ဘုရားသုံးဆူမြို့တွင် ကျားဖျန့်၊ Online လောင်းကစားနှင့် ကာစီနိုရုံများ ပိုမိုများလာပြီး လောင်းကစားမြို့တော်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ
557
သန့်ဇင် (NP News) - နိုဝင်ဘာ ၂ဝ
ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ကျား ဖျန့်၊ Online လောင်းကစားနှင့် ကာစီနိုရုံများ ပိုမိုများလာပြီး လောင်းကစားမြို့တော်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။ လက်ရှိတွင် ကရင်ပြည်နယ်ရှိ၊ ဘုရားသုံးဆူမြို့ကို မြဝတီမြို့၊ ရွှေကုက္ကိုမြို့နှင့် လောက်ကိုင်မြို့ နယ်တစ်ဝိုက်တွင် တရုတ်နိုင်ငံသားများ ဆောင်ရွက်နေသည့် အွန်လိုင်းလုပ်ငန်းများပြောင်းရွှေ့လာနေသည့်သဘောမျိုးရှိကြောင်း ဒေသခံများက မှတ်ချက်ပြုထားသည်။
“အဲဒီဟာတွေက ရွှေကုက္ကိုဖျက်သိမ်းပြီးတာနဲ့ တစ်လတောင် မကြာပါဘူး။ ကြိုကြား ကြိုကြားနဲ့ ဝင် လာတယ်။ သူ့လူနဲ့သူလာကြတာ စား သောက်ဆိုင်၊ အဝတ်အစားဆိုင်နဲ့ ဆံသဆိုင်တွေ ဘာတွေကအစ ဖိနပ်ဆိုင်တွေအကုန်လုံးပြောင်းလာကြတာ။ ဒီက လူတွေမဟုတ်ဘူး။ ဈေးလည်းအရမ်းကြီးတယ်။ ဒီဥစ္စာတွေကို အပြင်လူသွားမဝယ်နိုင်ဘူး။ အဝတ်တစ်ထည်ကို ထိုင်းဘတ်(၅၀ဝဝ)ထိရှိတယ်။ ပိုက်ဆံလည်း တအားပေါတယ်လေ။ သူတို့က ယွမ်နဲ့ရထားတာ ဆိုတော့ သူတို့ဟာသူတို့ သုံးကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလုပ်ငန်းများကို ဘုရားသုံးမြို့၏ ရပ်ကွက်(၁)၊ ရပ်ကွက်(၄) နှင့် ထိုင်း-မြန်မာ နယ်စပ်ခြုံစည်းရိုးအနီးတွင် အများဆုံးတွေ့ရှိရကြောင်း အထက်ပါ ဒေသခံက ဆိုသည်။ ဘုရားသုံးဆူမြို့တွင် ယခင်က ရောင်းရန်အလွန်ခက်ခဲသည့် အိမ်ခြံမြေများတွင်ပင် တရုတ်လူမျိုးများက အဆမတန်ဈေးပေး ငှားရမ်းကာ အွန်လိုင်းလုပ်ငန်းများလုပ်ကိုင်နေပြီး ငှား ရမ်းခမှာ တစ်လလျှင်အနည်းဆုံး ထိုင်းဘတ်(၃၀ဝဝ)နှင့် အထက်တွင်ရှိကြောင်းသိရသည်။ “ တချို့ဆို အခန်းငှားဖို့တောင် အဆင်မပြေတော့ဘူး။ အခန်းငှားဖို့လိုက်ရှာတာတောင် လနဲ့ချီပြီး လိုက်ရှာရတယ်” ဟု ၎င်းကဆက်ပြော သည်။ ထို့သို့ ဘုရားသုံးဆူမြို့တွင် အွန်လိုင်းလုပ်ငန်းများနှင့် လောင်းကစားလုပ်ငန်းများ ပိုမိုများပြားလာသည့်အတွက် လာမည့်ကာလ၌ မြန် မာ-ထိုင်းနယ်စပ်၌ လောင်းကစားမြို့တော်ဖြစ်လာ မည်ကိုလည်း စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။
