ကနေဒါနိုင်ငံမှာ ပထမဆုံး clade I မျောက်ကျောက်ရောဂါလူနာကို စတင်တွေ့ရှိ

 99

Pika (NP News) - နိုဝင်ဘာ ၂၄

ကနေဒါနိုင်ငံ မာနီတိုဘာပြည်နယ်မှာ ပထမဆုံး clade I မျောက်ကျောက်ရောဂါလူနာကို တွေ့ရှိခဲ့တယ်လို့ ကနေဒါ ပြည်သူ့ကျန်းမာရေးအေဂျင်စီက အတည်ပြုပြောကြားခဲ့ပါတယ်။ ကနေဒါနိုင်ငံအတွင်းမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ မျောက်ကျောက်ရောဂါကိစ္စဟာ အာဖရိကအလယ်ပိုင်းနဲ့အရှေ့ပိုင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ clade I မျောက်ကျောက်ရောဂါနဲ့ဆက်နွယ်နေတယ်လို့ ကနေဒါပြည်သူ့ကျန်းမာရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။

ကနေဒါပြည်သူ့ကျန်းမာရေးအေဂျင်စီက "အဲဒီလူနာဟာ ခရီးသွားပြီးပြန်လာပြီးနောက် မျောက်ကျောက်ရောဂါ အတွက် ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့တာပါ။ လောလောဆယ်တော့ ၎င်းကို သီးခြားခွဲထားပါ တယ်။ ပြီးတော့ ကနေဒါပြည်သူ့ကျန်းမာရေးအေဂျင်စီဟာ မာနီတိုဘာပြည်နယ်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေး အာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်နေပါတယ်" လို့ ပြောခဲ့ပါတယ်။

မျောက်ကျောက်ရောဂါဖြစ်ပွားမှုဟာ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုဝင်ဘာလ(၂၂)ရက် အစောပိုင်းမှာ ထုတ်ပြန်ပြောကြားပြီးနောက်ပိုင်း ကနေဒါနိုင်ငံမှာ ပထမဆုံးမျောက်ကျောက်ရောဂါလူနာကို ရှာဖွေတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ clade Ib လို့ခေါ်တဲ့ ဗိုင်းရပ်စ်မျိုးကွဲအသစ်တစ်ခုထွက်ပေါ်လာပြီးနောက် WHO ဟာ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံး ဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ပြီးခဲ့တဲ့ဩဂုတ်လမှာ ထပ်မံထုတ်ပြန်ကြေညာခဲ့ပါတယ်။

မျောက်ကျောက်ရောဂါဟာ တိရစ္တာန်တွေကနေတစ်ဆင့် လူတွေကို ကူးစက်တဲ့ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတာ ဖြစ်ပေမယ့်လည်း လူအချင်းချင်း နီးကပ်တဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကနေတဆင့် ကူးစက်နိုင်တယ်လို့လည်း သိရပါတယ်။ မျောက်ကျောက်ရောဂါဟာ ဖျားနားတာမျိုး၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးနဲ့ အရေပြား ပေါ်မှာ အနာတွေကို ဖြစ်စေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း မျောက်ကျောက်ရောဂါဟာ အပျော့စား ရောဂါမျိုးဖြစ်ပြီး ရှားပါးတဲ့အခြေအနေမျိုးမှာပဲ သေဆုံးတာကိုဖြစ်စေနိုင်တယ်လို့ WHO က ပြောကြားထားပါ တယ်။

Zawgyi Version;
ကေနဒါႏိုင္ငံမွာ ပထမဆုံး clade I ေမ်ာက္ေက်ာက္ေရာဂါလူနာကို စတင္ေတြ႕ရွိ
Pika (NP News) - ႏိုဝင္ဘာ ၂၄

