တောင်ကိုရီးယားက ဒရုန်းတွေစေလွှတ်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီလို့ မြောက်ကိုရီးယားသတင်း ထုတ်ပြန်

 3024

Pika (NP News) - အောက်တိုဘာ ၂၈

တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ဝါဒဖြန့်ချီရေးလက်ကမ်းစာစောင်တွေ ကြဲချဖို့ အတွက် ဒရုန်းတစ်စင်း စေလွှတ်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတစ်ခုက သက်သေပြနိုင်ခဲ့တယ်လို့ မြောက်ကိုရီယားနိုင်ငံပိုင်မီဒီယာက ရေးသားဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့လုပ်ရပ်ဟာ မြောက်ကိုရီးယားရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်တာမျိုးဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားဟာ ၎င်းရဲနိုင်ငံလေပိုင်နက်ထဲကို ဒရုန်း တွေ သုံးကြိမ်လောက်စေလွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက စွပ်စွဲပြောဆိုခဲ့ပေမယ့်လည်း တောင်ကိုရီးယားအစိုးရဘက်က အဲ့ဒီစွပ်စွဲပြောဆိုမှုတွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။
နိုင်ငံပိုင်နက်အတွင်းမှာ ပျက်ကျခဲ့တဲ့ ဒရုန်းရဲ့ကျန်ရှိနေတဲ့အကြွင်းအကျန်ပစ္စည်းတွေကနေ ထိန်းချုပ်မှုအပိုင်းကို ဖြုတ်ယူပြီး ပျံသန်းမှုအစီအစဉ်နဲ့မှတ်တမ်းတွေကို ခွဲခြမ်းစိတ်ဖြာခဲ့တယ်လို့ မြောက်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အဲဒီခွဲခြမ်းစိတ်ဖြာမှုအရ တောင်ကိုရီးယားစစ်တပ်ဟာ ဝါဒဖြန့်ချီရေးလက်ကမ်းစာစောင်တွေကို ပြုံးယမ်းမြို့မှာ ကြဲချဖို့အတွက် ဒရုန်းတွေစေလွှတ်ခဲ့တာဖြစ်တယ်ဆိုတဲ့အချက်ကို သက်သေပြနိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
KCNA က ထုတ်ပြန်ခဲ့တဲ့ဓါတ်ပုံတစ်ခုမှာ တောင်ကိုရီးယားစစ်တပ်က စေလွှတ်လိုက်တဲ့ဒရုန်းဟာ Baengnyeong ကျွန်းကနေစတင်ပြီး ကိုရီးယားကျွန်းဆွယ်ရဲ့အနောက်ဘက်ပင်လယ်ကိုဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ဆင်းသက်တဲ့လမ်းကြောင်းကို ပြသခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံဖြစ်ပွားလာမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေကြောင့် တောင်ကိုရီးယားနိုင်ငံပျောက်ကွယ်သွားရလိမ့်မယ်လို့ မြောက်ကိုရီးယားအစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားက ဒ႐ုန္းေတြေစလႊတ္ခဲ့တယ္ဆိုတာကို သက္ေသျပႏိုင္ခဲ့ၿပီလို႔ ေျမာက္ကိုရီးယားသတင္း ထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၂၈

ေတာင္ကိုရီးယားစစ္တပ္ဟာ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕မွာ ဝါဒျဖန႔္ခ်ီေရးလက္ကမ္းစာေစာင္ေတြ ႀကဲခ်ဖို႔ အတြက္ ဒ႐ုန္းတစ္စင္း ေစလႊတ္ခဲ့တယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈတစ္ခုက သက္ေသျပႏိုင္ခဲ့တယ္လို႔ ေျမာက္ကိုရီယားႏိုင္ငံပိုင္မီဒီယာက ေရးသားေဖာ္ျပခဲ့ပါတယ္။

ေတာင္ကိုရီးယားရဲ႕လုပ္ရပ္ဟာ ေျမာက္ကိုရီးယားရဲ႕အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္တာမ်ိဳးျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ေတာင္ကိုရီးယားဟာ ၎ရဲႏိုင္ငံေလပိုင္နက္ထဲကို ဒ႐ုန္း ေတြ သုံးႀကိမ္ေလာက္ေစလႊတ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက စြပ္စြဲေျပာဆိုခဲ့ေပမယ့္လည္း ေတာင္ကိုရီးယားအစိုးရဘက္က အဲ့ဒီစြပ္စြဲေျပာဆိုမႈေတြကို ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။
ႏိုင္ငံပိုင္နက္အတြင္းမွာ ပ်က္က်ခဲ့တဲ့ ဒ႐ုန္းရဲ႕က်န္ရွိေနတဲ့အႂကြင္းအက်န္ပစၥည္းေတြကေန ထိန္းခ်ဳပ္မႈအပိုင္းကို ျဖဳတ္ယူၿပီး ပ်ံသန္းမႈအစီအစဥ္နဲ႔မွတ္တမ္းေတြကို ခြဲျခမ္းစိတ္ျဖာခဲ့တယ္လို႔ ေျမာက္ကိုရီးယားကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

အဲဒီခြဲျခမ္းစိတ္ျဖာမႈအရ ေတာင္ကိုရီးယားစစ္တပ္ဟာ ဝါဒျဖန႔္ခ်ီေရးလက္ကမ္းစာေစာင္ေတြကို ၿပဳံးယမ္းၿမိဳ႕မွာ ႀကဲခ်ဖို႔အတြက္ ဒ႐ုန္းေတြေစလႊတ္ခဲ့တာျဖစ္တယ္ဆိုတဲ့အခ်က္ကို သက္ေသျပႏိုင္ခဲ့တယ္လို႔ ေျမာက္ကိုရီးယား ႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။
KCNA က ထုတ္ျပန္ခဲ့တဲ့ဓါတ္ပုံတစ္ခုမွာ ေတာင္ကိုရီးယားစစ္တပ္က ေစလႊတ္လိုက္တဲ့ဒ႐ုန္းဟာ Baengnyeong ကြၽန္းကေနစတင္ၿပီး ကိုရီးယားကြၽန္းဆြယ္ရဲ႕အေနာက္ဘက္ပင္လယ္ကိုျဖတ္ေက်ာ္ကာ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕မွာ ဆင္းသက္တဲ့လမ္းေၾကာင္းကို ျပသခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ဒီလိုျဖစ္ရပ္မ်ိဳးေတြ ထပ္မံျဖစ္ပြားလာမယ္ဆိုရင္ ေျမာက္ကိုရီးယားရဲ႕ျပင္းထန္တဲ့ လက္တုံ႔ျပန္မႈေတြေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံေပ်ာက္ကြယ္သြားရလိမ့္မယ္လို႔ ေျမာက္ကိုရီးယားအစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.