BRI ၏ ကိုယ်ရံတော်များ (သို့မဟုတ်) တရုတ်ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများ (ဘာသာပြန်ဆောင်းပါး)

 1663

တင်ဇာ (NP News) - နိုဝင်ဘာ ၂၈

(၂၀၁၃) ခုနှစ်တွင် ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်း (BRI) ၏ ပဏာမခြေလှမ်းကို စတင်ခဲ့ချိန် ကတည်းက တရုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများသည် အမေရိကန်၏ Blackwater လုံခြုံရေး ကုမ္ပဏီ များနည်းတူ လုပ်ငန်းများလုပ်ကိုင်ရန် မျှော်မှန်းထားကြသည်။ ၎င်းတို့သည် BRI စီမံကိန်းကို နှောင့်ယှက် နိုင်သော အကြမ်းဖက် အန္တရာယ်များကိုကာကွယ်ရန် ရည်ရွယ်လိုရင်းဖြစ်သည်။ တရုတ်၏ ပုဂ္ဂလိကစစ် ဘက်ကုမ္ပဏီများသည် ကြေးစားစစ်တပ်များနှင့်မတူ တရားဝင်လုပ်ငန်းတစ်ခုဖြစ်ရန် အားထုတ်ခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်များကတည်းက အမေရိကန်နှင့် တင်းမာမှုများ တိုးလာခြင်းကြောင့် တရုတ် အစိုးရပိုင်လုပ်ငန်းများ သည် အမေရိကန်နှင့် ဥရောပမှ လုံခြုံရေးကန်ထ ရိုက်တာများနှင့် ပူးပေါင်း လိုစိတ် နည်းပါးလာခဲ့သည်။ ထိုအချိန်က ရုရှားကြေးစားတပ် ဝဂ္ဂနာသည် တစ်ပိုင်း-ပုဂ္ဂလိက ကြားခံ စစ်ဘက်ဆိုင်ရာ ဝန်ဆောင်မှုကို စတင်နေချိန်လည်းဖြစ်သည်။ ရုရှားပုဂ္ဂလိက ဝဂ္ဂနာသည် အာဖရိကမှ အရှေ့ အလယ်ပိုင်းအထိ BRI လုပ်ငန်းများကို အကာ အကွယ်ပေးခြင်းဖြင့် စီးပွားရေးအကျိုးအမြတ်များ ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဝဂ္ဂနာအဖွဲ့ခေါင်း ဆောင် ပရီဂိုဇင်၏ ရုရှားအစိုးရအပေါ် ပုန်ကန်မှု များကြောင့် တရုတ်အစိုးရထံ ဝဂ္ဂနာအဖွဲ့၏ ချဉ်းကပ် မှုများမှာ ခေတ္တခဏမျှသာ ရပ်တည်နိုင်ခဲ့သည်။

ဤသို့ဖြင့် တရုတ်လုံခြုံရေးကျွမ်းကျင်သူများ သည် Blackwater နှင့် ဝဂ္ဂနာ အဖွဲ့နှစ်ခုစလုံး၏ အားသာချက်နှင့် အားနည်းချက်များကို ဆန်းစစ်ချိန် ဆနိုင်ခဲ့သည်။ တရုတ်အနေဖြင့် ဤကဏ္ဍကို စတင်ရန် အနည်းငယ်တွန့်ဆုတ်ပုံရခဲ့သော်လည်း အနာဂတ်တွင်မူ တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ များသည် တရုတ်အကျိုးစီးပွားကို ကာကွယ်ရန်နှင့် လုံခြုံရေးစွမ်းရည်များကို မြှင့်တင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာကြသည်။

တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ၏အစ တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ (PSC) များ၏ ဇာစ်မြစ်သည် (၁၉၉၀) ပြည့်လွန်နှစ်များတွင် တရုတ် ပြည်မကြီး၌ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများကို အကန့် အသတ်ဖြင့် လိုင်စင်ချပေးခဲ့ချိန်မှစတင်သည်ဟု ဆိုရမည်။ ဝန်ကြီးချုပ် တိန့်ရှောင်ဖိန်လက်ထက် တွင် အနောက်နိုင်ငံများနှင့်ဖွင့်၍ဆက်ဆံလာခဲ့သလို နိုင်ငံ တော်လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ပုဂ္ဂလိ က ပိုင်အဖြစ် အကန့်အသတ်ဖြင့် ခွင့်ပြုလာခဲ့သည်။ အဆိုပါစည်းမျဉ်းဥပဒေအရ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ဟောင်းများသာ သက်ဆိုင်ရာ အာဏာပိုင်များထံ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီအဖြစ် လိုင်စင်လျှောက် ထားနိုင်ပြီး ၎င်းတို့အနေဖြင့် လက်နက်ကိုင်ဆောင်ခွင့် မရှိပါ။ ထိုအချိန်က ပြဋ္ဌာန်းခဲ့သည့် လုံခြုံရေးဝန် ဆောင်မှု ဥပဒေတွင် ကန့်သတ်ချက်များ ရှိနေသော် လည်း အနာဂတ်တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ ပေါ်ပေါက်လာရေးအတွက် အဟန့်အတားမဖြစ်ခဲ့ပေ။

