ငလျင်အာမခံ ကျပ် (၁၅၀) ဘီလျံကျော် ပြင်ထားသော်လည်း လာမတောင်းသူများရှိနေ

900

စော (NP News)
ငလျင်အာမခံထားသူများအတွက် ငွေကျပ် (၅၀)ဘီလျံကိုပေးလျော်ထားပြီး ပြန်မတောင်းသေး သူများလည်းရှိကြောင်း ဇူလိုင်(၁၃)ရက်က လမ်းမတော်မြို့နယ်ရှိ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ကျင်းပသော အာမခံဆိုင်ရာဟောပြောပွဲတွင် မြန်မာ့ အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ထည့်သွင်းပြောကြားသည်။
“ငလျင်အာမခံအကာအကွယ်ယူတဲ့လူတွေပါ။ ငလျင်ကြောင့် ပြိုတဲ့ အိမ်တွေ၊ စက်ရုံတွေ၊ အလုပ်ရုံ တွေ အဲဒါတွေလျော်တာပါ။ အဓိကတော့ အဆောက်အအုံ မီးအာမခံဆိုပြီးတော့ အဆောက်အအုံတွေ မီး အာမခံ ထားရတယ်။ ထားတဲ့အခါမှာ အပိုအကာအကွယ်(၁၁)မျိုးထဲမှာ ငလျင်ပါတယ်”ဟု ဒေါ်စန္ဒာဦးက NP News ကို ပြောသည်။
အဆိုပါ မီးအာမခံတွင် ပေါ့ဆမီး ၊ ကူးစက် မီး၊ မိုးကြိုးပစ်၍ လောင်သောမီး ၊ အိမ်သုံးလျှပ်စစ်မီး၊ ဂက်စ်မီး၊ မီးဖိုပေါက်ကွဲ၍ လောင်သောမီးစသည်တို့ ပါဝင်ကာ အပိုအကာအကွယ်(၁၁)မျိုးတွင် ငလျင် လှုပ်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းနှင့် စစ်မက်ဘေး စသည်တို့ပါဝင်ကြောင်း သိရသည်။
“လာတောင်းတာနဲ့ချက်ချင်းပေးလိုက်ပြီ။ အဓိကကျန်တဲ့လူတွေက လာမတောင်းသေးတာ ။ သူတို့အိမ် ပြိုတယ်လို့တော့ အကြောင်းကြားထားတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တွေ တွက်ချက်ရတုန်းမို့ မထွက်သေးဘူး။ အဲဒီလိုလူတွေကို မပေးတာ။ မြန်မာ့ အာမခံလုပ်ငန်းက ဒီနေ့တင်ရင် နောက်ငါးရက်အ တွင်း ချက်ချင်းလျော်ပေးလိုက်ပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ လျော်ကြေးပေးရာတွင် စက်ရုံ၊ အလုပ်ရုံများနှင့် အစိုးရလုပ်ငန်းပိုင် အဆောက်အအုံများကို အများဆုံးလျော်ကြေးပေးရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ငွေကျပ် (၁၅၀) ဘီလျံလောက် လျော်ရမယ်လို့မှန်းတာ။ သူတို့လာတင်တဲ့အချိန်မှာ တကယ် ကိုယ်မှန်းသလောက်မပျက်သွားဘူး။ တချို့လည်း နည်းနည်းလောက်ပဲကုန်တာဆိုတော့ မတောင်းတော့ တာရှိတာပေါ့”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် အသက်အာမခံကုမ္ပဏီ (၁၇)ခုနှင့် အထွေထွေအာမခံကုမ္ပဏီ (၉)ခုရှိပြီး အသက်အာမခံ (၄၈)မျိုး၊ အထွေထွေအာမခံ (၂၂)မျိုးနှင့် အသက်နှင့်အထွေထွေ (Common) (၆)မျိုးရှိ ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္အာမခံ က်ပ္ (၁၅၀) ဘီလ်ံေက်ာ္ ျပင္ထားေသာ္လည္း လာမေတာင္းသူမ်ားရွိေန
