မှတ်ပုံတင်အတု၊ UID အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ပေးသူ(၂၃)ဦးကို ထောင်ဒဏ်(၇)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတို့ဖြင့် အသီးသီး အမှုဖွင့်
572
ချယ်ရီ (NP News) - နိုဝင်ဘာ ၁၆
မှတ်ပုံတင်အတု၊ UID အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ပေးနေသူ (၂၃)ဦးကို ထောင်ဒဏ်(၇)နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မတို့ဖြင့် အသီးသီး အမှုဖွင့်ထားကြောင်း သိရသည်။
လဝကရုံး (ဟစ်တိုင်) ဟု အမည်ပေးထားသော Facebook Group သည် ပွဲစားများနှင့် ချိတ်ဆက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား NRC (အတု)နှင့် Unique ID (UID) အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားဆောင်ရွက် လျက်ရှိနေရာ ထိုသို့ဆောင်ရွက်ခြင်းများသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသည့် အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖော်ထုတ်ရာတွင် Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင် အပါအဝင် (၃) ဦးကို သင်္ကန်းကျွန်းမြို့မရဲစခန်း တွင်လည်းကောင်း၊ Aent Hmue အကောင့်ပိုင်ရှင် အံ့မှူး အပါအဝင် (၁၁) ဦးကိုလည်း မင်္ဂလာဒုံမြို့မရဲစခန်းတွင် တရားစွဲဆို အမှုဖွင့်လှစ်ထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် စစ်ဆေးဖော်ထုတ်ချက်အရ ရဲထက်စိုး အပါအဝင် (၅) ဦးကို မြဝတီမြို့မရဲစခန်းတွင် လည်းကောင်း၊ သန့်ဇင်ထွန်းကို အင်းစိန်မြို့မရဲစခန်းတွင် လည်းကောင်း၊ အောင်သူထက်ကို စမ်းချောင်းမြို့မရဲစခန်းတွင်လည်း ကောင်း၊ ခင်မောင်ကျော်ကို မော်လမြိုင်မြို့မရဲစခန်းနှင့် ထက်မြတ်အောင်ကို ဒလမြို့မရဲစခန်းတွင် အသီးသီး တရားစွဲဆိုထားကြောင်း သိရသည်။
“အဲဒီလူတွေကို စောင့်ကြည့်နေတာကြာပြီ။ အဲဒီလိုဖြစ်စဉ်တွေဖြစ်နေတဲ့အတွက် အချိန်ယူပြီးတော့ ဖော်ထုတ်ခဲ့တာဖြစ်တယ်။ အဲဒီလိုကဒ်ပြားတွေ အတုလုပ်တဲ့သူတွေ၊ ကဒ်ပြားအတု ကိုင်တဲ့သူတွေ ကာယကံရှင် တွေကိုတော့ ပုဒ်မ ၄၂၀၊ ပုဒ်မ ၄၆၈ တို့နဲ့ တရားစွဲတာမျိုးတွေရှိတယ်။ လိုင်းပေါ်ကနေ လုပ်ပေးတဲ့သူတွေကိုတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(ဂ)နဲ့ စွဲတာမျိုး ရှိတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈(ဂ)ကို ကျူးလွန်ကြောင်း တရားရုံး ပြစ်မှုထင်ရှားစီရင်ခံရပါက တစ်နှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀၊ ပုဒ်မ ၄၆၈ တို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက ထိုသူကို ထောင်ဒဏ်(၇)နှစ် အထိ အမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
လက်ရှိတွင်လည်း ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ မသိနားမလည်မှုအပေါ်အခွင့်ကောင်းယူကာ ငွေကြေးရယူအမြတ်ထုတ်သူများရှိနေပြီး ၎င်းတို့ကို ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဟု ဝန်ကြီးဌာနဘက်က ထပ်မံ သတိပေးထားသည်။
e-ID စနစ်ဖြင့် UID နံပါတ်ရယူလိုသော ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝက မြို့နယ်ရုံးများတွင် မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်အတူ အခကြေးငွေကုန်ကျမှုမရှိဘဲ လူကိုယ်တိုင်သွားရောက်ဆောင်ရွက်နိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Zawgyi Version;
မွတ္ပုံတင္အတု၊ UID အတုမ်ားျဖင့္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ေပးသူ(၂၃)ဦးကို ေထာင္ဒဏ္(၇)ႏွစ္အထိ ခ်မွတ္ႏိုင္သည့္ ပုဒ္မတို႔ျဖင့္ အသီးသီး အမႈဖြင့္