(၂၀ဝ၉) ခုနှစ်တွင် ဥပဒေအသစ်သည် အစော ပိုင်းကန့်သတ်ချက်အချို့ကို ပြင်ဆင်ခဲ့သည့် အတွက် ငွေသားနှင့် အဖိုးတန်ပစ္စည်းများ သယ်ယူပို့ဆောင်စဉ် အတွင်း ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ သည် လက်နက်ကိုင်ဆောင်ရန် ခွင့်ပြုချက်ရခဲ့ပြီး လုံခြုံရေးအရာရှိ ဟောင်းများသာ လိုင်စင်ရနိုင်သည့် သတ်မှတ်ချက်ကို လည်း ပယ်ချခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ တရုတ် ပြည်မကြီးအခြေစိုက် ထောင် ပေါင်းများစွာသော တရုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီအများစုကို လုံခြုံ ရေးအရာရှိဟောင်းများက တည် ထောင်ထားပြီး ပြည်သူ့လွတ်မြောက်ရေးတပ်နှင့် ရဲတပ်ဖွဲ့တို့ အဖွဲ့ ဝင်များဖြင့် ဖွဲ့စည်းထားသည်။

စီးပွားရေးနှင့်အတူ ချဲ့ထွင်လာသော PSC များ
တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးလှုပ်ရှား မှုများ ကမ္ဘာတစ်ဝန်းတွင် ချဲ့ထွင်လာသည်နှင့်အမျှ ပြည်တွင်းပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီအချို့သည်လည်း နိုင်ငံတကာတိုးချဲ့မှုလမ်းကြောင်းပေါ်လိုက် လျှောက် လာခဲ့ကြပြီး ယခုအခါ နိုင်ငံတကာလုံခြုံရေး ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ တရုတ်အစိုးရပိုင်မီဒီယာ၏ ဖော်ပြချက်အရ (၂၀၁၆) ခုနှစ်တွင် တရုတ် PSCကုမ္ပဏီ (၂၀) ခန့် နိုင်ငံ တကာ ဈေးကွက်သို့ ဝင်ရောက်လာခဲ့ပြီး လုံခြုံရေး ဝန် ထမ်း (၃ယ၂၀ဝ) ခန့် နိုင်ငံရပ်ခြားတွင် တာဝန် ထမ်း ဆောင်နေကြောင်းသိရသည်။ သို့တိုင် ၎င်းတို့၏ ဈေးကွက်သည် အနောက်တိုင်း ပုဂ္ဂလိကစစ်ဘက် ကုမ္ပဏီများ နှင့်နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်။ (၂၀ဝ၈) ခုနှစ်တွင် အီရတ်တစ်နိုင်ငံတည်း၌ပင် အနောက်အုပ်စုပိုင် PSC ကုမ္ပဏီ (၅၀) ခန့် လည်ပတ်နေသည်။ ထိုအချိန်က UKနှင့် US အခြေစိုက် ပုဂ္ဂလိကလုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာ ကုမ္ပဏီများသည် ပြည်ပရှိပုဂ္ဂလိကလုပ်ငန်းများ၏ ဦးစားပေး ရွေးချယ်မှုဖြစ်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင်မူ တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ (SOE) နှင့် ပြည်ပတွင် လည် ပတ်နေသော အခြားကုမ္ပဏီများသည် တရုတ် PSC များကို အလုပ်ခန့်ထားရန် ဦးစားပေးအဖြစ် ပြောင်း လဲ လာခဲ့သည်။ နိုင်ငံတကာ PSC များသည် ပို၍ ဈေးကြီးတတ်သောကြောင့် နောက်ပိုင်းတွင် တရုတ် PSC များကို ငှားရမ်းလာကြသည်။ ဗြိတိန် သို့မဟုတ် အမေရိကန်အစောင့်တစ်ဦးကိုငှားရမ်းရသည့် ဈေးနှုန်းမှာ တရုတ် အစောင့် (၁၂) ဦးပါ အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းရသည့် ဈေးနှုန်းနှင့် တူညီလုနီးပါး ဖြစ်သည်။

နိုင်ငံပေါင်း (၆၅) နိုင်ငံပါဝင်ပြီး ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံမှုများ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ဘီလျံ (၉၀ဝ) ယူရို (၇၆၅) ဘီလျံခန့် ပါဝင်သော BRI သည် တရုတ်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု နယ် ပယ်ကို သိသိသာသာတိုးချဲ့နိုင်ခဲ့သည်။ ဘေဂျင်း အခြေစိုက် China and Globalization စင်တာမှ အချက်အလက်များအရ (၂၀၁၆) ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီပေါင်း (၁၆ယဝဝဝ) ကျော်တွင် တရုတ်နိုင်ငံသား စုစုပေါင်း (၈၄၇ယဝဝဝ) ခန့် အလုပ် လုပ်ကိုင်နေသည်။ ထို့ကြောင့် BRI သည် တရုတ် PSC များကို နိုင်ငံတကာသို့ချဲ့ထွင်ရန်အတွက် အထောက်အကူဖြစ်စေကြောင်း တွေ့ရသည်။ BRI သည် တရုတ် SOE များနှင့် အခြားသောလုပ်ငန်း များကို နိုင်ငံတကာတွင် ချဲ့ထွင်ရန် တွန်းအားဖြစ်စေ သကဲ့သို့၊ အန္တရာယ်ရှိသော ပတ်ဝန်းကျင်များတွင် မကြာခဏဆိုသလို တရုတ် PSC များသည် လုံခြုံ ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။

