နှစ်ရက်အတွင်း တိုင်းနှင့်ပြည်နယ်(၅ )ခုနှင့် ဆိပ်ကမ်း(၂)ခုတွင် ကျပ် (၁၄၈၁၃) သိန်းကျော်ဖိုး တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 330

ချယ်ရီ(NP News)- မတ် ၉
နှစ်ရက်အတွင်း တိုင်းနှင့်ပြည်နယ်(၅ )ခုနှင့် ဆိပ်ကမ်း(၂)ခုတွင် ငွေကျပ်သိန်းပေါင်း(၁၄၈၁၃)သိန်းကျော်ရှိသည့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် (မတ်လ ၆ရက် နှင့် ၇ ရက်)၊ (၂ရက်)တာအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ The Myanmar Terminal ဆိပ်ကမ်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းတို့၌ သိန်းနှင့်ချီသော တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မတ်လ (၆) ရက်က ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ (၂၃)၊ အောင်မင်္ဂလာလမ်း၊ ခြံအမှတ် (၇၆) ၌ ရပ်တန့်ထားသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ငွေကျပ် (၇၂,၂၆၃,၀၀၀)သိန်းတန်ဖိုးရှိသော စားသောက်ကုန်ပစ္စည်း (၁၂) မျိုးနှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် ငွေကျပ် ၈၀,၀၀၀,၀၀၀ Dong Feng Truck (၂)စီး၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၅၂,၂၆၃,၀၀၀)သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ တို့က စစ်ဆေးဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့ ၊ အမှတ်(၂) ရပ်ကွက်တွင် ငွေကျပ်(၆)သိန်းတန်ဖိုးရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး၊ မြန်အောင်ခရိုင်အတွင်း ငွေကျပ် (၁၁၉,၄၉၀)သိန်း တန်ဖိုးရှိ တရားမဝင် အခြားသစ် (၀ ဒသမ ၈၇၈)တန်၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၇၁၉,၄၉၀)သိန်းကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ (မတ်လ ၇ ရက်)က ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ မှ ဘုရားကြီးလမ်းဆုံအနီး၌ ကျိုက်ထိုမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော ကားတစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ငွေကျပ် (၈,၉၃၀,၀၀၀)သိန်းတန်ဖိုးရှိ စားသောက်ကုန်ပစ္စည်း(၄)မျိုး နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ငွေကျပ် (၂၀,၀၀၀,၀၀၀)သိန်းတန်ဖိုးရှိ ( Mitsubishi Fuso Bus) တစ်စီး၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၂၈,၉၃၀,၀၀၀)သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင်လည်း ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မုံရွာမြို့သို့သွားရောက်မည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၄၇) မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၂၀ ငွေကျပ်(၈၂,၁၂၃,၂၀၀)သိန်း နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Toyota Dyna Light Truck တစ်စီး၊ Toyota Toyoace Light Truck တစ်စီး ငွေကျပ်(၃၃,၀၀၀,၀၀၀)သိန်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၁၅,၁၂၃,၂၀၀)သိန်း ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ဟိုပုံးတိုးဂိတ်အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ငွေကျပ် (၄၅,၅၆၈,၀၀၀)သိန်းတန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်း(၆)မျိုး နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ငွေကျပ် (၅၀,၀၀၀,၀၀၀)တန်ဖိုးရှိ Hino Profia Truck တစ်စီး၊ စုစုပေါင်းတန်ဖိုး ငွေကျပ်(၉၅,၅၆၈,၀၀၀)သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

