မုံရွာမြို့ ရန်ကင်းမီးပွိုင့်အနီးတွင် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ

 1447

Pearl (NP News) - နိုဝင်ဘာ ၁၄

မုံရွာမြို့ ရန်ကင်းမီးပွိုင့်အနီးတွင်အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့ (နိုဝင်ဘာလ ၁၄ ရက်)၊ နံနက် ၈ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ - ကျောက္ကာလမ်းမကြီးရှိ ရန်ကင်းမီးပွိုင့်အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်သမား (၄)ဦး သည် Mark ll အဖြူရောင် ယာဉ်တစ်စီးဖြင့် အဆိုပါ မီးပွိုင့်အနီးသို့ ရောက်ရှိလာပြီး မီးပွိုင့်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ကျောက္ကာလမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့သို့ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း အနီးတွင်ရှိသော အရပ်သားတစ်ဦး လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်တွင် နေထိုင်သော ဦးအိပိန် (၆၀)နှစ်ဖြစ်ပြီး လက်ရှိတွင် ဆေးကုသမှုခံယူရန် ကုတင်(၅၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကာ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် လုပ်ခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Monywa Road Information- MRI အဖွဲ့ကလည်း မုံရွာမြို့နယ်တွင် တန် ဆောင်တိုင်ကာလ(၁၃)ရက်မှ (၁၅) ရက်အတွင်း ပြည်သူများ သတိထားနေထိုင်ရန် ခြိမ်းခြောက်စာထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

zawgyi version
မုံ႐ြာၿမိဳ႕ ရန္ကင္းမီးပြိဳင့္အနီးတြင္ အၾကမ္းဖက္သမားမ်ားက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ အရပ္သားတစ္ဦး ထိခိုက္ဒဏ္ရာရ

Pearl (NP News) - ႏိုဝင္ဘာ ၁၄

မုံ႐ြာၿမိဳ႕ ရန္ကင္းမီးပြိဳင့္အနီးတြင္အၾကမ္းဖက္သမားမ်ားက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ အရပ္သားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ယေန႔ (ႏိုဝင္ဘာလ ၁၄ ရက္)၊ နံနက္ ၈ နာရီခြဲခန္႔တြင္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ မုံ႐ြာ - ေက်ာကၠာလမ္းမႀကီးရွိ ရန္ကင္းမီးပြိဳင့္အနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အၾကမ္းဖက္သမား (၄)ဦး သည္ Mark ll အျဖဴေရာင္ ယာဥ္တစ္စီးျဖင့္ အဆိုပါ မီးပြိဳင့္အနီးသို႔ ေရာက္ရွိလာၿပီး မီးပြိဳင့္တြင္ လုံၿခဳံေရး တာဝန္ထမ္းေဆာင္ေနေသာ ရဲတပ္ဖြဲ႕ဝင္မ်ားကို လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္၍ ေက်ာကၠာလမ္းအတိုင္း အေရွ႕ဘက္သို႔ ေမာင္းႏွင္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။ ထို႔သို႔ ပစ္ခတ္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိေသာ္လည္း အနီးတြင္ရွိေသာ အရပ္သားတစ္ဦး လက္နက္ငယ္က်ည္ထိမွန္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

ဒဏ္ရာရရွိသူမွာ မုံ႐ြာၿမိဳ႕၊ ရန္ကင္းရပ္ကြက္တြင္ ေနထိုင္ေသာ ဦးအိပိန္ (၆၀)ႏွစ္ျဖစ္ၿပီး လက္ရွိတြင္ ေဆးကုသမႈခံယူရန္ ကုတင္(၅၀၀) ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားကာ အၾကမ္းဖက္သမားမ်ားကို ဖမ္းဆီးရမိေရးအတြက္ တာဝန္ရွိသူမ်ားက လိုအပ္သည့္ လုပ္ၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Monywa Road Information- MRI အဖြဲ႕ကလည္း မုံ႐ြာၿမိဳ႕နယ္တြင္ တန္ ေဆာင္တိုင္ကာလ(၁၃)ရက္မွ (၁၅) ရက္အတြင္း ျပည္သူမ်ား သတိထားေနထိုင္ရန္ ၿခိမ္းေျခာက္စာထုတ္ျပန္ထားသည္ကိုလည္း ေတြ႕ရသည္။

Related news

© 2021. All rights reserved.