ယခုကာလများအတွင်း နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော တရုတ်ကုမ္ပဏီများနှင့် နိုင်ငံသား များသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် ရင်ဆိုင် နေရသောကြောင့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု များ လိုအပ်လျက်ရှိနေသည်။ BRI သည် တရုတ်ကုမ္ပဏီ များနှင့် နိုင်ငံသားများအတွက် လုပ်ငန်းလည် ပတ်မှုနှင့် ဘေးအန္တရာယ်မြင့်မားသော တောင်အာရှ၊ အရှေ့ အလယ်ပိုင်းအပါအဝင် အရှေ့အာဖရိကအထိ တည်ငြိမ်မှုနည်းပါးသော နိုင်ငံများတွင် လည်ပတ်နေရ သည်။ ဥပမာအားဖြင့် အီရတ်ရှိ ဓာတ်အားပေး စက်ရုံ များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ပါကစ္စတန်ရှိ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် ဆူဒန်တွင် ရေနံတူးဖော်ခြင်းလုပ်ငန်းများသည် လုပ်ငန်းတည်ရှိရာနိုင်ငံများ၏ ဒေသတွင်း အခြေအနေများကြောင့် အန္တရာယ်မြင့်မားလျက်ရှိသည်။

နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့များသည် BRI တစ်လျှောက်ရှိ နိုင်ငံအများစုတွင် လှုပ်ရှား ဆောင် ရွက်လျက်ရှိသည်။ အထူးသဖြင့် ဝီဂါ ခွဲထွက် ရေးနှင့်ပတ်သက်သည့် ပြည်တွင်းအကြမ်းဖက်မှု များသည် တရုတ်၏လုံခြုံရေးဆိုင်ရာ ဦးစားပေး အဆင့်တွင် ကြာမြင့်စွာရှိနေသော်လည်း BRI ကို စတင်ပြီးနောက် ပိုင်း နိုင်ငံဖြတ်ကျော် အကြမ်းဖက် အန္တရာယ်သည် ထိပ်တန်းဦးစားပေးဖြစ်လာခဲ့သည်။ BRI စတင်ပြီး နောက် နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံသားများနှင့် တရုတ်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများအပေါ် ခြိမ်းခြောက်တိုက်ခိုက်မှုများ ကြုံတွေ့လာရသည်။ (၂၀၁၇) ခုနှစ်တွင် Jabhat al-Nusra ၏ Salafist ဂျီဟတ်အဖွဲ့နှင့် ချိတ်ဆက်ထားသော အကြမ်းဖက်အုပ်စုများသည် ကာဂျစ်စ တန်နိုင်ငံ၊ မြို့တော် ဘစ်ရှ်ကတ်ရှိ တရုတ် သံရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုနှစ်တွင်ပင် ပါကစ္စတန်၌ ISIS များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံသား သုံးဦးအသက်ဆုံးရှုံးခဲ့ရပြီး ဆရာနှစ်ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံ ခဲ့ရသည်။ ထို့ပြင် (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကရာချိ မြို့၌ ပစ်ခတ်မှုအတွင်း သင်္ဘောကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်။ ထိုသို့သော အကြမ်းဖက်အန္တရာယ်များကြောင့် ပြည်ပရှိ တရုတ်အကျိုး စီးပွားများအတွက် PSC များက အရေးတကြီး လိုအပ်ချက်ဖြစ်လာခဲ့သည်။

မကြာသေးမီကလည်း မြန်မာနိုင်ငံတွင် တရုတ် နှင့်ဖက်စပ် လုံခြုံရေးကုမ္ပဏီ တည်ထောင်ရန် အတွက် လုပ်ငန်းကော်မတီတစ်ရပ်ကိုတည်ထောင်လိုက်ကြောင်း နိုဝင်ဘာလ (၈) ရက်ထုတ် မြန်မာ နိုင်ငံပြန်တမ်းအရ သိရသည်။ တရုတ်နိုင်ငံက အဆိုပြုပေးပို့လာသည့် အဆိုပါ ကုမ္ပဏီတည်ထောင် နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးနိုင်ရေး လုပ်ငန်းကော်မတီတစ်ရပ်ကိုလည်း မြန်မာအစိုးရက အောက်တိုဘာလ (၂၂) ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း ပြန်တမ်းတွင် ဖော်ပြထားသည်။ ယင်းလုပ်ငန်း ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်ထဲ ရေး၊ ကာကွယ်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ နိုင်ငံခြားရေး စသည့် ဝန်ကြီး ဌာနများအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိများပါဝင်ကာ စုစုပေါင်း လူပုဂ္ဂိုလ် (၁၃) ဦးဖြင့် ဖွဲ့စည်းထားသည်။