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၁၆
မွတ္ပုံတင္အတု၊ UID အတုမ်ားျဖင့္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ေပးေနသူ (၂၃)ဦးကို ေထာင္ဒဏ္(၇)ႏွစ္အထိ ခ်မွတ္ႏိုင္သည့္ပုဒ္မတို႔ျဖင့္ အသီးသီး အမႈဖြင့္ထားေၾကာင္း သိရသည္။
လဝက႐ုံး (ဟစ္တိုင္) ဟု အမည္ေပးထားေသာ Facebook Group သည္ ပြဲစားမ်ားႏွင့္ ခ်ိတ္ဆက္ၿပီး ႏိုင္ငံသား စိစစ္ေရးကတ္ျပား NRC (အတု)ႏွင့္ Unique ID (UID) အတုမ်ားျဖင့္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားေဆာင္႐ြက္ လ်က္ရွိေနရာ ထိုသို႔ေဆာင္႐ြက္ျခင္းမ်ားသည္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထု၏ လုံၿခဳံေရးကို မ်ားစြာထိခိုက္ေစသည့္ အတြက္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက စစ္ေဆးေဖာ္ထုတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဖာ္ထုတ္ရာတြင္ Jack But Jaxk အေကာင့္ပိုင္ရွင္ ခ်စ္မင္းခိုင္ အပါအဝင္ (၃) ဦးကို သကၤန္းကြၽန္းၿမိဳ႕မရဲစခန္း တြင္လည္းေကာင္း၊ Aent Hmue အေကာင့္ပိုင္ရွင္ အံ့မႉး အပါအဝင္ (၁၁) ဦးကိုလည္း မဂၤလာဒုံၿမိဳ႕မရဲစခန္းတြင္ တရားစြဲဆို အမႈဖြင့္လွစ္ထားေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
ထို႔ျပင္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ရဲထက္စိုး အပါအဝင္ (၅) ဦးကို ျမဝတီၿမိဳ႕မရဲစခန္းတြင္ လည္းေကာင္း၊ သန႔္ဇင္ထြန္းကို အင္းစိန္ၿမိဳ႕မရဲစခန္းတြင္ လည္းေကာင္း၊ ေအာင္သူထက္ကို စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းတြင္လည္း ေကာင္း၊ ခင္ေမာင္ေက်ာ္ကို ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းႏွင့္ ထက္ျမတ္ေအာင္ကို ဒလၿမိဳ႕မရဲစခန္းတြင္ အသီးသီး တရားစြဲဆိုထားေၾကာင္း သိရသည္။
“အဲဒီလူေတြကို ေစာင့္ၾကည့္ေနတာၾကာၿပီ။ အဲဒီလိုျဖစ္စဥ္ေတြျဖစ္ေနတဲ့အတြက္ အခ်ိန္ယူၿပီးေတာ့ ေဖာ္ထုတ္ခဲ့တာျဖစ္တယ္။ အဲဒီလိုကဒ္ျပားေတြ အတုလုပ္တဲ့သူေတြ၊ ကဒ္ျပားအတု ကိုင္တဲ့သူေတြ ကာယကံရွင္ ေတြကိုေတာ့ ပုဒ္မ ၄၂၀၊ ပုဒ္မ ၄၆၈ တို႔နဲ႔ တရားစြဲတာမ်ိဳးေတြရွိတယ္။ လိုင္းေပၚကေန လုပ္ေပးတဲ့သူေတြကိုေတာ့ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၈(ဂ)နဲ႔ စြဲတာမ်ိဳး ရွိတယ္”ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကို ေျပာသည္။
ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၈(ဂ)ကို က်ဴးလြန္ေၾကာင္း တရား႐ုံး ျပစ္မႈထင္ရွားစီရင္ခံရပါက တစ္ႏွစ္ထက္မပို ေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရႏိုင္ေၾကာင္း သိရသည္။
ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၄၂၀၊ ပုဒ္မ ၄၆၈ တို႔ကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ခံရပါက ထိုသူကို ေထာင္ဒဏ္(၇)ႏွစ္ အထိ အမ်ိဳးမ်ိဳး ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္း ျပဌာန္းထားသည္။
လက္ရွိတြင္လည္း ႐ုံးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ျပည္သူမ်ား၏ မသိနားမလည္မႈအေပၚအခြင့္ေကာင္းယူကာ ေငြေၾကးရယူအျမတ္ထုတ္သူမ်ားရွိေနၿပီး ၎တို႔ကို ထိေရာက္စြာ ေဖာ္ထုတ္အေရးယူသြားမည္ဟု ဝန္ႀကီးဌာနဘက္က ထပ္မံ သတိေပးထားသည္။
e-ID စနစ္ျဖင့္ UID နံပါတ္ရယူလိုေသာ ျပည္သူမ်ားအေနျဖင့္ သက္ဆိုင္ရာလဝက ၿမိဳ႕နယ္႐ုံးမ်ားတြင္ မိမိကိုင္ေဆာင္သည့္ ႏိုင္ငံသားစိစစ္ေရး ကတ္ျပားမူရင္းႏွင့္အတူ အခေၾကးေငြကုန္က်မႈမရွိဘဲ လူကိုယ္တိုင္သြားေရာက္ေဆာင္႐ြက္ႏိုင္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။