဖစ္ပြား လ်က္ရွိေနပါတယ္။ အစၥေရးဟာ ၎ႏိုင္ငံဘက္ျခမ္းကို ေရာ့ကက္ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ေနတဲ့ ဟစၥဘိုလာအဖြဲ႕ကိုတိုက္ခိုက္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ လက္ဘႏြန္ႏိုင္ငံကို ေလေၾကာင္းကဗုံး ႀကဲတာ၊ ေျမျပင္တပ္ဖြဲ႕ေတြ ေစလႊတ္တာေတြလုပ္ေဆာင္ခဲ့ပါတယ္။ အစၥေရးနဲ႔ဟစၥဘိုလာအဖြဲ႕ၾကား ျဖစ္ပြားေနတဲ့ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈ အရွိန္ျမင့္တက္ေနေပမယ့္ လက္ဘႏြန္ႏိုင္ငံရဲ႕စစ္တပ္ ကေတာ့ လက္ပိုက္ၾကည့္ေနခဲ့ပါတယ္။ လက္ဘႏြန္ စစ္တပ္ဟာ ႏိုင္ငံေတာင္ပိုင္းကို အစၥေရးေျမျပင္ တပ္ဖြဲ႕ေတြ က်ဴးေက်ာ္ဝင္ေရာက္လာျခင္းကို ေတြ႕ျမင္ေပမယ့္ တစ္စုံတစ္ရာ တုံ႔ျပန္ပစ္ခတ္တိုက္ခိုက္ ျခင္းမ်ိဳးမရွိဘဲ လမ္းေဘးက ရပ္ၾကည့္ေနခဲ့ရာ လက္ဘႏြန္ စစ္တပ္ရဲ႕ႏိုင္ငံကာကြယ္ေရးအခန္းက႑နဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာေတြ၊ စိတ္ဝင္စားစရာေတြ မ်ားစြာျဖစ္လာေစခဲ့ပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံရဲ႕စစ္တပ္ဟာ ႏိုင္ငံတည္ၿငိမ္လုံၿခဳံေအာင္ ထိန္းသိမ္းဖို႔၊ ျပည္ပက်ဴးေက်ာ္ ရန္စမႈ ေတြကေန ႏိုင္ငံနဲ႔ႏိုင္ငံသားေတြကို ကာကြယ္ေပးဖို႔၊ ႏိုင္ငံ့အက်ိဳးစီးပြားကို ၿခိမ္းေျခာက္ေနတဲ့အရာေတြကို ရင္ဆိုင္ဖို႔ စတဲ့အခ်က္ေတြ လုပ္ေဆာင္ဖို႔ အဓိက တာဝန္ႀကီးေတြရွိေနေပမယ့္ လက္ဘႏြန္စစ္တပ္ က ေတာ့ ႏိုင္ငံလုံၿခဳံေရးနဲ႔တည္ၿငိမ္မႈကို ဖ်က္ဆီးေနသူကို မသိက်ိဳးကြၽံျပဳေနခဲ့ပါတယ္။ လက္ဘႏြန္စစ္တပ္ ဟာ ဟစၥဘိုလာအဖြဲ႕ေတြကို တိုက္ခိုက္ဖို႔ အစၥေရးႏိုင္ငံရဲ႕က်ဴးေက်ာ္တိုက္ခိုက္ခံရခ်ိန္တုန္းက လက္တုံ႔ ျပန္မႈ မရွိဘဲ ၾကားေနအျဖစ္ရပ္တည္ခဲ့တာဟာ ဒီတစ္ႀကိမ္နဲ႔ဆိုရင္ ေလးႀကိမ္ေျမာက္ရွိၿပီျဖစ္ပါတယ္။ အစၥေရး ဟာ လက္ဘႏြန္ႏိုင္ငံကို ႏွစ္ေပါင္း (၅၀)ေက်ာ္အတြင္းမွာ က်ဴးေက်ာ္တိုက္ခိုက္မႈ အနည္းဆုံး (၄) ႀကိမ္ လုပ္ေဆာင္ခဲ့ၿပီး လက္ဘႏြန္စစ္တပ္က အႀကိမ္တိုင္း လိုလိုမွာ ၾကားေနပုံစံမ်ိဳးသာ ရပ္တည္ခဲ့ တယ္လို႔ သိရပါတယ္။ လက္ဘႏြန္ႏိုင္ငံရဲ႕စစ္အင္အားနဲ႔ ေခတ္မီလက္နက္ပိုင္ဆိုင္မႈေတြဟာ ႏိုင္ငံ အတြင္း က်င့္သုံးေနတဲ့ ႏိုင္ငံေရးစနစ္ေတြေၾကာင့္ အစစအရာရာ က်ဆင္းခဲ့ရၿပီး အေမရိကန္ႏိုင္ငံက အၾကမ္းအဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားတဲ့ ဟစၥဘိုလာလက္နက္ကိုင္ အဖြဲ႕ေလာက္ အင္အားေတာင့္တင္းမႈ မရွိဘူးလို႔ ဆိုႏိုင္ပါတယ္။

လက္ဘႏြန္စစ္တပ္မွာ ၾကည္း ေရ ေလ တပ္ဖြဲ႕ ေတြရွိေနၿပီး ၾကည္းတပ္အင္အား (၈၄၂၀ဝ)၊ ေလ တပ္အင္အား(၂၅၀ဝ)နဲ႔ ေရတပ္အင္အား (၁၇၀ဝ) ရွိေနေပမယ့္ စစ္လက္နက္ပိုင္ဆိုင္မႈေတြဟာ ေခတ္မီမႈ မရွိဘူးလို႔ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ လက္ဘႏြန္ စစ္တပ္မွာ အင္ဂ်င္နီယာတပ္ဖြဲ႕၊ အထူးတပ္ဖြဲ႕ဝင္ေတြလည္း ရွိေနၿပီး တပ္ဖြဲ႕ဝင္အားလုံးဟာ ေစတနာ့ဝန္ထမ္းအျဖစ္ လုပ္ကိုင္ရျခင္းမ်ိဳးျဖစ္ေနပါတယ္။ လက္ဘႏြန္ စစ္တပ္ ဟာ ေဒသအတြင္းႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ ရင္ ေခတ္မီအင္အားေတာင့္တင္းမႈမရွိျဖစ္ေနရာ ႏိုင္ငံ အတြင္း က်င့္သုံးေနတဲ့ ႏိုင္ငံေရးစနစ္ေတြေၾကာင့္ျဖစ္တယ္လို႔ဆိုပါတယ္။ လက္ဘႏြန္မွာ ႏိုင္ငံေရးဩဇာ အာဏာကို ဘာသာေရးအသင္းအဖြဲ႕ အမ်ားအျပား အၾကား ခြဲေဝက်င့္သုံးေနရာကေန ႏိုင္ငံကာကြယ္ေရး ပိုင္း အင္အားေလ်ာ့နည္းမႈေတြျဖစ္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

ျပင္သစ္ႏိုင္ငံလက္ေအာက္ကေန လက္ဘႏြန္ လြတ္လပ္ေရးရခဲ့ခ်ိန္ (၁၉၄၃) ခုႏွစ္ကစတင္ၿပီး ဘာသာေရးအဖြဲ႕စည္းေတြၾကား သေဘာတူညီခ်က္ တစ္ခုအရ ႏိုင္ငံသမၼတအေနနဲ႔ မာ႐ြန္ႏိုက္ ခရစ္ ယာန္ ဘာသာဝင္တစ္ဦးျဖစ္ရမွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ရာထူးကို ဆြန္နီ မြတ္စလင္၊ ပါလီမန္ဥကၠ႒ရာထူးကို ရွီယာ မြတ္စလင္ တို႔ကိုပဲ ခန႔္အပ္ရမွာျဖစ္ပါတယ္။ ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ကို မာ႐ြန္ႏိုက္ ခရစ္ ယာန္ ဘာသာဝင္တစ္ဦးက အစဥ္အားျဖင့္ တာဝန္ယူထမ္းေဆာင္ေလ့ရွိေနပါတယ္။ ဒါကို ၾကည့္ျခင္း အားျဖင့္ (၁၉၄၃)ခုႏွစ္တုန္းက လက္ဘႏြန္မွာ မတူကြဲျပားတဲ့ ဘာသာေရးအုပ္စုေတြ အ႐ြယ္အစား ဆတူ ႀကီးမားၾကတာကို ထင္ဟပ္ျပေနခဲ့ၿပီး ခရစ္ယာန္ဘာသာဝင္ အေရအတြက္က ဆြန္နီနဲ႔ ရွီယာမြတ္စလင္ ေတြထက္ ပိုမ်ားၿပီး လူဦးေရရဲ႕ တစ္ဝက္ေက်ာ္ေလာက္ရွိပါတယ္။ ဒါေပမဲ့လည္း ခရစ္ယာန္၊ ဆြန္နီ မြတ္ စလင္၊ ရွီယာ မြတ္စလင္ေတြရဲ႕အေရအတြက္က လက္ရွိအခ်ိန္မွာ လူဦးေရရဲ႕ (၃၀) ရာခိုင္ႏႈန္းေက်ာ္စီ ရွိေနတယ္လို႔ ခန႔္မွန္းထားတဲ့အတြက္ ဒီသေဘာတူခ်က္က ေခတ္နဲ႔မေလ်ာ္ညီေတာ့ဘူးလို႔ အေတာ္ မ်ားမ်ားက ေျပာေနပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ လက္ဘႏြန္ႏိုင္ငံရဲ႕ လူဦးေရအမ်ားစုဟာ မြတ္စလင္ေတြျဖစ္ေနၾကရာ အဲဒီ မြတ္စလင္အမ်ားစုက ခရစ္ယာန္ဘာသာဝင္ေတြ ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ထမ္းခြင့္ရတဲ့ လက္ဘႏြန္ စစ္တပ္ကို အားေပးေထာက္ခံမႈေလ်ာ့နည္းတယ္လို႔ ဆိုၾကပါတယ္။

လက္ဘႏြန္ႏိုင္ငံမွာ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ႏိုင္ငံေရးမွာပါဝင္ေနတဲ့ ခရစ္ယာန္ဘာသာဝင္ ေတြနဲ႔ မြတ္စလင္ဘာသာဝင္ေတြၾကား သေဘာထား အျမင္မတူခဲ့ရာကေန စစ္တပ္ရဲ႕အင္အား ေတာင့္ တင္းမႈကို ထိခိုက္ေစခဲ့ပါတယ္။ ခရစ္ယာန္ႏိုင္ငံေရးသမားေတြက လက္ဘႏြန္ႏိုင္ငံစစ္တပ္အတြင္း မြတ္စ လင္ေတြမ်ားလာမႈနဲ႔အတူ ေခတ္မီလက္နက္ေတြရွိ လာမယ္ဆိုရင္ မြတ္စလင္ေတြရဲ႕ အာဏာသိမ္းခံရမွာ စိုးရိမ္ခဲ့သလို ႏိုင္ငံတြင္းရွိ မြတ္စလင္ေတြနဲ႔ဆက္ႏႊယ္ တဲ့စစ္ပြဲေတြမွာ ပါဝင္တိုက္ခိုက္ရမွာကို စိုးရိမ္ခဲ့ပါ တယ္။ အထူးသျဖင့္ အစၥေရးနဲ႔ အေရွ႕အလယ္ပိုင္း ေဒသအတြင္းရွိမြတ္စလင္ေတြၾကား စစ္ပြဲျဖစ္လာ မယ္ဆိုရင္ လက္ဘႏြန္စပ္တပ္အသုံးခ်ခံရမွာ စိုးရိမ္ေနတဲ့အတြက္ ႏိုင္ငံ စစ္လက္နက္အင္အား ေတာင့္ တင္းမႈပိုင္းကို ေလွ်ာ့ခ်တာေတြရွိခဲ့ပါတယ္။