ကေနဒါႏိုင္ငံ မာနီတိုဘာျပည္နယ္မွာ ပထမဆုံး clade I ေမ်ာက္ေက်ာက္ေရာဂါလူနာကို ေတြ႕ရွိခဲ့တယ္လို႔ ကေနဒါ ျပည္သူ႔က်န္းမာေရးေအဂ်င္စီက အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ကေနဒါႏိုင္ငံအတြင္းမွာ ပထမဆုံးေတြ႕ရွိခဲ့တဲ့ ေမ်ာက္ေက်ာက္ေရာဂါကိစၥဟာ အာဖရိကအလယ္ပိုင္းနဲ႔အေရွ႕ပိုင္းမွာ ဆက္လက္ျဖစ္ပြားေနတဲ့ clade I ေမ်ာက္ေက်ာက္ေရာဂါနဲ႔ဆက္ႏြယ္ေနတယ္လို႔ ကေနဒါျပည္သူ႔က်န္းမာေရးေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။

ကေနဒါျပည္သူ႔က်န္းမာေရးေအဂ်င္စီက "အဲဒီလူနာဟာ ခရီးသြားၿပီးျပန္လာၿပီးေနာက္ ေမ်ာက္ေက်ာက္ေရာဂါ အတြက္ ေဆးဘက္ဆိုင္ရာစစ္ေဆးမႈေတြကို လုပ္ေဆာင္ခဲ့တာပါ။ ေလာေလာဆယ္ေတာ့ ၎ကို သီးျခားခြဲထားပါ တယ္။ ၿပီးေတာ့ ကေနဒါျပည္သူ႔က်န္းမာေရးေအဂ်င္စီဟာ မာနီတိုဘာျပည္နယ္မွာရွိတဲ့ ျပည္သူ႔က်န္းမာေရး အာဏာပိုင္ေတြနဲ႔ နီးနီးကပ္ကပ္ လက္တြဲလုပ္ေဆာင္ေနပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ေမ်ာက္ေက်ာက္ေရာဂါျဖစ္ပြားမႈဟာ ကမာၻလုံးဆိုင္ရာအေရးေပၚအေျခအေနအျဖစ္ ဆက္လက္ရွိေနဆဲျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)က ႏိုဝင္ဘာလ(၂၂)ရက္ အေစာပိုင္းမွာ ထုတ္ျပန္ေျပာၾကားၿပီးေနာက္ပိုင္း ကေနဒါႏိုင္ငံမွာ ပထမဆုံးေမ်ာက္ေက်ာက္ေရာဂါလူနာကို ရွာေဖြေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။ clade Ib လို႔ေခၚတဲ့ ဗိုင္းရပ္စ္မ်ိဳးကြဲအသစ္တစ္ခုထြက္ေပၚလာၿပီးေနာက္ WHO ဟာ ေမ်ာက္ေက်ာက္ေရာဂါကို ကမာၻလုံး ဆိုင္ရာအေရးေပၚအေျခအေနအျဖစ္ ၿပီးခဲ့တဲ့ဩဂုတ္လမွာ ထပ္မံထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ေမ်ာက္ေက်ာက္ေရာဂါဟာ တိရစၱာန္ေတြကေနတစ္ဆင့္ လူေတြကို ကူးစက္တဲ့ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္ပြားတာ ျဖစ္ေပမယ့္လည္း လူအခ်င္းခ်င္း နီးကပ္တဲ့႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈေတြကေနတဆင့္ ကူးစက္ႏိုင္တယ္လို႔လည္း သိရပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါဟာ ဖ်ားနားတာမ်ိဳး၊ ႂကြက္သားေတြ နာက်င္ကိုက္ခဲတာမ်ိဳးနဲ႔ အေရျပား ေပၚမွာ အနာေတြကို ျဖစ္ေစတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ေမ်ာက္ေက်ာက္ေရာဂါဟာ အေပ်ာ့စား ေရာဂါမ်ိဳးျဖစ္ၿပီး ရွားပါးတဲ့အေျခအေနမ်ိဳးမွာပဲ ေသဆုံးတာကိုျဖစ္ေစႏိုင္တယ္လို႔ WHO က ေျပာၾကားထားပါ တယ္။

Related news

© 2021. All rights reserved.