တောင်ကိုရီးယားသမ္မတကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှု မအောင်မြင်

 1092

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၈

တောင်ကိုရီးယား အဓိကအတိုက်ခံပါတီ ဒီမိုကရက်တစ်ပါတီက သမ္မတယွန်ဆန်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှု မအောင်မြင်ခဲ့ပေမယ့် ထပ်မံကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီ ဦးဆောင်ပြီး အတိုက်ခံပါတီတွေဟာ ဒီဇင်ဘာ ၇ ရက်မှာ သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုလုပ်ဆောင်ခဲ့ပြီး မဲခွဲဆုံးဖြတ်ရာမှ အောင်မြင်မှုမရဘဲဖြစ်ခဲ့ရကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့တဲ့ သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုအတွက် မဲခွဲဆုံးဖြတ်ရာ လိုအပ်တဲ့ ထောက်ခံမယ့်အရေအတွက်အမျိုးမရဘဲ ထောက်ခံမဲ ၁၉၅ မဲသာ ရရှိခဲ့ကြောင်း သိရပါတယ်။
သမ္မတကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မယ့် ဥပဒေမူကြမ်းအောင်မြင်ဖို့ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ အနက် သုံးပုံနှစ်ပုံ ထောက်ခံဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လိုအပ်တဲ့ ထောက်ခံမဲအရေတွက် မရတဲ့အတွက် တောင်ကိုရီးယားသမ္မတကို စွပ်စွဲပြစ်တင်မှုဟာ အောင်မြင်မှုမရဘဲဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား ပြည်သူတွေကတော့ သမ္မတယွန်ဆက်ယိုလ်ကို ရာထူးက နုတ်ထွက်ပေးဖို့ ဒီဇင်ဘာ ၇ ရက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ ကြောင်း သိရပါတယ်။ တောင်ကိုရီးယားအတိုက်ခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေမြောင်က " တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာ ၇ ရက်အတွင်း ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ သာမက တစ်ကမ္ဘာလုံးစောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ကံမကောင်းခဲ့ပါဘူး။ စွပ်စွဲပြစ်တင်မှု မအောင်မြင်ခဲ့ဘူး။ အများပြည်သူလိုချင်တဲ့ ရလဒ်မျိုး မရခဲ့တဲ့အတွက် တောင်းပန်ပါတယ်" လို့ ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတကို စွပ်စွဲပြစ်တင်တဲ့ လွှတ်တော်အစည်းအဝေးအတွင်း အာဏာရပါတီဖြစ်တဲ့ People Power Party (PPP) ပါတီရဲ့လွှတ်တော်အမတ်အချို့ မဲပေးတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ယွန်ဆက်ယိုလ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကိုရီးယားနိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ခဲ့ရာ တောင်ကိုရီးယားနိုင်ငံအတွင်း အံ့အားသင့်တုန်လှုပ်ခဲ့ကြောင်း သိရပါတယ်။ ယွန်ဆက်ယိုလ်ဟာ လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှု မလုပ်ဆောင်ခင် နာရီပိုင်းအလိုမှာပဲ စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ခြင်း အတွက် အားလုံးကို ပြန်လည်တောင်ပန်းခဲ့ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားသမၼတကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈ မေအာင္ျမင္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၈

ေတာင္ကိုရီးယား အဓိကအတိုက္ခံပါတီ ဒီမိုကရက္တစ္ပါတီက သမၼတယြန္ဆန္ယိုလ္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈ မေအာင္ျမင္ခဲ့ေပမယ့္ ထပ္မံႀကိဳးပမ္းသြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဒီမိုကရက္တစ္ပါတီ ဦးေဆာင္ၿပီး အတိုက္ခံပါတီေတြဟာ ဒီဇင္ဘာ ၇ ရက္မွာ သမၼတယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈလုပ္ေဆာင္ခဲ့ၿပီး မဲခြဲဆုံးျဖတ္ရာမွ ေအာင္ျမင္မႈမရဘဲျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။
ဒီဇင္ဘာ ၇ ရက္က ျပဳလုပ္ခဲ့တဲ့ သမၼတယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မႈအတြက္ မဲခြဲဆုံးျဖတ္ရာ လိုအပ္တဲ့ ေထာက္ခံမယ့္အေရအတြက္အမ်ိဳးမရဘဲ ေထာက္ခံမဲ ၁၉၅ မဲသာ ရရွိခဲ့ေၾကာင္း သိရပါတယ္။
သမၼတကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မယ့္ ဥပေဒမူၾကမ္းေအာင္ျမင္ဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၃၀၀ အနက္ သုံးပုံႏွစ္ပုံ ေထာက္ခံဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္လိုအပ္တဲ့ ေထာက္ခံမဲအေရတြက္ မရတဲ့အတြက္ ေတာင္ကိုရီးယားသမၼတကို စြပ္စြဲျပစ္တင္မႈဟာ ေအာင္ျမင္မႈမရဘဲျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ ေတာင္ကိုရီးယား ျပည္သူေတြကေတာ့ သမၼတယြန္ဆက္ယိုလ္ကို ရာထူးက ႏုတ္ထြက္ေပးဖို႔ ဒီဇင္ဘာ ၇ ရက္မွာ ဆႏၵျပ ေတာင္းဆိုခဲ့ ေၾကာင္း သိရပါတယ္။ ေတာင္ကိုရီးယားအတိုက္ခံပါတီျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီေခါင္းေဆာင္ လီေဂ်ေျမာင္က " ေတာင္ကိုရီးယားႏိုင္ငံမွာ ဒီဇင္ဘာ ၇ ရက္အတြင္း က်င္းပတဲ့ လႊတ္ေတာ္အစည္းအေဝးကို ေတာင္ကိုရီးယားႏိုင္ငံ သာမက တစ္ကမာၻလုံးေစာင့္ၾကည့္ေနပါတယ္။ ဒါေပမယ့္ ကံမေကာင္းခဲ့ပါဘူး။ စြပ္စြဲျပစ္တင္မႈ မေအာင္ျမင္ခဲ့ဘူး။ အမ်ားျပည္သူလိုခ်င္တဲ့ ရလဒ္မ်ိဳး မရခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္" လို႔ ေျပာပါတယ္။

ဒီဇင္ဘာ ၇ ရက္က ျပဳလုပ္ခဲ့တဲ့ ေတာင္ကိုရီးယားသမၼတကို စြပ္စြဲျပစ္တင္တဲ့ လႊတ္ေတာ္အစည္းအေဝးအတြင္း အာဏာရပါတီျဖစ္တဲ့ People Power Party (PPP) ပါတီရဲ႕လႊတ္ေတာ္အမတ္အခ်ိဳ႕ မဲေပးတာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ ယြန္ဆက္ယိုလ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေတာင္ကိုရီးယားႏိုင္ငံအတြင္း စစ္အုပ္ခ်ဳပ္ေရးဥပေဒ သတ္မွတ္ခဲ့ရာ ေတာင္ကိုရီးယားႏိုင္ငံအတြင္း အံ့အားသင့္တုန္လႈပ္ခဲ့ေၾကာင္း သိရပါတယ္။ ယြန္ဆက္ယိုလ္ဟာ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈ မလုပ္ေဆာင္ခင္ နာရီပိုင္းအလိုမွာပဲ စစ္အုပ္ခ်ဳပ္ေရးဥပေဒ သတ္မွတ္ျခင္း အတြက္ အားလုံးကို ျပန္လည္ေတာင္ပန္းခဲ့ပါတယ္။

Related news

© 2021. All rights reserved.