မြန်မာ-တရုတ်ဖက်စပ်လုံခြုံရေးကုမ္ပဏီသည် အထက်တွင်ဆိုခဲ့သည့် တရုတ်ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများနှင့် အလားတူပင်ဖြစ်နိုင်သည်။ အကြောင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဩဂုတ် လ (၁၄) ရက်၊ မြန်မာနိုင်ငံခရီးစဉ်အတွင်း BRI စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို အရှိန်မြှင့်ပြီး တရုတ်- မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက် လိုင်းလည်ပတ်မှုကို ကောင်းမွန်စွာဆောင် ရွက်သွားလိုကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း နှင့် စီမံကိန်းများ ဘေးကင်းလုံခြုံမှုကို မြန်မာဘက်က လက်တွေ့ကျကျကာကွယ်ထိန်းသိမ်းပေးရန် ထည့် သွင်းပြောဆိုမှုများ ရှိခဲ့သည်။ ထို့ကြောင့် တရုတ် အနေဖြင့် မြန်မာနိုင်ငံရှိ ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် PSC နှင့် သဏ္ဌာန်တူ အကျိုး တူလုံခြုံရေးကုမ္ပဏီတစ်ခုကို မြန်မာနိုင်ငံတွင်ထားရှိ ရန် ရည်ရွယ်လိုရင်း ဖြစ်နိုင်သည်။

မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားလျက် ရှိသော လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အဓိကစိန်ခေါ်မှု များဖြစ်နေသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားသည့် အိမ်နီးချင်းတရုတ်နိုင်ငံအတွက်လည်း စိုးရိမ်စရာအခြေအနေ ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတို့၏ အကျိုးစီးပွားကာကွယ်ရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းများစွာဖြင့် ကြိုးပမ်းနေခြင်းလည်း ဖြစ်လိမ့် မည်။ မည်သို့ပင်ဆိုစေကာမူ တရုတ် တစ်ဦးတည်း ပိုင် မဟုတ်ဘဲ မြန်မာနှင့် ဖက်စပ်လုပ်ဆောင်သွားမည့် လုံခြုံရေးကုမ္ပဏီဖြစ်သည့်အတွက် မည်သို့သော အကျိုးကျေးဇူးများ၊ အားသာချက်များရရှိသွားမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း။

zawgyi version
BRI ၏ ကိုယ္ရံေတာ္မ်ား (သို႔မဟုတ္) တ႐ုတ္ပုဂၢလိက လုံၿခဳံေရး ကုမၸဏီမ်ား (ဘာသာျပန္ေဆာင္းပါး)
တင္ဇာ (NP News) - ႏိုဝင္ဘာ ၂၈

(၂၀၁၃) ခုႏွစ္တြင္ ရပ္ဝန္းႏွင့္ လမ္း ေၾကာင္း စီမံကိန္း (BRI) ၏ ပဏာမေျခ လွမ္းကို စတင္ခဲ့ခ်ိန္ ကတည္းက တ႐ုတ္ ပုဂၢလိကလုံၿခဳံေရးကုမၸဏီမ်ားသည္ အေမရိကန္၏ Blackwater လုံၿခဳံေရး ကုမၸဏီ မ်ားနည္းတူ လုပ္ငန္းမ်ားလုပ္ကိုင္ရန္ ေမွ်ာ္မွန္းထားၾကသည္။ ၎တို႔သည္ BRI စီမံကိန္းကို ေႏွာင့္ယွက္ ႏိုင္ေသာ အၾကမ္းဖက္ အႏၲရာယ္မ်ားကိုကာကြယ္ရန္ ရည္႐ြယ္လိုရင္းျဖစ္သည္။ တ႐ုတ္၏ ပုဂၢလိကစစ္ ဘက္ကုမၸဏီမ်ားသည္ ေၾကးစားစစ္တပ္မ်ားႏွင့္မတူ တရားဝင္လုပ္ငန္းတစ္ခုျဖစ္ရန္ အားထုတ္ခဲ့ၾကသည္။

လြန္ခဲ့သည့္ ႏွစ္မ်ားကတည္းက အေမရိကန္ႏွင့္ တင္းမာမႈမ်ား တိုးလာျခင္းေၾကာင့္ တ႐ုတ္ အစိုးရပိုင္လုပ္ငန္းမ်ား သည္ အေမရိကန္ႏွင့္ ဥေရာပမွ လုံၿခဳံေရးကန္ထ ႐ိုက္တာမ်ားႏွင့္ ပူးေပါင္း လိုစိတ္ နည္းပါးလာခဲ့သည္။ ထိုအခ်ိန္က ႐ုရွားေၾကးစားတပ္ ဝဂၢနာသည္ တစ္ပိုင္း-ပုဂၢလိက ၾကားခံ စစ္ဘက္ဆိုင္ရာ ဝန္ေဆာင္မႈကို စတင္ေနခ်ိန္လည္းျဖစ္သည္။ ႐ုရွားပုဂၢလိက ဝဂၢနာသည္ အာဖရိကမွ အေရွ႕ အလယ္ပိုင္းအထိ BRI လုပ္ငန္းမ်ားကို အကာ အကြယ္ေပးျခင္းျဖင့္ စီးပြားေရးအက်ိဳးအျမတ္မ်ား ရရွိရန္ ႀကိဳးပမ္းခဲ့ၾကသည္။ သို႔ေသာ္ ဝဂၢနာအဖြဲ႕ေခါင္း ေဆာင္ ပရီဂိုဇင္၏ ႐ုရွားအစိုးရအေပၚ ပုန္ကန္မႈ မ်ားေၾကာင့္ တ႐ုတ္အစိုးရထံ ဝဂၢနာအဖြဲ႕၏ ခ်ဥ္းကပ္ မႈမ်ားမွာ ေခတၱခဏမွ်သာ ရပ္တည္ႏိုင္ခဲ့သည္။