ေစာ (NP News)
ငလ်င္အာမခံထားသူမ်ားအတြက္ ေငြက်ပ္ (၅၀)ဘီလ်ံကိုေပးေလ်ာ္ထားၿပီး ျပန္မေတာင္းေသး သူမ်ားလည္းရွိေၾကာင္း ဇူလိုင္(၁၃)ရက္က လမ္းမေတာ္ၿမိဳ႕နယ္ရွိ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) တြင္ က်င္းပေသာ အာမခံဆိုင္ရာေဟာေျပာပြဲတြင္ ျမန္မာ့ အာမခံ လုပ္ငန္းမွ ဦးေဆာင္ၫႊန္ၾကားေရးမႉး ေဒါက္တာစႏၵာဦးက ထည့္သြင္းေျပာၾကားသည္။
“ငလ်င္အာမခံအကာအကြယ္ယူတဲ့လူေတြပါ။ ငလ်င္ေၾကာင့္ ၿပိဳတဲ့ အိမ္ေတြ၊ စက္႐ုံေတြ၊ အလုပ္႐ုံ ေတြ အဲဒါေတြေလ်ာ္တာပါ။ အဓိကေတာ့ အေဆာက္အအုံ မီးအာမခံဆိုၿပီးေတာ့ အေဆာက္အအုံေတြ မီး အာမခံ ထားရတယ္။ ထားတဲ့အခါမွာ အပိုအကာအကြယ္(၁၁)မ်ိဳးထဲမွာ ငလ်င္ပါတယ္”ဟု ေဒၚစႏၵာဦးက NP News ကို ေျပာသည္။
အဆိုပါ မီးအာမခံတြင္ ေပါ့ဆမီး ၊ ကူးစက္ မီး၊ မိုးႀကိဳးပစ္၍ ေလာင္ေသာမီး ၊ အိမ္သုံးလွ်ပ္စစ္မီး၊ ဂက္စ္မီး၊ မီးဖိုေပါက္ကြဲ၍ ေလာင္ေသာမီးစသည္တို႔ ပါဝင္ကာ အပိုအကာအကြယ္(၁၁)မ်ိဳးတြင္ ငလ်င္ လႈပ္ျခင္း၊ ေျမၿပိဳျခင္း၊ ေရႀကီးျခင္းႏွင့္ စစ္မက္ေဘး စသည္တို႔ပါဝင္ေၾကာင္း သိရသည္။
“လာေတာင္းတာနဲ႔ခ်က္ခ်င္းေပးလိုက္ၿပီ။ အဓိကက်န္တဲ့လူေတြက လာမေတာင္းေသးတာ ။ သူတို႔အိမ္ ၿပိဳတယ္လို႔ေတာ့ အေၾကာင္းၾကားထားတယ္။ ဒါေပမဲ့ ကုန္က်စရိတ္ေတြ တြက္ခ်က္ရတုန္းမို႔ မထြက္ေသးဘူး။ အဲဒီလိုလူေတြကို မေပးတာ။ ျမန္မာ့ အာမခံလုပ္ငန္းက ဒီေန႔တင္ရင္ ေနာက္ငါးရက္အ တြင္း ခ်က္ခ်င္းေလ်ာ္ေပးလိုက္ၿပီ” ဟု ၎က ဆက္လက္ေျပာသည္။
ထိုသို႔ ေလ်ာ္ေၾကးေပးရာတြင္ စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္ အစိုးရလုပ္ငန္းပိုင္ အေဆာက္အအုံမ်ားကို အမ်ားဆုံးေလ်ာ္ေၾကးေပးရျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“ေငြက်ပ္ (၁၅၀) ဘီလ်ံေလာက္ ေလ်ာ္ရမယ္လို႔မွန္းတာ။ သူတို႔လာတင္တဲ့အခ်ိန္မွာ တကယ္ ကိုယ္မွန္းသေလာက္မပ်က္သြားဘူး။ တခ်ိဳ႕လည္း နည္းနည္းေလာက္ပဲကုန္တာဆိုေတာ့ မေတာင္းေတာ့ တာရွိတာေပါ့”ဟု ၎ကေျပာသည္။
ျမန္မာႏိုင္ငံတြင္ အသက္အာမခံကုမၸဏီ (၁၇)ခုႏွင့္ အေထြေထြအာမခံကုမၸဏီ (၉)ခုရွိၿပီး အသက္အာမခံ (၄၈)မ်ိဳး၊ အေထြေထြအာမခံ (၂၂)မ်ိဳးႏွင့္ အသက္ႏွင့္အေထြေထြ (Common) (၆)မ်ိဳးရွိ ေၾကာင္း သိရသည္။