လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့တဲ့ ရုရှားနိုင်ငံမှ (၁၇)ကီလိုဂရမ်အရွယ်အစားရှိကြောင် ကင်ဆာကြိတ်ကြောင့် သေဆုံး
736
ရောင်နီ (NP News) - အောက်တိုဘာ ၃ဝ
ရုရှားနိုင်ငံမှာ ယခုနှစ် ဩဂုတ်လ နှောင်းပိုင်းက လူမှုမီဒီယာမှာ ကျော်ကြားခဲ့တဲ့ လေးနှစ်သားအရွယ် (၁၇)ကီလိုဂရမ်နဲ့ ကြောင်လေး ခရောရှန့်ဟာ ဝိတ်လျှော့ဖို့ ကြိုးစားနေရင်း ခန္ဓာကိုယ်မှာ ကင်ဆာကြိတ်တွေ့ရှိခဲ့ပြီးနောက် မကြာခင် သေဆုံးသွားခဲ့တယ်လို့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ပြောပါတယ်။
ခရောရှန့်ဟာ ကိုယ်အလေးချိန် (၁၇)ကီလိုဂရမ်ရှိတဲ့ ကြောင်တစ်ကောင်ဖြစ်ပြီး ဖန်းမြို့ရှိ တိရစ္ဆာန်ခိုလှုံရေးစင်တာတစ်ခုမှာ ဝန်ထမ်းတွေရဲ့ အစားအသောက်နဲ့လေ့ကျင့်ခန်းတွေ သေချာပြင်ဆင် ဝိတ်လျှော့ပေးခြင်းကြောင့် အလေးချိန် ၃ ကီလိုဂရမ် နီးပါးလျော့ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ အဝလွန်နေတဲ့ ပုံစံကြောင့် ကာတွန်းကြောင် ဂါဖီးရဲ့လက်တွေ့ဘဝ ပုံစံဖြစ်နေပြီး အောက်တိုဘာလ ၂၆ ရက်မှာ ရုတ်တရက် အသက်ရှူရခက်ခဲလာပြီး နာရီအနည်းငယ်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
ခရောရှန့်ဟာ စွန့်ပစ်ကြောင်လေးဖြစ်ပြီး ဖန်းမြို့ရှိ ဆေးရုံတစ်ရုံရဲ့ မြေအောက်ခန်းမှာ ခိုလှုံနေထိုင်ခဲ့ရာမှ ဝန်ထမ်းတွေရဲ့ဘီစကွတ်နဲ့ စွပ်ပြုတ်ကျွေးမွေးမှုတွေကြောင့် ကိုယ်အလေးချိန် တဖြည်းဖြည်းတိုးလာခဲ့ပါတယ်။ နောက်ဆုံး လမ်းမလျှောက်နိုင်အောင် ဝဖြိုးလာတာကြောင့် ပြေးစက်ပေါ်မှာ လမ်းလျှောက်ခြင်း အပါအဝင် တင်းကျပ်တဲ့ အစား အသောက်နဲ့ လေ့ကျင့်ခန်းတွေနဲ့အတူ ဝိတ်လျှော့ပေးဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
zawgyi version
လူမႈကြန္ရက္မွာ နာမည္ႀကီးခဲ့တဲ့ ႐ုရွားႏိုင္ငံမွ (၁၇)ကီလိုဂရမ္အ႐ြယ္အစားရွိေၾကာင္ ကင္ဆာႀကိတ္ေၾကာင့္ ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၃ဝ
႐ုရွားႏိုင္ငံမွာ ယခုႏွစ္ ဩဂုတ္လ ေႏွာင္းပိုင္းက လူမႈမီဒီယာမွာ ေက်ာ္ၾကားခဲ့တဲ့ ေလးႏွစ္သားအ႐ြယ္ (၁၇)ကီလိုဂရမ္နဲ႔ ေၾကာင္ေလး ခေရာရွန႔္ဟာ ဝိတ္ေလွ်ာ့ဖို႔ ႀကိဳးစားေနရင္း ခႏၶာကိုယ္မွာ ကင္ဆာႀကိတ္ေတြ႕ရွိခဲ့ၿပီးေနာက္ မၾကာခင္ ေသဆုံးသြားခဲ့တယ္လို႔ တိရစာၦန္ေဆးကုဆရာဝန္ေတြက ေျပာပါတယ္။
ခေရာရွန႔္ဟာ ကိုယ္အေလးခ်ိန္ (၁၇)ကီလိုဂရမ္ရွိတဲ့ ေၾကာင္တစ္ေကာင္ျဖစ္ၿပီး ဖန္းၿမိဳ႕ရွိ တိရစာၦန္ခိုလႈံေရးစင္တာတစ္ခုမွာ ဝန္ထမ္းေတြရဲ႕ အစားအေသာက္နဲ႔ေလ့က်င့္ခန္းေတြ ေသခ်ာျပင္ဆင္ ဝိတ္ေလွ်ာ့ေပးျခင္းေၾကာင့္ အေလးခ်ိန္ ၃ ကီလိုဂရမ္ နီးပါးေလ်ာ့က်သြားခဲ့ပါတယ္။ ဒါေပမဲ့ အဝလြန္ေနတဲ့ ပုံစံေၾကာင့္ ကာတြန္းေၾကာင္ ဂါဖီးရဲ႕လက္ေတြ႕ဘဝ ပုံစံျဖစ္ေနၿပီး ေအာက္တိုဘာလ ၂၆ ရက္မွာ ႐ုတ္တရက္ အသက္ရႉရခက္ခဲလာၿပီး နာရီအနည္းငယ္အၾကာမွာ ေသဆုံးသြားခဲ့ပါတယ္။
ခေရာရွန႔္ဟာ စြန႔္ပစ္ေၾကာင္ေလးျဖစ္ၿပီး ဖန္းၿမိဳ႕ရွိ ေဆး႐ုံတစ္႐ုံရဲ႕ ေျမေအာက္ခန္းမွာ ခိုလႈံေနထိုင္ခဲ့ရာမွ ဝန္ထမ္းေတြရဲ႕ဘီစကြတ္နဲ႔ စြပ္ျပဳတ္ေကြၽးေမြးမႈေတြေၾကာင့္ ကိုယ္အေလးခ်ိန္ တျဖည္းျဖည္းတိုးလာခဲ့ပါတယ္။ ေနာက္ဆုံး လမ္းမေလွ်ာက္ႏိုင္ေအာင္ ဝၿဖိဳးလာတာေၾကာင့္ ေျပးစက္ေပၚမွာ လမ္းေလွ်ာက္ျခင္း အပါအဝင္ တင္းက်ပ္တဲ့ အစား အေသာက္နဲ႔ ေလ့က်င့္ခန္းေတြနဲ႔အတူ ဝိတ္ေလွ်ာ့ေပးဖို႔ ႀကိဳးပမ္းခဲ့ၾကတာ ျဖစ္ပါတယ္။