“ဘယ်လိုရိုက်ခတ်လဲဆိုတော့ ဒေသခံတွေ ကတော့ ဘုရားသုံးဆူမြို့လည်းဖြစ်တော့ အလုပ် လုပ်လိုက် ကစားလိုက်။ သူ့မြို့သူပြန်သွားလိုက်ပေါ့။ ဒီလိုရှိတယ်။ ဒါပေမဲ့ လက်နက်ကိုင်တွေ ကြီးစိုး တဲ့အခါကျတော့ တခြားပြဿနာလေးတွေလည်း ရှိ တယ်။ မလိုလားအပ်တဲ့ ယာဉ်တိုက်မှုတွေ။ ရမ်းကား တဲ့ဟာတွေ။ ဒါတွေခဏခဏကြုံရတယ်။ အဖွဲ့အ စည်းတွေ လူထုနဲ့ ထိတ်တိုက်တွေ့တာတွေ။ ဘုရား သုံးဆူမှာက အဖွဲ့အစည်းက အများဆုံးဆိုတော့ အဲဒီ လိုတွေဖြစ်တယ်။ အခုလောလောဆယ်ဆယ်တော့ တိုက်ပွဲမရှိဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် ဘုရားသုံးဆူမြို့ကို DKBA လက်နက်ကိုင်အဖွဲ့က ထိန်း ချုပ်ထားသည့် သဘောရှိသော်လည်း လက်နက်ကိုင်အဖွဲ့များစွာနှင့် တရုတ် လူမျိုးများစွာ ရောနှောနေထိုင်သည့် နယ်စပ်မြို့တစ်မြို့ဖြစ်နေကြောင်း ဒေသခံများက ဖွင့်ဟပြောဆိုထားသည်။
zawgyi version
ဘုရားသုံးဆူၿမိဳ႕တြင္ က်ားဖ်န႔္၊ Online ေလာင္းကစားႏွင့္ ကာစီႏို႐ုံမ်ား ပိုမိုမ်ားလာၿပီး ေလာင္းကစားၿမိဳ႕ေတာ္ျဖစ္လာမည္ကို ေဒသခံမ်ားစိုးရိမ္ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂ဝ
ကရင္ျပည္နယ္၊ ျမန္မာ-ထိုင္းနယ္စပ္ရွိ ဘုရားသုံးဆူၿမိဳ႕တြင္ က်ား ဖ်န႔္၊ Online ေလာင္းကစားႏွင့္ ကာစီႏို႐ုံမ်ား ပိုမိုမ်ားလာၿပီး ေလာင္းကစားၿမိဳ႕ေတာ္ျဖစ္လာမည္ကို ေဒသခံမ်ားစိုးရိမ္ေနေၾကာင္း သိရသည္။ လက္ရွိတြင္ ကရင္ျပည္နယ္ရွိ၊ ဘုရားသုံးဆူၿမိဳ႕ကို ျမဝတီၿမိဳ႕၊ ေ႐ႊကုကၠိဳၿမိဳ႕ႏွင့္ ေလာက္ကိုင္ၿမိဳ႕ နယ္တစ္ဝိုက္တြင္ တ႐ုတ္ႏိုင္ငံသားမ်ား ေဆာင္႐ြက္ေနသည့္ အြန္လိုင္းလုပ္ငန္းမ်ားေျပာင္းေ႐ႊ႕လာေနသည့္သေဘာမ်ိဳးရွိေၾကာင္း ေဒသခံမ်ားက မွတ္ခ်က္ျပဳထားသည္။
“အဲဒီဟာေတြက ေ႐ႊကုကၠိဳဖ်က္သိမ္းၿပီးတာနဲ႔ တစ္လေတာင္ မၾကာပါဘူး။ ႀကိဳၾကား ႀကိဳၾကားနဲ႔ ဝင္ လာတယ္။ သူ႔လူနဲ႔သူလာၾကတာ စား ေသာက္ဆိုင္၊ အဝတ္အစားဆိုင္နဲ႔ ဆံသဆိုင္ေတြ ဘာေတြကအစ ဖိနပ္ဆိုင္ေတြအကုန္လုံးေျပာင္းလာၾကတာ။ ဒီက လူေတြမဟုတ္ဘူး။ ေဈးလည္းအရမ္းႀကီးတယ္။ ဒီဥစၥာေတြကို အျပင္လူသြားမဝယ္ႏိုင္ဘူး။ အဝတ္တစ္ထည္ကို ထိုင္းဘတ္(၅၀ဝဝ)ထိရွိတယ္။ ပိုက္ဆံလည္း တအားေပါတယ္ေလ။ သူတို႔က ယြမ္နဲ႔ရထားတာ ဆိုေတာ့ သူတို႔ဟာသူတို႔ သုံးၾကတာေပါ့” ဟု ေဒသခံတစ္ဦးက ေျပာသည္။
