အပိုင်ဖဲ့ပေးတာနဲ့ ကိုယ်မလုပ်နိုင်/မလုပ်တတ်တဲ့နေရာကို အငှားချတာ အများကြီကွာခြားကြောင်း သိကြဖို့ လိုအပ် (ဘာသာပြန်ဆောင်းပါး)

 529

Htay Oung (NP News) - မတ် ၉

ဥပမာ - နောက်ဆုံးဧကရာဇ် ချင်မင်းဆက်လက်ထက် တရုတ်ပြည်ရဲ့ အချုပ်အခြာနယ်မြေကို အနောက်တိုင်းသား အများစု တိုင်းတပါးသားများက စိတ်ထင်သလို ဖဲ့ယူနေခဲ့တယ်။ တရုတ်တွေ ဘိန်းစားဖြစ်အောင် ဘိန်းကုန်ကူးတဲ့ အထိ နိုင့်ထက်စီးနင်း လုပ်တယ်။ လက်မခံနိုင်လို့ ကန့်ကွက်ရင်လဲ စစ်ဖြစ်ရတယ်။ ဖြစ်တိုင်းလဲ ရှုံးပြီး တစ်ဖက် စောင်းနင်းစာချုပ်တွေနဲ့ ပိုပိုသာသာ အခွင့်အရေးတွေ ထပ်ပေးရတာချည့်ပဲ။
၁၈၃၉-၁၈၄၂ ခုနှစ် တရုတ်-အင်္ဂလိပ် ပထမ ဘိန်းစစ်ပွဲမှာ ချင်ဧကရာဇ် ရှုံးနိမ့်ပါတယ်။ နန်ကျင်းစာချုပ်အရ ရှန်ဟိုင်းအပါအဝင် မြို့ကြီး ၅ မြို့မှာ သီးခြားဥပဒေနဲ့ အုပ်ချုပ်ခွင့် ကုန်သွယ်ရေးအခြေစိုက်ခွင့်ကို ပေးရပါတယ်။ ယခု ကမ္ဘာ့ကုန်သွယ်ရေးအချက်အချာဖြစ်နေတဲ့ ရှန်ဟိုင်းအနောက်ဖက်ဟာ အင်္ဂလိပ်တို့ထူထောင်ခဲ့တဲ့ ကွန်ဆေးရှင်းဒေသလည်း ပါဝင်ပါတယ်။ အဲဒီအချိန် လူအရေအတွက်သာများပြီး ခေတ်နောက်ကျနေတဲ့ တရုတ် တို့ရဲ့ဇီးသီးဗန်းမှောက်တုန်း ပြင်သစ် နဲ့ ဂျာမနီတို့ကလည်း နိုင်ငံအနှံ့ ကွန်ဆေးရှင်းတွေ ထူထောင်ပြီး ဆွမ်းကြီး ဝိုင်းလောင်းကြပါတယ်။ တရုတ်တို့အတွက် အရှက်ရစရာဖြစ်ရပေမယ့် နောင်အဲဒီဒေသမှာ ဖွံ့ဖြိုးရေး ဆက်လုပ်ဖို့ အခြေခံဆောက်အအုံများ ဖြစ်လာပါတယ်။
ရှန်ဟိုင်း ဝှမ်ပိုမြစ်အရှေ့ဖက် ယခုအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ရှိရာ ပူဒေါင်းခရိုင်ဟာ ၁၉၉ဝ ပြည့်နှစ် တရုတ် ခေါင်းဆောင် လီပင်းလက်ထက်မှာ ဖွံ့ဖြိုးလာခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းသာဖြစ်ထွန်းတဲ့ နယ်မြေကို ရှန်ဟိုင်းမြို့နဲ့ တစ်ဆက်တည်း ကုန်သွယ်ရေး/စီးပွားရေးနယ်မြေဖြစ်လာအောင် ဟောင်ကောင်၊ မကာအို နဲ့ ထိုင်ဝမ်တို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်ဝန်းကျင်အဆင့်မြှင့်တင်ရေးမှာ တရုတ်အစိုးရက ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံ့အနှံ့ “လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်” များကို