ဤသို႔ျဖင့္ တ႐ုတ္လုံၿခဳံေရးကြၽမ္းက်င္သူမ်ား သည္ Blackwater ႏွင့္ ဝဂၢနာ အဖြဲ႕ႏွစ္ခုစလုံး၏ အားသာခ်က္ႏွင့္ အားနည္းခ်က္မ်ားကို ဆန္းစစ္ခ်ိန္ ဆႏိုင္ခဲ့သည္။ တ႐ုတ္အေနျဖင့္ ဤက႑ကို စတင္ရန္ အနည္းငယ္တြန႔္ဆုတ္ပုံရခဲ့ေသာ္လည္း အနာဂတ္တြင္မူ တ႐ုတ္ပုဂၢလိကလုံၿခဳံေရးကုမၸဏီ မ်ားသည္ တ႐ုတ္အက်ိဳးစီးပြားကို ကာကြယ္ရန္ႏွင့္ လုံၿခဳံေရးစြမ္းရည္မ်ားကို ျမႇင့္တင္ရာတြင္ အဓိက အခန္းက႑မွ ပါဝင္လာၾကသည္။

တ႐ုတ္ပုဂၢလိက လုံၿခဳံေရးကုမၸဏီမ်ား၏အစ တ႐ုတ္ပုဂၢလိကလုံၿခဳံေရးကုမၸဏီ (PSC) မ်ား၏ ဇာစ္ျမစ္သည္ (၁၉၉၀) ျပည့္လြန္ႏွစ္မ်ားတြင္ တ႐ုတ္ ျပည္မႀကီး၌ ပုဂၢလိကလုံၿခဳံေရးကုမၸဏီမ်ားကို အကန႔္ အသတ္ျဖင့္ လိုင္စင္ခ်ေပးခဲ့ခ်ိန္မွစတင္သည္ဟု ဆိုရမည္။ ဝန္ႀကီးခ်ဳပ္ တိန႔္ေရွာင္ဖိန္လက္ထက္ တြင္ အေနာက္ႏိုင္ငံမ်ားႏွင့္ဖြင့္၍ဆက္ဆံလာခဲ့သလို ႏိုင္ငံ ေတာ္လုံၿခဳံေရးဆိုင္ရာလုပ္ငန္းမ်ားကို ပုဂၢလိ က ပိုင္အျဖစ္ အကန႔္အသတ္ျဖင့္ ခြင့္ျပဳလာခဲ့သည္။ အဆိုပါစည္းမ်ဥ္းဥပေဒအရ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္ ေဟာင္းမ်ားသာ သက္ဆိုင္ရာ အာဏာပိုင္မ်ားထံ ပုဂၢလိက လုံၿခဳံေရးကုမၸဏီအျဖစ္ လိုင္စင္ေလွ်ာက္ ထားႏိုင္ၿပီး ၎တို႔အေနျဖင့္ လက္နက္ကိုင္ေဆာင္ခြင့္ မရွိပါ။ ထိုအခ်ိန္က ျပ႒ာန္းခဲ့သည့္ လုံၿခဳံေရးဝန္ ေဆာင္မႈ ဥပေဒတြင္ ကန႔္သတ္ခ်က္မ်ား ရွိေနေသာ္ လည္း အနာဂတ္တ႐ုတ္ပုဂၢလိကလုံၿခဳံေရးကုမၸဏီမ်ား ေပၚေပါက္လာေရးအတြက္ အဟန႔္အတားမျဖစ္ခဲ့ေပ။

(၂၀ဝ၉) ခုႏွစ္တြင္ ဥပေဒအသစ္သည္ အေစာ ပိုင္းကန႔္သတ္ခ်က္အခ်ိဳ႕ကို ျပင္ဆင္ခဲ့သည့္ အတြက္ ေငြသားႏွင့္ အဖိုးတန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္စဥ္ အတြင္း ပုဂၢလိက လုံၿခဳံေရးကုမၸဏီမ်ား သည္ လက္နက္ကိုင္ေဆာင္ရန္ ခြင့္ျပဳခ်က္ရခဲ့ၿပီး လုံၿခဳံေရးအရာရွိ ေဟာင္းမ်ားသာ လိုင္စင္ရႏိုင္သည့္ သတ္မွတ္ခ်က္ကို လည္း ပယ္ခ်ခဲ့သည္။ မည္သို႔ပင္ဆိုေစကာမူ တ႐ုတ္ ျပည္မႀကီးအေျခစိုက္ ေထာင္ ေပါင္းမ်ားစြာေသာ တ႐ုတ္ ပုဂၢလိကလုံၿခဳံေရးကုမၸဏီအမ်ားစုကို လုံၿခဳံ ေရးအရာရွိေဟာင္းမ်ားက တည္ ေထာင္ထားၿပီး ျပည္သူ႔လြတ္ေျမာက္ေရးတပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔ အဖြဲ႕ ဝင္မ်ားျဖင့္ ဖြဲ႕စည္းထားသည္။