The Myanmar Terminal ဆိပ်ကမ်းရှိ ကုန်သေတ္တာ အလုံး (၄၀)အတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ငွေကျပ် (၁၁၁,၃၆,၀၀၀)သိန်းတန်ဖိုးရှိ လုပ်ငန်းသုံး ပစ္စည်း(၂)မျိုး၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ (၂၇) လုံးအတွင်းမှ လုပ်ငန်းသုံးပစ္စည်း (၁၄) မျိုး (ငွေကျပ် ၁,၀၇၇,၆၁၈,၃၀၀ သိန်း) ကို လည်းကောင်း စုစုပေါင်းတန်ဖိုး ငွေကျပ် (၁,၀၈၈,၇၅၄,၃၀၀)သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့်(မတ်လ ၆ ရက်နှင့် ၇ ရက်)တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်း အမှုတွဲ (၂၆)မှု၌ ငွေကျပ် (၁,၄၈၁,၃၅၇,၉၉၀)သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ႏွစ္ရက္အတြင္း တိုင္းႏွင့္ျပည္နယ္(၅ )ခုႏွင့္ ဆိပ္ကမ္း(၂)ခုတြင္ က်ပ္ (၁၄၈၁၃) သိန္းေက်ာ္ဖိုး တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ(NP News)- မတ္ ၉
ႏွစ္ရက္အတြင္း တိုင္းႏွင့္ျပည္နယ္(၅ )ခုႏွင့္ ဆိပ္ကမ္း(၂)ခုတြင္ ေငြက်ပ္သိန္းေပါင္း(၁၄၈၁၃)သိန္းေက်ာ္ရွိသည့္ တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သက္ဆိုင္ရာ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ကုန္သြယ္မႈမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာတားဆီးအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ ၿပီးခဲ့သည့္ (မတ္လ ၆ရက္ ႏွင့္ ၇ ရက္)၊ (၂ရက္)တာအတြင္း ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ မႏၲေလးတိုင္းေဒသႀကီး၊ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ The Myanmar Terminal ဆိပ္ကမ္းႏွင့္ ေအးရွားေဝါလ္ဆိပ္ကမ္းတို႔၌ သိန္းႏွင့္ခ်ီေသာ တရားမဝင္ကုန္ပစၥည္းမ်ားကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ မတ္လ (၆) ရက္က ကခ်င္ျပည္နယ္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူးေပါင္းအဖြဲ႕က စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ျမစ္ႀကီးနားၿမိဳ႕၊ ရမ္ပူရပ္ကြက္၊ နယ္ေျမ (၂၃)၊ ေအာင္မဂၤလာလမ္း၊ ၿခံအမွတ္ (၇၆) ၌ ရပ္တန႔္ထားေသာ ေမာ္ေတာ္ယာဥ္(၂)စီးေပၚမွ တရားဝင္စာ႐ြက္စာတမ္း အေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ ေငြက်ပ္ (၇၂,၂၆၃,၀၀၀)သိန္းတန္ဖိုးရွိေသာ စားေသာက္ကုန္ပစၥည္း (၁၂) မ်ိဳးႏွင့္ အဆိုပါ ပစၥည္းမ်ားတင္ေဆာင္လာသည့္ ေငြက်ပ္ ၈၀,၀၀၀,၀၀၀ Dong Feng Truck (၂)စီး၊ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၁၅၂,၂၆၃,၀၀၀)သိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဧရာဝတီတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးအထူးအဖြဲ႕ တို႔က စစ္ေဆးေဆာင္႐ြက္ခဲ့ရာ ပုသိမ္ၿမိဳ႕ ၊ အမွတ္(၂) ရပ္ကြက္တြင္ ေငြက်ပ္(၆)သိန္းတန္ဖိုးရွိ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္တစ္စီး၊ ျမန္ေအာင္ခ႐ိုင္အတြင္း ေငြက်ပ္ (၁၁၉,၄၉၀)သိန္း တန္ဖိုးရွိ တရားမဝင္ အျခားသစ္ (၀ ဒသမ ၈၇၈)တန္၊ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၇၁၉,၄၉၀)သိန္းကို ဖမ္းဆီးအေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔အတူ (မတ္လ ၇ ရက္)က ပဲခူးတိုင္းေဒသႀကီး တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕ မွ ဘုရားႀကီးလမ္းဆုံအနီး၌ က်ိဳက္ထိုၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ေမာင္းႏွင္လာေသာ ကားတစ္စီးေပၚမွ တရားဝင္စာ႐ြက္စာတမ္း အေထာက္အထားတင္ျပႏိုင္ျခင္းမရွိသည့္ ေငြက်ပ္ (၈,၉၃၀,၀၀၀)သိန္းတန္ဖိုးရွိ စားေသာက္ကုန္ပစၥည္း(၄)မ်ိဳး ႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာေသာ ေငြက်ပ္ (၂၀,၀၀၀,၀၀၀)သိန္းတန္ဖိုးရွိ ( Mitsubishi Fuso Bus) တစ္စီး၊ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၂၈,၉၃၀,၀၀၀)သိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မႏၲေလးတိုင္းေဒသႀကီးတြင္လည္း ရတနာပုံတံတား (မႏၲေလး) စစ္ေဆးေရးဂိတ္၌ မႏၲေလးၿမိဳ႕မွ မုံ႐ြာၿမိဳ႕သို႔သြားေရာက္မည့္ ေမာ္ေတာ္ယာဥ္ႏွစ္စီးေပၚမွ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ လူသုံးကုန္ပစၥည္း (၄၇) မ်ိဳး၊ လုပ္ငန္းသုံးပစၥည္း ၂၀ ေငြက်ပ္(၈၂,၁၂၃,၂၀၀)သိန္း ႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာေသာ Toyota Dyna Light Truck တစ္စီး၊ Toyota Toyoace Light Truck တစ္စီး ေငြက်ပ္(၃၃,၀၀၀,၀၀၀)သိန္း၊ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၁၁၅,၁၂၃,၂၀၀)သိန္း ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ရွမ္းျပည္နယ္၊ ဟိုပုံးတိုးဂိတ္အနီး၌ ရပ္တန႔္ထားေသာ ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ ေငြက်ပ္ (၄၅,၅၆၈,၀၀၀)သိန္းတန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္း(၆)မ်ိဳး ႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာေသာ ေငြက်ပ္ (၅၀,၀၀၀,၀၀၀)တန္ဖိုးရွိ Hino Profia Truck တစ္စီး၊ စုစုေပါင္းတန္ဖိုး ေငြက်ပ္(၉၅,၅၆၈,၀၀၀)သိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

The Myanmar Terminal ဆိပ္ကမ္းရွိ ကုန္ေသတၱာ အလုံး (၄၀)အတြင္းမွ တရားဝင္ စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ ေငြက်ပ္ (၁၁၁,၃၆,၀၀၀)သိန္းတန္ဖိုးရွိ လုပ္ငန္းသုံး ပစၥည္း(၂)မ်ိဳး၊ ေအးရွားေဝါလ္ဆိပ္ကမ္း၌ ကုန္ေသတၱာ (၂၇) လုံးအတြင္းမွ လုပ္ငန္းသုံးပစၥည္း (၁၄) မ်ိဳး (ေငြက်ပ္ ၁,၀၇၇,၆၁၈,၃၀၀ သိန္း) ကို လည္းေကာင္း စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၁,၀၈၈,၇၅၄,၃၀၀)သိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၿပီးခဲ့သည့္(မတ္လ ၆ ရက္ႏွင့္ ၇ ရက္)တို႔တြင္ ဖမ္းဆီးရမိမႈစုစုေပါင္း အမႈတြဲ (၂၆)မႈ၌ ေငြက်ပ္ (၁,၄၈၁,၃၅၇,၉၉၀)သိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.