မြတ္စလင္ ႏိုင္ငံေရးသမားေတြကလည္း ခရစ္ ယာန္ဘာသာဝင္ေတြကို ကာကြယ္ေရးဦးစီးခ်ဳပ္ ခန႔္အပ္ထားတဲ့ လက္ဘႏြန္စစ္တပ္ အင္အားေကာင္းလာရင္ မြတ္စလင္ေတြရဲ႕အက်ိဳးစီးပြားကို ထိခိုက္ ဖ်က္ဆီးမွာ စိုးရိမ္မႈေတြရွိေနတဲ့အတြက္ လက္ဘႏြန္ စစ္တပ္ေခတ္မီလက္နက္ေတြပိုင္ဆိုင္ေရး အပါ အဝင္ စစ္တပ္ဖြံ႕ၿဖိဳးေရးကိုအားေပးေထာက္ခံျခင္းမရွိခဲ့ဘူး၊ ဒါေၾကာင့္လည္း လက္ဘႏြန္ႏိုင္ငံဟာ လြတ္လပ္ေရး ရၿပီးေနာက္ (၁၉၅၀)ျပည့္ႏွစ္ကေန (၁၉၆၀) ျပည့္အတြင္း စစ္တပ္ရဲ႕ကာကြယ္ေရး အသုံးစရိတ္ဟာ ႏိုင္ငံဂ်ီဒီပီရဲ႕(၄)ရာခိုင္ႏႈန္းသာ သုံးစြဲႏိုင္ခဲ့ပါတယ္။ လက္ဘႏြန္ ႏိုင္ငံအတြင္းရွိ မြတ္စလင္ ႏိုင္ငံေရးသမားဟာ ခရစ္ယာန္ဘာသာဝင္ေတြႀကီးစိုးထားတဲ့စစ္တပ္ကို အား ေပးေထာက္ခံျခင္းထက္ ရွီယာမြတ္စလင္အမ်ားစု ရွိ ေနတဲ့ ဟစၥဘိုလာအဖြဲ႕ကို အားေပးေထာက္ခံခဲ့ရာ ႏိုင္ငံစစ္တပ္ရဲ႕အင္အားနဲ႔ စစ္လက္နက္ပစၥည္းပိုင္ဆိုင္မႈဟာ ဟစၥဘိုလာအုပ္စုေလာက္ ေကာင္းမြန္မႈမရွိပါဘူး။ လက္ဘႏြန္ႏိုင္ငံ အတြင္းရွိ လူငယ္အမ်ားစုဟာ ႏိုင္ငံရဲ႕ တရားဝင္စစ္တပ္ကို ဝင္ေရာက္ျခင္းထက္ ဟစၥဘိုလာ လက္နက္ကိုင္အဖြဲ႕ကို ပိုမိုဝင္ေရာက္လာခဲ့ပါတယ္။

လက္ဘႏြန္ရဲ႕ စစ္တပ္အင္အားေကာင္းမြန္မႈ မရွိတဲ့အတြက္ (၁၉၇၅) ခုႏွစ္မွာျဖစ္ပြားတဲ့ ျပည္တြင္း စစ္ေၾကာင့္ စစ္တပ္ရဲ႕စြမ္းရည္ပိုင္းေတြလည္း ပ်က္စီးခဲ့ရၿပီး ႏိုင္ငံပိုင္နက္ေတြကို အစၥေရးနဲ႔ ဆီးရီးယားတို႔က သိမ္းယူတာေတြလည္း ရွိခဲ့ဖူးပါတယ္။ လက္ဘႏြန္ႏိုင္ ငံမွာက်င့္သုံးေနတဲ့ ႏိုင္ငံေရးစနစ္ နဲ႔ ႏိုင္ငံအတြင္းရွိေနတဲ့ မြတ္စလင္နဲ႔ခရစ္ယာန္ ႏိုင္ငံေရးသမားေတြၾကား အားၿပိဳင္မႈေတြေၾကာင့္ စစ္တပ္ ရဲ႕ အင္အားေလ်ာ့ နည္းမႈေတြရွိေနခ်ိန္မွာ ႏိုင္ငံစီးပြားေရးအခက္ခဲ ထပ္မံေတြ႕ႀကဳံခဲ့ရတဲ့အတြက္ စစ္တပ္ အတြက္လိုအပ္တဲ့ စစ္လက္နက္ပစၥည္းေတြကို