စီးပြားေရးႏွင့္အတူ ခ်ဲ႕ထြင္လာေသာ PSC မ်ား
တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးႏွင့္ ႏိုင္ငံေရးလႈပ္ရွား မႈမ်ား ကမာၻတစ္ဝန္းတြင္ ခ်ဲ႕ထြင္လာသည္ႏွင့္အမွ် ျပည္တြင္းပုဂၢလိကလုံၿခဳံေရးကုမၸဏီအခ်ိဳ႕သည္လည္း ႏိုင္ငံတကာတိုးခ်ဲ႕မႈလမ္းေၾကာင္းေပၚလိုက္ ေလွ်ာက္ လာခဲ့ၾကၿပီး ယခုအခါ ႏိုင္ငံတကာလုံၿခဳံေရး ဝန္ေဆာင္မႈမ်ားကိုလည္း ပံ့ပိုးေပးလ်က္ရွိသည္။ တ႐ုတ္အစိုးရပိုင္မီဒီယာ၏ ေဖာ္ျပခ်က္အရ (၂၀၁၆) ခုႏွစ္တြင္ တ႐ုတ္ PSCကုမၸဏီ (၂၀) ခန႔္ ႏိုင္ငံ တကာ ေဈးကြက္သို႔ ဝင္ေရာက္လာခဲ့ၿပီး လုံၿခဳံေရး ဝန္ ထမ္း (၃ယ၂၀ဝ) ခန႔္ ႏိုင္ငံရပ္ျခားတြင္ တာဝန္ ထမ္း ေဆာင္ေနေၾကာင္းသိရသည္။ သို႔တိုင္ ၎တို႔၏ ေဈးကြက္သည္ အေနာက္တိုင္း ပုဂၢလိကစစ္ဘက္ ကုမၸဏီမ်ား ႏွင့္ႏႈိင္းယွဥ္ပါက နည္းပါးေနေသးသည္။ (၂၀ဝ၈) ခုႏွစ္တြင္ အီရတ္တစ္ႏိုင္ငံတည္း၌ပင္ အေနာက္အုပ္စုပိုင္ PSC ကုမၸဏီ (၅၀) ခန႔္ လည္ပတ္ေနသည္။ ထိုအခ်ိန္က UKႏွင့္ US အေျခစိုက္ ပုဂၢလိကလုံၿခဳံေရးႏွင့္ စစ္ဘက္ဆိုင္ရာ ကုမၸဏီမ်ားသည္ ျပည္ပရွိပုဂၢလိကလုပ္ငန္းမ်ား၏ ဦးစားေပး ေ႐ြးခ်ယ္မႈျဖစ္ခဲ့သည္။

သို႔ေသာ္ ေနာက္ပိုင္းတြင္မူ တ႐ုတ္အစိုးရပိုင္ စီးပြားေရးလုပ္ငန္းမ်ား (SOE) ႏွင့္ ျပည္ပတြင္ လည္ ပတ္ေနေသာ အျခားကုမၸဏီမ်ားသည္ တ႐ုတ္ PSC မ်ားကို အလုပ္ခန႔္ထားရန္ ဦးစားေပးအျဖစ္ ေျပာင္း လဲ လာခဲ့သည္။ ႏိုင္ငံတကာ PSC မ်ားသည္ ပို၍ ေဈးႀကီးတတ္ေသာေၾကာင့္ ေနာက္ပိုင္းတြင္ တ႐ုတ္ PSC မ်ားကို ငွားရမ္းလာၾကသည္။ ၿဗိတိန္ သို႔မဟုတ္ အေမရိကန္အေစာင့္တစ္ဦးကိုငွားရမ္းရသည့္ ေဈးႏႈန္းမွာ တ႐ုတ္ အေစာင့္ (၁၂) ဦးပါ အဖြဲ႕တစ္ဖြဲ႕ကို ငွားရမ္းရသည့္ ေဈးႏႈန္းႏွင့္ တူညီလုနီးပါး ျဖစ္သည္။

ႏိုင္ငံေပါင္း (၆၅) ႏိုင္ငံပါဝင္ၿပီး ကမာၻတစ္ဝန္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ ဘီလ်ံ (၉၀ဝ) ယူ႐ို (၇၆၅) ဘီလ်ံခန႔္ ပါဝင္ေသာ BRI သည္ တ႐ုတ္ႏိုင္ငံ၏ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ နယ္ ပယ္ကို သိသိသာသာတိုးခ်ဲ႕ႏိုင္ခဲ့သည္။ ေဘဂ်င္း အေျခစိုက္ China and Globalization စင္တာမွ အခ်က္အလက္မ်ားအရ (၂၀၁၆) ခုႏွစ္တြင္ ကမာၻတစ္ဝန္းရွိ ကုမၸဏီေပါင္း (၁၆ယဝဝဝ) ေက်ာ္တြင္ တ႐ုတ္ႏိုင္ငံသား စုစုေပါင္း (၈၄၇ယဝဝဝ) ခန႔္ အလုပ္ လုပ္ကိုင္ေနသည္။ ထို႔ေၾကာင့္ BRI သည္ တ႐ုတ္ PSC မ်ားကို ႏိုင္ငံတကာသို႔ခ်ဲ႕ထြင္ရန္အတြက္ အေထာက္အကူျဖစ္ေစေၾကာင္း ေတြ႕ရသည္။ BRI သည္ တ႐ုတ္ SOE မ်ားႏွင့္ အျခားေသာလုပ္ငန္း မ်ားကို ႏိုင္ငံတကာတြင္ ခ်ဲ႕ထြင္ရန္ တြန္းအားျဖစ္ေစ သကဲ့သို႔၊ အႏၲရာယ္ရွိေသာ ပတ္ဝန္းက်င္မ်ားတြင္ မၾကာခဏဆိုသလို တ႐ုတ္ PSC မ်ားသည္ လုံၿခဳံ ေရးလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္သည္။

