ထိုင်းဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်အချိန်အတွင်း မြန်မာအရေးကို ငြိမ်းချမ်းစွာဖြေရှင်းစေလိုတဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသ

 1276

Pika (NP News) - နိုဝင်ဘာ ၉

ထိုင်းဝန်ကြီးချုပ်ပီတွန်တန်ရှင်နာဝါထရာ နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်တို့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေ သောပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းစေလိုသည့် ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ပြသခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်ကျင်းသော ထိပ်သီးအစည်းအဝေးများကို သွားရောက်တက်ရောက်စဉ်အချိန်အတွင်း ယခုကဲ့သို့တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနက်သည် ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့ဆုံစဉ်အချိန်အတွင်း အားလုံးပါဝင်ဆွေးနွေးရေး နှင့် အာဆီယံသဘောတူညီချက်(၅)ချက်ကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း အလေးပေးပြောကြား ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောနိုင်ငံရေးအခြေအနေများကို ပြောပြခဲ့သည့်အတွက် ဗိုလ်ချုုပ်မှူးကြီး ကို ကျေးဇူးတင်မိကြောင်း ဟွန်မာနက်က ထပ်မံပြောဆိုခဲ့သည်။ ဟွန်မာနက်က "မကြာမီကာလအတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးတော့ မြန်မာအရေးကို ငြိမ်းချမ်းပြီးထိရောက်တဲ့ဖြေရှင်းမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အာဆီယံသဘောတူညီ ချက်(၅)ချက်ကို လိုက်နာဖို့ကလည်း အရေးကြီးပါတယ်" ဟု ပြောခဲ့သည်။

ဟွန်မာနက် နှင့် ဗိုလ်ချုပ်မှူးကြီးတို့၏ တွေ့ဆုံပွဲအတွင်း ကမ္ဘောဒီးယား နှင့် မြန်မာတို့ကြား နှစ်နိုင်ငံဆက်ဆံရေးကို ကုန်သွယ်မှုနှင့်ပြည်သူအချင်းချင်းဖလှယ်ရေး စသည့် အခန်းကဏ္ဍများကို အာရုံစိုက်ဆွေးနွေးနိုင်ရန် အခွင့်အလမ်း များလည်း ရရှိစေခဲ့ကြောင်း သိရသည်။

ပီတွန်တန်ရှင်နာဝါထရာကလည်း ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့ဆုံစဉ်အချိန်အတွင်း မြန်မာအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည့် ၎င်း၏ ဆန္ဒများကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ ပီတွန်တန်ရှင်နာဝါထရာ က "ကျွန်မတို့မှာ သီးသန့်ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် မျှော်လင့်လို့ရတဲ့အရာမျိုးတော့ မရှိခဲ့ပါဘူး။ မြန်မာအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုတဲ့ ကျွန်မတို့ရဲ့ဆန္ဒကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကမ်းလှမ်းခဲ့ပါတယ်" ဟု ပြော ခဲ့သည်။

Zawgyi Version;
ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္တို႔က ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ျမန္မာအေရးကို ၿငိမ္းခ်မ္းစြာေျဖရွင္းေစလိုတဲ့ ဆႏၵေတြကို ထုတ္ေဖာ္ျပသ
Pika (NP News) - ႏိုဝင္ဘာ ၉

ထိုင္းဝန္ႀကီးခ်ဳပ္ပီတြန္တန္ရွင္နာဝါထရာ ႏွင့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္မာနက္တို႔သည္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕တြင္ ေတြ႕ဆုံခ်ိန္အတြင္း ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေန ေသာပဋိပကၡမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းေစလိုသည့္ ၎တို႔၏ ဆႏၵမ်ားကို ထုတ္ေဖာ္ျပသခဲ့ၾကေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕တြင္က်င္းေသာ ထိပ္သီးအစည္းအေဝးမ်ားကို သြားေရာက္တက္ေရာက္စဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ေတြ႕ဆုံမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ဟြန္မာနက္သည္ ဗိုလ္ခ်ဳပ္မႉးႀကီးႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း အားလုံးပါဝင္ေဆြးေႏြးေရး ႏွင့္ အာဆီယံသေဘာတူညီခ်က္(၅)ခ်က္ကို အေကာင္အထည္ေဖာ္ရန္ အေရးႀကီးေၾကာင္း အေလးေပးေျပာၾကား ခဲ့သည္။
ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ပြားေနေသာႏိုင္ငံေရးအေျခအေနမ်ားကို ေျပာျပခဲ့သည့္အတြက္ ဗိုလ္ခ်ဳုပ္မႉးႀကီး ကို ေက်းဇူးတင္မိေၾကာင္း ဟြန္မာနက္က ထပ္မံေျပာဆိုခဲ့သည္။ ဟြန္မာနက္က "မၾကာမီကာလအတြင္း ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ပဋိပကၡေတြကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ၿပီးေတာ့ ျမန္မာအေရးကို ၿငိမ္းခ်မ္းၿပီးထိေရာက္တဲ့ေျဖရွင္းမႈေတြ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ အာဆီယံသေဘာတူညီ ခ်က္(၅)ခ်က္ကို လိုက္နာဖို႔ကလည္း အေရးႀကီးပါတယ္" ဟု ေျပာခဲ့သည္။

ဟြန္မာနက္ ႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔၏ ေတြ႕ဆုံပြဲအတြင္း ကေမာၻဒီးယား ႏွင့္ ျမန္မာတို႔ၾကား ႏွစ္ႏိုင္ငံဆက္ဆံေရးကို ကုန္သြယ္မႈႏွင့္ျပည္သူအခ်င္းခ်င္းဖလွယ္ေရး စသည့္ အခန္းက႑မ်ားကို အာ႐ုံစိုက္ေဆြးေႏြးႏိုင္ရန္ အခြင့္အလမ္း မ်ားလည္း ရရွိေစခဲ့ေၾကာင္း သိရသည္။

ပီတြန္တန္ရွင္နာဝါထရာကလည္း ဗိုလ္ခ်ဳပ္မႉးႀကီးႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ျမန္မာအေရးကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းလိုသည့္ ၎၏ ဆႏၵမ်ားကို ထုတ္ေဖာ္ျပသခဲ့ေၾကာင္း သိရသည္။ ပီတြန္တန္ရွင္နာဝါထရာ က "ကြၽန္မတို႔မွာ သီးသန႔္ေဆြးေႏြးမႈေတြ ရွိခဲ့ေပမယ့္ ေမွ်ာ္လင့္လို႔ရတဲ့အရာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ ျမန္မာအေရးကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းေစလိုတဲ့ ကြၽန္မတို႔ရဲ႕ဆႏၵကို နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ကမ္းလွမ္းခဲ့ပါတယ္" ဟု ေျပာ ခဲ့သည္။

Related news

© 2021. All rights reserved.