ဝယ္ယူျဖည့္တင္းႏိုင္တာ မ်ိဳးမရွိခဲ့ပါဘူး။ လက္ဘႏြန္ ႏိုင္ငံမွာ (၂၀၁၉)ခုႏွစ္ စီးပြားေရးၿပိဳလဲမႈေတြျဖစ္ပြားခဲ့ရာ စစ္သားေတြရဲ႕လစာနဲ႔ ကာကြယ္ေရး အသုံး စရိတ္ ေလွ်ာ့ခ်ခံရတာေတြရွိခဲ့ပါ တယ္။ အဲဒီလိုမ်ိဳး စစ္သားေတြရဲ႕လစာနဲ႔ ကာကြယ္ ေရးအသုံးစရိတ္ေတြ ထပ္မံေလွ်ာ့ခ် ခံလိုက္ရတာဟာ လက္ဘႏြန္စစ္တပ္အေပၚ တိုက္႐ိုက္သက္ေရာက္မႈ မ်ားစြာျဖစ္ခဲ့ရပါ တယ္။ လက္ဘႏြန္ႏိုင္ငံမွာ လြတ္လပ္ေရးရၿပီး ႏွစ္ေပါင္း (၈၀)ေက်ာ္လာခဲ့ေပမယ့္ တရားဝင္ စစ္တပ္ရဲ႕ ကာကြယ္ေရးအသုံးစရိတ္ဟာ တစ္ႏွစ္ကို ႏိုင္ငံဂ်ီပီဒီရဲ႕(၄)ရာခိုင္ႏႈန္းအထိ မရွိခဲ့ပါဘူး၊ ဒါေၾကာင့္ လက္ဘ ႏြန္ စစ္တပ္ဟာ ေခတ္မီတိုက္ ေလ ယာဥ္ေတြ ပိုင္ဆိုင္ျခင္းမ်ိဳးမရွိသလို ေခတ္မီလက္ နက္ေတြ ဝယ္ယူႏိုင္ျခင္း အားနည္းခဲ့ပါတယ္။ ႏိုင္ငံ့ စီးပြားေရးက်ဆင္းခဲ့တဲ့အတြက္ လက္ဘႏြန္စစ္သား ေတြရဲ႕ လစာဟာ တစ္လကို အေမရိကန္ေဒၚလာ (၂၀ဝ)ေက်ာ္ရရွိခဲ့ၿပီး စစ္သားအမ်ားစုဟာ အလုပ္ ထြက္ကာ တျခား အလုပ္ေတြကို ေျပာင္းလဲလုပ္ကိုင္ ခဲ့ပါတယ္။ အေမရိကန္နဲ႔ ကာတာႏိုင္ငံတို႔ဟာ လက္ဘႏြန္ ႏိုင္ငံရဲ႕စစ္သားေတြကို လစာေတြေပးေခ်ေပး ေနရတယ္လို႔ဆိုၾကပါတယ္။ လက္ရွိအခ်ိန္မွာ အစၥ ေရးရဲ႕က်ဴးေက်ာ္မႈေတြနဲ႔ပတ္သက္ၿပီး လက္ဘႏြန္ စစ္တပ္ဟာ ႏိုင္ငံေရးကာကြယ္ေရးအတြက္ အကန႔္ သတ္နဲ႔သာလုပ္ေဆာင္ေနရတယ္လို႔ လက္ဘႏြန္ဗိုလ္ ခ်ဳပ္ေဟာင္းတစ္ဦးကေျပာပါတယ္။ ၎က “ စစ္ တပ္ရဲ႕သေဘာသဘာဝဟာ လက္ဘႏြန္ႏိုင္ငံ ပိုင္နက္ေတြကို က်ဴးေက်ာ္လာသူေတြရဲ႕ရန္က ကာကြယ္ ရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အစၥေရးစစ္တပ္က လက္ဘႏြန္ ႏိုင္ငံအတြင္း က်ဴးေက်ာ္ ဝင္ေရာက္လာခ်ိန္မွာ ကြၽန္ေတာ္တို႔စစ္တပ္က ကာကြယ္ရမွာျဖစ္ေပမယ့္ လက္ဘႏြန္စစ္တပ္ရဲ႕လုပ္ႏိုင္စြမ္းက ကန႔္သတ္ခံ ထားရသလိုမ်ိဳး ျဖစ္ခဲ့တယ္”လို႔ေျပာပါတယ္။