ယခုကာလမ်ားအတြင္း ႏိုင္ငံရပ္ျခားတြင္ အလုပ္လုပ္ေနေသာ တ႐ုတ္ကုမၸဏီမ်ားႏွင့္ ႏိုင္ငံသား မ်ားသည္ လုံၿခဳံေရးဆိုင္ရာ စိုးရိမ္မႈမ်ားႏွင့္ ရင္ဆိုင္ ေနရေသာေၾကာင့္ ပုဂၢလိကလုံၿခဳံေရးဝန္ေဆာင္မႈ မ်ား လိုအပ္လ်က္ရွိေနသည္။ BRI သည္ တ႐ုတ္ကုမၸဏီ မ်ားႏွင့္ ႏိုင္ငံသားမ်ားအတြက္ လုပ္ငန္းလည္ ပတ္မႈႏွင့္ ေဘးအႏၲရာယ္ျမင့္မားေသာ ေတာင္အာရွ၊ အေရွ႕ အလယ္ပိုင္းအပါအဝင္ အေရွ႕အာဖရိကအထိ တည္ၿငိမ္မႈနည္းပါးေသာ ႏိုင္ငံမ်ားတြင္ လည္ပတ္ေနရ သည္။ ဥပမာအားျဖင့္ အီရတ္ရွိ ဓာတ္အားေပး စက္႐ုံ မ်ား ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္း၊ ပါကစၥတန္ရွိ အေျခခံအေဆာက္အအုံမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းႏွင့္ ဆူဒန္တြင္ ေရနံတူးေဖာ္ျခင္းလုပ္ငန္းမ်ားသည္ လုပ္ငန္းတည္ရွိရာႏိုင္ငံမ်ား၏ ေဒသတြင္း အေျခအေနမ်ားေၾကာင့္ အႏၲရာယ္ျမင့္မားလ်က္ရွိသည္။

ႏိုင္ငံျဖတ္ေက်ာ္ အၾကမ္းဖက္အဖြဲ႕မ်ားသည္ BRI တစ္ေလွ်ာက္ရွိ ႏိုင္ငံအမ်ားစုတြင္ လႈပ္ရွား ေဆာင္ ႐ြက္လ်က္ရွိသည္။ အထူးသျဖင့္ ဝီဂါ ခြဲထြက္ ေရးႏွင့္ပတ္သက္သည့္ ျပည္တြင္းအၾကမ္းဖက္မႈ မ်ားသည္ တ႐ုတ္၏လုံၿခဳံေရးဆိုင္ရာ ဦးစားေပး အဆင့္တြင္ ၾကာျမင့္စြာရွိေနေသာ္လည္း BRI ကို စတင္ၿပီးေနာက္ ပိုင္း ႏိုင္ငံျဖတ္ေက်ာ္ အၾကမ္းဖက္ အႏၲရာယ္သည္ ထိပ္တန္းဦးစားေပးျဖစ္လာခဲ့သည္။ BRI စတင္ၿပီး ေနာက္ ႏွစ္အနည္းငယ္အတြင္း တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ တ႐ုတ္ကုမၸဏီမ်ား၏ ပိုင္ဆိုင္မႈမ်ားအေပၚ ၿခိမ္းေျခာက္တိုက္ခိုက္မႈမ်ား ႀကဳံေတြ႕လာရသည္။ (၂၀၁၇) ခုႏွစ္တြင္ Jabhat al-Nusra ၏ Salafist ဂ်ီဟတ္အဖြဲ႕ႏွင့္ ခ်ိတ္ဆက္ထားေသာ အၾကမ္းဖက္အုပ္စုမ်ားသည္ ကာဂ်စ္စ တန္ႏိုင္ငံ၊ ၿမိဳ႕ေတာ္ ဘစ္ရွ္ကတ္ရွိ တ႐ုတ္ သံ႐ုံးကို ဗုံးႀကဲတိုက္ခိုက္ခဲ့သည္။ ထိုႏွစ္တြင္ပင္ ပါကစၥတန္၌ ISIS မ်ား၏ တိုက္ခိုက္မႈမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံသား သုံးဦးအသက္ဆုံးရႈံးခဲ့ရၿပီး ဆရာႏွစ္ဦး ျပန္ေပးဆြဲသတ္ျဖတ္ခံ ခဲ့ရသည္။ ထို႔ျပင္ (၂၀၁၈) ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ကရာခ်ိ ၿမိဳ႕၌ ပစ္ခတ္မႈအတြင္း သေဘၤာကုမၸဏီမွ ဝန္ထမ္းတစ္ဦး ေသဆုံးခဲ့သည္။ ထိုသို႔ေသာ အၾကမ္းဖက္အႏၲရာယ္မ်ားေၾကာင့္ ျပည္ပရွိ တ႐ုတ္အက်ိဳး စီးပြားမ်ားအတြက္ PSC မ်ားက အေရးတႀကီး လိုအပ္ခ်က္ျဖစ္လာခဲ့သည္။

