မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်(၂)ဦးကို PDF အဖွဲ့က သတ်ဖြတ်ပြီးနောက် ကားတစ်စီးနှင့်ဆိုင်ကယ်(၂)စီးကိုပါ လုယက်ယူဆောင်
1071
NP News - နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သတ်ဖြတ်ပြီးနောက် ကားတစ်စီးနှင့် ဆိုင်ကယ် (၂) စီးကိုပါ လုယက်ယူဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၁ ရက် ၊ နံနက် ၉ နာရီ ၄၀ မိနစ် အချိန်ခန့်က မလှိုင်မြို့နယ်၊ ဆပ်ခင်းကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဦးတင်ထွန်းမိုးနှင့် ၎င်းနှင့်တစ်ရွာတည်းနေ အသက် ၅၂ နှစ်အရွယ် ဦးထွန်းမြင့်ရွှေတို့သည် ၎င်းတို့၏ နေအိမ်အသီးသီးတွင် ရှိနေစဉ် PDF အဖွဲ့ဝင်(၁၀)ဦးက ဆိုင်ကယ်(၅)စီးဖြင့် ရောက်ရှိလာပြီး ဓား၊ သေနတ်တို့ဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးတင်ထွန်းမိုးနှင့် ဦးထွန်းမြင့်ရွှေတို့တွင် ဓားဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးထွန်းမြင့်ရွှေ၏ နေအိမ်မှ Mitsubishi FUSO Canter Truck ကားတစ်စီးအပါအဝင် Click 125 ဆိုင်ကယ်တစ်စီးနှင့် Click 160 အမျိုးအစားဆိုင်ကယ်တစ်စီးတို့အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
အလားတူ နိုဝင်ဘာလ ၁၂ ရက် ၊ နံနက် (၇)နာရီအချိန်ခန့်ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ ကုန်းပေါ်နက်ကျေးရွာနေ ဦးအောင်စိုးကို (၅၇)ကို PDF အဖွဲ့ဝင်(၅)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ဓားဖြင့် ထိုးခုတ်သတ် ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
zawgyi version
မလႈိင္ၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအပါအဝင္(၂)ဦးကို PDF အဖြဲ႕က သတ္ျဖတ္ၿပီးေနာက္ ကားတစ္စီးႏွင့္ဆိုင္ကယ္(၂)စီးကိုပါ လုယက္ယူေဆာင္
NP News - ႏိုဝင္ဘာ ၁၄
မႏၲေလးတိုင္းေဒသႀကီး၊ မလႈိင္ၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က သတ္ျဖတ္ၿပီးေနာက္ ကားတစ္စီးႏွင့္ ဆိုင္ကယ္ (၂) စီးကိုပါ လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၁၁ ရက္ ၊ နံနက္ ၉ နာရီ ၄၀ မိနစ္ အခ်ိန္ခန႔္က မလႈိင္ၿမိဳ႕နယ္၊ ဆပ္ခင္းႀကီးေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာတြင္ ေနထိုင္သည့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ အသက္ ၅၄ ႏွစ္အ႐ြယ္ ဦးတင္ထြန္းမိုးႏွင့္ ၎ႏွင့္တစ္႐ြာတည္းေန အသက္ ၅၂ ႏွစ္အ႐ြယ္ ဦးထြန္းျမင့္ေ႐ႊတို႔သည္ ၎တို႔၏ ေနအိမ္အသီးသီးတြင္ ရွိေနစဥ္ PDF အဖြဲ႕ဝင္(၁၀)ဦးက ဆိုင္ကယ္(၅)စီးျဖင့္ ေရာက္ရွိလာၿပီး ဓား၊ ေသနတ္တို႔ျဖင့္ ထိုးခုတ္ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ထိုးခုတ္ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ဦးတင္ထြန္းမိုးႏွင့္ ဦးထြန္းျမင့္ေ႐ႊတို႔တြင္ ဓားဒဏ္ရာ၊ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဦးထြန္းျမင့္ေ႐ႊ၏ ေနအိမ္မွ Mitsubishi FUSO Canter Truck ကားတစ္စီးအပါအဝင္ Click 125 ဆိုင္ကယ္တစ္စီးႏွင့္ Click 160 အမ်ိဳးအစားဆိုင္ကယ္တစ္စီးတို႔အား ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဳးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးၿပီး ဥပေဒႏွင့္အညီ ထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္းသိရသည္။
အလားတူ ႏိုဝင္ဘာလ ၁၂ ရက္ ၊ နံနက္ (၇)နာရီအခ်ိန္ခန႔္ကလည္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ကုန္းေပၚနက္ေက်း႐ြာေန ဦးေအာင္စိုးကို (၅၇)ကို PDF အဖြဲ႕ဝင္(၅)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာၿပီး “သတင္းေပး၊ ဒလန္” ဟုစြပ္စြဲ၍ ဓားျဖင့္ ထိုးခုတ္သတ္ ျဖတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။