လက္ဘႏြန္စစ္တပ္ဟာ အစိုးရအဖြဲ႕ရဲ႕ၫႊန္ၾကား ခ်က္ေတြအတိုင္းလုပ္ေဆာင္ခဲ့ရေပမယ့္ ရွီယာ မြတ္စလင္အမ်ားစုအားေပးေထာက္ခံထားတဲ့ ဟစၥဘိုလာ အဖြဲ႕ကေတာ့ လြတ္လပ္စြာ လုပ္ကိုင္ခြင္ရရွိေနခဲ့ပါ တယ္။ ဟစၥဘိုလာ လက္နက္ကိုင္အဖြဲ႕နဲ႔ ႏိုင္ငံေရး ပါတီကို လက္ဘႏြန္ႏိုင္ငံ အတြင္းရွိ ရွီယာဘာသာ ဝင္အမ်ားစုက အားေပးေထာက္ခံခဲ့ၿပီး အစိုးရအဖြဲ႕ အတြင္းမွာလည္း ဟစၥဘိုလာ ႏိုင္ငံေရးပါတီရဲ႕ ဝန္ႀကီးေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရွိေနပါတယ္။ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို သိမ္းပိုက္ခဲ့တဲ့အစၥေရးတပ္ဖြဲ႕ေတြကို ဆန႔္က်င္တိုက္ခိုက္ဖို႔ ရွီယာ မြတ္စလင္ လက္နက္ကိုင္အဖြဲ႕တစ္ခုအျဖစ္ ဟစၥဘိုလာအဖြဲ႕ကို လက္ဘႏြန္ျပည္တြင္းစစ္ကာလ(၁၉၈၂) ခုႏွစ္မွာ ဖြဲ႕စည္းခဲ့ပါတယ္။ အီရန္ႏိုင္ငံက ဟစၥဘို လာအဖြဲ႕ေတြကို လက္နက္အျပည့္အစုံတပ္ဆင္ ေပးခဲ့ ၿပီး ေငြေၾကးေထာက္ပံ့ခဲ့ပါတယ္။ (၁၉၈၅) ခုႏွစ္မွာ ဟစၥဘိုလာအဖြဲ႕က သူတို႔ကိုယ္သူတို႔ တရားဝင္အဖြဲ႕ အစည္းအျဖစ္ထုတ္ျပန္ခဲ့ၿပီး အီရန္မွာ ရွိထားသလိုမ်ိဳး လက္ဘႏြန္မွာ အစၥလာမၼစ္ႏိုင္ငံတစ္ခု ထူေထာင္ ဖို႔လိုလားတယ္လို႔ ထုတ္ေဖာ္ေၾကညာခဲ့ပါတယ္။ ဒါ့ျပင္ လက္ဘႏြန္ေတာင္ပိုင္းနဲ႔ ပါလက္ စတိုင္း နယ္ေျမေတြ မွာ အစၥေရးတို႔သိမ္းပိုက္ထားမႈ အဆုံးသတ္သြား ေအာင္လုပ္မယ္လို႔လည္း ဟစၥဘိုလာ အဖြဲ႕က ေျပာဆိုထားပါတယ္။ လက္ဘႏြန္ႏိုင္ငံမွာ တရားဝင္စစ္တပ္ ရွိေနရဲ႕နဲ႔ အဲဒီစစ္တပ္ကို အား ေကာင္းေအာင္ ႏိုင္ငံအတြင္းရွိ ဘာသာဝင္တိုင္း၊ ႏိုင္ငံေရးပါတီတိုင္း ဝိုင္းဝန္း အားေပးရမွာျဖစ္ေပမယ့္ ဘာသာေရးအ ေၾကာင္းျပ ခ်က္ေတြနဲ႔ တရားဝင္စစ္တပ္ကို အားအင္ခ်ည့္နဲ႔ ေအာင္လုပ္ေဆာင္ကာ စစ္ၿပိဳင္အဖြဲ႕စည္းေတြ ဖြဲ႕ စည္းခဲ့ျခင္းေၾကာင့္ ႏိုင္ငံက်ဴးေက်ာ္ခံရခ်ိန္တိုင္း လက္ဘႏြန္စစ္တပ္ဟာ ႏိုင္ငံကို ကာကြယ္ႏိုင္စြမ္းမရွိဘဲ ပုံရိပ္က်ဆင္းခဲ့ရတယ္လို႔ သုံးသပ္တင္ျပလိုက္ပါတယ္။

Related news

© 2021. All rights reserved.