အထူးဥပဒေပြဌာန်းပြီး ခွင့်ပြု ခဲ့ပါတယ်။ ဒီနေ့ ပူဒေါင်းနဲ့ ရှန်ဟိုင်းကတော့ တရုတ်ရဲ့ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးအချက်အချာစက်မှု မြို့တော်အဖြစ် နိုင်ငံတကာက သတ်မှတ်ခံနေရပါပြီ။ အံ့မခန်း ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့နေရပါပြီ။
၁၉၆၃ ခုနှစ် မလေးရှားက ခွဲထုက်ခြင်းခံခဲ့ရတဲ့ စင်္ကာပူကတော့ ဘာသယံဇာတမှ မထွက်ပါဘူး။ သောက်ရေတောင် အဝီစိတွင်း တူးလို့မရတဲ့နယ်မြေဟာ တံငါများနဲ့ လူမျိုးပေါင်းစုံတို့ ဝင်ထွက်သွားလာရာ တထောက်နား နယ်မြေဖြစ်နေပါတယ်။ စင်္ကာပူခေါင်းဆောင် လီကွမ်ယူဟာ လူမျိုးရေး အဓိကရုန်းများကြား အိမ်နီးချင်းနိုင်ငံများမှ ဈေးပေါတဲ့ အလုပ်သမားများကို ဖိတ်ခေါ်ပြီး နည်းပညာမြင့် ကျွမ်းကျင်လုပ်သားများဖြစ်အောင် လူသားသယံဇာတ မွေးမြူယူပါတယ်။ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုအတွက် ဥပဒေပြဌာန်းပြီး ခိုင်မာတဲ့ အာမခံချက်များ ပေးအပ်ခဲ့ ပါတယ်။
အမေရိကန်အပါအဝင် သြစတြေးလျ-နယူးဇီလန်- ပါကစ္စတန်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မလေးရှား၊ စင်္ကာပူ စသဖြင့် အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ နိုင်ငံအတော်များများရဲ့ဥပဒေများဟာ မြန်မာနဲ့အတော်ဆင်တူပါတယ်။ တချို့ဆို ပုဒ်မ နံပါတ်အထိ တစ်ထပ်တည်း တူပါတယ်။
စင်္ကာပူ-မလေးရှားတို့ရဲ့ပြည်ပရင်းနှီးမြှုပ်နှံရာနေရာများဟာ “ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီး ကျူးကျော်သူကို ပစ်မိန့်ရ ထားကြောင်း“ နေရာအနှံ့ အတိအလင်း ဆိုင်းဘုတ်ချိတ်ထားတာ မည်သူမဆို တွေနိုင်ပါတယ်။ “အချုပ်အချာ အာဏာပိုင်နယ်မြေ” “နိုင်ငံခြား ကြေးစားလုံခြုံရေးတွေ” အဲဒီမှာ သွားပြောချင်လို့ မရပါဘူး။
ဒီနေ့ ကျွန်တော်တို့ အရေးတကြီးလိုအပ်နေတာ စည်းလုံးညီညွတ်ဖို့ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို အမီလိုက် နိုင်ရေး အတွေးအမြင်တွေ အားသစ်လောင်း မွေးမြူဖို့ပါ။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ လူ့ အဖွဲ့အစည်းကြီးကို ကမ္ဘာ့အလယ် မျက်နှာငယ်ရအောင် နောက်ပြန်ဆွဲချသွားပါလိမ့်မယ်။
