ရုရှားနှင့်ယူကရိန်းကြား တင်းမာမှုများ မြင့်တက်လာမှုနှင့်အတူ ရေနံဈေးနှုန်းများမြင့်တက်လာ
277
Pika (NP News) - နိုဝင်ဘာ ၂၄
ရုရှားနှင့်ယူကရိန်းကြား တင်းမာမှုများ ဆက်လက်မြင့်တက်လာသလို အမေရိကန်နှင့် တရုတ်နိုင်ငံ တို့ထံမှ ရေနံဝယ်လိုအားအပေါ် စိုးရိမ်မှုများကြောင့် နိုဝင်ဘာလ(၂၂)ရက်တွင် ရေနံဈေးနှုန်းများမြင့်တက် လာခဲ့ကြောင်း သိရသည်။
Brent ရေနံစိမ်းသည် နံနက် (၉) နာရီ (၁၈)မိနစ်အချိန်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၄ ဒသမ ၂၈) ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ယခင် ဈေးနှုန်းထက်(ဝ ဒသမ ၃၈) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ West Texas Interm- ediate ရေနံစိမ်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၀ ဒသမ ၁၈) ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ယခင်ဈေးနှုန်းထက် (ဝ ဒသမ ၁၁) ရာခိုင်နှုန်းမြင့် တက်လာခဲ့ကြောင်းသိရသည်။
ရုရှားတပ်ဖွဲ့များသည် အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်အသစ် အပါအဝင် အမျိုးမျိုးသော ဒုံးကျည်များဖြင့် ယူကရိန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာများထွက်ပေါ်လာပြီးနောက် ရေနံဈေးနှုန်းများမြင့်တက်လာ ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရုရှားဘက်ကပစ်လွှတ်လိုက်သော အသံထက်မြန်သည့်ပဲ့ထိန်းဒုံးကျည်အသစ်သည် Dnipro မြို့ရှိ စစ်ဘက် ဆိုင်ရာစက်မှုစက်ရုံကို အောင်မြင်စွာထိမှန်ခဲ့ကြောင်း ပူတင်က ထုတ်ပြန်ပြောခဲ့သည်။ ယူကရိန်းတပ်ဖွဲ့များ သည် အနောက်အုပ်စုထုတ် ဒုံးကျည်စနစ်များကို အသုံးပြုကာ ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက် ရုရှားဘက်က ပဲ့ထိန်းဒုံးကျည်အသစ် ပစ်လွှတ်မှုထွက်ပေါ်လာ ခြင်းဖြစ်သည်။
ရုရှားနှင့် ယူကရိန်းကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေမှုနှင့်အတူ ကမ္ဘာ့အကြီးဆုံး ရေနံ အသုံးပြုသည့် နိုင်ငံများဖြစ်သော အမေရိကန်နှင့် တရုတ်တို့ထံမှ ရေနံဝယ်လိုအားအပေါ် စိုးရိမ်မှုများသည် ရေနံဈေးနှုန်းများကို ဆက်လက်မြင့်တက်လာစေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ အီရန်က အစ္စရေးအပေါ် တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ရန် စီစဉ်နေသည်ဆိုသည့်သတင်းများကြောင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံထောက်ပံ့မှု ပြတ်တောက်နိုင်ခြေရှိသည်ဆိုသည့် အစီရင်ခံစာထွက်ပေါ်လာမှုနှင့်အတူ ရေနံဈေးနှုန်းများ မြင့်တက်ခဲ့ပြီးနောက် သီတင်း (၂) ပတ် ကျော်အကြာတွင် ရေနံဈေးနှုန်းများ ယခုလိုထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