မၾကာေသးမီကလည္း ျမန္မာႏိုင္ငံတြင္ တ႐ုတ္ ႏွင့္ဖက္စပ္ လုံၿခဳံေရးကုမၸဏီ တည္ေထာင္ရန္ အတြက္ လုပ္ငန္းေကာ္မတီတစ္ရပ္ကိုတည္ေထာင္လိုက္ေၾကာင္း ႏိုဝင္ဘာလ (၈) ရက္ထုတ္ ျမန္မာ ႏိုင္ငံျပန္တမ္းအရ သိရသည္။ တ႐ုတ္ႏိုင္ငံက အဆိုျပဳေပးပို႔လာသည့္ အဆိုပါ ကုမၸဏီတည္ေထာင္ ႏိုင္ရန္အတြက္ နားလည္မႈစာခြၽန္လႊာ လက္မွတ္ ေရးထိုးႏိုင္ေရး လုပ္ငန္းေကာ္မတီတစ္ရပ္ကိုလည္း ျမန္မာအစိုးရက ေအာက္တိုဘာလ (၂၂) ရက္တြင္ ဖြဲ႕စည္းခဲ့ေၾကာင္း ျပန္တမ္းတြင္ ေဖာ္ျပထားသည္။ ယင္းလုပ္ငန္း ေကာ္မတီတြင္ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ဥကၠ႒အျဖစ္ ဦးေဆာင္ၿပီး ျပည္ထဲ ေရး၊ ကာကြယ္ေရး၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၊ စီမံကိန္းႏွင့္ ဘ႑ာေရး၊ ႏိုင္ငံျခားေရး စသည့္ ဝန္ႀကီး ဌာနမ်ားအပါအဝင္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ အရာရွိမ်ားပါဝင္ကာ စုစုေပါင္း လူပုဂၢိဳလ္ (၁၃) ဦးျဖင့္ ဖြဲ႕စည္းထားသည္။

ျမန္မာ-တ႐ုတ္ဖက္စပ္လုံၿခဳံေရးကုမၸဏီသည္ အထက္တြင္ဆိုခဲ့သည့္ တ႐ုတ္ပုဂၢလိကလုံၿခဳံေရး ကုမၸဏီမ်ားႏွင့္ အလားတူပင္ျဖစ္ႏိုင္သည္။ အေၾကာင္းမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ၏ ဩဂုတ္ လ (၁၄) ရက္၊ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း BRI စီမံကိန္း၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ တ႐ုတ္- ျမန္မာ စီးပြားေရးစႀကႍ တည္ေဆာက္မႈကို အရွိန္ျမႇင့္ၿပီး တ႐ုတ္- ျမန္မာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္ လိုင္းလည္ပတ္မႈကို ေကာင္းမြန္စြာေဆာင္ ႐ြက္သြားလိုေၾကာင္း၊ ျမန္မာႏိုင္ငံရွိ တ႐ုတ္ဝန္ထမ္း ႏွင့္ စီမံကိန္းမ်ား ေဘးကင္းလုံၿခဳံမႈကို ျမန္မာဘက္က လက္ေတြ႕က်က်ကာကြယ္ထိန္းသိမ္းေပးရန္ ထည့္ သြင္းေျပာဆိုမႈမ်ား ရွိခဲ့သည္။ ထို႔ေၾကာင့္ တ႐ုတ္ အေနျဖင့္ ျမန္မာႏိုင္ငံရွိ ၎၏ အက်ိဳးစီးပြားမ်ားကို ကာကြယ္ရန္အတြက္ PSC ႏွင့္ သဏၭာန္တူ အက်ိဳး တူလုံၿခဳံေရးကုမၸဏီတစ္ခုကို ျမန္မာႏိုင္ငံတြင္ထားရွိ ရန္ ရည္႐ြယ္လိုရင္း ျဖစ္ႏိုင္သည္။

ျမန္မာႏိုင္ငံတြင္ လတ္တေလာ ျဖစ္ပြားလ်က္ ရွိေသာ လက္နက္ကိုင္ပဋိပကၡမ်ားသည္ ႏိုင္ငံျခား ရင္း ႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအတြက္ အဓိကစိန္ေခၚမႈ မ်ားျဖစ္ေနသည္။ အထူးသျဖင့္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာ ျပဳလုပ္ထားသည့္ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံအတြက္လည္း စိုးရိမ္စရာအေျခအေန ျဖစ္ေကာင္းျဖစ္ေနႏိုင္သည္။ သို႔ျဖစ္ပါ၍ ၎တို႔၏ အက်ိဳးစီးပြားကာကြယ္ေရးအတြက္ ျဖစ္ႏိုင္သည့္ နည္းလမ္းမ်ားစြာျဖင့္ ႀကိဳးပမ္းေနျခင္းလည္း ျဖစ္လိမ့္ မည္။ မည္သို႔ပင္ဆိုေစကာမူ တ႐ုတ္ တစ္ဦးတည္း ပိုင္ မဟုတ္ဘဲ ျမန္မာႏွင့္ ဖက္စပ္လုပ္ေဆာင္သြားမည့္ လုံၿခဳံေရးကုမၸဏီျဖစ္သည့္အတြက္ မည္သို႔ေသာ အက်ိဳးေက်းဇူးမ်ား၊ အားသာခ်က္မ်ားရရွိသြားမည္ကို ေစာင့္ၾကည့္ရဦးမည္ျဖစ္ပါေၾကာင္း။

Related news

© 2021. All rights reserved.