#HtayOung #OungMarine

Zawgyi Version:
အပိုင္ဖဲ့ေပးတာနဲ႔ ကိုယ္မလုပ္ႏိုင္/မလုပ္တတ္တဲ့ေနရာကို အငွားခ်တာ အမ်ားႀကီကြာျခားေၾကာင္း သိၾကဖို႔ လိုအပ္ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - မတ္ ၉

ဥပမာ - ေနာက္ဆုံးဧကရာဇ္ ခ်င္မင္းဆက္လက္ထက္ တ႐ုတ္ျပည္ရဲ႕ အခ်ဳပ္အျခာနယ္ေျမကို အေနာက္တိုင္းသား အမ်ားစု တိုင္းတပါးသားမ်ားက စိတ္ထင္သလို ဖဲ့ယူေနခဲ့တယ္။ တ႐ုတ္ေတြ ဘိန္းစားျဖစ္ေအာင္ ဘိန္းကုန္ကူးတဲ့ အထိ ႏိုင့္ထက္စီးနင္း လုပ္တယ္။ လက္မခံႏိုင္လို႔ ကန႔္ကြက္ရင္လဲ စစ္ျဖစ္ရတယ္။ ျဖစ္တိုင္းလဲ ရႈံးၿပီး တစ္ဖက္ ေစာင္းနင္းစာခ်ဳပ္ေတြနဲ႔ ပိုပိုသာသာ အခြင့္အေရးေတြ ထပ္ေပးရတာခ်ည့္ပဲ။
၁၈၃၉-၁၈၄၂ ခုႏွစ္ တ႐ုတ္-အဂၤလိပ္ ပထမ ဘိန္းစစ္ပြဲမွာ ခ်င္ဧကရာဇ္ ရႈံးနိမ့္ပါတယ္။ နန္က်င္းစာခ်ဳပ္အရ ရွန္ဟိုင္းအပါအဝင္ ၿမိဳ႕ႀကီး ၅ ၿမိဳ႕မွာ သီးျခားဥပေဒနဲ႔ အုပ္ခ်ဳပ္ခြင့္ ကုန္သြယ္ေရးအေျခစိုက္ခြင့္ကို ေပးရပါတယ္။ ယခု ကမာၻ႔ကုန္သြယ္ေရးအခ်က္အခ်ာျဖစ္ေနတဲ့ ရွန္ဟိုင္းအေနာက္ဖက္ဟာ အဂၤလိပ္တို႔ထူေထာင္ခဲ့တဲ့ ကြန္ေဆးရွင္းေဒသလည္း ပါဝင္ပါတယ္။ အဲဒီအခ်ိန္ လူအေရအတြက္သာမ်ားၿပီး ေခတ္ေနာက္က်ေနတဲ့ တ႐ုတ္ တို႔ရဲ႕ဇီးသီးဗန္းေမွာက္တုန္း ျပင္သစ္ နဲ႔ ဂ်ာမနီတို႔ကလည္း ႏိုင္ငံအႏွံ႔ ကြန္ေဆးရွင္းေတြ ထူေထာင္ၿပီး ဆြမ္းႀကီး ဝိုင္းေလာင္းၾကပါတယ္။ တ႐ုတ္တို႔အတြက္ အရွက္ရစရာျဖစ္ရေပမယ့္ ေနာင္အဲဒီေဒသမွာ ဖြံ႕ၿဖိဳးေရး ဆက္လုပ္ဖို႔ အေျခခံေဆာက္အအုံမ်ား ျဖစ္လာပါတယ္။
ရွန္ဟိုင္း ဝွမ္ပိုျမစ္အေရွ႕ဖက္ ယခုအျပည္ျပည္ဆိုင္ရာေလဆိပ္တည္ရွိရာ ပူေဒါင္းခ႐ိုင္ဟာ ၁၉၉ဝ ျပည့္ႏွစ္ တ႐ုတ္ ေခါင္းေဆာင္ လီပင္းလက္ထက္မွာ ဖြံ႕ၿဖိဳးလာျခင္းျဖစ္ပါတယ္။ စိုက္ပ်ိဳးေရးနဲ႔ ငါးဖမ္းလုပ္ငန္းသာျဖစ္ထြန္းတဲ့ နယ္ေျမကို ရွန္ဟိုင္းၿမိဳ႕နဲ႔ တစ္ဆက္တည္း ကုန္သြယ္ေရး/စီးပြားေရးနယ္ေျမျဖစ္လာေအာင္ ေဟာင္ေကာင္၊ မကာအို နဲ႔ ထိုင္ဝမ္တို႔ကို ဖိတ္ေခၚခဲ့ပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ပတ္ဝန္းက်င္အဆင့္ျမႇင့္တင္ေရးမွာ တ႐ုတ္အစိုးရက ပူးေပါင္းေဆာင္႐ြက္ခဲ့ပါတယ္။ ႏိုင္ငံ့အႏွံ႔ “လြတ္လပ္တဲ့ ကုန္သြယ္ေရးဇုန္” မ်ားကို အထူးဥပေဒျပဌာန္းၿပီး ခြင့္ျပဳ ခဲ့ပါတယ္။ ဒီေန႔ ပူေဒါင္းနဲ႔ ရွန္ဟိုင္းကေတာ့ တ႐ုတ္ရဲ႕ဘ႑ာေရးနဲ႔ ကုန္သြယ္ေရးအခ်က္အခ်ာစက္မႈ ၿမိဳ႕ေတာ္အျဖစ္ ႏိုင္ငံတကာက သတ္မွတ္ခံေနရပါၿပီ။ အံ့မခန္း ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို ျမင္ေတြ႕ေနရပါၿပီ။
၁၉၆၃ ခုႏွစ္ မေလးရွားက ခြဲထုက္ျခင္းခံခဲ့ရတဲ့ စကၤာပူကေတာ့ ဘာသယံဇာတမွ မထြက္ပါဘူး။ ေသာက္ေရေတာင္ အဝီစိတြင္း တူးလို႔မရတဲ့နယ္ေျမဟာ တံငါမ်ားနဲ႔ လူမ်ိဳးေပါင္းစုံတို႔ ဝင္ထြက္သြားလာရာ တေထာက္နား နယ္ေျမျဖစ္ေနပါတယ္။ စကၤာပူေခါင္းေဆာင္ လီကြမ္ယူဟာ လူမ်ိဳးေရး အဓိက႐ုန္းမ်ားၾကား အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ေဈးေပါတဲ့ အလုပ္သမားမ်ားကို ဖိတ္ေခၚၿပီး နည္းပညာျမင့္ ကြၽမ္းက်င္လုပ္သားမ်ားျဖစ္ေအာင္ လူသားသယံဇာတ ေမြးျမဴယူပါတယ္။ ျပည္ပႏိုင္ငံမ်ားမွ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ဥပေဒျပဌာန္းၿပီး ခိုင္မာတဲ့ အာမခံခ်က္မ်ား ေပးအပ္ခဲ့ ပါတယ္။
အေမရိကန္အပါအဝင္ ၾသစေၾတးလ်-နယူးဇီလန္- ပါကစၥတန္-အိႏၵိယ-ဘဂၤလားေဒ့ရွ္- မေလးရွား၊ စကၤာပူ စသျဖင့္ အဂၤလိပ္ကိုလိုနီျဖစ္ခဲ့ဖူးတဲ့ ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ဥပေဒမ်ားဟာ ျမန္မာနဲ႔အေတာ္ဆင္တူပါတယ္။ တခ်ိဳ႕ဆို ပုဒ္မ နံပါတ္အထိ တစ္ထပ္တည္း တူပါတယ္။
စကၤာပူ-မေလးရွားတို႔ရဲ႕ျပည္ပရင္းႏွီးျမႇဳပ္ႏွံရာေနရာမ်ားဟာ “ပုဒ္မ-၁၄၄ ထုတ္ျပန္ၿပီး က်ဴးေက်ာ္သူကို ပစ္မိန႔္ရ ထားေၾကာင္း“ ေနရာအႏွံ႔ အတိအလင္း ဆိုင္းဘုတ္ခ်ိတ္ထားတာ မည္သူမဆို ေတြႏိုင္ပါတယ္။ “အခ်ဳပ္အခ်ာ အာဏာပိုင္နယ္ေျမ” “ႏိုင္ငံျခား ေၾကးစားလုံၿခဳံေရးေတြ” အဲဒီမွာ သြားေျပာခ်င္လို႔ မရပါဘူး။
ဒီေန႔ ကြၽန္ေတာ္တို႔ အေရးတႀကီးလိုအပ္ေနတာ စည္းလုံးညီၫြတ္ဖို႔ေျပာင္းလဲေနတဲ့ ကမာၻႀကီးကို အမီလိုက္ ႏိုင္ေရး အေတြးအျမင္ေတြ အားသစ္ေလာင္း ေမြးျမဴဖို႔ပါ။ အဲဒီလိုမွမဟုတ္ရင္ ကြၽန္ေတာ္တို႔ႏိုင္ငံ ကြၽန္ေတာ္တို႔ လူ႔ အဖြဲ႕အစည္းႀကီးကို ကမာၻ႔အလယ္ မ်က္ႏွာငယ္ရေအာင္ ေနာက္ျပန္ဆြဲခ်သြားပါလိမ့္မယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.