အဆိုပါလုပ္ငန္းမ်ားကို ဘုရားသုံးၿမိဳ႕၏ ရပ္ကြက္(၁)၊ ရပ္ကြက္(၄) ႏွင့္ ထိုင္း-ျမန္မာ နယ္စပ္ၿခဳံစည္း႐ိုးအနီးတြင္ အမ်ားဆုံးေတြ႕ရွိရေၾကာင္း အထက္ပါ ေဒသခံက ဆိုသည္။ ဘုရားသုံးဆူၿမိဳ႕တြင္ ယခင္က ေရာင္းရန္အလြန္ခက္ခဲသည့္ အိမ္ၿခံေျမမ်ားတြင္ပင္ တ႐ုတ္လူမ်ိဳးမ်ားက အဆမတန္ေဈးေပး ငွားရမ္းကာ အြန္လိုင္းလုပ္ငန္းမ်ားလုပ္ကိုင္ေနၿပီး ငွား ရမ္းခမွာ တစ္လလွ်င္အနည္းဆုံး ထိုင္းဘတ္(၃၀ဝဝ)ႏွင့္ အထက္တြင္ရွိေၾကာင္းသိရသည္။ “ တခ်ိဳ႕ဆို အခန္းငွားဖို႔ေတာင္ အဆင္မေျပေတာ့ဘူး။ အခန္းငွားဖို႔လိုက္ရွာတာေတာင္ လနဲ႔ခ်ီၿပီး လိုက္ရွာရတယ္” ဟု ၎ကဆက္ေျပာ သည္။ ထို႔သို႔ ဘုရားသုံးဆူၿမိဳ႕တြင္ အြန္လိုင္းလုပ္ငန္းမ်ားႏွင့္ ေလာင္းကစားလုပ္ငန္းမ်ား ပိုမိုမ်ားျပားလာသည့္အတြက္ လာမည့္ကာလ၌ ျမန္ မာ-ထိုင္းနယ္စပ္၌ ေလာင္းကစားၿမိဳ႕ေတာ္ျဖစ္လာ မည္ကိုလည္း စိုးရိမ္မႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။
“ဘယ္လို႐ိုက္ခတ္လဲဆိုေတာ့ ေဒသခံေတြ ကေတာ့ ဘုရားသုံးဆူၿမိဳ႕လည္းျဖစ္ေတာ့ အလုပ္ လုပ္လိုက္ ကစားလိုက္။ သူ႔ၿမိဳ႕သူျပန္သြားလိုက္ေပါ့။ ဒီလိုရွိတယ္။ ဒါေပမဲ့ လက္နက္ကိုင္ေတြ ႀကီးစိုး တဲ့အခါက်ေတာ့ တျခားျပႆနာေလးေတြလည္း ရွိ တယ္။ မလိုလားအပ္တဲ့ ယာဥ္တိုက္မႈေတြ။ ရမ္းကား တဲ့ဟာေတြ။ ဒါေတြခဏခဏႀကဳံရတယ္။ အဖြဲ႕အ စည္းေတြ လူထုနဲ႔ ထိတ္တိုက္ေတြ႕တာေတြ။ ဘုရား သုံးဆူမွာက အဖြဲ႕အစည္းက အမ်ားဆုံးဆိုေတာ့ အဲဒီ လိုေတြျဖစ္တယ္။ အခုေလာေလာဆယ္ဆယ္ေတာ့ တိုက္ပြဲမရွိဘူး” ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
လက္ရွိတြင္ ဘုရားသုံးဆူၿမိဳ႕ကို DKBA လက္နက္ကိုင္အဖြဲ႕က ထိန္း ခ်ဳပ္ထားသည့္ သေဘာရွိေသာ္လည္း လက္နက္ကိုင္အဖြဲ႕မ်ားစြာႏွင့္ တ႐ုတ္ လူမ်ိဳးမ်ားစြာ ေရာေႏွာေနထိုင္သည့္ နယ္စပ္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေနေၾကာင္း ေဒသခံမ်ားက ဖြင့္ဟေျပာဆိုထားသည္။