Zawgyi Version;
႐ုရွားႏွင့္ယူကရိန္းၾကား တင္းမာမႈမ်ား ျမင့္တက္လာမႈႏွင့္အတူ ေရနံေဈးႏႈန္းမ်ားျမင့္တက္လာ
Pika (NP News) - ႏိုဝင္ဘာ ၂၄
႐ုရွားႏွင့္ယူကရိန္းၾကား တင္းမာမႈမ်ား ဆက္လက္ျမင့္တက္လာသလို အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံ တို႔ထံမွ ေရနံဝယ္လိုအားအေပၚ စိုးရိမ္မႈမ်ားေၾကာင့္ ႏိုဝင္ဘာလ(၂၂)ရက္တြင္ ေရနံေဈးႏႈန္းမ်ားျမင့္တက္ လာခဲ့ေၾကာင္း သိရသည္။
Brent ေရနံစိမ္းသည္ နံနက္ (၉) နာရီ (၁၈)မိနစ္အခ်ိန္တြင္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ (၇၄ ဒသမ ၂၈) ေဒၚလာအထိ ျမင့္တက္ခဲ့ၿပီး ယခင္ ေဈးႏႈန္းထက္(ဝ ဒသမ ၃၈) ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ West Texas Interm- ediate ေရနံစိမ္းသည္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ (၇၀ ဒသမ ၁၈) ေဒၚလာအထိ ျမင့္တက္ခဲ့ၿပီး ယခင္ေဈးႏႈန္းထက္ (ဝ ဒသမ ၁၁) ရာခိုင္ႏႈန္းျမင့္ တက္လာခဲ့ေၾကာင္းသိရသည္။
႐ုရွားတပ္ဖြဲ႕မ်ားသည္ အသံထက္ျမန္သည့္ ပဲ့ထိန္းဒုံးက်ည္အသစ္ အပါအဝင္ အမ်ိဳးမ်ိဳးေသာ ဒုံးက်ည္မ်ားျဖင့္ ယူကရိန္းကို ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း အစီရင္ခံစာမ်ားထြက္ေပၚလာၿပီးေနာက္ ေရနံေဈးႏႈန္းမ်ားျမင့္တက္လာ ခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ ႐ုရွားဘက္ကပစ္လႊတ္လိုက္ေသာ အသံထက္ျမန္သည့္ပဲ့ထိန္းဒုံးက်ည္အသစ္သည္ Dnipro ၿမိဳ႕ရွိ စစ္ဘက္ ဆိုင္ရာစက္မႈစက္႐ုံကို ေအာင္ျမင္စြာထိမွန္ခဲ့ေၾကာင္း ပူတင္က ထုတ္ျပန္ေျပာခဲ့သည္။ ယူကရိန္းတပ္ဖြဲ႕မ်ား သည္ အေနာက္အုပ္စုထုတ္ ဒုံးက်ည္စနစ္မ်ားကို အသုံးျပဳကာ ႐ုရွားႏိုင္ငံအတြင္းရွိ ပစ္မွတ္မ်ားကို ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေနာက္ ႐ုရွားဘက္က ပဲ့ထိန္းဒုံးက်ည္အသစ္ ပစ္လႊတ္မႈထြက္ေပၚလာ ျခင္းျဖစ္သည္။
႐ုရွားႏွင့္ ယူကရိန္းၾကား တင္းမာမႈမ်ား ဆက္လက္ျမင့္တက္ေနမႈႏွင့္အတူ ကမာၻ႔အႀကီးဆုံး ေရနံ အသုံးျပဳသည့္ ႏိုင္ငံမ်ားျဖစ္ေသာ အေမရိကန္ႏွင့္ တ႐ုတ္တို႔ထံမွ ေရနံဝယ္လိုအားအေပၚ စိုးရိမ္မႈမ်ားသည္ ေရနံေဈးႏႈန္းမ်ားကို ဆက္လက္ျမင့္တက္လာေစခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ အီရန္က အစၥေရးအေပၚ တိုက္ခိုက္မႈအသစ္မ်ား လုပ္ေဆာင္ရန္ စီစဥ္ေနသည္ဆိုသည့္သတင္းမ်ားေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသမွ ေရနံေထာက္ပံ့မႈ ျပတ္ေတာက္ႏိုင္ေျခရွိသည္ဆိုသည့္ အစီရင္ခံစာထြက္ေပၚလာမႈႏွင့္အတူ ေရနံေဈးႏႈန္းမ်ား ျမင့္တက္ခဲ့ၿပီးေနာက္ သီတင္း (၂) ပတ္ ေက်ာ္အၾကာတြင္ ေရနံေဈးႏႈန္းမ်ား ယခုလိုထပ္မံျမင့္တက္လာခဲ့ျခင္းျဖစ္သည္။