DVB (၆၀)၊ RFA (၅၇) နဲ့ BBC (၄၃) ရာခိုင်နှုန်းအထိ ဦးဆောင်နေသော ပဋိပက္ခအားပေးမှုစစ်တမ်း
 285
NP News - ဒီဇင်ဘာ ၁၃
၁။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန်အတွက် သတင်းအရင်းအမြစ် ခိုင်မာမှုနှင့် အချက်အလက်ခိုင်မာမှုမရှိဘဲ သတင်းတု၊ သတင်းမှားများကို အွန်လိုင်း မီဒီယာများတွင် အဆက်မပြတ် လွှင့်တင်လျက်ရှိသည့် ပြည်ပအခြေစိုက်သတင်းမီဒီယာဌာနများအနက် သတင်းတု၊ သတင်းမှား အများဆုံး လွှင့်တင်နေ သော သတင်းဌာန (၈) ခု ဖြစ်သည့် BBC ၊ VOA ၊ RFA ၊ DVB ၊ The Irrawaddy ၊ Mizzima ၊ Myanmar Now နှင့် Khit Thit Media တို့၏ သတင်းလွှင့်တင်မှုများကို အောက်ပါအတိုင်း အကြောင်းအရာခွဲခြားပြီး နေ့စဉ်မှတ်တမ်းရယူ ဆောင်ရွက်လျက်ရှိသည်-
(က) အချက်အလက်ခိုင်မာမှုမရှိဘဲ ဖော်ပြမှု၊
(ခ) ပဋိပက္ခအားပေးလှုံ့ဆော်မှု၊
(ဂ) NUG/ PDF သတင်း အသားပေးဖော်ပြမှုနှင့်
(ဃ) အခြားသာမန်သတင်း ။
သတင်းလွှင့်တင်ထားရှိမှုအခြေအနေ
၂။ BBC မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၁၇) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၅၁၂) ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအား ပေးလှုံ့ဆော်မှုသတင်း (၄၃%) ၊ NUG/PDF သတင်းအသားပေးဖော်ပြမှု (၆%) ၊ အချက်အလက် မခိုင်မာသည့်သတင်း (၉%) ၊ အခြားသာမန်သတင်း (၄၁%) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၃။ VOA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၁၂) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၃၈၆) ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၁၄%) ၊ NUG/PDF သတင်း အသားပေး ဖော်ပြမှု (၁%) ၊ အချက်အလက် မခိုင်မာ သည့်သတင်း (၈%)၊ အခြားသာမန်သတင်း (၇၇%) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၄။ RFA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၅) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၇၆၀) ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၅၇%) ၊ NUG/PDF သတင်း အသားပေးဖော်ပြမှု (၄%) ၊ အချက်အလက်မခိုင်မာ သည့်သတင်း (၆%) ၊ အခြားသာမန်သတင်း (၃၂%) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၅။ DVB မီဒီယာသည် တစ်ရက်လျှင်ပျမ်းမျှ (၂၅) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၇၅၉) ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအား ပေးလှုံ့ဆော်မှုသတင်း (၆၀%) ၊ NUG/PDF သတင်း အသားပေးဖော်ပြမှု (၄%) ၊ အချက်အလက်မခိုင်မာသည့် သတင်း (၅%) ၊ အခြားသာမန်သတင်း (၃၀%) လွှင့်တင်ထားကြောင်း အချက်အလက် မှတ်တမ်းများအရ တွေ့ရှိရသည်။
၆။ The Irrawaddy မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၁၁) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၃၅၂) ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှု သတင်း (၃၇%) ၊ အချက်အလက်မခိုင်မာသည့် သတင်း (၉%) ၊ NUG/PDF သတင်း အသားပေးဖော်ပြမှု (၂%) ၊ အခြားသာမန်သတင်း ၅၁% လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၇။ Mizzima မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၅) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၇၆၃) ပုဒ် လွှင့်တင် ထားပြီး NUG/PDF သတင်းအသားပေးဖော်ပြမှု (၁၄%)၊ ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၂၃%) ၊ အချက်အလက်မခိုင် မာသည့် သတင်း (၁၀%) ၊ အခြားသာမန်သတင်း (၅၃%) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၈။ ခေတ်သစ်မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၃၀) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၉၁၀) ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၄၁%)၊ အချက်အလက်ခိုင်မာမှုမရှိသည့် သတင်း (၉%) ၊ NUG/PDF သတင်းအသား ပေးဖော်ပြမှု (၃၀%) နှင့် အခြားသာမန်သတင်း ၁၉ % လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၉။ Myanmar Now မီဒီယာအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှသတင်း (၆) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၀၅) ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၄၁%) ၊ NUG/PDF သတင်း အသားပေးဖော်ပြမှု (၁၃%) ၊ အခြားသာမန်သတင်း (၄၆%) ကို လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။
၁၁။ သတင်းဌာန (၈) ခုမှ သတင်းထုတ်လွှင့်ဖော်ပြမှုများကို ခြုံငုံသုံးသပ်ကြည့်ပါက တိုင်းရင်းသား လက်နက်ကိုင် တပ်များ နယ်မြေစိုးမိုးမှုအခြေအနေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ထိတွေ့ တိုက်ပွဲများတွင် တပ်မတော်၏ ထိခိုက်ကျရှုံးမှု၊ တပ်မတော်အနေဖြင့် တပ်မိသားစုဝင်များအပါအဝင် အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုနေမှု၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့်အပြစ် မဲ့အရပ်သားပြည်သူများအပါအဝင် ရဟန်းသံဃာများနှင့် ကလေး ငယ်များ ထိခိုက်သေဆုံးမှု၊ ဘာသာရေးပဋိပက္ခဖြစ်စေရန်ရည်ရွယ်၍ တပ်မတော်နှင့်ပြည်သူ့စစ်များ ဘာသာရေး အဆောက်အအုံများနှင့် ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ရေးသားမှုများ၊ တောင်ကိုရီးယားရှိ NUG ကိုယ်စားလှယ်ရုံးအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းများအတွက် အခွန်နှင့်အခကြေးငွေမရှိဘဲ သက်တမ်း (၂) နှစ် တိုးပေးကြောင်းနှင့် NUG အစိုးရ၏ သက်တမ်းတိုးဆောင်ရွက်မှုကို တောင်ကိုရီးယားအစိုးရက အသိအမှတ်ပြု ဆက်လက်နေထိုင်ခွင့်ပြုကြောင်း ဖော်ပြသည့် သတင်းများကို ဦးစားပေးဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ VPN အခက်အခဲများကြောင့် သတင်းဌာန(၈) ခုအနက် သတင်းဌာန (၇) ခု၏ ပို့စ်များကို Reaction ရရှိမှုအရေအတွက်မှာလည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။ BBC သတင်းဌာန၏ ယခင်လပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၉၁,ဝဝဝ) ရှိရာမှ ယခုလတွင် (၁၁,ဝဝဝ) အထိ၊ VOA သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံး သတင်း၏ Reaction ရရှိမှုသည် (၃၄,ဝဝဝ) ရှိရာမှ ယခုလတွင် (၃၃,ဝဝဝ) အထိ၊ DVB သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၁၁,၈၄၀) ရှိရာမှ ယခုလတွင် (၇,၁၈၈) အထိ၊ The Irrawaddy သတင်းဌာန၏ ယခင်လပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၃၆,ဝဝဝ) ရှိရာမှ ယခုလတွင် (၇,၉၀ဝ) အထိ၊ Mizzima သတင်းဌာန၏ ယခင်လပို့စ်အများဆုံး သတင်း၏ Mizzima ရရှိမှုသည် (၁၃,ဝဝဝ) ရှိရာမှ ယခုလတွင် (၅၀ဝဝ) အထိ၊ Khit Thit သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၅၃,ဝဝဝ) ရှိရာမှ ယခုလတွင် (၄၅,ဝဝဝ) အထိနှင့် Myanmar Now သတင်းဌာန၏ ယခင်လပို့စ်အများဆုံး သတင်း၏ Reaction ရရှိမှုသည် (၄၅,ဝဝဝ) ရှိရာမှ ယခုလတွင်(၁၈,ဝဝဝ)အထိ ကျဆင်းနေကြောင်း တွေ့ရှိရသည်။
zawgyi version
NP News - ဒီဇင်ဘာ ၁၃
(ဃ) အခြားသာမန်သတင်း ။
Related news
© 2021. All rights reserved.